ကုလ လူ့အခွင့်အရေး အစီရင်ခံစာ ကြောင့် ကမ္ဘောဇ ဘဏ်မှ အမေရိကန် အကျ ိုးဆောင် အဖွဲ့ အား ငှားရမ်း

by Yawnathan - Sep 03 2019

မြန်မာနိူင်ငံတွင် အကျ ိုးအမြတ် အများဆုံးရရှိနေသည့် ပုဂ္ဂလိက ဘဏ်များထဲတွင် တခုအပါအ၀င် ဖြစ်သည့် ကမ္ဘောဇ ဘဏ်မှ အမေရိကန် ဥပဒေ အကျိုးဆောင် အဖွဲ့ တခု ဖြစ်သည့် William and Coronolly အားဒေါ်လာ နှစ်သိန်းခွဲ ဖြင့် ငှားရမ်းလိုက်ကြောင်း CNBC သတင်းဌာနမှ သိရှိခဲ့ရကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

ယင်းသည် သြဂုတ်လအတွင်း ကုလ အချက်အလက် ရှာဖွေရေး.ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်ခဲ့ပြီး နောက် ဖြစ်ပေါ်လာနိူင်ဖွယ် ရှိသည့် အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်မှုများ နှင့် ပါတ်သက်သည့် ဥပဒေရေးရာများ အတွက် အကာအကွယ် ပေးရန် ဖြစ်သည်ဟု အဆိုပါ ကုမ္ပဏီ၏ အကျ ိုးတူ ပါတနာတဦး ဖြစ်သည့် ဒေးဗစ် အာသောဆာကရေးသားထားခဲ့သည်ဟု ဆိုသည်။

အဆိုပါ အကျု ိုးဆောင် အဖွဲ့ အနေဖြင့် အမေရိကန် အစိုးရ ပိုင်း၊ ကွန်ဂရက် နှင့် ကုလသမဂ္ဂတို့တွင် လော်ဘီ ပြု လုပ်ပေးသွားမည်လည်း
ဖြစ်ပြီး ဘဏ်၏ ပုံရိပ် တိုးတက်ကောင်းမွန်စေရန် အများနှင့် ဆိုင်သော နိူင်ငံတကာ.သတင်း မီဒီယာ အဖွဲ့များနှင့် ဆက်ဆံရေးကဏ္႑များတွင်လည်း အကျ ိုးဆောင်သွားမည်ဟု သိရသည်။

ကယ်လီဖိုနီယားတွင် အခြေစိုက်သည့် စီးပွားရေး ဆိုင်ရာ တွေးခေါ်မျော်မြင်ရေး အဖွဲ့ဖြစ်သည့် Milken Institute မှ ၂၀၁၇ အတွင်း
ထုတ်ပြန်သော လေ့လာဆန်းစစ်ချက်တွင်ယခုလို ဖေါ်ပြထားခဲ့သည်။

"မြန်မာနိူင်ငံ၏ ဘဏ်လုပ်ငန်းပိုင်းတွင် ကြီးသုံးကြီးဟု ထင်ရှားသော ကမ္ဘောဇဘဏ် (KBZ) ၊ ဧရာ၀တီဘဏ် (AYA) နှင့် သမဝါယမဘဏ် (CB) တို့သည် ပြည်တွင်းချေးငွေအားလုံး၏ သုုံးပုံ နှစ်ပုံ နှင့် လာရောက်အပ်နှံငွေ သုံးပုံနှစ်ပုံခန့်အား စီမံခန့်ခွဲ လုပ်ကိုင်လျက်ရှိပြီး နိူင်ငံအနှံ ဘဏ်ခွဲများ၏ ၅၀% ကိုပိုင်ဆိုင်လျက် ရှိသည်"

နယူးယောက်တွင် ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးအား စက်တင်ဘာလအတွင်း ကျင်းပရန် ရှိနေသည်။