တရုတ်အား မြန်မာ နိူင်ငံရေးစင်မြင့်ထက် ကြိုးတန်း လမ်းလျောက်‌ စေခဲ့သူ — ဓဒါ် အောင်ဆန်းစုကြည်

by Hla Soewai - Oct 12 2019

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရလာခဲ့တဲ့ ၂၀၁၆ နောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး
သည် အံ့အားသင့်စရာ‌ ကောင်းခလာက် အောင် အဆင်ပြေ ချော့မွေ့လာခဲ့သည်ကို
တွေလာရပါတယ်။ ဒါကလည်း ယခင် စစ်အစိုးရနှင့် ဘီဂျင်း၏ ဆက်ဆံရေး အတော်လေး နီးစပ်မှု ရှိခဲ့တာ ကို ထောက်ရှုပြီး အံ့အားသင့်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါဆောင်းပါးအား ဝါရှင်တန်ရှိ Stimson Center မှ အရှေ့ အာရှ နှင့်တရုတ်ရေးရာ ပရိုဂရမ် မှ ပူးတွဲဒါရိုက်တာ အမျိုသမိး ဖြစ်သူ ယွန် ဆမ်း က "China
Walks Political Tightrope in Myanmar"ခေါင်းစဉ်နဲ့ ရေးသားခဲ့တာကို ပြန်လည် တင်ပြထားပါတယ်။

တိုင်းပြည်ရဲ့ သဘာဝ အရင်းအမြစ်များ တူးဖေါ် ထုတ်ယူရေးပိုင်းမှာ တရုတ်က လာရောက်ရင်းနှီးမြပ်နှံနေမှု အပေါ် မကျေမနပ်
ဖြစ်နေမှုများလည်း တဖြေးဖြေး လျော့ပါးသွားခဲ့ပါတယ်။ ဤသည်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်တွေ့ကျကျ စဉ်းစားတွေး
ခေါ်ပြီး ခေါင်းဆောင်မှု ပေးနိူင်ခဲ့ခြင်းနှင့် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများကြောင့် အနောက်အုပ်စုနဲ့ ကင်းကွာလာခဲ့ရ
ခြင်း များကြောင့်လည်း ဖြစ်ပါတယ်။

အင်အယ်ဒီ အစိုးရ က ဘီလီယံ ပေါင်း များစွာတန်တဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းမကြီး အတွက်လည်း လမ်းဖွင့်ပေးနိူင်ခဲ့
ပါတယ်။ တရုတ်ဖက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်များ နှင့် အစိုးရ အကြား ဖြစ်ပွားနေတဲ့ နှစ် ၇၀ ခန့် ကြာညောင်းလာနေပြီ
ဖြစ်တဲ့ ပြည်တွင်းစစ် အဆုံးသတ်နိူင်ရေးကို သိုသိုသိပ်သိပ်နဲ့ ဝင်ရောက်ကူညီ ဖြန်‌ဖြေပေးလာခဲ့ပါတယ်။

အင်အယ်ဒီက ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အနိူင်ရဖို့ ရှိနေတာရယ် ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက် ဖြစ်ပေါ် လာဖို့ ရှိနေတာ‌
ကြောင့် လက်ရှိ ပြည်တွင်း နိူင်ငံရေး အနေအထားအတိုင်း အလိုက်သင့် 'က'သွားလို့ မရတော့ဖူးဆိုတာ ရိပ်စားမိလာကြပါတယ်။

တရုတ်ဖက်ကလည်း ၎င်းတို့ရဲ့ နောက်ဖေးခြံဖြစ်တဲ့ မြန်မာပြည်တွင်း ဩဇာအာဏာ ခိုင်မြဲသည်ထက် ခိုင်မြဲနေအောင် ကြံရွယ်ထား
လို့လည်း ဖြစ်ပါတယ်။ သို့မှလည်း ၎င်းတို့အလိုရှိတဲ့ အခါ အကျိုးရှိရှိ အသုံးချနိူင်မှာလည်း ဖြစ်ပါတယ်။

လက်ရှိ မှာ လွတ်တော် အမတ်နေရာ ၂၅%အား ဖယ်ရှားနိူင်ရေး နဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတွက် အခြေခံ ဥပဒေ ပြင်ဆင်နိူင်ဖို့ အကြိတ်အနယ် ဆွေး
နွေးနေကြပါတယ်။

ယင်းနှင့်အတူ အရပ်ဖက် နှင့် စစ်ဖက် ကိုယ်စားလှယ်များအကြား ရန်လိုမှု တွေ ဖြစ်ပေါ်
လာတာကြောင့် တရုတ်အနေနဲ့ လက်ရှိ သိမ်မွေ့စွာ ရွေ့လျားနေတဲ့ နိူင်ငံရေး ချိန်ခွင်လျှာ အနေအထား ကပြောင်းကပြန် ဖြစ်သွားမှာကို စိုးရိမ်လာနေပါတယ်။

ထိုသို့ ဖွဲ့စည်းပုံ ဆိုင်ရာ အကြပ်အတည်းကြီးရင်ဆိုင်နေရပေမယ့် အချို့ စိုးရိမ်သလို အာဏာသိမ်းဖို့ ဖြစ်မလာနိူင်ပေမယ့် စစ်တပ်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနဲ့
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည်များကိစ္စတွေ အပေါ် ယခင်ကထက် သဘောထားပိုမို တင်းမာလာနိူင်ပါတယ်။ ထိုသို့ ဖြစ်လာ
ခဲ့ရင် တရုတ်ရဲ့ ရေရှည် အကျိုးစီးပွား ထိခိုက်လာဖို့ ရှိနေပါတယ်။

အနောက်တိုင်းနိူင်ငံများ ပြောသလို အခြေခံကျကျ ပြောင်းလဲမယ့်အစား တဖြေးဖြေးပြောင်းလဲလာတာကို တရုတ်က လိုလားကြောင်းလည်း အရိပ်အမြွက် ပြဆိုပြီး ဖြစ်
ပါတယ်။ သူတို့ ဖြစ်စေချင်တာကတော့ အင်ဒိုနီရှားကို နမူနာယူပြီး အရပ်သား ကြီး ကြပ်မှု ကို လက်ခံလာဖို့ စစ်တပ်ကို အပျော့ဆွဲဆွဲ ဖို့ပါပဲ။

စစ်တပ်ကို အထူး အခွင့်အရေး နဲ့ ခံစားခွင့်တွေ ရဖို့ အာမခံ နိူင်မယ်ဆိုရင် စစ်တပ်ဖက်ကနေ နိူင်ငံရေးမှာ ဝင်စွက်ဖို့ အခွင့်အလန်း
နည်းသည်ထက် နည်းလာဖို့ ရှိတယ်လို့ တရုတ်က ယူဆနေပါတယ်။

တရုတ်မှ ထိုသို့ ကိုယ့်လူမျိုးသာ ကြည့်သောနိူင်ငံရေး ခံယူချက် realpolitik သည်အန္တရာယ် ရှိနေပါတယ်။ လူမျိုးရေးပဋိပက္ခတွေနဲ့ ရခိုင်ပြည်ရှိ မူဆလင် များ အပေါ် ကိုင်တွယ်ခဲ့မှု က အစဉ်အလာ မကောင်းခဲ့တာကြောင့် နိူင်ငံတကာ အသိုက်အဝန်းရဲ့ ရွံရှာမုန်းတီးခြင်း ခံနေရပါတယ်။ လက်ရှိမှာ ဘီဂျင်းက မြန်မာအပေါ် မဆုပ်မနစ် ခုခံကာကွယ်ပေးနေခြင်း - အထူးသဖြင့် ကုလသမဂ္ဂလုံခြုရေးကောင်စီတွင် ရပ်တည်ပေးနေမှုကလောလောဆယ်တော့ မြန်မာရဲ့ သဘောကျ
အရေးပေးမှုကို ခံနေရပြီး စီးပွားရေး လုပ်ငန်းအများအပြား ရရှိလာနိူင်ပါတယ်။

ရေရှည် မှာ စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် ရင်းနှီးမြုပ်နှံထားမှုတွေ ထိခိုက်လာနိူင်တဲ့အပြင် နိူင်ငံတကာရဲ့ နှာခေါင်းရှုံခြင်း ခံရမယ့် အနေအထား မှာ ရှိနေပါတယ်။

စစ်တပ်ရဲ့ အပြုအမူ နဲ့ လုပ်ဆောင်မှုတွေကို ထိမ်းချုပ်နိူင်မယ့် ဖိအားပေးမှုတွေ၊ နည်းလမ်းတွေကို ရှာကြံဖို့ စိတ်မကူးဖူး ပဲ စစ်တပ်ကို
အလိုလိုက် အကြိုက်ဆောင်နေမယ်ဆိုရင်ရှေ့လျောက် ဘယ်လိုမှ ပြောင်းလဲလာဖို့ မရှိပါဖူး။ စစ်တပ်ကို မျက်စိမှိတ် ဆက်ထောက်ခံနေ
မယ်ဆိုရင် လည်း ရေရှည် မှာ ထိခိုက်လာဖို့ ရှိနေတာနားလည်ထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင်တန်းပေးတာတို့၊ လက်နက်ရောင်းတာတို့၊ နည်းပညာ အကူအညီပေးတာတို့၊ မသိချင်ယောင်ဆောင်နေတာတို့ကအစ ရှောင်ဖို့လိုနေပါတယ်။

ယခုထိတော့ နိူင်ငံတွင်း တရုတ်က စီးပွားရေးမှာ ယခင်ကထက် ပိုမို ပါတ်သက်လာနေတာကိုတော့ ၂၀၁၅ တုန်းကလို လူအများ မကျေမနပ် ဖြစ်လာလို့ ရွေးကောက်ပွဲ မှာ လူပြောများတဲ့ ကိစ္စ အထိ ရောက်မလာပါဖူး။ အင်အယ်ဒီ အစိုးရကလည်း ဒီလို ဖြစ်မလာအောင်တင်းတင်းကျပ်ကျပ် စီစစ်ပြီး လုပ်ငန်းတွေ ချပေးနေပါတယ်။

ကျောက်ဖြူ ရေနက် ဆိပ်ကမ်းမှာပင် စီမံကိန်း တန်ဖိုးကို ဒေါ်လာ ၇.၃ ဘီလီယံကနေ ၁.၃ ဘီလီယံ အထိ ဖြတ်ချနိူင်ခဲ့တာ နမူနာ အနေနဲ့ တွေရမှာဖြစ်ပါတယ်။ မြစ်ဆုံကိုလည်း ယခုထိ အတည်မပြုသေးတဲ့ အတွက်ရှေ့မတိုး နောက်မဆုပ် ဖြစ်နေဆဲပင်။

မြန်မာက အမေရိကန် အကြံပေးသလို တရုတ်နဲ့ လုပ်မယ့် စီးပွားရေး စင်္ကြန်လမ်းမစီမံကိန်းကို အတိုင်းအတာတခုထိ လျော့ချဖို့လိုလားနေတာ ရိပ်စားမိလို့ တရုတ်က အင်အယ်ဒီရဲ့ နှစ်ဖက်ခွနေမှုကို အတော်လေး မကြည်မလင် ဖြစ်နေပြန်ပါတယ်။ သို့သော်နယ်ခြား လုံခြုံရေး နဲ့ ပါတ်သက်ပြီး မြန်မာက တင်းတင်းမာမာ ကိုင်တွယ်လာမယ့် အနေအထားကို ၎င်းတို့ အကျိုးစီးပွား မထိခိုက်သရွေ့ ခွင့်ပြုမယ့် သဘောတွေ့ရပါတယ်။

အားလုံးခြုံ ကြည့်မယ်ဆိုရင်တော့ တရုတ်ကမြန်မာ၏ လက်ရှိ အနေအထားကို ပိုပြီး နားလည်လာတဲ့ သဘောပြသ‌လာနေပါတယ်။
၎င်းတို့ အလိုကျ တဖက်သတ်လုပ်လာမယ်ဆိုရင် ပြန်တွန်းထုတ်တာပဲ ခံရဖို့ ရှိတယ်ဆိုတာကို တရုတ် တို့ ဖက်က အတော်ကြီး ပေး
ဆပ်ပြီးမှ နားလည်လာခဲ့တာလည်း ဖြစ်ပါတယ်။

ယခုအခါ တရုတ်က မြန်မာပြည်အပေါ်ထားတဲ့ ၎င်းတို့ရဲ့ ရည်မှန်းချက်တွေကို လျော့ချလာခဲ့ရပြီး နိူင်ငံရေး မျက်နှာစာမှာ အဆက်အသွယ် တွေ လုပ်လာခဲ့ရပါတယ်။ မြန်မာအနေနဲ့ သံခင်းတမန်ခင်းမှာ မျှမျှတတ ဆက်ဆံလိုမှုကိုလည်း လိုလိုလားလား လက်ခံလာပုံ ရှိပါတယ်။

တရုတ်တို့ ရှေ့လျောက် လုပ်ရမှာကတော့ ဗိုလ်ချုပ်ကြီးတွေကို ထိမ်းထိမ်းသိမ်းသိမ်း လုပ်သွားဖို့ပဲ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့
စစ်ရေးအကူအညီ ပေးနေမှုကို ပြန်လည်စဉ်းစားခြင်းသည်သာ လျင် အကောင်းဆုံး ဖြစ်ပါတယ်။