မင်းအောင်လှိုင် ဘဝ အထာမကျ

by Hla Soewai - Jul 07 2022

မြန်မာသို့ ရောက်ရှိနေသော ထိပ်တန်းသံတမန်တဦး၊ ထိုသံတမန်ကြီးကလည်း စစ်တပ်၏ အားကိုးအားထား ပြု‌နေရရှာသည့် မင်းနေပြည်ကြီးမှ လည်း ဖြစ်ပြန်၊ ထိုသို့သော ပုဂ္ဂိုလ်ကြီးသည် နိုင်ငံတွင်း ရောက်ရှိနေပါလျှက် သံခင်းတမန်ခင်း များကိုပင် အရေးမထားနိုင် မျက်နှာလွှဲ ခဲပစ် လုပ်ကာ ပြန်သွားခဲ့သည့် အဖြစ်က နိုင်ငံခေါင်း ဆောင်တဦး အနေဖြင့် လွန်စွာမှ ရှက်ဖို့လည်း ကောင်း၊ အခံရလည်း ခက်လှသည့် ဖြစ်ရပ်ကြီးပင် ဖြစ်သည်။

 

အထူးသဖြင့် မြန်မာပြည်သူများသည် ဝမ်ယီက မင်းအောင်လှိုင် နှင့် ကျိန်းသေ တွေ့ဆုံလိမ့်မည်ဟု ထင်ကြေးနှင့် စောင့်ကြည့်နေကြသော အချိန်ဖြစ်၍လည်း ပို၍ပင် ရှက်စရာကောင်းနေရသည်။

 

ထိုသို့ မတွေ့ဆုံဟု ဆိုသည်မှာ မလာခင်ကတည်းက မင်းအောင်လှိုင် တို့ဖက်မှ ကြိုသိပြီး ဖြစ်သော်လည်း အနည်း ငယ်မျှ ကျန်နေသေးသော အရှက်တရားဖြင့် တိုင်းပြည်တွင်း လှည့်လည်သွားလာကာ အလုပ်များ ချင်ယောင် ဆောင်နေသည်။ ရေငုပ်သင်္ဘော မှ သည် ကြက်ခြံ ဘဲခြံများပင် ရောက်ကုန်သည် အထိ ဖြစ် ကုန်သည်။

 

မင်းအောင်လှိုင်သည် ဝမ်ယီ နှင့် အာဏာ မသိမ်းခင် တပတ်အလိုတွင် နောက်ဆုံး တွေ့ခွင့်ရခဲ့ခြင်းလည်း ဖြစ် သည်။ ထိုသို့ တွေ့ဆုံရာတွင် မင်းအောင်လှိုင်က ဝမ်ယီအား မဲသမာမှုများ ရှိနေသည်ကို ကျိန်းသေ ပြောမည် ဖြစ်သော်လည်း အာဏာသိမ်းဖို့ အထိ ကြံရွယ်ထားကြောင်း ပြောခဲ့ မပြောခဲ့ ဆိုသည်မှာ တတ်အပ်သေချာ မပြောနိုင်ပေ။

 

ဘီဂျင်းမှ ဝမ်ယီ၏ ယခု ခရီးစဉ်သည် အစည်းအဝေးအတွက်သာ လာခြင်း ဖြစ်ပြီး နှစ်နိုင်ငံ အကြား အလည် အပတ် ခရီးစဉ်မဟုတ်ဟု အကြောင်းပြလာခဲ့ကြောင်း ဧရာဝတီတွင် ရေးသားထားသည်။ ပြည်တွင်း ပြည်ပမှ ရွံရှာ မုန်းတီး၍ ဖယ်ကျဉ်ထားခံနေရသည့် စစ်အာဏာသိမ်း အဖွဲ့ကို ဝမ်ယီလည်း ဤမျှလောက် မျက်နှာပြောင် မတိုက်ရဲ၊ စစ်ရေး အရ လည်း တပန်းရှုံးလာနေပြီ ကို ရိပ်စားမိလာပြီ ဖြစ်၍ ခြံစည်းရိုး ပေါ် ပြန်တက်ထိုင် နေခြင်း ဖြစ်သည်။

 

မကြာမီ လများ အတွင်း အခြေအနေများ သိသိသာသာ စတင် ပြောင်းလဲလာခဲ့ပြီး တိုင်းရင်းသား လက်နက် ကိုင်များ နှင့် တော်လှန်ရေး အဖွဲ့များ ပေါင်းစည်းထားသည့် အင်အားစုများဖက်မှ အရေးသာလာခဲ့၍ ယခုအခါ မြန်မာ စစ်တပ်သည် စစ်ရေး အရ အရေးနိမ့်တော့မည် ဆိုသည်က လွန်စွာ မှ ဖြစ်နိုင်သော အနေအထားသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်ဟု Council on Foreign Relations (CFR) ၏ သုံးသပ်ချက် ထွက်ပေါ်လာ ခဲ့သည်။

 

၂၀၂၁ အတွင်း မြန်မာစစ်တပ်သည် အဆိုပါ အဖွဲ့များကို နှိမ်နှင်း နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့ကြပုံရှိသည်။ နောက်ပိုင်းတွင် PDF များ စစ်သင်တန်း များ ဆင်းလာကြပြီး ခေတ်မီ လက်နက်များ ပို၍ ကိုင်ဆောင်လာနိုင် ကြသည်နှင့်အမျှ တိုက်နိုင်ခိုက်နိုင်သည့် အင်အားစုများ အဖြစ် ပီပီပြင်ပြင် ထွက်ပေါ်လာခဲ့သည် ဟု ဆိုသည်။

 

သို့သော် မြန်မာ စစ်တပ်မှာ မည်သို့မျှ ထူးခြားစွာ ပြောင်းလဲတိုးတက်လာခဲ့ခြင်း မရှိသည့်အပြင် ခေတ်မမှီ တော့သော နည်းဗျူဟာ များ ဖြစ်သည့် ရွာများကို ဗုံးကြဲခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်း၊ မြို့ရွာများကို မီးလောင်တိုက်သွင်းခြင်း အစရှိသည့် ဗျူဟာများ ကိုသာ သုံးနေဆဲ ဖြစ်သည်ဟု လည်း ထောက်ပြသွား ခဲ့သည်။

 

စစ်တပ်၏ အခြေအနေ အမှန်ကို မသုံးသပ်နိုင်ခဲ့မှုများက ယခုမှသာ မဟုတ် ရှေးပဝေသဏီထဲကပင် ကျိန်စာသင့်ခံနေရသည်အလား ထင်မှတ်ရလောက်အောင် စွဲမြဲနေခဲ့သည်။

 

ကိုယ့်ကိုယ်ကိုယ်သာ အထင်ကြီးပြီး တပါးသူများ က ၎င်းတို့ လောက် မလုပ်တတ် မကိုင်တတ်၊ နိုင်ငံရေးကို နားမလည်ဟု သွေးနားထင် ရောက်နေကြသူများ ပီပီ NLD အစိုးရအပေါ် တခဏအတွင်းမှာပင် ဘာလုပ်၍ ဘာကိုင်ရမှန်း မသိဘဲ ကသောင်းကနင်းများ ဖြစ်ကာ လူထု ယုံကြည်ကိုးစားမှု ပျက်ပြားသွားမည် ဟု သေချာ ပေါက် တွက်ဆထားခဲ့ပြီး ဖြစ်၍ ၂၀၁၅ တွင် အစိုးရ ဖွဲ့ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။ သို့မှသာ NLDသည် ဘယ်လောက်ပဲ အရည်အချင်းရှိသည် ဆိုတာကို လူထုမှ သိသွားမည်ဟု မှတ်ယူထားကြသည်။ နောက်တ ကြောင်းမှာ ထိုသို့ အလှည့်မပေး၊ ဆက်လက်အုပ်ချုပ်နေမည်ဆိုလျှင် နိုင်ငံတကာ၏ ယုံကြည်မှုများ အပြီးတိုင် ပျောက်ကွယ်သွားမည် ဖြစ်၍ အရပ်သား အစိုးရ အဖြစ် အယောင်ဆောင် ရပ်တည်နိုင်ခွင့်ပါ ဆုံးရှုံးသွားမည်၊ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ ထပ်၍ဖြစ်လာဦးမည်၊ စသော အကျိုးယုတ်စရာများ ဖြစ်လာဖို့သာ ရှိသည်ကို တွက်ဆ ထားကြပြီးဖြစ်သည်။

 

သို့သော် ၎င်းတို့ ထင်သလို ဖြစ်မလာသည့် အခါတွင်တော့ နောက်တကြိမ် အနိုင် မရရှိနိုင်အောင် အမျိုးဘာသာ သာသနာ အပါအဝင် နည်းမျိုးစုံသုံးကာ လူထု၏ ယုံကြည်မှု ပျက်ပြားအောင် စတင်ကြံစည်လာခဲ့ခြင်းပင် ဖြစ် သည်။

 

မင်းအောင်လှိုင်နှင့် စစ်တပ် အပါအဝင် နောက်ကွယ်မှ လက်မဲကြီးများသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အာဏာ ပြန်လည်မရရေး အတွက် မဘသများ၊ လက်ဝေခံ ပါတီများ အသုံးချ၍ နည်းမျိုးစုံ သုံးကာ စနစ်တကျ အကွက်ချ စီမံခဲ့သည်။ ငွေများ ပုံ‌အော သုံးခဲ့သည်။ ရိုဟင်ဂျာ အရေးအား နိုင်ငံတကာ ပြဿနာ ဖြစ်အောင် တွန်းပို့ပြီး မတည်မငြိမ် ဖြစ်အောင် ကြံစည်ခဲ့သည်။ နေရာ အနှံ့တွင် ဘာသာရေး အဓိကရုဏ်းများ ဖြစ်သည် အထိ အကွက်ချ စီစဉ်ခဲ့ခြင်း ဖြစ်သည်။

 

နိုင်ငံတော် အတိုင်ပင်ခံ သည် တိုင်းပြည်ကို ငါးနှစ်အတွင်း အဖက်ဖက်မှ တိုးတက် အောင်မြင်မှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့၍လည်း နောက် ငါးနှစ်သာ ဆက်အုပ်ချုပ်ခွင့် ရသွားမည်ဆိုလျှင် စစ်တပ် အဖို့ စစ်တန်းလျား ပြန်အိပ်ရပြီး ချောင်ထိုးခံရဖို့သာ ရှိတော့သည်ကို မင်းအောင်လှိုင် နှင့် သူ၏ ဆရာသမားများက ကောင်းစွာ ရိပ်စားမိခဲ့ပြီး ဖြစ်သည်။

 

ထိုသို့ ငွေအား လူအား နှင့် စီမံကိန်းချ၍ လုပ်ထားသည့် ကြားမှပင် NLD သည် ၂၀၁၅ ကထက်ပင် ပို၍ အပြတ် အသတ် နှင့် အနိုင်ရရှိသွားခဲ့သည့် အဖြစ်ကို မင်းအောင်လှိုင် အဖို့ မည်သို့မျှ မယုံကြည်နိုင်၊ လက်မခံနိုင် ဖြစ်နေ သည်။ သူ့အား သစ္စာခံသော ပါတီများသာ သေချာပေါက် နိုင်မည် တွက်ထားပြီး မဲထည့်ရသည့် နေ့တွင်ပင် ပြည်သူ့ဆန္ဒကို လေးစားမည် ဟု ရွှန်းရွှန်းဝေအောင် ပြောသွားခဲ့သည်ကပင် သက်သေခံနေသည်။

 

၎င်းအား သမ္မတ ရာထူး တင်မြှောက်ပေးပါမည် ဆိုသော အမျိုးသား သစ္စာဖေါက် နိုင်ငံရေး ပါတီများကလည်း မင်းအောင်လှိုင် မယုံနိုင်အောင် ဖြစ်နေသည်ကို မဲမသမာမှုကြောင့်ဟု ဆိုကာ လောင်စာဆီများ တဗုံးပြီး တဗုံး သွားလောင်းပေးကြသည်။

 

မင်းအောင်လှိုင် အဖို့ကလည်း သူ့အား ထိုသို့ အောက်လမ်းနည်းဖြင့် လုပ်နိုင်လိမ့်မည်ဟု မှတ်ယူကာ လက်မဲကြီး များက အားကိုးတကြီးနှင့် စီမံခိုင်းထားပါလျှက် နှင့် NLD ထိုသို့ အနိုင်ရရှိသွားမှုကို မဲခိုး၍ ဟု အကြောင်းမပြက သူအသုံးမကျမှုမှာ ပေါ်လွင်သွားပေတော့မည်။

 

ထင်သလို ဖြစ်မလာသဖြင့် စိုးရိမ်တကြီး ဖြစ်လာကြသော လက်မဲကြီးများ၏ စေစားချက်များ မပါဘဲ မင်း အောင်လှိုင် တဦးတည်း ထိုသို့ လုပ်ရဲစရာ အကြောင်း မရှိပေ။ ၎င်းတို့ လက်နှင့် ရေးသည်ကို မင်းအောင်လှိုင်က ခြေနှင့် ဖျက်ခဲ့ခြင်းမျိုး မဟုတ်ဘဲ ပို၍ ထင်ရှားအောင် မှင် ဖြင့် လိုက်ထပ်ပေးခဲ့ခြင်းသာ ဖြစ်ပေသည်။

 

ထို့အတွက်လည်း ပန်းချီ ဆွဲသူက ဆွဲ၊ စာဖတ်သူက ဖတ်နေ နိုင်ကြခြင်း ဖြစ်ပေသည်။

 

သို့သော် တပည့်ကျော်ကြီး မင်းအောင်လှိုင်ကတော့ လူထု၏ စိမ်ရေသင့်ကာ အခြွေအရံ ပေါများပြီး မင်းဖြစ် လာခဲ့သော်လည်း ဘုန်တန်ခိုး ကင်းမဲ့နေမှုက သူ၏ ရုပ်ဆင်းအင်္ဂါတွင် အတိုင်းသား မြင်လာနေရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!