ကမ္ဘာစီးပွားရေး အခြေခံ သဘောတရား ဖွင့်ဆိုချက်များ(4)

by Hla Soewai - Sep 03 2019

ငွေပင်ငွေရင်းများ မြုပ်နှံလာခြင်း

နိုင်ငံတခုသည် လူဦးရေများယုံဖြင့် ချမ်းသာလာနိုင်ခြင်း မရှိသည်ကိုလည်း သိထားရမည်ဖြစ်သည်။ ဖီလစ်ပိုင်သည် အို်င်ယာလန် ထက် လူဦးရေ အားဖြင့် ၂၁ ဆ ရှိသော်လည်းစီးပွားရေး ပမာဏက အတူတူ နီးပါးပင် ရှိသည်။

ထိုကဲ့သို့ လူဦးရေ/ စီးပွားရေး အရွယ်အစားမတူညီရခြင်းသည် ဖီလစ်ပိုင် အလုပ်သမားများက အိုင်းရစ်ရှ် အလုပ်သမားများလို ကုန်ထုတ်လုပ်နိုင်စွမ်း မရှိမူကြောင့်ပင် ဖြစ်သည်။နိုင်ငံတခု ချမ်းသာလာဖို့ ဆိုသည်က ပျမ်းမျ နိုင်ငံသားတဦး အနေဖြင့် လူနေမူ အဆင့်အတန်း မြင့်မားနေရမည် ဖြစ်သည်။ ထိုသို့ဖြစ်လာရန်မှာလည်း ရှိသည့် အလုပ်သမားအင်အားနှင့် ပိုမို ကောင်းမွန်သော ကုန်ပစ္စည်းများကို ပို၍ ထုတ်လုပ်နိုင်မူ အပေါ်တည်မှီနေသည်။

ထိုသို့ ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မှုသည်ငွေပင်ငွေရင်း စိုက်ထုတ်နိုင်မှု နှင့် အိုင်ဒီယာရှိရမည် ဆိုသည့် အကြောင်းခြင်းရာ နှစ်ရပ်ပေါ်တွင် အခြေခံနေသည်။

အလုပ်သမားများကို ငွေပင်ငွေရင်း စိုက်ထုတ်ပြီး စက်ပစ္စည်းကိရိယာ များ ၀ယ်ယူ တပ်ဆင်ပေးခြင်း၊ မြေ များ အဆောက်အဦးများ ၀ယ်ယူ ရင်းနှီး မြုပ်နှံခြင်း အစရှိသည်တို့ဖြင့်ကုန်ထုတ်စွမ်းအားကို တိုးမြှင့်နိုင်သည်။

လယ်သမားတဦးအား လယ်ယာမြေများ တိုးချဲ့ပေးပြီး ပို၍ အားကောင်းသော လယ်ထွန်စက် တပ်ဆင်ပေးခြင်းနှင့် သူ၏ စိုက်ပျိုးထွက်
ရှိသော သီးနှံများ ဈေးကွက်သို့ အချိန်မီ ရောက်အောင် လမ်းများ ခင်းပေးမည်ဆိုကသူသည် သီးနှံများကို ကုန်ကျစရိတ် သက်သာစွာဖြင့် စိုက်ပျိုး ထုတ်လုပ်နိုင်မည် မဟုတ်ပါလား။ ငွေပင်ငွေရင်းများက အလကားတော့သူ့ အလိုလို ရရှိလာမည်ကတော့ မဟုတ်ပေ။မနက်ဖန်တွင် ကုန်ပစ္စည်း ပိုမိုထုတ်လုပ်ရန်တဒေါ်လာ ရင်းနှီး မြုပ်နှံခဲ့သည်ဆိုက အဆိုပါတဒေါ်လာသည် ဒီနေ့ ထွက်ရှိသော ကုန်များကို ၀ယ်ယူ အသုံးပြုဖို့ မဖြစ်နိုင်ပေ။ ဤသည်ကို ကြည့်က တစုံတယောက်သည် တဒေါ်လာ ရင်းနှီး မြုပ်နှံနိုင်ရန် အခြားတစုံတဦးသည် တဒေါ်လာ ကို စုဆောင်းထားမှသာ
ဖြစ်ပေမည်။ ထို့အတွက် တိုးတက်မှု ရှိရန်မရှိမဖြစ် လိုအပ်သည်က စုဆောင်းမှုပင် ဖြစ်သည်။ အဆိုပါ စုဆောင်းမူများက အိမ်ထောင်စုများ၊ စီးပွားရေး လုပ်ငန်းများ၊ နိုင်ငံခြားသားများ၊ နှင့် အစိုးရများထံမှ ပင် ရယူစုဆောင်းနိုင်သည်။ အစိုးရ အတော်များများသည် စုဆောင်းသည်ထက် ချေးယူကြသည်က များသည့်အကြောင်း နောက်ပိုင်းတွင်တင်ပြဆွေးနွေးသွားပါမည်။ လူဘောင်အဖွဲ့အစည်းတခုသည် ငွေကြေးကို ပိုမိုစုဆောင်းလာနိုင်လေလေ ရင်းနှီးမြုပ်နှံနိုင်မည့် ငွေကြေးများ ပိုမို လက်ဝယ် ရှိလာလေလေပင်ဖြစ်သည်။ သို့သော်လည်း အလွန်အက္ဈံ စုဆောင်းခဲ့က ဖြစ်ပေါ်လာနိုင်သည်များကိုနောက်ပိုင်းတွင် ဆွေးနွေးသွားပါဦးမည်။

သို့သော် ငွေပင်ငွေရင်းတခုဖြင့် နိုင်ငံကိုအတိုင်းအတာ တခုအထိသာ ဆွဲခေါ်ယူသွားနိုင်စွမ်း ရှိနေပြန်သည်။ ဥပမာဆိုရက ကော်ဖီတခွက် သောက်၍ စိတ်များ ပြန်လည် လန်းဆန်းလာသည်ဆိုကာ နောက်ထပ် ကော်ဖီတခွက် ထပ်သောက်က ပထမတခွက်သောက်စဉ်ကလို သင့်အား ရွှင်လန်းတက်ကြမူ ပေးနိုင်စွမ်း မရှိတော့သည်ကိုသတိပြုမိပေလိမ့်မည်။ ထို့အတွက် နောက်ထပ် တဒေါ်လာ ရင်းနှီးမြုပ်နှံတိုင်း ကုန်ထုပ်လုပ်မူကို ပထမတခါလောက် တိုးတက်အောင် ပြုလုပ်နိုင်စွမ်း မရှိပေ။ လယ်သမားတယောက် နောက်ထပ်ဝယ်ယူလိုက်သော
လယ်ထွန်စက်သည် သူ၏ ပထမလယ်ထွန်စက်လောက် ထုတ်လုပ်နိုင်စွမ်းကို ကူညီပေးနိုင်မည် မဟုတ်တော့ပေ။ ဤသည်ကို "ရရှိ
အမြတ်အစွန်း နည်းပါးလိုက်လာသည့် နိယာမ" သို့မဟုတ် law of diminishing returns ဟု ခေါ်ဆိုကြသည်။

ဆက်လက်ပြီး "အိုင်ဒီယာဟူသော ဟင်းခတ်အမွှေးအကြိုင် အသုံးပြု လာရခြင်း" ကိုတင်ပြပါမည်။

လှစိုးဝေ