အမှန်တရား ဆိုသည်က ဘာလဲ
ယခု တင်ပြမည့် အကြောင်းအရာ များ တွင် အမှန်တရား ဆိုသည်ကို သဘာဝ ဖြစ်စဉ် တရပ် တွင် ပါဝင်သည့် အချို့ သော ရှု ထောင့် များ ကိုသာ တိကျစွာ ကိုယ်စားပြုမှု အဖြစ် နားလည် ထားဖို့ လိုအပ်ပေသည်။
အမှန်တရား ဆိုသည် အောက်တွင် ရှိနေသည့် အယူအဆ သည် လူသားအားလုံ တူညီစွာ လက်ခံထားသည့် သဘာဝ ၏ ဖြစ်စဉ်များ ရှိနေသည် ဆိုခြင်းပင် ဖြစ်သည်။
စကြာဝဠာ ကြီး အတွင်း တည်ရှိခဲ့ပြီးသော ဓူဝံကြယ်၊ လူသားများ လက်ခံခဲ့ပြီး ဖြစ်သည့် NILI စပိုင် အဖွဲ့၏ ခိုငှက်များ၊ နက္ခတ် ဗေဒ အကြောင်း ဝက်ဆိုဒ် များမှသည် နောက်နောင် တည်ရှိလာမည့် အကြောင်းအရာများသည် တခုတည်း သော သဘာဝ ဖြစ်စဉ် ၏ အစိတ်အပိုင်း ပင် ဖြစ်သည်။ ထို့ အတွက်ကြောင့်လည်း အမှန်တရားကို ရှာဖွေခြင်းသည် လူသား အားလုံး နှင့် သက်ဆိုင်သော လုပ်ငန်းစဉ် ကြီး ဖြစ်လာရသည်။
လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ နိုင်ငံများ အမျိုးမျိုး ရှိနေ ၍ ကွဲပြားသော ယုံကြည်ချက်၊ ခံစားချက်များ ရှိ နေ ကြ သော်လည်း ၎င်းတို့ အကြားတွင် အမှန်တရား နှင့် ပတ်သက်၍ မူ ရှေ့နောက် မညီ ဆန့်ကျင်နေခြင်း မရှိဟု လက်ခံထားကြသည်။ ဤသည်ကလည်း အားလုံးသည် သဘာဝ တရား၏ ဖြစ်စဉ်များကို တူညီစွာ လက်ခံထားခဲ့ကြသော ကြောင့် ဖြစ်သည်။ ထိုသို့ လက်မခံသော လူ မှန်သမျှ သည် အမှန်တရားကို ငြင်းပယ်ခြင်းပင် ဖြစ်သည်။
သို့သော် ငြားလည်း ဖြစ်ရပ်တခုသည် မည်မျှပင် မှန်ကန်နေစေကာမူ အားလုံးလက်ခံ နိုင်မည့် အမှန်တရား ဖြစ်လာရန် မူ ရှု ဒေါင့် ပေါင်းစုံ ကို ခြုံငုံမိခြင်း မရှိနိုင်သည့် အတွက် သဘာဝ ဖြစ်စဉ် များ နှင့် အမှန်တရားသည် ကွဲပြားခြားနားနေသော အရာများ ဖြစ်လာသည်။
NILI အေးဂျင့်သည် ဂါဇာတွင် အော်တိုမန် တပ်သား တသောင်း ရှိသည်ဟု ရေးသား သတင်းပို့ခဲ့သည် ဆိုပါစို့၊ တကယ်လည်း တပ်သား တသောင်း ရှိနေခဲ့လျင် လက်ရှိ အစစ်အမှန်၏ ရှူထောင့် တခုကိုသာ တိကျစွာ ညွှန်ပြနိုင်ခဲ့ပြီး အခြား ရှူထောင့်များစွာ ကို လျစ်လျု ရှူထားခဲ့သည်။
ရေတွက် ရာတွင်လည်း သစ်သီး၊ ပန်းသီး၊ စစ်သား ဟူ၍ မဟုတ်တော့ဘဲ ပစ္စည်းများ၏ တူညီမှု ကိုသာ အာရုံစိုက်ဖို့ လိုအပ်ပြီး ကွဲပြားမှု များကို ဘေးချိတ်ထားခဲ့သည်။ ဥပမာ အားဖြင့် ဂါဇာတွင် စစ်သား အင်အား တသောင်းခန့်ကိုသာ ရှိသည်ဟု ဆိုသော်လည်း မည်မျှသည် တိုက်ရည်ခိုက်ရေ ပြည့်ဝ ပြီးသူများ၊ မည်မျှသည် စစ်သားသစ်များ ဖြစ်သည်ကို ဖေါ်ပြရန် လျစ်လျူ ရှုထားခဲ့သည်။ ထိုအထဲတွင် လူတထောင်သည် လူသစ်များ ဖြစ်ပြီး လူဟောင်း ကိုး ထောင် ဖြစ်နေလျင် စစ်မြေပြင် ပကတိ အနေအထားသည် လူသစ် ကိုးထောင်၊ လူဟာင်း တထောင် ရှိသည် နှင့် လုံးဝ ပြောင်းလဲသွားမည်သာ ဖြစ်သည်။
စစ်သားများ အကြားလည်း တယောက် နှင့် တယောက် အနေအထားများ တူညီကြမည် မဟုတ်ဘဲ ကွဲပြားချက် များစွာ ရှိနေဦးမည် ဖြစ်သည်။ အချို့က ကျန်းမာရေး ကောင်းမွန် နေပြီး၊ နာမကျန်း ဖြစ်နေသူ များလည်း ရှိနေကြဦးမည်သာ ဖြစ်သည်။ လူမျိုးရေး အရ ဆိုပြန်လည်း အချို့ အော်တိုမန် တပ်သားများသည် တူရကီ နွယ်ဖွားများ ဖြစ်ကြပြီး ကျန် လူများထဲတွင် အာရပ်များ၊ ကပ်ဒ်များ၊ ဂျူးများလည်း ပါဝင်နေကြမည်သာ ဖြစ်သည်။ ရဲရင့် သူများ နှင့် သူရဲဘော ကြောင်သူများလည်း ရောနှောနေမည် ဖြစ်သည်။ စစ်သား တဦးစီသည်လည်း လူသားများပီပီ ပင်ကိုယ် သဘောသဘာဝ မတူညီကြသည် ဖြစ်၍ တဦး၏ မိဘများ၊ မိတ်ဆွေ သူငယ်ချင်းများသည်လည်း အခြားတဦး နှင့် ကွဲကွဲပြားနေကြမည် ဖြစ်ပြီး ၎င်းတို့တွင်ရှိ မျှော်လင့်ချက်များ၊ စိုးရိမ်ပူပန်မှုများလည်း တူညီကြမည် မဟုတ်ပေ။
ဝီလ်ဖရက် အိုဝင် ကဲ့ ပထမ ကမ္ဘာစစ် ကာလများ က ကဗျာဆရာ များသည် နောက်ပိုင်း စစ်မြေပြင် ၏ ပကတိ အနေအထားကို စာရင်းဇယား ထက် သာလွန်တိကျစွာ ပုံဖေါ် နိုင်ရန် ကြိုးပမ်းခဲ့ကြသူများ ထဲတွင် ထင်ရှားစွာ ပါဝင်ခဲ့ကြသူများ ဖြစ်သည်။ "စစ်သား တသောင်း" ဟု ရေးသားနေခဲ့ကြခြင်းသည် အခြေအနေ အစစ်အမှန် ကို တလွဲ ကိုယ်စားပြုသည့် သဘော သက်ရောက်နေသလော။ အလားတူ ၁၉၁၇ ခုနှစ် ဂါဇာ တဝိုက် စစ်ရေး အခြေအနေများကို ဖေါ်ပြ နိုင်ရန် စစ်သားတဦးစီ ၏ နောက်ခံ အချက်အလက်များ၊ စိတ်နေသဘောထားများကို အတိအကျ ဖေါ်ပြဖို့ လိုမည်လော။
ပကတိ အခြေအနေ မှန် ကို ကိုယ်စားပြုရန် ကြိုးပမ်းရာ တွင် နောက်ထပ် ပြဿနာ တခု ရှိလာသည်က ပကတိ အခြေအနေ အမှန် ဆိုရာတွင် ရှုထောင့် ပေါင်း များစွာ ပါဝင်နေမှု ပင် ဖြစ်သည်။
ဥပမာ ဆိုရလျင် အော်တိုမန် အင်ပိုင်ယာ အား ဗြိတိသျှ တို့ ကျုးကျော်ခဲ့မှု၊ NILI မြေအောက်လှုပ်ရှား မှု ၊ ဆာရာ အေရွန်ဆွန်း တို့ နှင့် ပတ်သက်ပြီး လက်ရှိတွင် အစ္စရေး၊ ပါလက်စတိုင်း၊ တူရကီ၊ ဗြိတိသျှ တို့ အကြား အမြင် အမျိုး မျိုး ကွဲပြား နေမည်သာ ဖြစ်သည်။
ထိုသို့ဆို၍ အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး လုံးဝ ကွဲပြားနေသော ဖြစ်စဉ်များ ရှိနေ၍ သို့မဟုတ် သမိုင်း ဆိုင်ရာ အချက်အလက် များ ရှိမနေခြင်း ကြောင့် ဟု ဆိုလို ခြင်း မဟုတ်၊ အမှန်ဖြစ်စဉ် ဆိုသည်မှာ တခုတည်းသာ ရှိသည် မျိုး ဖြစ်သည့်အပြင် အစိတ်အပိုင်း များစွာလည်း ဆက်စပ် ပါဝင်နေတတ်၍ ဖြစ်သည်။