တရုတ်၏ ဖွံ့ဖြိုးရေး စီမံကိန်းများသည် နိုင်ငံတွင်းရှိ လူမျိုးစု ပဋိပက္ခ များကို ပိုမို ရှုပ်ထွေးစေနိုင်

by Yawnathan - Sep 03 2019

သြဂုတ်လ ၃၁ ရက်နေ့ထုတ် အီကော်နော်မစ်
မဂ္ဂဇင်းပါ "A Chinese Development Scheme Complicates Myanmar's Ethnic Conflict" ကို ပြန်ဆိုသည်။

Credit:photo (Econimist Magazine)

လွန်ခဲ့သည့် နှစ် နှစ်ခန့် ယခုလို အချိန်တွင်တပ်မတော်၏ စစ်ဆင်ရေးကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ မူဆလင် ၇ သိန်းခန့် တဖက်
နိုင်ငံသို့ ထွက်ပြေးခိုလှုံ သွားခဲ့ကြသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့တွင်တော့ကောက် ဘဇားရှိ ဒုက္ခသည် စခန်းများ ရှေ့တွင် ဘတ်စ်ကားများ တန်ုးစီထိုးဆိုက်လာခဲ့
ကြသည်။ မြန်မာပြည်သို့ ပြန်ပို့ ရန် စီစစ်ပြီးသား လူများအား ပို့ဆောင်ပေးရန် အတွက်ဖြစ်သည်။ သို့သော် တဦးတလေမျ ဘတ်စ်
ကားများပေါ် တက်လာသည်ကို မတွေ့ရပေ။

မကြာမီ အတွင်း စိတ်ပြောင်းသွားနိုင်သည့်အလားအလာများကို လည်း မတွေ့ရပြန်ပေ။မြန်မာတို့ဖက် ၎င်းတို့အား အသွင်ယူထား
သော ဘင်္ဂါလီ များသာ ဖြစ်သည်ဟု သတ်မှတ်ထားကြသည့် အတွက် တရားဝင် နိုင်ငံသား ဖြစ်ဖို့က လွယ်ကူမည့်ဟန် မတွေ့ရပေ။
၎င်းတို့အတွက် ပြန်စရာကလည်း မရှိပြန်ပေ။

ရွာများက ပြာပုံဘ၀ ရောက်နေပြီး ရခိုင်ပြည်နယ် အတွင်း ကျန်ရှိနေသူများပင် ယခုထိခိုလူံရေး စခန်းများမှ ထွက်နိုင်ခြင်း မရှိသေး
ပေ။

၎င်းတို့ အပေါ် နိုင်ငံတကာ၏ ဂရုဏာ သက်မူက လျော့ပါးလာသည်နှင့် အမျ အခြေအနေများ ပို၍ ဆိုးလာနိုင်ဖွယ် ရှိနေပြီး လက်ရှိစခန်းများတွင် နှစ်ပေါင်းများစွာ သောင်တင်ဖို့ရှိနေသည်။ အန္တရာယ် ရှိလာနေသည်ကငယ်ရွယ်သူများအား လက်နက်ကိုင် ပုန်ကန်ရန် ဇာတ်သွင်းခံရမည့် အရေးပင် ဖြစ်သည်။

မြန်မာသည် ထိုပြသာနာ တခုတည်းသာ ရှိနေသည်မဟုတ်။ ရခိုင် ပြည်နယ် အတွင်းပို၍ ပြင်းထန်သော သောင်းကျန်းမှု နှင့် ရင်
ဆိုင်နေရပြန်သည်။ ရခိုင်လူမျိုးများ၏ အခွင့်အရေးများကို ကာကွယ်ရန်ဆိုကာ ဗဟိုအစိုးရအား လက်နက်ကိုင် ပုန်ကန်နေသော ရခိုင်
တပ်မတော် အမည်ပေးထားသော AA အဖွဲ့ပင် ဖြစ်သည်။ ၎င်းတို့ကား အစိုးရနှင့် ရိုဟင်ဂျာ ဆိုသူများအား မုန်းတီးနေသည်ကလွဲ၍
အခြား တူညီသည့် အရာဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ ယခုနှစ် အတွင်း AA မှ ရဲကင်းစခန်းများကို ၀င်ရောက်တိုက်ခိုက်ပြီး လူများ
ကို သတ်ဖြတ်ကာ လက်နက်များ လုယူထွက်ပြေးသွားခဲ့ကြသည်။ မြန်မာ လက်နက်ကိုင်တပ်ဖွဲ့ များက မြေပြင် ထိုးစစ်ကြီးများအပြင်
စစ်လေယာဉ်များသုံး၍ ပြန်လည် တုန့်ပြန်ခဲ့ကြသည်။ ထို့အတွက် မြို့ရွာများသို့ ကူးစက်လာပြီး ကုန်းလမ်း ရေလမ်းများကို ပိတ်ဆို့
သွားရသည့် အခြေအနေသို့ ရောက်ခဲ့ရသည်ပိတ်မိနေသော အရပ်သားများကို ကူညီရန်လည်း နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့အနည်းငယ်လောက်သာ ရခိုင်မြောက်ပိုင်းသို့ဝင်ရောက်ခဲ့ကြသည်။ အဆိုပါ ဒေသအတွင်းအင်တာနက် လိုင်းများ အား အစိုးရမှ ဖြတ်တောက်ထားသည်မှာလည်း လနှင့်ချီ ရှိနေပြီုဖြစ်သည်။

နိုင်ငံ မြောက်ပိုင်း ကချင် ပြည်နယ် နှင့်အရှေ့မြောက်ခြမ်းရှိ ရှမ်းပြည်နယ် တခွင်လူမျိုးစု များ၏ လက်နက်ကိုင် ပုန်ကန်မှုများသည်လည်း ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။ ဒီဇင်ဘာလ အတွင်းကကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ ထာဝရ ငြိမ်းချမ်းရေး အတွက်ယာယီ အပြစ်အခတ် ရပ်စဲကြောင်း ကြေငြာခဲ့သည်။ ရခိုင်ပြည်နယ် အတွင်း လက်နက်ကိုင် ပဋိပက္ခအတွက် စွန့်စားလုပ်ခဲ့သည်ဆိုလျင်တော့ ထင်တိုင်းမပေါက်ခဲ့ဟု ဆိုရမည်ဖြစ်သည်။ မြောက်ပိုင်း မဟာမိတ်ညီနောင်များ အဖွဲ့ဟု ၎င်းတို့ဖာသာ အမည်ပေးထား
သော အဖွဲ့မှ ရှမ်းပြည်နယ် အတွင်းရှိ ရဲကင်းများ နှင့် တံတားများကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက် ဖျက်ဆီးခဲ့ကြသည့်အပြင်
နိုင်ငံအလယ်ပိုင်း မန္တလေး အနီးရှိ စစ်အကယ်ဒမီ ကျောင်းကြီးကိုပင် တိုက်ခိုက်လာခဲ့ကြသည်။ ထို အဖွဲ့ထဲတွင် AA လည်းပါဝင်လာခဲ့သည်ကို တွေ့ရသည်။

နိုင်ငံတကာ အလှုရှင်များထံမှ ဒေါ်လာသန်းပေါင်းများစွာ ရရှိနေသည့်အပြင် ပြည်ပမှ က္ဈမ်းကျင်သူများ ဒလဟော ပါဝင်ပါတ်သက်နေသဖြင့် အလုပ်အကိုင်ကြီးတခုပမာဖြစ်လာနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည်လည်း အကျိုးရှိရာ ရှိကြောင်း သင်ခန်းစာများ ဖြစ်မလာခဲ့ပေ။ တိုင်းပြည်ခေါင်းဆောင် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ကြိုးပမ်းမှုများသည်လည်း စစ်တပ် နှင့် တိုင်းရင်းသားများက သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အပေါ် အယုံအကြည်မဲ့လာမှုများကြောင့် အချည်းနှီး ဖြစ်ခဲ့ရပြန်သည်ထို့အပြင် စစ်တပ်၏ ၂၀၁၅ နိုင်ငံလုံးဆိုင်ရာအပြစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် အကြီးမားဆုံး လက်နက်ကိုင် အဖွဲ့များအား မပါခဲ့သည့်အပြင် ကတိက၀တ်များ မကြာခဏ ချိုးဖေါက်ခဲ့မူများကလည်း လက်ရှိအခြေအနေများ ဖြစ်ပေါ်အောင် ဖန်တီးပေးသလို ဖြစ်လာခဲ့ရသည်။

ပြောရမည်ဆိုက လွန်စွာ ကြီးမားကျယ်ပြန့်လှသပြီး ပုံစံမျိုးစုံ ဖြင့် ဖွဲ့စည်းထားသည့် ရှုပ်ထွေးလှသော ရုပ်ပုံလွှာကြီးတခုသာ ဖြစ်ပေ
သည်။ သွေးနားထင် ရောက်နေသော စစ်တပ် အပေါ် တိုင်းရင်းသား များ၏ မကျေနပ်မှုများနှင့် အစိုးရ နှင့် စစ်တပ်အကြားတွင်
လည်း သူနယ်မြေ ကိုယ်နယ်မြေဆိုကာလုပ်ပိုင်ခွင့်များ ဒွေးယောယှက်တင် ဖြစ်နေပြန်သည်။ လူမျိုးစု ၀င်များ၏ ကိုယ်ပိုင်အသွင်
သဏ္ဍန်များသည်လည်း ဆိုရှယ်မီဒီယာများ၊ရွှေ့ပြောင်းမှုများနှင့် ဖွံ့ဖြိုးလာသော မြို့ပြအနေအထားများကြောင့် ပို၍ ရောထွေးလာနေခဲ့
ပြန်သည်။ စစ်တပ် နှင့် လက်နက်ကိုင်များထိမ်းချုပ်ထားသည့် စီးပွားရေး လုပ်ကွက်များသည်လည်း သယံဇာတများကို အလုအယက် အပြိုင်အဆိုင် တူးဖေါ်နေကြခြင်း မျိုးသာဖြစ်နေသည်။ ထိုဒေသများတွင် မူးယစ်ဆေးဝါးများ၊ကျောက်စိမ်း၊ သစ် နှင့် လူကုန်ကူးမူများလည်း
ပါဝင် ပါတ်သက်လျက် ရှိနေသည်။ ထိုကဲ့သို့ဆက်စပ် ပါတ်သက်နေသည့် အနေအထားက ဆီရီယားထက်စာလျင် ၁၉၂၆ ခုနှစ် ချီကာဂို မြို့ကြီးနှင့် သွားတူနေရသည်ဟု သမိုင်းပညာရှင် ဦးသန်းမြင့်ဦးက ဆိုသည်။

ထိုကဲ့သို့ အမ် ဳိးမ် ဳိး အဖုံဖုံ ကွဲပြားနေသောတိုင်းရင်းသား လက်နက်ကိုင်များအား လက်နက်စွန့်ပြီး တူညီသော အခွင့်အရေးများ ရရှိမည့် ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ကြဖို့နားချရမည့် အရေးသည် လွန်စွာမှပင် ခက်ခဲလှမည့် အလုပ်မျိုးလည်း ဖြစ်နေရပေသည်။

သို့သော် ယခုအခါ တရုတ်ဖက်က ၎င်းတို့စီမံထားသော တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းမကြီးအား အမြန်အကောင်အထည် ဖေါ်နိုင်
ရန် ဖိအားများ ထွက်ပေါ်လာနေပြီ ဖြစ်သည်။ထို စီးပွားရေး စင်္ကြန် လမ်းမကြီးကား ရှမ်းပြည်နယ် မှ ရခိုင်ပြည်နယ် အထိ ရှည်လျားပြီး လမ်းတံတား၊ မီးရထားလမ်းများ၊ ရေနံပိုက်လိုင်းများ နှင့် ဆိပ်ကမ်းတည်ဆောက်ရေးများ ပါဝင်နေသည်။ တရုတ်က ဘင်္ဂလား ပင်လယ်အော်ဖက်သို့
ထွက်ပေါက်ရရှိရေးကို လိုလားနေသည်။၎င်းတို့၏ ရင်းနှီးမြုပ်နှံမူများကြောင့် မြန်မာပြည်တွင် စီးပွားရေး ဖွံ့ဖြိုးလာသည်နှင့် အမျ
ငြိမ်းချမ်းရေး နှင့် ဒေသဖွံ့ဖြိုးရေးများ အကောင်အထည်ဖေါ်ရန် ဆွဲဆောင်စရာ ဖြစ်လာမည်ဟု ပြောဆိုနေခဲ့ကြသည်။

သို့သော် ၎င်းတို့၏ စီးပွားရေး စင်္ကြန်လမ်းမကြီးကား တိုင်းပြည်တွင်းရှိ မငြိမ်မသက် အဖြစ်ဆုံးနှင့် လူနေမူ မညီမျဆုံးသော
အရပ်များကို ဖြတ်၍ ဖေါက်လုပ်ရန် ရှိနေသည်။ ၎င်းတို့ ပြောသလို ပြည်တွင်းပဋိပက္ခမီးတောက်များကို ကူညီငြိမ်းသတ်နိုင်
ရန်ဝေးစွ မီးလောင်ရာ လေပင့် ဖြစ်လာနိုင်ပေသည်။ မြောက်ပိုင်း အုပ်စု၏ ယခုလအတွင်းတိုက်ခိုက်ခဲ့မှုသည် ရှေ့ပြေးနမိတ် 
တခုလည်း ဖြစ်ပေသည်။

(ယနေ့ရရှိသော သတင်းအရ ဒက္ကားရှိတရုတ်သံအမတ်ကြီးမှ ဒုက္ခသည်များ နေရပ်အမြန်ပို့ရေး အတွက် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပရန်ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးထံ ချည်းကပ် အဆိုပြုခဲ့သည်ဟု သိရသည်)   

လှစိုးဝေ