တိုင်းပြည်ကို ဖျက်ဆီးခဲ့သော သူရဲကောင်းတဦး

by Hla Soewai - Oct 08 2019

အာဏာရှင်တိုင်း စာဖတ်နေသူကြီးပဲလောလို့ တောင် မေးစရာ ဖြစ်လာရပါတယ်။ တိုင်းပြည်ကို ၃၇ နှစ်လောက် အုပ်ချုပ်ခဲ့တဲ့ မူဂါဘီ
ဆိုလည်း စာအလွန်ဖတ်တယ်လို့ သိရပါတယ် ဒါပေမယ့် သူကတော့ ဗြိတိသျ လျိုဝှက်သဲဖိုစာရေး ဆရာကြီး Graham Greene
ရဲ့ စာအုပ်တွေကို အရမ်းသဘောကျ စွဲစွဲမြဲမြဲ ဖတ်သူ ဖြစ်ပါတယ်။

အာဏာရှင်တွေက စာကို သာ နှစ်သက်ကြပေမယ့် လူတွေကိုတော့ နှစ်သက်ဖို့ အလွန်တရာမှ အားမွေးရသူတွေ ဖြစ်လေ့ရှိတတ်ပြန်ပါတယ်။

မူဂါဘီကို ထိုစဥ်က ရိုဒီးရှား လို့ ခေါ်တဲ့ ဇင်ဘာဘွေ နိူင်ငံ တောင်ပိုင်းက ကူတာနာ လို့ခေါ်တဲ့ ရွာလေးမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်
ပါတယ်။ ရှက်တတ် ကြောက်တတ်သူတဥိးဖြစ်ပြီး မိတ်ဆွေ အပေါင်းအသင်း ဆိုလို မယ်မယ်ရရ မရှိပဲ တယောက်တည်း တွေးချင်ရာ
တွေး၊ စာတိုပေစ တွေ တကိုယ်တည်း ရေရွတ်စာဖတ်ရင်လည်း အသံထွက် ဖတ်လေ့ရှိသူလည်း ဖြစ်ပါတယ်။ နွားကျောင်းရင်းတောင်
လက်တဖက်က ကြိမ်တံ ကိုင်၊ တဖက်က စာအုပ်ကိုင်ပြီး နေတတ်သူ ဖြစ်လို့ စာတိုငညိုလူပြင်းတယောက်လို့ မွေးချင်းတွေက လက်
လျော့ထားခံရသူ ဖြစ်လာပါတယ်။

သို့သော် ရွာထဲရှိ အိုင်းရစ်ချ် ကက်သိုလစ် ဘုန်းတော်ကြီးကတော့ ပညာရှိတယောက်လို ထူးချွန်ထက်မြက်မယ့် ကလေးလို့ ယူဆခဲ့ပါတယ်။

ရွာနဲ့ နီးတဲ့ ကောလိပ်ကျောင်းတခုမှာ တက်ရောက်သင်ကြားခဲ့ပြီး တောင်အာဖရိကရှိ Fort Hare တက္ကသိုလ်ကြီး ကို ရောက်ရှိလာပါတယ်။ ဒီတက္ကသိုလ်ကြီးက အထင်ကရဖြစ်တာမို့ အာဖရိက အမျိုးသားရေးလှုပ်ရှားမှု ခေါင်းဆောင်တွေ စုရုံးရောက်ရှိတဲ့ ကျောင်းတော်ကြီးလည်း ဖြစ်ပါတယ်။ မက်စ်ဝါဒီတွေ
မွေးထုတ်ပေးရာ ဖြစ်တာမို့ နဂိုကမှ ရိုဒီရှား တောင်ပိုင်းကို ဗြိတိသျ အင်ပိုင်ယာထဲ ရောက်နေရတာကို မကျေမနပ် ဖြစ်နေတဲ့ မူဂါဘီ
လည်း ရဲရဲတောက် မက်စ်ဝါဒီတဦး ဖြစ်လာခဲ့ပါတယ်။

ကျောင်းပြီးတော့ ရိုဒီရှား တောင်ပိုင်း၊ ‌မြောက်ပိုင်း နဲ့ ဂါနာ နိူင်ငံတွေမှာ ကျောင်းဆရာ ဝင်လုပ်ခဲ့ပါတယ်။ ဂါနာမှာပဲ ဆာလီ နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။

ရိုဒီရှားကို ပြန်ရောက်လာပြီးနောက် သူ့နိူင်ငံကို လူဖြူ လူမျိုးကြီးဝါဒ နဲ့ အုပ်ချုပ်နေတဲ့အီယန်စမစ် အစိုးရကို ဆန့်ကျင်‌တဲ့ လှုပ်ရှား
မှု တွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအတွက် ၁၉၆၄နဲ့ ၁၉၇၄ အကြား အကျဉ်းချ ခံခဲ့ရပါတယ်။

ထိုသို့ အကျဉ်းချ ခံခဲ့ရခြင်းသည် သူရဲ့ဘဝကို အလဟသ ဖြစ်‌စေခဲ့တယ်လို့ ပြောခဲ့‌ပေမယ့် သူ့အတွက် စာပေဗဟုသုတတွေ နောက်တ
ကြိမ် လေ့လာခွင့်ရခဲ့ပြန်ပါတယ်။

ထောင်ကလွတ်လာပြီးနောက် မိုဇမ်ဘစ်နိူင်ငံ ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး Zimbabwe African National Union (ZANU) ပါတီကို တည်ထောင်ကာ အီယန်
စမစ် အစိုးရကို လက်နက်ကိုင်ပုန်ကန်တော် လှန်ခဲ့ပါတယ်။

ဗြိတိန်ရဲ့ ကမကထ ပြုမှုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လန်ဒန်ရှိ လန်ကက်စတာအိမ်တော်မှာ ကျင်းပခဲ့ပြီး လန်ကက်စတာအိမ်တော် သဘောတူညီချက်ကို ချုပ်ဆိုနိူင်ခဲ့ပါတယ်။ ‌ဗြိတိသျ ဖက်က တက်ရောက်ခဲ့တဲ့ နိူင်ငံခြားရေးဝန်ကြီး က မူဂါဘီကို "လူမဟုတ်ဖွတ် လိုကောင်" ဆိုပြီး နှာခေါင်းရှုံခြင်း ခံခဲ့ရ
ပါတယ်။

သို့သော် သူ့နိူင်ငံသားတွေကတော့ မူဂါဘီကိုလေးစားကြည်ညိုခဲ့ကြပါတယ်။

မည်သို့ပင် ဖြစ်စေ ထိုသဘောတူညီချက်အရ စစ်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီး ၁၉၈၀ မှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပခဲ့ရာမှာ မူဂါဘီ ဦးဆောင်တဲ့ ဇာနု မျိုးချစ်တပ်ဦးက အနိူင်ရရှိလာခဲ့ပါတယ်။

လူဖြူ လယ်သမားတွေနဲ့ အီယန်စမစ်ကို နိူင်ငံရေးမှာ ဝင်မစွက်ဖူးဆိုရင် ၎င်းတို့ပိုင် မြေယာတွေကို သိမ်းဆည်းမှာ မဟုတ်ဖူးလို့
ဆိုလာတဲ့ အတွက် သူ့ကိုယ်သူ မက်စ်-လီနင်-မော်စီတုံး ဝါဒီ လို့ ကြွေးကြော်နေတဲ့ မူဂါဘီကို အားလုံးတအံ့တဩ ဖြစ်ခဲ့ကြပါတယ်။

မူဂါဘီက အမျိုးသားပြန်လည် သင့်မြတ်ရေး ကို ပြောဟောလာခဲ့ပြီး ကျောင်းဆရာပီပီ ပညာရေးကို အားပေးလာခဲ့ပါတယ်။ သူကိုယ်တိုင် အစိုးရ အိမ်တော်က ဝန်ထမ်းတွေကို တောင် စာသင်ကြားပေးနေတာ တွေ့လာကြပါတယ်။ ရလာဒ်ကတော့ အာဖရိက မှာ အထူးချွန်ဆုံးပညာတတ်‌တွေ မွေးထုတ်လာနိူင်ခဲ့ခြင်းပဲ
ဖြစ်ပါတယ်။

ယခု ရာစုနှစ်ရဲ့ အစောပိုင်းကာလ ကစပြီး ဇင်ဘာဘွေရဲ့ စီးပွားရေး စတင်ပြိုလဲလာခဲ့မှုအတွက် ဗြိတိန်ကို အပြစ်ဖို့လာခဲ့ပါတယ်။ ငွေကြွေးဖေါင်းပွမှုက ၅၀၀ တြီလီယံ ရာခိုင်နူန်းအထိ မြင့်တက်လာခဲ့ကြောင့် တိုင်းပြည်ကနေလူအမြောက်အမြား စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

‌ဗြိတိသျ တို့က သူရဲ့ လယ်ယာမြေပြုပြင် ပြောင်းလဲရေး အတွက် ငွေ‌ကြွေးစိုက်ထုတ်ပေးမယ် ဆိုတဲ့ ကတိကို ဖေါက်ဖျက်ခဲ့တာ
‌ကြောင့်လို့ ဆိုပြီး ဗြိတိန်ကို အမြဲလို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ သို့ပေမယ့်လည်း အဂံလန်ကို ရှော့ပင်းထွက်တာတို့၊ ကရစ်ကက်ပွဲတွေ
ကြည့်၊ ဗြိတိသျ ဝန်ကြီးချုပ် ဂျွန် မေဂျာနဲ့လည်း လ္ဘက်ရည်သောက် မပျက်ခဲ့ပါဖူး။ ‌ဗြိတိသျ ဘုရင်မကြီး ဇင်ဘာဘွေ လာလည်စဉ်က
ပျော်ရွင်ခဲ့ပုံတွေ တသသ နဲ့ ပြောနေပြန်ပါတယ်။

စာဖတ်ရင်း လက်တဖက်က ကြိမ်ကို တို့နေခဲ့သလို သူ့နိူင်ငံတွင်းရှိ လူနည်းစုတွေ ဖြစ်တဲ့အင်ဒီဘီလီ လူမျိုးစုတွေကို နှိမ်နှင်းနိူင်ဖို့
မြောက်ကိုရီယား ထံ ကနေ လေ့ကျင့်ဖို့ စစ်သားတွေ စေလွှတ်ခဲ့ပါတယ်။ လူပေါင်း နှစ်သောင်းခလာက် သေဆုံးခဲ့ရမှုကြီးကို တောင် သူ့ ကြောင့် မဟုတ်ရင် ဒီထက်မက များသွားနိူင်တယ်လို့ ပြောခဲ့သူ ဖြစ်ပါတယ်။ ထိုအချိန်က ကမ္ဘာကထိုအဖြစ်အပျက်ကို လျစ်လျုရှုခဲ့ကြပြီး ဘယ်သူကမှ သူ့ကို ခုံရုံးတင်ဖို့လည်း မကြိုစားခဲ့
ကြပါဖူး။ သို့သော် သူရဲ့ လန်ဒန် ခရီးစဉ်အတွင်း ဗြိတိသျ နိူင်ငံသားတဦးက citizen arrest ဆိုပြီး နိူင်ငံသားတဦးရဲ့ လုပ်ပိုင်ခွင့်ဆိုပြီး ဝင်ရောက် ဖမ်းဆီးဖို့ ကြိုးစားခဲ့မှု
ကြောင့် အရှက်တကွဲ ဖြစ်ခဲ့ရဖူးပါတယ်။

မူဂါဘီကတော့ ဘုရားသခင်ကသာ သူ့ကို ရာထူးက ဖယ်ရှားနိူင်စွမ်း ရှိလိမ့်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် သူ ကျုးလွန်ခဲ့တဲ့ လူ့အခွင့်
အရေး ချိုးဖောက်မှုတွေ အတွက် တနေ့နေ့တချိန်ချိန် ရုံးတင်စစ်ဆေးခံရမှာ ကြောက်ပြီးအာဏာကို ဆက်လက် ဆုပ်ကိုင်ထားခဲ့သူ ဖြစ်ပါတယ်။

ဇနီးဖြစ်သူ ဆာလီ ကွယ်လွန်သွားပြီးနောက်မှာ သူရဲ့ အုပ်ချုပ်မှုတွေက ပိုလို့ ဆိုးလာခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ထက် အသက် ၄၀
လောက်ငယ်တဲ့ ဂရေ့စ်ကို လက်ထပ်ခဲ့ပါတယ်၊ သူမက နိူင်ငံတကာ လှည့်ပြီး ဈေးဝယ်ထွက်ရတာကို အထူးခုံမင်ပြီး နိူင်ငံရေး အာဏာရဖို့
ရည်မှန်းချက် ကြီးသူလည်း ဖြစ်ပါတယ်။

မူဂါဘီရဲ့ မြှောက်ပင်ပေးမှုကြောင့် စစ်ပြန်လို့ ခေါ်တဲ့ လူငယ်တွေက လူဖြူတွေရဲ့ မြေတွေကို အတင်းသိမ်းပြီး သူအပါအဝင် စစ်ပြန်
ဆိုသူများကို ပေးခဲ့ပါတယ်။ လယ်ယာစိုက်ပျိုးရေးကို တလုံးတပါဒမှ မသိသူများ ဖြစ်တာကြောင့် မကြာမီမှာပဲ ဇင်ဘာဘွေရဲ့ လယ်ယာ
စိုက်ပျိုးရေးကဏ္ဍသည် ပြိုလဲသွားခဲ့ရပါတော့တယ်။

စစ်တပ် နဲ့ ထောက်လှမ်းရေးကလည်း သူရဲ့လက်ပါးစေတွေ ဖြစ်လာပြီး အာဏာတည်မြဲဖို့အတွက် ရွေးကောက်ပွဲများတွင် အသမာမှု
များ ပြုလုပ်ခြင်း၊ အတိုက်အခံများကို အစဖျောက်ပြစ်ခြင်း သတင်းစာတိုက်များကို ပိတ်ပြစ်ချင်းများ လုပ်လာကြပါတယ်။

သူ့ နိူင်ငံသားတွေ ဒုက္ခအမျိုး ကြုံလာခဲ့ရမှုများကို သူ့ကြောင့်လို့ မထင်ပဲ နိူင်ငံရေးပြိုင်ဖက်တွေရဲ့ ခြိမ်းခြောက်မှု ၊ ပြည်ပက စွက်ဖက်
မှုတွေကြောင့်လို့ မြင်ခဲ့သူ ဖြစ်ပါတယ်။

နောက်ဆုံးသူရဲ့ အယုံကြည်ရဆုံး လက်ရုံးကို ရာထူးက ထုတ်ပါယ်ခဲ့လိုက်ပါတယ်။ အဖမ်းမခံရခင် တိုင်းပြည်က ထွက်ပြေးသွားနိူင်ခဲ့လို့ လွတ်သွားခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်က လက်ရှိသမ္မတ ဖြစ်လာသူ အီမာဆန် အမ်နမ်ဂက်ဝါ ဖြစ်ပါ တယ်။ သူ့ကို ဖြုတ်ချခဲ့မှုမှာ ဇနီးဖြစ်သူဂရေ့စ် နောက်ကွယ်က‌နေ ပါခဲ့ပါတယ်။
မကြာခင်မှာပဲ စစ်တပ်က တင့်ကားတွေနဲ့မြို့တော် ဟာရာရေးကို ဝင်ရောက်လာခဲ့ကြပါတော့တယ်။ ဗိုလ်ချုပ်ကြီး‌တွေကတော့ အာဏာသိမ်းတာ မဟုတ်ပဲ
ပြည်တွင်းသစွာဖေါက်တွေ‌နဲ့ ရင်ဆိုင်ဖို့ လို့ တဖွဖွ ပြောနေကြပေမယ့် နောက်ဆုံးမှာ မူဂါဘီကို သမ္မတရာထူးကနေ ဖယ်ရှားပြီး အမ်နက်ဂက်ဝါကို တင်‌မြှောက်ခဲ့ကြပါတယ်။

သူ့ကို လူတွေက ဘာလို့ကြောက်ကြတာလဲလို့ မေးတဲ့အခါ စကားနည်းသူဖြစ်ပြီး စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောတတ်လို့ လို့ ဖြေခဲ့ပါတယ်။

ဘဝကိုတော့ ရိုးရိုးစင်းစင်းပဲ နေထိုင်သွားခဲ့သူဖြစ်ပါတယ်။ မနက်စောစောထပြီး ယောဂကျင့်စင်ကို စူးစူးစိုက်စိုက် လုပ်လေ့ရှိပါတယ်။
ပြီးနောက် စားပွဲမှာထိုင်ပြီး တနေကုန် တကုပ်ကုပ် လုပ်လေ့ရှိပါတယ်။ ကမ္ဘာမြေပုံ ကားချပ်ကြီးကိုလည်း သူထိုင်နေကျ အဝါရောင် ကုလားထိုင်ကြီးဘေး
မှာ ထောင်ထားခဲ့ပါတယ်။ ထမင်းနဲ့ ပြောင်းဆန်ကို လက်နဲ့ အားရပါးရ နယ်ဖတ်စားလေ့ရှိပါတယ်။ အာဖရိကတိုက်ရဲ့ အခြား အာဏာ
ရှင်တွေလို မဟုတ်ပဲ အရက်၊မိန်းမ၊နဲ့ ပျော်ပွဲရွှင်ပွဲတွေ နဲ့ ကင်းကင်းနေသူ ဖြစ်ပါတယ်။

အသက် ရှစ်ဆယ် ကျော်ရောက်တဲ့ အချိန်တုန်းက ဘယ်တော့ နိူင်ငံရေး ကနေ အနားယူမလဲ အီကော်နောမစ် မဂ္ဂဇင်းက မေးခဲ့ဖူးပါတယ်။ ရီရီမောမောနဲ့ အသက် တရာ လောက်ကျမှ မှန်းထားတာပဲလို့ ဖြေခဲ့ဖူးတဲ့အတွက် သူ့စကားကိုတည်မတတ်ထိ ဖြစ်လာခဲ့ရတာကလည်း ဇင်ဘာဘွေ နိူင်ငံသားတွေရဲ့ ကံကြမ္မာပဲ ဖြစ်
ပါတော့တယ်။

စက်တင်ဘာ ၆ ရက်နေ့ က ကင်ဆာရောဂါအတွက် ဆေးကုသခံရင်း အသက် ၉၅ နှစ်အရွယ်မှာ စင်္ကာပူမှာ ကွယ်လွန်သွားခဲ့ပါတယ်။

သူရဲ့ ရုပ်ကလာပ်ကို မြို့တော် ဟာရာရေးသို့ ပြန်လည် သယ်ဆောင်ခဲ့ရာ တခါ က လွတ်လပ်ရေး တိုက်ပွဲဝင် သူရဲကောင်းကြီးကို
လမ်းတလျောက် စောင့်ကြို ဂါဝရ ပြု မယ့်လူတွေ တဦးတလေမျ မရှိပဲ မြုပ်နှံမယ့်သူရဲ့ ဇာတိမြေမှာပဲ လူငါးရာလောက် စောင့်
ကြိုနေကြတာ တွေ့ရပါတယ်။

ကိုးကား၊။ ။။ "Rule by the whip' from
The Economist (September 6th 2019)