ပါတီ၏ အဖွဲ့အစည်းပိုင်း ခိုင်မာတည်မြဲလာမှုနှင့် အာဏာချိန်ခွင်လျှာ ယဉ်ကျေးမှုတော်လှန်ရေး၊ တီယန်မင်ရင်ပြင် အရေးအခင်းကို အင်အားသုံးနှိမ်နင်းမှု သို့မဟုတ် ရှီကျင့်ဖျင်၏ မရပ်မနား ဆက်လက်လုပ်ဆောင်ခဲ့သော ပါတီအတွင်း သုတ်သင်ရှင်းလင်းမှုတို့ကဲ့သို့ ကမ္ဘာကြီးအာ...

Read More

သို့သော် စစ်ပွဲက ချက်ချင်းကြီး ရောက်မလာသေးပေ။ သာယာဝတီမင်းသည် တ‌ဖက်တွင် ၁၈၃၈-၄၀ ခုနှစ်အတွင်းက အောက်မြန်မာပြည်ရှိ မွန်လူမျိုးတို့ အလုံးအရင်းဖြင့် သူပုန်ထမှုကို နှိမ်နင်းခဲ့ရဖူးသဖြင့် ၎င်းတို့ကို လုံးဝ အားကိုး၍မရနိုင်ကြောင်း ကောင်းစွာ သိရှိထားသည်။ ထို့အ...

Read More

ဓါတ်ပြားကုမ္ပဏီ များနှင့် ပတ်သက် နေသူနီးပါး ငွေကြေးများ ဆုံးရှုံးနေကြရသကဲ့သို့ ဖြစ်‌ နေသည်။ ရှေ့နေများအတွက်မူကား — တရားစွဲဆိုမှုများ ပို၍ပင် များလာသည့် အတွက် ဝင်ငွေလမ်း ဖြောင့်နေသည်။ တေးသံသွင်း လုပ်ငန်းကြီးများအတွက်မူ အရာရာတိုင်းသည် မည်သ...

Read More

ပုံမှန်ဆိုရင် ဘွန်သည် စနိုက်ပါသမားတယောက်လို စကားကို တိတိကျကျ၊ ထိထိမိမိ ပြောတတ်သူ ဖြစ်သည်။ ဒီတခါတော့ စက်သေနတ်နဲ့ အဆက်မပြတ် ပစ်ခတ်လိုက်သလို ပြောလာသည့် သူ့စကားတွေကြောင့် ကျွန်တော် ခဏတာ ဘာမှပြန်မပြောနိုင်အောင် ဆွံ့အသွားခဲ့ရသည်။ ခဏနေတော့ ကျွန်တော်က ပြော...

Read More

ထို့နောက် အမေသည်သည် ရှေ့မှ သွားနေသော သားဖြစ်သူ ကို မှီရန် ခပ်သွက်သွက် ဆက်‌ လျှောက်လာခဲ့သည်။ သားဖြစ်သူနှင့် အန်ဒရေးတို့ကမူ ဘာကို မှ သတိပြုမိကြဟန် မရှိ၊ သူတို့နောက်မှ လိုက်လံအော်ဟစ်နေကြသည့် အသံများကိုလည်း ကြားကြ ပုံ မပေါ်။ သူတို့သည် အလျင်စလိုမရှိဘဲ တည်...

Read More

အို ဂျေ၏ သူငယ်ချင်းတဦးဖြစ်သူ ရွန် ရှစ်ပ် က သူ့အား "ငါ နီကိုးလ်ကို သတ်ပစ်လိုက်တဲ့ အိပ်မက်တွေ မက်ဖူးတယ်" ဟု တကြိမ်က ပြောဖူးကြောင်း ထွက်ဆိုခဲ့သည်။ ထို့ပြင် တရားလိုဘက်မှ ဂျူရီလူကြီးများ နားထောင်နိုင်စေရန်အတွက် နီကိုးလ်က ဆင်ပ်ဆင်၏ ရိုက်နှက်မှုကို ခံန...

Read More

ဇဗီ အာဟာရိုနီသည် ကားကို ဖြေးဖြေးသာ မောင်းလာခဲ့သည်။ ရုတ်တရက် အကွေ့အကောက်လုပ်ခြင်း သို့မဟုတ် ဘရိတ်အုပ်ခြင်းများ ပြုလုပ်ပါက အကျဉ်းသား၏ လက်မောင်းထဲသို့ ထိုးစိုက်ထားသော ဆေးထိုးအပ် ကျွတ်ထွက်သွားနိုင်သည်ကို စိုးရိမ် နေ၍ ဖြစ်သည်။ သူသည် လမ်းကြို လမ်းကြ များမှ မောင...

Read More

တီယန်မင် ဖြစ်ရပ်အလွန် စနစ်၏ အဓိက မဏ္ဍိုင်များ ၁၉၉၂ ခုနှစ်တွင် တိန့်ရှောင်ဖိန် ၏ သမိုင်းဝင် တောင်ပိုင်းခရီးစဉ်ဖြင့် စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ရှီကျင့်ဖျင် ပါတီအကြီးအကဲအဖြစ် တာဝန်ယူမှုဖြင့် အဆုံးသတ်ခဲ့သော တခေတ်ဆန်း အာဏာရှင် စနစ်သည် ဆယ်စုန...

Read More

ဒုတိယ စစ်ပွဲ ဘကြီးတော်ဘုရားသည် ဗြိတိသျှတို့၏ အနိုင်အထက်ပြုမှုကို ခံခဲ့ရခြင်းနှင့် ၎င်းတို့ ချမှတ်ခဲ့သော စာချုပ်ကို အလွန်တရာ စက်ဆုပ်ရွံရှာတော်မူခဲ့သည်။ သို့သော် ထိုအရှုံးမှ သင်ခန်းစာယူခြင်း၊ အနောက်တိုင်း သံတမန်ရေးရာ အခြေခံမူများကို လေ့လာခြင်းဖြင့် အ...

Read More

စပိန် ကိုလိုနီ သမားများကဲ့သို့ လှုပ်ရှားခဲ့ကြသော တရားစွဲဆိုရေးအဖွဲ့များက ကာဇာ နှင့် ၎င်းကို အသုံးပြုသူများအား နောက်ဆုံးတွင် အောင်မြင်စွာ တရားစွဲဆိုနိုင်ခဲ့သောအခါ ဇန်းစထရွမ် သည် ဟော်လန် ရှိ ၎င်း၏ မိခင်ကုမ္ပဏီကို တောင်ပစိဖိတ်သမုဒ္ဒရာရှိ ဗန်နော်တူကျွန်းပေါ်တ...

Read More

ဗိုလ်ချုပ်ကြီး ပြောဆိုခဲ့သည်များသည် အမှန်တရားများ ဖြစ်သည်မှာ သံသယ မရှိသော်လည်း တချိန်တည်းမှာပင် အလွန်လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။ အကြောင်းမှာ ထိုလူများသည် မည်သူများဖြစ်ကြသနည်း၊ သူတို့ ဘာကို လိုချင်ကြသနည်းဆိုသည့် မေးခွန်းများ အတွက် အဖြေမရသေးဘဲ ကျန်ရှိနေခဲ့သ...

Read More

ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို (၉၉) ********************* ကျွန်‌ တော်၏ ပါရီမြို့ရှိ ဘွားတော်ထံသို့ နောက်လာမည့် စာတစောင်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း၊ တိုက်ပွဲဝင်ရန်အတွက် ဘယ်သောအခါမှ နောက်ကျသည်ဟူ၍ မရှိဟု ဗိုလ်ချုပ်ကြီးကလည်း ယုံကြည်...

Read More

နေ့သည် တစတစ ရင့်ကျက်လာသည်နှင့်အမျှ တိမ်စိုင်တိမ်လိပ်တို့သည် လေနှင်ရာသို့ တကွဲတပြားစီ လွင့်စင်သွားကြ၏။ နေ့လယ်ဘက်တွင် မိမိတို့အပေါ် မည်သည့်အန္တရာယ် ကျရောက်လာမည်ကို မသိနိုင်ပါလျက်နှင့် ဤကဲ့သို့သော မနက်ခင်းမျိုးတွင် ၎င်းတို့နှစ်ဦးသား အမြဲတမ်းလိုလို ပြုံးပျော်...

Read More

တရားလိုဘက်မှ အစိုးရရှေ့နေများ ပြုလုပ်ခဲ့သော ပထမဆုံး အဓိက ဆုံးဖြတ်ချက်ကြီး ကြောင့် ၎င်းတို့၏ အမှုတွဲကို အစပျိုးကတည်းက ပျက်စီးသွားစေခဲ့သည်။ အစိုးရရှေ့နေများသည် ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း အခင်း ဖြစ်ပွားရာဒေသဖြစ်သည့် ဆန်တာမော်နီကာ ခရိုင်တွင် အမှုကို တရားစ...

Read More

အိုက်ခမန်း ကို ခေါ်ဆောင်လာသော ဆီဒန် ကား လေးသည် လေဆိပ်သို့ ဦးတည် မောင်းနှင်လာစဉ် မှာပင် ဗျုနို အေရိစ် မြို့လယ် ရှိ အင်တာနေရှင်နယ် ဟိုတယ် အပြင်ဘက်တွင် အယ်လ်အယ် (El Al) လေကြောင်းလိုင်း၏ ကျန်ရှိသော လေယာဉ်မှူးနှင့် လေယာဉ်မယ်များသည် ကြိုပို့ ဘတ်စ်ကားငယ်တစီးပေါ်...

Read More

တီယန်မင်း အလွန် ဉာဏအခြေခံများ ဉာဏပိုင်းဆိုင်ရာအရ တီယန်မင်း အလွန်ခေတ်ကာလတွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) ရှင်သန်ရပ်တည်ရေး မဟာဗျူဟာသည် အဓိကအားဖြင့် ၁၉၆၀ ပြည့်လွန်နှစ်များမှ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အာဏာရှင်စနစ်အောက်ရှိ အရှေ့အာရှနိုင်ငံများ (အထူးသဖြ...

Read More

တပတ်အကြာတွင် စစ်သည်များကို အနားယူစေပြီး ကျေးလက်ဒေသများမှ နွားအကောင်ရေ ရာပေါင်းများစွာကို မောင်းနှင်သိမ်းဆည်းလာပြီးနောက် ကမ်းဘဲလ် သည် ရေနံတွင်းများရှိ ရာ ခြောက်သွေ့သော နယ်မြေများကို ဖြတ်ကျော်ကာ အင်းဝမြို့သို့ ဆက်၍ ချီတက်လာခဲ့ကြသည်။ ဇန်နဝါရီလ ၃၁ ရက်န...

Read More

အပေါ်ယံ ကြည့်လျှင် အပါချီလူမျိုးများသည် စည်းကမ်းမဲ့ပြီး အလွန်အမင်း ဖရိုဖရဲ ဖြစ်နေသည်ဟု ထင်ရပေမည်။ သို့သော် အမှန်တကယ်တွင်မူ ၎င်းတို့သည် အဆင့်မြင့်ပြီး ခေတ်မီရှုပ်ထွေးသော လူ့အဖွဲ့အစည်းတခု ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှု မရှိသော အဖွဲ့အစည်းတခုဟူသည် လုံးဝ ကွဲပြားခြ...

Read More

မာရီယာ ကော်ဆူနိုဗာက "သတ်တဲ့လူ ကို ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ။ အဲဒီမနက်က အိုင်‌ ဆေးနဲ့ တွေ့ခဲ့တာ ကိုက လူ တရာ လောက် ရှိနေတာ၊ အဲဒီထဲက ကိုးဆယ်လောက်၊ ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ လူတွေက သူ့ကို ထိုးကြိတ်ခဲ့ကြတာ ဖြစ်နိုင်တယ်။ ပြီးခဲ့တဲ့ ရှစ်နှစ်အတွင်းမှာ ...

Read More

နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ (၁၁) ─── O J Simpson Trial ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ ပစိဖိတ်စံတော်ချိန် နံနက် ၁၀ နာရီတွင် ရုပ်မြင်သံကြား သတင်း ဖွင့်ထားကြသော အမေရိကန်နိုင်ငံသားအားလုံး၏ ၉၁ ရာခိုင်နှုန်းသည် တခုတည်းသော သတင်...

Read More