သြဇာအာဏာ ကြီးထွားလာနေသော ထိုင်းဘုရင်

by Hla Soewai - Oct 06 2019

ထိုင်းစစ်တပ်အား ၁၉ ရာစုနှစ် အကုန်ပိုင်းလောက်ကစပြီး ထိုစဉ်က ထိုင်းဘုရင် ချုလာလောင်ကွန်းက ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာပြီး ကြည်းတပ် နဲ့ ရေတပ် တက္ကသိုလ်ကြီးတွေ တည်ထောင်ပေးခဲ့ပါတယ်။ ကာကွယ်ရေး၀န်ကြီးဌာန ကို ပါ ဖွဲ့ စည်းပေးလာပြန်တဲ့အတွက် ထိုင်းဘုရင် နန်းတော်နဲ့ တသွေးတည်း
တသားတည်းလို ဖြစ်လာခဲ့ပါတယ်။

၁၉၃၂ မှာတော့ ပုန်ကန်မူကြီး ဖြစ်ပွါးလာပြီးသက်ဦးဆံပိုင် စနစ် ချုပ်ငြိမ်းသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ထိုင်း ဗိုလ်ချုပ်ကြီးတွေ အာဏာသိမ်းလာခဲ့တာ ယခုဆို ၁၂ ကြိမ်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၄ မှာ နောက်ဆုံးအကြိမ် အာဏာသိမ်းပွဲ ကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာရွတ် ချန် အိုချာ ကတော့ ယခုအချိန်
အထိ ၀န်င်္ကြးချုပ် အဖြစ် ရှိနေဆဲ ပါပဲ။ သို့ပေမယ် တခါက စစ်တပ်အပေါ် သြဇာညောင်းခဲ့မှုကတော့ တဖြေးဖြေး မှေးမှိန်လို့လာနေပြီ ဖြစ်ပါတယ်။ သူနေရာမှာ အစားထိုး ဝင်ရောက်လာသူကတော့ ဘုရင် မဟာ ဗီဂျီရာ လောင်ကွန်းပါပဲ။

ထိုင်းစစ်တပ်က ဘယ်တုန်းကမှ စစ်ပွဲတွေ မှာ စွမ်းရည် ပြခဲ့ဖူးခြင်း မရှိပဲ နိူင်ငံတွင်းရှိ နိူင်ငံရေးသမားတွေနဲ့ အချင်းများရင်း အချိန်ကုန်နေသူတွေ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ အဓိက ရန်သူတော်ကြီးကတော့ ၂၀၀၆ ခုနှစ်မှာ ၀န်င်္ကြးချုပ် အဖြစ်ကနေ ဖြုတ်ချခံလိုက်ရတဲ့ သာစင် ရှင်နာဝါထရာပဲ ဖြစ်ပါတယ်။ ထိုအချိန်ကစင်္ပြး သာစင်ကိုထောက်ခံသူတွေ နဲ့ ကန့်ကွက်နေသူတွေ အကြားရန်ညှိး က ထိုင်း နိူင်ငံရေးမှာ လွှမ်းမိုးလာပါတော့တယ်။

ပြီးခဲ့တဲ့ မတ်လထဲမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ တော့ မသမာမှု များနဲ့ အတူ ရန်သူတော် သာစင်ရဲ့ ထောက်ခံသူတွေကို လွှတ်တော်ထဲမှာ လူနည်းစု ဖြစ်သွားအောင် ပထမဦး ဆုံး အကြိမ် အဖြစ် လုပ်နိူင်ခဲ့တာကြောင့်အနိူင်ရသွားခဲ့ပြီ လို့ ဆိုနိူင်ပါတယ်။ ယင်းနှင့်အတူ စစ်တပ်ကို ထောက်ခံတဲ့ နိူင်ငံရေးသမားတွေ စုပြီးပရာရွတ် ဦးဆောင်တဲ့ ညွှန်ပေါင်းအစိုးရ ဖွဲလာနိူင်ခဲ့ကြပါတယ်။ ညွှန်ပေါင်းအစိုးရ ဆိုပေမယ့် ပါတီပေါင်း ၁၈ ပါတီ နဲ့ ဖွဲ့ထားရတာမို့ ခနောနီ ခနောနဲ့ အနေအထားမှာ ရှိနေပြန်ပါတယ်။ ထို့အတွက်ပရာရွတ်လည်း ထိုင်းဘုရင်ရဲ့ ထောက်ခံမှု ကို ပိုင်္ပြး လိုအပ်လာခဲ့ပါတယ်။

စစ်တပ်က နိူင်ငံရေး အပေါ် အတော်လေး သဘောတွေ့နေပေမယ့် သူတို့ဘာသာ ရပ်တည်လို့တော့မရပဲ ဘုရင်ရဲ့ ဘုန်းတံခိုး အရှိန်အဝါကိုမှီခိုနေရပြန်ပါတယ်။ အုပ်ချုပ်ခံ ပြည်သူတွေရဲ့သဘောထားထက် ဘုရင်ရဲ့ ခွင့်ပြုချက်ကပိုအရေးပါနေတဲ့ သဘောပါပဲ။ ထိုအတွက်အာဏာသိမ်းစစ်အစိုးရ တိုင်းက ဘုရင်ကို ရိုးကျိုးလွန်းမက ရိုကျိုးနိူင်ပါမှ သူတို့ရဲ့ တရားဝင် ရပ်တည်ခွင့်ရရေး သေချာမယ့်သဘော ရှိနေခဲ့ကြရပါတယ်။ စစ်တန်းလျား နဲ့ နန်းတော်ရဲ့ ဆက်ဆံရေးက ၁၉၅၀ နောက်ပိုင်းကစပြီး ကျွန်းကိုင်းမီ ကိုင်းကျွန်းမီ ရှိလာနေခဲ့ပါတယ်။

နန်းတာ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိနေတာကြောင့် စစ်တပ်အဖို့ လည်း သူတို့ မလုပ်ချင်တဲ့ အပြောင်းအလဲမှန်သမျ ရှောင်ရှားနိူင်ခဲ့ကြပါတယ်။ ဖွဲ့စည်းပုံမှာ ထည့်သွင်းလာခဲ့တဲ့ ကာကွယ်ရေး မူဝါဒများ ကို ဥပဒပြု အရပ်သားလွှတ်တော်က စီစစ်ခွင့် ရှိတယ် ဆိုတဲ့ အချက်ကလည်း နောက်ဆုံးအကြိမ်အာဏာသိမ်းခဲ့မှု နဲ့ အတူ ပျောက်ကွယ်သွားရပြီ ဖြစ်ပါတယ်။၁၉၉၂ အတွင်း ဒီမိုကရေင်္စ တောင်းဆိုသူများကို စစ်တပ်က ပြစ်ခတ်နှိမ်နှင်းင်္ပြး နောက်နဲ့ ၁၉၉၇ အာရှတွင် ဘဏ္ဍာရေး အကြပ်အတည်း ဖြစ်ခဲ့ပြီးနောက်ပိုင်းတွေမှာ အထိုက်အလျောက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတာတော့ တွေ့ရပါတယ်။ သာစင်က စစ်တပ်ရဲ့ ဘတ်ဂျက်ကို လျော့ချနိူင်ခဲ့ပြီး အထက်တန်းစစ်ဖက် ရာထူးကြီးတွေမှာ သူ့ကို လိုလားသူတွေနဲ့ ခန့်အပ်လာခဲ့ပါတယ်။

သို့သော်လည်း ရေရှည်တည်တံ့မဲ့ အပြောင်းအလဲ ဆိုလို့ မဆိုသလောက်သာ ရခဲ့ပါတယ်။ စစ်တပ်ရဲ့ သြဇာအာဏာကို ထိပါးတဲ့ အစိုးရ မှန်သမျ ဖြုတ်ချခံရလေ့ ရှိစမြဲ မို့ ထိုအထဲ သာစင်လည်း ပါသွားခဲ့ရ ရှာပါတယ်။ ဒီလို အနေအထားမျိုးမှာတောင်မှ လူကြိုက်များလာတဲ့ ပါတီသစ် ဖြစ်တဲ့ Future Forward ပါတီက ဗိုလ်ချုပ်ကြီးတွေ အရည်အတွက် လျော့ ချ နိူင်ရေးနဲ့ စစ်တပ်ရဲ့ ဘတ်ဂျက် ဖြတ်တောက်ရေးတို့ ကို ပြောဆိုလာနေပါတယ်။

စစ်တပ်ကို တကယ်တမ်း အပြောင်းအလဲ လုပ်ပေးနိူင်တာကတော့ ဘုရင်နန်းတော် ဖြစ်ပါတယ်၊ သို့သော် လက်ရှိဘုရင် ဗာဂျီယာလောင်ကွန်းသည်သြစတေးသျ စစ်တက္ကသိုလ် တက်ခဲ့ဖူးသူ ဖြစ်ပြီးစစ်တပ်ထဲမှာ အမှုထမ်းဖူးပြီး ဖီးလ်မာရှယ်၊ ရေတပ် နဲ့ လေတပ်မှာလည်း မာရှယ် အဆင့်အထိရောက် လာခဲ့သူမို့ စစ်တပ်ရဲ့ အင်္ဂါစဥ်တွေ၊ ရာထူးတွေ၊ စစ်သင်တန်းတွေကို အတော်လေးစွဲစွဲလမ်းလမ်း ရှိသူ ဖြစ်နေပြန်ပါတယ်။ အခြားသူတွေကိုလည်း သူလိုပဲ ရှိစေချင်နေပါတယ်။

ကြင်ယာတော် မိဖုရားကလည်း အရင်ကလေယာဥ်မယ် ဖြစ်ခဲ့ပြီး သူရဲ့ ကိုယ်ရံတော် တပ်ထဲမှာ ရာထူး အဆင့်ဆင့် တက်လာခဲ့သူ ဖြစ်ပါတယ်။ ဒီနေရာမှာ သူမက မြှောက်စားလို့ စင်ပေါ် ရောက်ခဲ့တာ မဟုတ်ပဲ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး ခက်ခဲကြမ်းတမ်းလှတဲ့ စစ်သင်တန်းတွေ အထပ်ထပ်သင်ယူလာခဲ့သူ ဖြစ်ပါတယ်။ သူမက ယခု ဗိုလ်ချုပ်ကြီးရာထူးရယူထားပါတယ်။ ဘုရင်က သူရဲ့ တရား၀င် ကိုယ်လုပ်တော် အဖြစ် မြှောက်စားထားတဲ့ အရင် သူနာပြု လုပ်ခဲ့သူကို ယခုနှစ်ထဲမှာ ဗိုလ်ချုပ်ရာထူးတိုးမြှင့်ပေးခဲ့ပါတယ်။ အိမိရှေ့စံ ဘ၀တုန်းကသူရဲ့ အချစ်တော် ခွေးကလေးကို လေတပ် ရဲ့မာရှယ် အဆင့်အတန်း ပေးခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ခွေးကလေးကတော့ မရှိတော့ပါဖူး။

ပြီးခဲ့တဲ့ သုံးနှစ် ထီးနန်းတက်လာချိန်ကစပြီး နန်းတော်ရဲ့ အာဏာစက်ကို ဖြန့်ကျက်နိူင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ လုပ်လာခဲ့ပါတယ်။ နန်းတော်ပိုင် လုပ်ငန်းအမျိုးမျိုးနဲ့ ပိုင်ဆိုင်မှုတွေအပေါ် တိုက်ရိုက် စီမံခန့်ခွဲလာပြီး စစ်တပ်ရဲ့ အုပ်ချုပ်ရေးအပိုင်းမှာလည်း ၀င်ပါလာခဲ့ပြန်ပါတယ်။ ဘုရင့်အစောင့်တပ် စစ်ဌာနချုပ် ကို သူကိုယ်တိုင် စီမံခန့်ခွဲ ဖို့ ဖွဲ့စည်းလိုက်ပါတယ်။ သူရဲ့ ယခင် ကိုယ်ရံတော်တပ်ဖွဲ့ ၀င်တွေ အမြောက်အများ ပါဝင်လာပြီး အင်အား ၅,၀၀၀ ကျော် ရှိနေပါတယ်။ ဘန်ကောက်မြို့လည်မှာပဲ စစ်ဌာနချုပ်ကို ထားရှိတာ တွေ့ရပါတယ်။

တချိန်တည်းမှာပဲ ယခင် အာဏာသိမ်းမှုတွေမှာ အဓိက နေရာကနေ ပါ၀င်လေ့ရှိတဲ့ ကြည်းတပ်စစ်တပ်ရင်းတရင်းနဲ့ မြင်းစီးတပ်မ ကို မြို့တော် အပြင်ကို ရွှေပြောင်းခိုင်းခဲ့ပါတယ်။ ဒီအတွက်စစ်တပ်အဖို့ ဘုရင်ရဲ့ ခွင့်ပြုချက် ကြိုမရပဲနဲ့ အာဏာသိမ်းဖို့ အတော် ခက်ခဲသွားခဲ့ရင်္ပြ ဖြစ်ပါတယ်၊

ဘုရင် င်္ဗဂျီလာလောင်ကွန်းက စစ်တပ်နဲ့ ၎င်းတို့တင်မြှောက်ထားတဲ့ အစိုးရအကြား အစီးမကပ်အောင်လည်း မီးထိုးပေးပြန်ပါတယ်။ ပရာရွတ် နဲ့ဒုဝန်ကြီးချုပ် ပရာဝတ် ဝေါင်ဆူ၀မ် တို့ နှစ်ဦးစလုံးက ယခင် စစ်ဦးင်္စးချုပ်များဖြစ်ပြီး မိဖုရားအစောင့်တပ်ကနေ ရာထူး အဆင့်ဆင့် တက်လာခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ မိဖုရား အစောင့်တပ် ဆိုတာ နယ်နယ်ရရ တော့ မဟုတ်ပါဖူး၊ ထိုင်းစစ်တပ်ရဲ့ ဒုတိယ တပ်မဟာ ဌာနချုပ်ရှိလက်ရွေးစင် တပ်တတပ် ဖြစ်ပါတယ်။

လက်ရှိ စစ်ဦးစီးချုပ် အပီရက် ကွန်ဆွန်ပေါင်က ဘုရင် အစောင့်တပ်က ဖြစ်ပါတယ်၊ ပထမ တပ်မဟာ ဌာနချုပ်က ဖြစ်ပြီး ဘုရင်ကိုယ်တိုင် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တပ်လည်း ဖြစ်ပါတယ်။ အပီရက်သည် နောက်နှစ်မှာ အနားယူရဖို့ ရှိနေတာကြောင့် သူ့နေရာမှာ ဘုရင် အစောင့်တပ်ကတဦးဦးနဲ့ အစားထိုးဖို့ ဖြစ်နိူင်ချေ ရှိနေပါတယ်။

သူရဲ့ ခမည်းတော် ဘုရင် ဘူမိဘော လက်ထက်မှာတုန်းက စစ်တပ်နဲ့ နန်းတွင်း ဆက်ဆံရေးက သဲသဲကွဲကွဲ မရှိလှပဲ ဒွေးရောယှက်တင် ဖြစ်နေခဲ့ပါတယ်။ အထက်တန်း ဗိုလ်ချုပ်ကြီးတွေ ခန့်အပ်ရာမှာ ဘုရင်ရဲ့ အကြံပေးတွေ ပါခဲ့တယ် ဆိုပေမယ့်လည်း ၎င်းတို့ ကိုယ်၌က ဗိုလ်ချုပ်ကြီးဟောင်းတွေ ဖြစ်နေကြပါတယ်။ ဘုရင်ကလည်း သူ့လက်ထက်အတွင်း ဖြစ်ခဲ့တဲ့ အာဏာသိမ်းပွဲတွေကိုသိသိသာသာ ဆန့်ကျင်ခဲ့တာ မရှိသလောက်ပါပဲ။ တခါကတော့ လူထု ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ အာဏာသိမ်း ခေါင်းဆောင်ကို ခေါ်ပြီး ဆူပူကြိမ်းမောင်းခဲ့လို့ ရာထူးက ဆင်းပေးလိုက်ရဖူးတာတော့ ရှိခဲ့ပါတယ်။

ဘုရင် ဗီဂျီလာလောင်ကွန်း လက်ထက်မှာတော့ အရင်ကလို မသဲမကွဲ မဟုတ်တော့ပဲ ပြတ်ပြတ်သားသား တွေ့လာရပါတယ်။ ပရရွတ်သည် ဘုရင်ရဲ့တခါတလေ အတော် ကသိကအောက်နိူင်လှတဲ့တောင်းဆိုမှုတွေကို စောဒက တချက်လေးမှမတက်ပဲ လိုက်လျောပေးခဲ့တာ တွေ့လာရပါတယ်၊ ဥပမာ အားဖြင့် ထိုင်းမဲဆန္ဒရှင်တွေ အတည်ပြုခဲ့ပြီး ဖြစ်တဲ့ ဖွဲ့စည်းပုံ ဥပဒေ ပါ စာသားအချို့ကို ပြင်ဆင်ခိုင်းခဲ့တာမျိုး ဖြစ်ပါတယ်။

ခမည်းတော် ကွယ်လွန်င်္ပြး နှစ်လကြာတဲ့အထိထီးနန်းကို လက်ခံဖို့ ငြင်းပယ်ခဲ့ခြင်းဖြင့် ဗိုလ်ချုပ်ကြီးတွေ နေမထိ ထိုင်မသာ ဖြစ်အောင် လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိ အနေအထားအရတော့ ပ ရာရွတ် အနေအထားက ရာထူးက ထွက်ပေးရဖို့ နီးကပ်လာနေပါတယ်၊ ဒီတခါ မလွှဲမရှောင်သာပဲ စစ်တပ်ကအာဏာသိမ်းရတဲ့ အဖြစ် ရောက်လာခဲ့ရင်တော့ဘုရင်ကိုယ်တိုင် ရှေ့ဆုံးက ထွက်လာဖို့ပဲ ရှိပါတော့တယ်။

ရည်ညွှန်း၊ ၊ စက်တင်ဘာ ၇ ရက် ထုတ်အီကော်နော်မစ် မဂ္ဂဇင်းပါ "Changing of the guard"