မြန်မာ တပ်မတော်မှ ရုရှား၏ SU-57E Stealth Fighters များ ၀ယ်ယူရန် စိတ်ဝင်စားလျက်ရှိ

by Hla Soewai - Sep 14 2019

မော်စကို၏ အရှေ့တောင်ဖက် ကီလိုမီတာ ၄၀ အကွာရှိ ဇူကော့စကီး နိုင်ငံတကာ လေဆိပ်တွင် ဇူလိုင် ၁၈-၂၃ က MAKS လေကြောင်းပြပွဲကို ကျင်းပခဲ့ရာ ဆူကွိုင်း မှ ၎င်း၏ ပြည်ပသို့ အဓိကထား တင်ပို့နေသော ပို့ကုန်တခု ဖြစ်သည့် အရည်အသွေး မြင့်မားလှသည့် SU-57E ကို သရုပ်ပြတင်ဆက်ခဲ့ပါတယ်။ ထိုပြပွဲတွင် မထင်မှတ်သော နေရာမှ အဆိုပါ လေယာဉ်ကို ၀ယ်ယူမည့် သူ တဦး ထွက်ပေါ်လာ၍ ကာကွယ်ရေး ဖက်ဆိုင်ရာ လေ့လာစောင့်ကြည့်သူများ တအံ့တသြ ဖြစ်ကုန်ကြပါတယ်။ မြန်မာ သံအမတ် ဖြစ်သူက ၎င်းတို့ နိုင်ငံ အနေဖြင့် အဆိုပါ ဂျက်တိုက်လေယာဉ်ကြီးအား ၀ယ်ယူရန် စိတ်ဝင်စားနေပါသည်ဟု ပြောလာသည်ကို ကြားလိုက်ကြရသောကြောင့်ပင်။

 

မြန်မာ လေတပ်တွင် ခေတ်မီ ဂျက်တိုက်လေယာဉ်များ များများစားစား မရှိသော်လည်း The Military Balance 2019 စစ်တမ်းများအရ MIG-29 လေယာဉ် အနည်းငယ် နှင့် တရုတ်ထုတ် ခေတ်မစားတော့သော F-7 များ ရှိနေပြီး ဖြစ်ပါတယ်။ လက်ရှိလည်း ၂၀၁၈ က မှာထားတဲ့ SU-30 တိုက်လေယာဉ် ၆ စီး ကို ပေးပို့နေဆဲ ဖြစ်ပါတယ်။

 

Su-30 များ မှာယူခဲ့သည်ကလည်း မြန်မာအနေနဲ့ Su-57 ကို စိတ်ဝင်စားနေလို့ပဲ ဖြစ်ပါတယ်။ ၎င်းတို့ အစိုးရက နောက်ထပ် SU-30 တွေ ၀ယ်ဖို့ ဘတ်ဂျက် သတ်မှတ်ပေးထားပြီးသား ရှိရင်တော့ SU-30 အစား SU-57 တွေ ပြောင်းဝယ်လာဖို့ ရှိနေပါတယ်။ အဆိုပါ ဂျက်တိုက်လေယာဉ် နှစ်စီး ဈေးနှုန်းကလည်း အံ့အားသင်ဖွယ် ကောင်းလောက်အောင် တူညီနေပါတယ်။ လက်ရှိ SU-57 ရဲ့ ခေါ်ဈေးက တစီးလျင် ဒေါ်လာ ၄၅ သန်း မှ ၅၄ သန်း အထိ ရှိနေတယ်လို့ ရုရှား စစ်ဖက်ဆိုင်ရာ ကျွမ်းကျင်သူ မိုက်ကယ် ကော့မင်း က ဆိုပါတယ်။

 

မြန်မာ က SU-30 လေယာဉ်တွေကို တစီးလျင် ဒေါ်လာ ၃၅ သန်း မှ သန်း ၅၀ အကြား ပေးပြီး ၀ယ်ယူနေတာ ဖြစ်ပါတယ်။ ၃၅ သန်း ကတော့ ဈေးအနဲဆုံးထားပြီး ရောင်းပေးတဲ့ သဘောပါပဲ၊ သို့သော် မြန်မာ က မှာယူထားတဲ့ SU-30 ကို SU-57 အမျိုးအစား မျိုး ဖြစ်အောင် ထပ်ထဲ့ခိုင်းမယ်ဆိုရင်တော့ ဒေါ်လာ သန်း ၅၀ အထိ ရှိသွားနိုင်ပါတယ်။

 

ဒီလို ပုံစံမျိုးဖြင့် မြန်မာ သည် SU-57 ပုံစံကို ဈေးသက်သက်သာသာ နဲ့ ရသွားနိုင်ပါတယ်။ တိုက်လေယာဉ်ရဲ့ စွမ်းပကားလည်း သိသိသာသာ မြင့်တက်သွားမှာလည်း ဖြစ်ပါတယ်။

 

မြန်မာတိုင်းမ် ဆောင်းပါးတပုဒ်တွင် SU-30 များကို သောင်းကျန်းမှု တိုက်ဖျက်ရေး မှာ သုံးဖွယ်ရှိတယ်လို့ ဖေါ်ပြထားတဲ့ အတွက် မြေပြင်ထိုးစစ်မှာ သုံးဖို့ ရှိနေပါတယ်။ SU-57 ကို ရွေးချယ်လာတာက ပြဿနာ ရှိလာနေပါတယ်။ ရုရှား လေတပ်တွင် SU-25 သည် မြေပြင်ထိုးစစ် အတွက် အဓိကထား သုံးသော လေယာဉ် ဖြစ်ပြီး ပိုမို ရှုတ်ထွေး နိုင်တဲ့ မြေပြင်ထိုးစစ် အတွက်က SU-34 ကို သုံးကြပါတယ်။ ဒီလေယာဉ် အမျိုးအစား နှစ်ခု စလုံးက SU-57 နဲ့ တွဲသုံးလို့ ရပါတယ်။

 

သို့သော် SU-57 တွင် မြေပြင်ထိုးစစ်အတွက် F-35 လို နောက်ဆုံးပေါ် ဆင်ဆာ တွေ တပ်ထားခြင်း မရှိတဲ့ အပြင် မြေပြင် ထိုးစစ်မှာ အသုံးပြုလို့ရနိုင်တဲ့ အစိတ်အပိုင်းတွေ တပ်ဆင်ထားခြင်း မရှိပါဖူး၊ လေယာဉ် ဦးခန်းတွင် ဘက်စုံ အသုံးပြုနိုင်တဲ့ function တွေ ရှိနေတာပဲ အသုံးတည့်ပါတယ်။ ဒါမျိုးကလည်း YAK-130

လေယာဉ်တွေမှာ ပါပြီး ဖြစ်ပါတယ်။

 

မြန်မာ လေတပ်မှာ YAK-130 လေယာဉ် ၁၂ စီး ၀ယ်ထားပြီး ဖြစ်လို့ ယခု SU-57 ၀ယ်ယူမည့် အကြောင်းရင်းသည် လေကြောင်း တိုက်ပွဲ အတွက် စွမ်းရည် အမြင့်ဆုံး တိုက်လေယာဉ်များ ရှိထားဖို့ လိုအပ်တယ်လို့ ယူဆထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက်ရှိ MIG-29 တွေကတော့ ဒီနေရာမှာ အသုံးမတည့်တာ တွေ့ရပါတယ်။

 

လက်ရှိ မှာ မြန်မာလေတပ်သည် ထိုင်းလေတပ်ထက် အရည်အသွေးရော အရည်အတွက်ပါ နောက်ကျ ကျန်နေဆဲ ဖြစ်ပါတယ်။ ထိုင်းလေတပ်တွင် Gripens များ နဲ့ F-16 A/B အမျိုးအစားများ ရှိနေပါတယ်။ SU-57 တွေက တော့ ဒီလေယာဉ် နှစ်မျိုးစလုံးကို ကောင်းကောင်း ယှဉ်လို့ရပါတယ်ဟု ကာကွယ်ရေး နဲ့ လုံခြုံရေး ဆိုင်ရာ လေ့လာ ဆန်းစစ်သူ Charlie Gao က တင်ပြထားပါတယ်။