ကမ္ဘာစီးပွားရေး အခြေခံ သဘောတရား ဖွင့်ဆိုချက်များ(5)

by Hla Soewai - Sep 04 2019

အိုင်ဒီယာဟူသော ဟင်းခတ် အမွှေးအကြိုင်အသုံးပြု လာခြင်း

အိုင်ဒီယာဟူသော ဟင်းခတ် အမွှေးအကြိုင်အသုံးပြု လာခြင်းအသို့ဆိုက law of diminishing returns ဆိုသည့် အမြတ်အစွန်းများ လျော့နည်းလာမည့် အရေးကို မည်သို့ ချေဖျက်ကြပေမည်နည်း။ ဤသည်ကို စီးပွားရေး အို်င်ဒီယာများနှင့်သာ ချေဖျက်နိူင်မည် ဖြစ်သည်။ ၁၉၈၉တွင် ဂရက် လီမွန် ဆိုသူက သူ၏ စက်ဘီးရှေ့တွင် ဘားတန်းတခု တပ်ဆင်ပြီး လေအား ကို ပို၍ ဆန့်ကျင်ရွေ့လျားနိူင်ရန် ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ ရိုးရှင်းသော အကြံသည်သူ၏ အချိန်ကို စက္ကန့် အနည်းငယ်သာသက်သာစေခဲ့သော်လည်း Tour de France ပြင်သစ် နိူင်ငံ အနှံ့ စက်ဘီးပြိုင်ပွဲတွင် လောရင့် ဖစ်နွန် အား အနိူင်ရရှိသွားခဲ့သည်။ (ပုံတွင် ရှု့)

အတွေးအခေါ် အကြံအစည် အသစ်များက အလားတူပင် ကုန်ထုတ်လုပ်မူကို ပြောင်းလဲ ပြစ်နိူင်စွမ်း ရှိသည်။ ယင်းအား ငွေပင်ငွေရင်းနှင့် လူအင်အား တို့ဖြင့် ပေါင်းစပ်နိူင်က ပို၍ကောင်းမွန်သော ကုန်ပစ္စည်းများကို ဈေးနူန်းသက်သာစွာ ဖြင့် ထုတ်လုပ်နိူင်မည် ဖြစ်သည်။ စတန်းဖို့ တက္ကသိုလ်ကြီးမှ ဘောဂဗေဒ ပညာရှင် ပေါလ် ရိုးမား ဆိုသူက "စီးပွားဖွံ့ဖြိုး ကြီးထွားလာမှုသည် ပို၍ ကောင်းမွန်သည် ချက်နည်းပြုတ်နည်းများဖြင့်သာ ဖြစ်နိူင်ပြီး ထပ်၍ ထပ်၍ ချက်နေခြင်းဖြင့် ဖြစ်မလာနိူင်ဟု ပြောခဲ့သည်။ ဥပမာဆိုရက ၁၉၃၀ကျော် ကာလများအတွင်း ဒူးပွန့် သည် နိူင်လွန် ဟူသော ပိတ်စတမျ ိုးကို ရှာဖွေ တွေ့ရှိခဲ့သဖြင့် အထည်အလိပ် လုပ်ငန်းတခုလုံးကို အသွင် ပြောင်းပြစ်နိူင်ခဲ့သည်။ အဆိုပါလူ လုပ် ဖိုင်ဘာစများ သည် ပိုမိုလျင်မြန်သည့်နှုန်းဖြင့် ရက်လုပ်နိူင်ပြီး ဝါ နှင့် သိုးမွှေးများကဲ့သို့ အဆင့်များစွာ မလိုပေ။ ပို၍ မြန်ဆန်သည့် ယက္ကန်ုးစက်များနှင့် ပေါင်းစပ်နိူင်သဖြင့် အထည်အလိပ်များ ထုတ်လုပ်မှု ပမာဏမြင့်တက်လာခဲ့ပြီး အ၀တ်အထည်ကို ဈေးချိုချိုဖြင့် ၀ယ်ယူ သုံးစွဲလာနိူင်ခဲ့ကြသည်။

ကုန်ထုတ်လုပ်နိူင်စွမ်း ကို အထောက်အကူုပြုသည့် အိုင်ဒီယာများ၏ အစွမ်းသည် တကယ်ကို အံ့မခန်း ဖွယ်ရာပင် ဖြစ်သည်။ အဆောက်အအုံများ စက်ပစ္စည်းများအတွက်ပို၍ ရင်းနှီးမြုပ်နှံလာခြင်းသည် ငွေကြေးကုန်ကျ ဖို့သာ ရှိသည်။ အိုင်ဒီယာ အသစ်များသည်သာ ငွေကုန်ကြေးကြ မရှိပဲ ထပ်တလဲလဲ တွေးတော ကြံဆနိူု်င်သည့် အရာများ ဖြစ်သည် ။ ဂရက် လီမွန်၏ aerobar ကို အခြားသော စက်ဘီးသမား များက အလျင်အမြန်ပင် ပုံတူ ကူးချလာကြသဖြင့် ကုမ္ပဏီများက အလုအယက် ထုတ်လုပ်လာခဲ့ကြသည်။ ထိုသို့သော အဖြစ်သည်မူလ တီထွင်ကြံဆသူ တဦးအတွက် စိတ်ပျက်စရာ ဖြစ်ဖို့ ရှိနေသော်လည်း က္ဈနူပ်တို့ အဖို့က အကျိုး အမြတ် များစွာ ရရှိလာခဲ့ရသည်။ ဥပမာ အနည်းငယ် တင်ပြရမည်ဆိုက

လုပ်ငန်းသစ်များ ဖြစ်စဉ်

လွန်စွာ အသုံးတည့်လှသည့် တွေးခေါ်ကြံစည်မူများထဲတွင် ကုမ္ပဏီ တခုုကို မည်သို့ မည်ပုံ စီမံခန့်ခွဲ အုပ်ချ ုပ်သွားမည်တို့ ပါ၀င်ခဲ့သည်။ ၁၇၇၆ တွင် အက်ဒမ် စမစ် ရေးသားထုတ်ေ၀ခဲ့သော "နိူင်ငံများ၏ ဓန" စာအုပ်ပထမ အခန်းတွင် ပင်အပ်များ ထုတ်လုပ်သော အင်္ဂလိပ် စက်ရုံ တရုံတွင် အလုပ်ကိုမည်သို့ မည်ပုံ ခွဲခြားထားသည်ကို ဖေါ်ပြထားခဲ့သည်။ ထိုစက်ရုံတွင် ပင်အပ် တချောင်းဖြစ်လာဖို့ အလုပ် ၁၈ ခု ခွဲခြားလုပ်ကိုင်စေသည်အကယ်၍သာ ပင်အပ်တခုကို အလုပ်သမားတယောက်တည်းသာ လုပ်ကိုင်ပါက တနေ့လျင် တချောင်းမျသာ ပြီးနိူင်မည် ဖြစ်သော်လည်း ယခုလို အလုပ် ခွဲခြား လုပ်ကို်င်စေခြင်းကြောင့် တနေ့ လျင် ပင်အပ် ၄,၀၀၀ အထိ ပြီးစီးနိူင်ခဲ့ကြောင်းကို တအံ့တသြ ရေးသားထားခဲ့သည်။ "လုပ်ငန်းတခုစီတွင် အလုပ်ခွဲခြားလုပ်ကိုင်စေခြင်းကြောင့် အလုပ်သမားတို့၏ ကုန်ထုတ်နိူင်စွမ်းသည်လည်း အချိုးညီစွာတိုးတက်လာစေခဲ့သည်"ဟု ၎င်းက ရေးသားခဲ့သည်။ နောက်ပိုင်း နှစ် နှစ်ရာ အကြာတွင်Walmart သည် အခြေခံ စားသုံးကုန်များအားကုန်လှောင်ရုံများတွင် သိုလှောင်ထားသည့်အတိုင်း သေတ္တာလိုက် ချ ရောင်းခြင်း၊ ဘားကုဒ်များ၊ ၀ိုင်ယာလက်စ် စကင် လုပ်သည့် လက်ကိုင် ဂန်းများ အသုံးပြုလာခြင်း၊ ကုန်ပစ္စည်း တင်သွင်းလာသူများအား အီလက်ထရောနစ် သတင်းအချက်အလက်များ ဖလှယ်ပြီး ကုန်စည်များ ရွေ့လျားမူကို ထိထိရောက်ရောက် ခြေရာခံနိူင်ခြင်း၊ အရောင်းကောင်တာ များရှိ အရောင်းစာရေးများ၏အချိန်ကို အလေအလွင့် မရှိအောင် စီမံခန့်ခွဲလာခြင်း များ ဖြင့် လက်လီ အရောင်းလုပ်ငန်းတခုလုံးအား တော်လှန်ပြောင်းလဲပြစ်နိူင်ခဲ့သည်။ ပြိုင်ဖက်များ ဖြစ်သောTargets နှင့် Sear ကုန်တိုက်ကြီးများကလည်း Walmart ကို အတုယူကာလိုက်လံ လုပ်ဆောင်လာခဲ့ကြသည်။ ထို့အတွက် အဆိုပါ ကုန်တိုက်ကြီး သုံးခုအား၀ယ်ယူ အားပေးနေသူများ အဖို့ ဈေးသက်သက်သာသာ ဖြင့် ကုန်ပစ္စည်းများကို ယခင်ကထက် ပိုမို ရွေးချယ် ၀ယ်ယူလာနိူင်ခဲ့သည့်အကျိုးများ ရလာခဲ့ကြသည်။

ကုန်ပစ္စည်း အသစ်များ

ပထမဆုံး နှင့် အအောင်မြင်ဆုံး ထွက်ပေါ်လာခဲ့သည့် အင်တာနက် Browser သည်ကား Netscape Navigator ပင် ဖြစ်သည်။ 

နောက်ပိုင်းတွင် မိုက်ကရိုဆော့ဖ်၏ Internet Explorer (IE) က အစားထိုး ၀င်ရောက် လာသည်။ ယခု အခါတွင်တော့ Mozilla Firefox, Apple afari နှင့် Google Chrome တို့ နေရာယူလိုက်ကြပြီဖြစ်သည်။ Browser များလည်း ပို၍ အစွမ်းထက်လာခဲ့သည်။ သို့သော် သုံးစွဲသူများ ပေးရသည့်တန်ဖိုးက အရင်အတိုင်း သုံည သာဖြစ်သည်။

နောက်ထပ် ဥပမာက ဆေးဝါးများ ဖြစ်သည်။

၁၉၈၆ တွင် စိတိကျ ရောဂါ အတွက် Eli Lillyဖေါ်စပ်နူ်င်ခဲ့သည့် Prozac ဆေးသည်နောက်ပိုင်းတွင် အလားတူ ဆေးများ အပြိုင်အဆိုင် ထုတ်လုပ်နိူင်အောင် ပြိုင်ဖက် ကုမ္ပဏီများအတွက် စံနမူနာ ပြ ဖြစ်လာခဲ့ရသည်။ ထို့ အတွက် Zoloft, Celexa ကဲ့သို့ ဆေးများထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်Ponzac နှင့် မထိရောက်သော လူနာများ အတွက် အခြားဆေးများ ကို ရွေးချယ် သုံးခွင့် ရရှိလာခဲ့သည်။

မိမိတို့ တွေးခေါ်ကြံစည်ခဲ့သည်များကို မူပိုင်ခွင့် ပြုလုပ်ထား၍ ရပေသည်။ သို့သော်  အလွန် အက္ဈံ ကန့်သတ်ထားပါက အိုင်ဒီယာများ ပျံ့နှံ့ လာမည့် အရေး ကို တွန်းအားပေးရာမရောက်သည့်အပြင် လူ့ ဘောင်လောက အားလည်း အကျ ိုး ပြု နိူင်ခြင်း ရှိမည် မဟုတ်တော့ပေ။ ဂျု ိုဟန်စ် ဂူတင်ဘာခ် သည်သာစာအုပ်တိုင်း အတွက် ငွေကြေး ကောက်ခံခဲ့ မည်ဆိုက စာအုပ်များ ယခုလောက် ပမာဏ နှင့် ထွက်ရှိလာနိူင်တော့မည် မဟုတ်ပေ။ (ဂျို ဟန် ဂူတင်ဘာခ်သည် ၁၅ ရာစု နှစ် အတွင်း စာပုံနှိပ်စက်ကိုပထမဆုံး တီထွင်ခဲ့သော ဂျာမန် လူမျ ိုး တဦးဖြစ်သည်။)

ကုမ္ပဏီများက ပြိုင်ဖက်များကို လိုက်လံအတုခိုး လုပ်ခြင်းဖြင့် သာ ကြီးပွားတိုးတက်ခဲ့ခြင်းတော့ မဟုတ်ပေ။ နိူင်ငံ အားလုံးသည်လည်းအခြားနိူင်ငံများ အသုံးပြု ပြီးသား နည်းပညာနှင့် ဆန်ုးသစ်သည့် အတွေးအခေါ်များကို မဟာဗျ ု ဟာ မြောက် ပုံတူ ကူးချ ပြီး နိူင်ငံဖွံ့
ဖြိုးလာစေရန် တွန်းအားပေး မောင်းနှင်လာခဲ့ကြပြန်သည်။ ၁၉ ရာစု နှစ် အတွင်း ဂျာမဏီ ၏ စက်မူ လုပ်ငန်းများ လျင်မြန်စွာ တိုးတက်
လာရခြင်း အကြောင်းတခုသည် ပြည်တွင်းတွင် မူပိုင်ခွင့် ဥပဒေကို တမင် အားနည်း အောင် ရေးဆွဲထားခဲ့ခြင်းပင် ဖြစ်သည်။ ထို့အတွက် မရှိမဖြစ် လိုအပ်သော နည်းပညာလက်စွဲ စာအုပ်များကို ပေါပေါများများ ကူးယူနိူင်ယုံသာမက ပုံတူ ကူးချ၍ ပင် ရလာခဲ့သည်။ ဂျပန် သံမဏိ လုပ်ငန်းများတွင် အဓိက အသုံးပြု နေသော အောက်စီဂျင် မီးပြင်းဖို ကြီးအား မူလတီထွင်ခဲ့ကြသူများ က ဂျပန်တို့ မဟုတ်ပေ။ ၁၉၄၀ ကျော် ကာလများက ဆွစ်လူမျ ိုး ပါမောက္ခ တဦး တီထွင်ခဲ့သည်ကို ပြန်လည် မွမ်းမံ သုံးခဲ့ခြင်းသာဖြစ်သည်။ ဤနည်း ဖြင့် အမေရိကန် သံမဏိ လုပ်ငန်းများကို ခုန်ပျံ ကျော်လွှား နိူင်ခဲ့သည်။ အမေရိကန်တို့ကမူ အစွမ်း မထက် လှသည့် မီးပြင်းဖိုများကို သုံးနေကြဆဲ ဖြစ်သည်။
ဂျပန်၏ မိန်းဖရိမ် ကွန်ပြူ တာများ ပြုလုပ်သူများသည် လည်း အိုင်ဘီအမိ ထံမှ နည်းပညာ များ ရယူနိူင်ခဲ့ကြသည်။ ထိုသို့ ရနိူင်ရန် 
အတွက်လည်းအစိုးရ မှ အိုင်ဘီအမ်အား ဂျပန်တွင် လုပ်ငန်းများ အခြေချလိုက ၎င်းတို့၏ တီထွင်မူ မူပိုင်ခွင့် များကို ဂျပန်တို့ အား ေ၀မျ ရမည်ဟု ကြိုတင် စည်းကမ်း သတ်မှတ်ပေးခဲ့သည်။

တရုတ် ပြည်ကလည်း ထိုကဲ့သို့ အခြားနိူင်ငံများ၏ တီထွင်မှုများကို အသုံးပြု နိူင်ခဲ့သဖြင့်သိသိသာသာ စီးပွားဖွံ့ ဖြိုး လာခဲ့ရခြင်းလည်း
ဖြစ်သည်။ ၁၉၇၈ မှ စ၍ ကုန်ထုတ်လုပ်နိူင်စွမ်း မရှိသည့် လယ်ယာမြေများ နှင့် အစိုးရပိုင် စက်ရုံများရှိ အလုပ်သမားများကို 
ကုန်ပစ္စည်း ထုတ်လုပ်မူ အားကောင်းသည့်ပုဂ္ဂလိက စက်ရုံများသို့ ရွှေ့ပြောင်းပေးနိူင်ခဲ့သည်။ ယင်းစက်ရုံများသည်လည်း စက်ပစ္စည်းများကို ၀ယ်ယူပြီး နည်းပညာများအားလည်း နိူင်ငံခြား ကုမ္ပဏီများထံမှ ချေးငှားခြင်း၊ တခါတရံ ခိုးယူ အသုံးပြု ခဲ့ကြသည်။ တရုတ်ပြည်တွင် အခြေချကာ စီးပွားရေးလုပ်ငန်းများ လုပ်လိုသော နိူင်ငံခြား ကုမ္ပဏီများ သည် ပြည်တွင်း ကုမ္ပဏီများအား နည်းပညာ
များ ေ၀မျ သုံးစွဲရမည်ဟု စည်းကမ်းသတ်မှတ်ခံခဲ့ရသည်။

နိူင်ငံတခုသည် ၎င်းတို့ တတ်နိူင်သလောက် အတွေးအခေါ် တီထွင်မူများကို ပုံတူကူးယူ နိူင်ခဲ့ပြီးသည့် နောက်တွင်တော့ ရှေ့လျောက်
တိုးတက်မူ ရှိရန် အတွက်ကား မိမိတို့ ကိုယ်ပိုင် တွေးခေါ် တီထွင် မူများ ပြု လုပ်နိူင်မှသာ ဖြစ်ပေတော့မည်။ နည်းပညာ ပို်င်း နယ်နမိတ်
အဆုံးတွင် ရောက်နေပြီ ဖြစ်သော နိူင်ငံတခုုသည်ကား ထိုနယ်နမိတ်မျဉ်းသို့ ရောက်ရန် အမှီလိုက်လာနေယော နိူင်ငံတနိူင်ငံထက်
စီးပွားရေးတွင် ပိုမိုနှေးကွေးလာရတော့မည်မှာ ဓမ္မတာ ပင် ဖြစ်သည်။ ဂျပန်သည် ထိုသို့ဖြစ်လာခဲ့ရသည်ဆိုသည်ကို ရှေ့ ပို်င်းတွင်
ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ တရုတ်ပြည်လည်း ထိုနည်းလည်းကောင်း ဖြစ်လာနိူု်င်ပေသည်။

"တိုးတက် ဖြစ်ထွန်းမူ ကို မြေတောင် မြှောက်ပေးခြင်း" ကို ဆက်လက်တင်ပြပါမည်။

လှစိုးဝေ