ထမင်း တလုပ် တုတ်တချက် အုပ်ချုပ်ရေ;

by Hla Soewai - Aug 29 2022

မင်းအောင်လှိုင်သည် နေ့စဉ် လူများ သေဆုံးနေကြပြီး အသက်ရှင်ကျန်နေသူများလည်း အထွေထွေ အကျပ်အတည်းကြီး နှင့် ရင်ဆိုင်နေရချိန်တွင် ၎င်းနှင့် လားလားမျှ မဆိုင်သည့်အလား ရေ ချွေဝာာ နည်းများကို တောင်စင် ရေမရ ပြောဆိုနေပြန်သည်။ လူများ အထင်ကြီးလာအောင် ပြောရလျှင်ပြီးရော ပြောဆိုနေခြင်းသာ ဖြစ်သည်။

 

၎င်းပြောသည်ကို အောက်မှ နားထောင်နေကြသူများ၏ စိတ်တွင်လည်း ဒင်း ဘယ်လောက်ထိ ခံဦး မှာလဲ ဟုသာ တွေးတောနေကြပေတော့မည်။

 

၎င်းကို စဉ်းစားဉာဏ် ရှိမည် ထင်ကာ မြှောက်ပင့်ပေးခဲ့ကြသူများလည်း ယခုအခါ တဇွတ်ထိုး မိုက်ရူးရဲ ဆန်နေမှု များ ကြောင့် အပြင်သို့ပင် မထွက်ရဲကြလောက်အောင် ဒုက္ခ အကြီးအကျယ် ရောက်ရှိနေ ကြပြီ ဖြစ်သည်။

 

လက်ရှိတွင် ဒေါ်လာဈေးသည် ကျပ် ၃,၃၀၀ ထိ ရောက်ရှိလာသဖြင့် ပြည်သူတို့အဖို့ မျက်ဖြူ ဆိုက်လာ ကြရသည်။ ထိုသို့ ဒေါ်လာဈေး၊ ဓါတ်ဆီဈေးများ အဆမတန် တက်လာနေသည့် အတွက် လက်လုပ် လက်စားများလည်း ယခင်က ငွေတထောင် နှင့် ကြက်ဥ ဆယ်လုံးခန့် ဝယ်ယူ ရနိုင်သည့် အနေအထားမှ ယခု အခါ လေးလုံးလောက်သာ ဝယ်၍ ရတော့မည်။ ယခင် ကြက်သွန် တပိသာတန်ဖိုးသည် ယခု တဆယ်သား ‌သာ ရပေတော့မည် ဖြစ်၍ လက်လုပ်လက်စား တို့၏ ထမင်းဝိုင်း အား အကြီးအကျယ် ထိခိုက်လာနေပြီ ဖြစ်သည်။

 

ရှေ့လျှောက် ‌ဒေါ်လာဈေးသည် ၄,၀၀၀ ကျော်အထိ တက်လာဖွယ် ရှိသည်ဟု ခန့်မှန်းနေကြသည်။

 

၎င်းတို့အဖို့လည်း လက်ထဲတွင် ခြစ်ခြုတ် လုယက်ထားသော ဒေါ်လာငွေများဖြင့် မရှိမဖြစ် ကုန် ပစ္စည်းများ ဝယ်ယူ တင်သွင်းရဖို့ ရှိလာနေ၍ ထိုနည်းနှင်နှင်ပင်၊ ပြည်ပကြွေးမြီများ မည်သို့မည်ပုံ ပြန်ဆပ်ကြဖို့ ကြံနေကြလဲ ဆိုသည်ကား မတွေးတတ်အောင် ဖြစ်နေရသည်။

 

ထိုအနေအထား များ ဖြစ်လာနေသည့် ကြားမှပင် မင်းအောင်လှိုင်သည် သူ ပြောသမျှ ကို စောဒက တက်ခြင်း မရှိ ဦးဆွေးဆံမြည့် ထမ်းဆောင်မည့် လူများ အား အရေးကြီးသော ဌာနများ တွင် အစားထိုး ခန့်အပ်လျှက် ရှိသည်။ ယခုအခါ လစ်လပ်သွားသော ဗဟိုဘဏ် ဒုဥက္ကဌ နေရာတွင် ဗိုလ်ချုပ်ဟောင်း ဇော်မြင့်နိုင်အား ခန့်အပ်လာခဲ့သည်။ သူသည် ကမ္ဘောဇ ဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်း၏ ယောက်ဖ တော်စပ်သူ လည်း ဖြစ်နေ၍ ဘဏ်လုပ်ငန်းများ နှင့် ရင်းနှီးကျွမ်းဝင်ပုံ ရသည်။ ထိုမျှလောက်နှင့် ပင် လုံလောက်ပြီဟု ယူဆခဲ့ဟန်တူသည်။ ၎င်းအဖို့က မည်သူမျှ စဉ်းစား တွေးခေါ်တတ်စရာ မလို၊ သူပြောသည်ကို တသွေမတိမ်း လိုက်လုပ်နိုင်လျှင် ဖြစ်ပြီ ဆိုသည်ကို ယုံကြည်နေပုံရသည်။

 

အမေရိကန် ဗဟိုဘဏ် မှ အတိုးနှုန်း ဆက်လက် မြှင့်တင်

*************

 

အမေရိကန် ဗဟိုဘဏ် ဥက္ကဌ ဂျယ်ရမီ ပါဝဲလ် မှ သောကြာနေ့တွင် ဝိုင်အိုမင်း ပြည်နယ် ဂျက်ဆန်ဟိုး နှီးနှောဖလှယ်ပွဲတွင် နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံး ရောက်ရှိလာသော ငွေကြေးဖေါင်းပွမှု ကို မထိန်း ချုပ်နိုင်သရွေ့ အတိုးနှုန်းကို ဆက်လက် မြှင့်တင်သွားမည်ဟု ကြေညာလိုက်ပြီ ဖြစ်သည်။ အတိုးနှုန်း မြှင့်တင်ခြင်းသည် တနည်းအားဖြင့် ဆိုသော် အပြင်တွင် လည်ပတ်နေသော ဒေါ်လာများကို ပြန်သိမ်း ယူသည့် သဘောပင် ဖြစ်သည်။ ဒေါ်လာ လက်ဝယ်ရှိသူများက အတိုးနှုန်း မြိုးမြိုးမြက်မြက်ရ၍ ဘဏ်များတွင် လာရောက် အပ်နှံခြင်း၊ ငွေတိုက်စာချုပ်များ ဝယ်ယူခြင်းတို့ ပြုလုပ်ကြမည် ဖြစ်သည်။

 

သို့သော် ဘဏ်မှ ငွေချေး၍ လုပ်ငန်း အကောင်အထည် ဖေါ်မည့်လူများ အဖို့ အခက်အခဲများ ကြုံလာရ တော့မည် ဖြစ်၍ ရှယ်ယာဈေးများ ထိုးကျသွားခဲ့ပြန်သည်။

 

အမေရိကန် အတိုးနှုန်းသည် ယခုအခါ ၂.၂၅% နှင့် ၂.၅% အထိ မကြုံစဘူး ရောက်ရှိလာခဲ့သည်။

 

ယခုအခါ မင်းအောင်လှိုင်သည် ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုကာ လူထုအား ထမင်းတလုပ် တုတ်တချက် ပုံစံမျိုးဖြင့် ဖိနှိပ်ထားနိုင်မှသာ ၎င်းအဖို့ သက်ဆိုးရှည် နိုင်တော့မည်ကို ကောင်းစွာ သဘောပေါက် လာနေပြီ ဖြစ်၍ တိုး၍ တိုး၍ အကြမ်းဖက် မှု များ ကျူးလွန်လာနေသည်။

 

၎င်းအား နိုင်ငံတကာ က မည်သို့ပင် ထင်ထင် ဂရု မစိုက် နိုင်တော့။

 

အမေရိကန် အကူအညီ

*************

 

အမေရိကန်သည်လည်း အမျိုးသား ညီညွတ်ရေး အစိုးရ အား ကိုယ်ထိလက်ရောက် ဝင်ရောက်ကူညီ ပေးမည် မဟုတ်၊ အမေရိကန် ဖက်မှ တော်လှန်ရေး အောင်မြင်အောင် ငွေအား၊ လူအား စိုက်ထုတ် ကူညီခြင်းသည် တရုတ် တို့ အတွက် အကျိုးရှိရာ ရှိကြောင်း သာ ဖြစ်လာမည်၊ တရုတ်တို့၏ ပိုးလမ်းမ စီမံကိန်း ကြီး ပြန်လည် သက်ဝင်လာအောင် လုပ်ပေးသလို ဖြစ်သွားလိမ့်မည်ဟု တွက်ဆနေပုံ ရှိသည်။

 

မြန်မာသည် တရုတ် နှင့် နယ်နမိတ်ချင်း ထိစပ်နေပြန်သည့် အတွက် တော်လှန်ရေး အပြီး တက်လာ မည့် အစိုးရ သည်လည်း တရုတ် နှင့် ကင်းကင်းပြတ်ပြတ် နေ၍ လုံးဝမရသည့် အဖြစ်ကို အမေရိကန် တို့ သိထားကြပြီး ဖြစ်သည်။

 

ထို့အတွက် တရုတ်ဖက်မှ မင်းအောင်လှိုင် ပြုတ်မကျရေး၊ တော်လှန်ရေး အင်အားစုများအား ချေမှုန်း ရေးတွင် ဗြောင်ကျကျ အကူအညီ မပေး မခြင်း လက်ပိုက်ကြည့်နေမည်သာ ဖြစ်သည်။

 

လက်ရှိ အနေအထား အတိုင်း တော်လှန်ရေး အင်အားစု များ ဖက်က သူ့အလိုလို အနိုင်ရရှိသွားရေး ကိုသာ အမေရိကန် တို့ လိုလားပုံ ရသည်။

 

တရုတ်တို့ ကလည်း နိုင်ငံတကာ ဖိအားများ အဆမတန် ထွက်ပေါ်လာမည့် အရေးကို ဟန့်တားပေးရင်း အခြေ အနေ တည်ငြိမ်လာမည်ကို စောင့်ဆိုင်းနေစဉ် အတွင်း ၎င်းတို့ စိုးရိမ်မကင်း ဖြစ်စရာ ကောင်း လောက်အောင် အကျိုးအမြတ် ရနေသူမှာ ရုရှားပင် ဖြစ်ပေတော့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှလည်း ရိုဟင်ဂျာ များ အပေါ် ကျူးလွန်ခဲ့မှု များ အတွက် တရား ဥပဒေအရ အရေးယူ ပေးရန် နိုင်ငံတကာ နှင့် လက်တွဲပြီး တောင်းဆိုလာခဲ့ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!