စာရေးသူ ပါမောက္ခ ယူဗယ် နိုအာ ဟာရာရီ သည် အသက်အားဖြင့် ၄၈ နှစ်သာ ရှိသေးသော်လည်း ကမ္ဘာ တဝှမ်း ဘီလ်ဂိတ်၊ အိုဘာမား တို့ မကျန် ၎င်းရေးသား ပြုစုသော ကျမ်းများကို တလေးတစားနှင့် လေ့လာဖတ်ရှု ကြရသော သမိုင်းပညာရှင် နှင့် ဒဿန ဗေဒ ကျမ်းပြု ပညာရှင် အဖြစ် ထွက်ပေါ်လာခဲ့သည်။ ယခု ၎င်း၏ နောက်ဆုံး လက်ရာ ဖြစ်သော NEXUS တွင် လူအနွယ်ဝင်များသည် သဘာဝ အရိုင်း၏ ဖန်တီးခံ အဖြစ်မှ စတင်ရုန်းကန် တွန်းလှန်လာကြသည့် ကျောက်ခေတ် မှသည် လက်ရှိ ဉာဏ်ရည်တု ခေတ်ကြီး အထိ သတင်း အချက်အလက် များ စုစည်းပေါင်းစပ်ကာ အသိလိမ္မာ တရား ကို ဆန့်ထုတ် လာနိုင်ရာ မှ ကမ္ဘာကြီးကို အကျိုးပြုခဲ့ပုံ မှ အကျိုးမဲ့သည်အထိ ဖြစ်လာပုံကို တင်ပြထားခြင်း ဖြစ်သည်။