သူ၏ အပြောပေါ် သုံးသပ်မိသမျှ

by Hla Soewai - Jul 04 2022

အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းမှ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရေးသည် “မဖြစ်နိုင်စရာ မရှိ” ဟု ပြော၍မရကြောင်း ကောက်ကာငင်ကာ ပြောဆိုလိုက်ပြီ ဖြစ်သည်။

 

မကြာသေးမီ အတောအတွင်းကပင် “ဥပဒေ အထက် မည်သူမျှ မရှိ” ကို ၎င်း၏ ပါးစပ်ကပင် ပြောဆိုထား ပြီးဖြစ်သည့်အပြင် နိုင်ငံတော် အတိုင်ပင်ခံ အားလည်း နှစ်ပေါင်း ရာနှင့်ချီ၍ အကျဉ်းချထားရန် ပြင်ဆင် ထားသူများလည်း ဖြစ်၍ အံ့အားတသင့် ဖြစ်ကုန်ကြသည်ကတော့ အမှန်ပင်။

 

“နိုင်ငံရေး တွင် မဖြစ်နိုင်စရာ ဘာမျှ မရှိကြောင်း “ နှင့် နိုင်ငံအများအပြားကလည်း ထိုသို့ ပြောဆိုဆွေးနွေးရန် တိုက်တွန်းနေခဲ့သည်ဟု ဆိုပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး နှင့် လူမှုရေး လိုအပ်ချက်များ အတွက် တောင်းဆိုသမျှကို ဖြည့်ဆည်းပေးထားသည် ဟု AFP သတင်းဌာန၏ မေးမြန်းချက်များကို ဖြေဆိုရာတွင် ထည့်သွင်း ပြောဆိုသွားခဲ့ပြန်သည်။

 

မည်သူ့စကားမှ နားမထောင်တတ်ဘဲ ၎င်းတို့ အချင်းချင်းသာ နားထောင်တတ်ကြသော ရေအိုင်ထဲက ဖားသူငယ် လို နေထိုင်ကျင့်ကြံသူများ ထံမှ ထိုသို့ ပြောဆိုဝန်ခံလာကြပြီ ဖြစ်သည်။

 

ဤသည်မှာလည်း အကြောင်းရှိမည်ဟု ယူဆရသည်။ ၎င်းတို့၏ ခေါင်းကိုင် ဖခင်ကြီး အဖြစ် လက်ခံလိုက်ရပြီ ဖြစ်သော တရုတ် နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ဝမ်ယီသည် မြန်မာသို့ ရောက်ရှိလာပြီ ဖြစ်သည်။

 

ဝမ်ယီသည် ထိုကိစ္စအပေါ် ဆွေးနွေးမည့် သဘောရှိပြီး စစ်ခေါင်းဆောင်များ အပေါ် တိုက်တွန်းမည့် အလား အလာကို ကြိုတင်သိမြင်ထားသဖြင့် သူပြော၍ ဟု အဖြစ် မခံလိုသဖြင့် ကြိုတင် ပြောဆိုထားခြင်းလည်း ဖြစ်နိုင်သည်။

 

ဝမ်ယီ အနေဖြင့် မြန်မာစစ်တပ်သည် တနေ့တခြား ကြီးထွားလာနေသော ပြည်သူ ခုခံတော်လှန်ရေး တပ်ပေါင်း စုကို စစ်ရေး နည်းလမ်းဖြင့် မည်သို့မျှ နှိမ်နှင်းနိုင်မည် မဟုတ်တော့သည်ကို သိမြင်လာပြီး ဖြစ်သည်။ အခြေအနေများ ရှေ့မတိုး နောက်မဆုတ် ဖြစ်လာပြီး ၎င်းတို့၏ ပင်လယ် ထွက်ပေါက် ရှာရေးသည်လည်း ရေစုံမျောတော့မည် ဖြစ်သည်။

 

အကယ်၍ တော်လှန်ရေး တပ်ပေါင်းစုများဖက်မှ လုံးဝ အသာစီးရသွားမည် ဆိုလျှင် တရုတ် တို့အား အမျိုး သားရေးကို သစ္စာဖေါက်ခဲ့သူ များ အဖြစ် သတ်မှတ်ထားပြီး ဖြစ်၍ ဆက်ဆံရေး အနိမ့်ဆုံး အဆင့်သို့ ထိုးကျ သွားနိုင်ကာ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများ လုံးဝ ပျက်ပြယ်သွားတော့မည် ဖြစ်သည်။

 

ထို့အတွက် တရုတ်မှ ၎င်းတို့၏ ဒူးမနာ သားများ အာဏာလက်လွှတ် သွားရမည့် အဖြစ်သည် ၎င်းတို့၏ အကျိုး စီးပွားနှင့် တိုက်ရိုက် ဆက်နွယ် နေပြီဆိုသည်ကို သတ်မှတ်ထားပြီး ဖြစ်သည်။

 

စစ်ခေါင်းဆောင်များဖက်ကလည်း ၎င်းတို့၏ အဖက်ဖက်မှ ယိုယွင်း ဆုတ်ယုတ်လာနေသော အနေအထားကို မရိပ်စားမိဘဲ နေမည် မဟုတ်၊ လိုအပ်လျှင် နိုင်ငံတော် အတိုင်ပင်ခံ ကို ထွက်ပေါက် အဖြစ် အသုံးချမှ ရမည်ဟု တွက်ဆထားခဲ့ပြီး ဖြစ်သည်။ စစ်ကောင်စီသည် အမျိုးသား ညီညွတ်ရေး အစိုးရအား တန်းတူ ရည်တူ သမား များဟု မည်သို့မျှ အသိအမှတ် ပြု၍ မဖြစ်ဟု ခံယူထားသဖြင့် ထိုအစား ဒေါ်အောင်ဆန်းစုကြည်နှင့် သာ ပြောဆို ဆွေးနွေးလိုပုံရှိသည်။

 

သို့သော် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များကို အပြီးအပြတ် ချေမှုန်း နိုင်ရေး မဟာဗျူဟာ၏ တစိတ် တပိုင်း အဖြစ် သာ အသုံးချလိုသည်။ သူမ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည်ဟု ဆိုကာ အရှိန်ရလာနေသော တော်လှန်ရေး တပ်ဦး အား ရပ်တန့်သွားအောင် လုပ်မှ ဖြစ်တော့မည်ဟုလည်း ခံယူလာနိုင်သည်။ ဒေါ်အောင် ဆန်းစုကြည်အား အသုံးချပြီး ငြိမ်းချမ်းရေး ရရန် သူမအား အခွင့်အရေးကြီး တခုအဖြစ်ဖန်တီးပေးနေသည့် အပေါ် စောင့်ကြည့်ပေးကြရန် ပြောသည်အထိ ဖြစ်စေလိုသည်။ 

 

သို့ရာတွင် အနောက်တိုင်း တက္ကသိုလ်၏ လစ်ဘရယ် ပညာရေး ဖြင့် ကြီးပြင်း လူဖြစ်လာသူ ‌ဒေါ်အောင်ဆန်းစု ကြည်မှ ထိုသို့ အလွယ်တကူ လက်ခံ ယုံကြည် ပြောဆိုမည် မဟုတ် ဆိုသည်ကိုလည်း သိထားသည်။

 

ထို့အတွက် အားလုံးမှ ပြစ်တင် ရှုတ်ချခံရမည်ကို သိသိကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ပျော့ပြောင်းလာစေရန် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် နရသိန် ထောင်ကြီး အတွင်းသို့ ပို့လွှတ်ကာ အဆိုး ဝါးဆုံး အနေအထား နှင့် ထိတွေ့ပေးခဲ့ခြင်းလည်း ဖြစ်မည်ဟု ယူဆရသည်။ ကိုဂျင်မီ နှင့် ကိုဖြိုးဇေယျာသော် တို့ သေဒဏ် ပေးမည့် အရေး နှင့်လည်း အပေးအယူ လုပ်လာနိုင်သည်။

 

စိတ်ဓါတ်များ ပြိုလဲလာပြီး သူတို့ ပြောလိုသည်များကို အလွယ်တကူ လိုက်လျောရန် Just to soften her stance ကို ကနဦး ပြင်ဆင်ပေးခြင်း သာ ဖြစ်မည်။ ၎င်းတို့ လုပ်ချင်တိုင်း လုပ်၍ မရတော့ ဆိုသည့် အနေအထား ကိုလည်း ရိပ်စားမိလာကြပြီ ဖြစ်သည်။

 

နောက်တချက်က အာဆီယံ အထူး သံတမန် မှလည်း မင်းအောင်လှိုင် နှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရန် ထပ်မံ မေတ္တာရပ်ခံခဲ့ပြီး ထိုသို့ အဓိက ကျသူများ နှင့် တွေ့ဆုံခွင့် မရက မိမိ၏ ခရီးစဉ်သည် မည်သို့မျှ အကျိုးထူးလာဖွယ် မရှိကြောင်းလည်း ပြောဆိုခဲ့သည်။ 

 

မင်းအောင်လှိုင် နှင့် အဖွဲ့သည် အာဏာရှင် အချင်းချင်း စာနာတတ်သူများကိုသာ နွဲ့ဆိုး ဆိုး၍ ရမည် ဖြစ်သော် လည်း ယခုပုံအတိုင်း ဆက်သွားမည် ဆိုက ကမ္ဘောဒီယား အပြီး ဥက္ကဌ ရာထူး လက်ခံရဖို့ ရှိလာသည့် အင်ဒိုနီရှား နှင့် တွေ့ဆုံရမည် ဆိုလျှင် မည်သို့မျှ အခြေအနေမဟန်တော့ ဆိုသည်ကို တွက်ဆထားပြီး ဖြစ်မည်။

 

သမ္မတ ဂျိုကိုဝီသည် ရုရှား နှင့် ယူကရိန်း သမ္မတ များနှင့် တွေ့ပြီး ငြိမ်းချမ်းရေး အတွက် နားချနိုင်သည့် စွမ်းပကား ကိုလည်း သိသွားခဲ့ကြပြီး ဖြစ်သည်။ ယခုအခါ ယူကရိန်း အရေးကို အာရုံစိုက်နေရ၍ မြန်မာနှင့် ခေတ္တ အဆက်ပြတ်နေခြင်းလည်း ဖြစ်သည်။

 

ထိုသို့သော အခြေအနေများ ပေါင်းဆုံလာပြီး နောက် ဇော်မင်းထွန်းထံမှ ထိုသို့စကား ထွက်လာခြင်းပင် ဖြစ်သည်။

 

လန်ချန်း-မဲခေါင် မြစ်ဝှမ်း ပူးပေါင်းဆောင်ရွက်ရေး ဆိုသည်မှာ ပြည်သူများ၏ ဆန္ဒကို ထင်ဟပ်ခြင်း မရှိ၊ အသိအမှတ် ပြုခံရခြင်းလည်း မရှိသည့် အကြမ်းဖက် စစ်ကောင်စီအား ထည့်သွင်းဆွေးနွေးနေခြင်းသည် ပြည်သူများကို စော်ကားမှု ဖြစ်ပြီး ၂၀၁၆ မတ်လ အတွင်း တရုတ်နိုင်ငံ Sanya တွင် သဘောတူခဲ့သည့် အချက် (၂၆) ချက်ပါ Sanya Declaration ကို ချိုးဖောက်ခြင်းသာ ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရမှ တရုတ်နိုင်ငံ ကို ဦးတည်ကာ ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်လာခဲ့သည်။

 

ထို့အပြင် စစ်ကောင်စီ ကိုယ်စားလှယ်အား မည်သည့် အစည်းအဝေးမျိုးကိုမျှ တက်ရောက်ခွင့် မပြုဟု သဘော တူထားသည့်ကြားမှ ထိုသို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံအချို့ စည်းဖေါက်လာသည့် အဖြစ်ကိုလည်း ရှုတ်ချ ပြောဆို သွားခဲ့သည်။

 

ဘုံရပ်တည် သဘောတူညီချက် ဖြင့် စည်းလုံးညီညွတ်စွာ ဒေသတွင်း ပြဿနာများ ကို ဖြေရှင်းသွားမည်ဟု အမြဲလို ကြွေးကြော်ခဲ့သော အာဆီယံ အဖွဲ့ကြီး နှစ်ခြမ်းကွဲသွားပြီ ဖြစ်သည်ကို ကမ္ဘာအား လှစ်ဟ ပြလိုက်သည့် အဖြစ်သို့ ရောက်ရှိသွားခဲ့ပေပြီ။

 

ဇော်မင်းထွန်းကလည်း ပြည်သူ့ဆန္ဒကို လစ်လျူရှုရန် ဝန်မလေးသော အာဏာရှင် ပေါက်စ နိုင်ငံများမှ ကိုယ်စား လှယ်များ ထိုသို့ ရောက်ရှိလာသည့် အဖြစ်အား မိမိတို့ အချုပ်အခြာ အာဏာ နှင့် အစိုးရကို အသိအမှတ် ပြု ခြင်းဟု ဂုဏ်ယူ ပြောဆိုလာနေရသည့် အဖြစ်ကပင် ၎င်းတို့ စိတ်ထဲ သိမ်ငယ်စိတ် ရှိနေကြသည်ကို ထင်ရှားစွာ ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

လတ်တလော စစ်ရေး သတင်းများအရ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် အတွင်းရှိ မုန်းမြို့အနီး စစ်ကောင်စီ စခန်း ငါးခုအား တော်လှန်ရေး တပ်ပေါင်းစုများက သိမ်းပိုက်နိုင်လိုက်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!