ကမ္ဘာစီးပွားရေး အခြေခံ သဘောတရား ဖွင့်ဆိုချက်များ(3)

by Hla Soewai - Sep 03 2019

အထက်က ပြောခဲ့သည်များအား ပြန်၍ အတိုချ ုပ် ရမည်ဆိုက စီးပွားရေး တခုသည် အလုပ်သမား အင်အား တိုးတက်များပြားလာရန် လိုအပ်သည်။ ယေဘုယျ အားဖြင့် ဆိုလျင်လူဦးရေ များပြားလာလေ အလုပ်လုပ်နိူင်စွမ်းရှိသည့် လူ အရည်အတွက် များပြားလာလေဖြစ်သည်ဟု ဆိုရပေမည်။ ထိုသို့ လူဦးရေများပြားလာဖို့က အကြောင်းခြင်းရာများစွာပေါ်တွင် တည်မှီနေပြန်သည်။ 
ကလေးမွေးဖွားနိူင်သော အမျ ိုးသမီး အရည်အတွက်၊ ထိုအမျိုးသမီးတဦးစီမှ မွေးဖွားပေးသော ကလေးအရည်အတွက်နူန်ုး (fertility rate)၊ လူများ မည်မျအထိ အသက်ရှည်စွာနေနိူင်သည် နှင့် ရွှေ့ပြောင်းဝင်ရောက်လာသူ အရည်အတွက် အစရှိသည်တို့ပါဝင်နေသည်။

ဆင်းရဲသော နိူင်ငံများတွင် ကလေးများစွာသည် ငယ်ငယ်ရွယ်ရွယ် နှင့် သေဆုံးတတ်ကြ၍ မိခင်များက ကလေးများများ ယူလေ့ရှိသည်။ ချမ်းသာလာသည်နှင့် အမျ ကလေးများငယ်ရွယ်စဉ်ကာလ သေဆုံးမူများ နည်းသည်ထက် နည်းပါလာခဲ့သည်။ ကလေးမွေးဖွားမှု နူန်းလည်းကျဆင်းလိုက်လာသည်။ မိခင်များတွင် ကလေး အရည်အတွက် နည်းပါးလာသည်နှင့်အမျ လုပ်ငန်းခွင်သို့ ပို၍ ဝင်ရောက်လာနိူင်ကြသည်။ အလုပ်လုပ်နိူင်သူ အရည်
အတွက်သည် အလုပ်မလုပ်နိူင်သူထက်များပြားလာခြင်း demographic dividend သည် စီးပွားရေး တိုးတက်လာရန် တချက်တည်းနှင့် ထိရောက်စွာ ဆောင့်တွန်းပေးနိူင်သည့် ပုံစံမျ ိုး ဖြစ်လာခဲ့ရသည်။ 

ဤ အချက်သည် ၁၉၆၀နောက်ပိုင်း အရှေ့အာရှ နိူင်ငံများ တိုးတက်လာမူတွင် အဓိက အထောက်အကူ ပြုသည့်ခန်းမှ ပါဝင်ခဲ့ပေသည်။ ၁၉၇၉ ခုနှစ်
တွင် တရုတ်ပြည်၌ ကလေးတဦးသာ ယူခွင့်ပြုသည့် ဥပဒေ ပြဌာန်းနိူင်ခဲ့ခြင်းကြောင့်လည်း ရှေ့လျောက် တိုးတက်လာမူ၏ အခြေခံအကြောင်း ဖြစ်လာခဲ့ရသည်။ သို့သော်ထိုသို့သော demographic dividend သည်နိူင်ငံတခု အတွက် တကြိမ်သာလျင် အကျိုးရှိရာရှိကြောင်း ဖြစ်စေခဲ့သည်။ နောက်ပိုင်းတွင် လူဦးရေ တိုးတက်မူနှုန်း ကျဆင်းလာသည်နှင့် အမျ အသက်အရွယ် ကြီးရင့်သူများသာ များပြားလာခဲ့သဖြင့် အလုပ်သမားတဦးစီသည် ပင်စင်စားများကို ထောက်ပံ့ရဖို့ ဖြစ်လာခဲ့သည်။ အမျိုးသမီးတဦး၏ ကလေးမွေးဖွားမှု နှုန်းသည် ၂.၁ ယောက်အောက်သို့ ကျ
ဆင်းသွားခဲ့လျင် လူဦးရေသည် ယုတ်လျော့လာဖို့သာ ရှိသည်။ ဤသည်ကို ထေမိစေဖို့ပြည်ပမှ ရွှေ့ပြောင်းဝင်ရောက်လာသူများကိုလက်ခံမှသာ ဖြစ်ပေတော့မည်။

ထိုအခြေအနေမျ ိုး ကြုံတွေ့နေရသည်က ဂျပန်တနိူင်ငံတည်း မဟုတ်။ ကလေးမွေးဖွားမူနှုန်း၂.၁ အောက် ရောက်နေသော နိူင်ငံများသည်
၄၀% ခန့် ရှိနေပြီး ထိုအထဲတွင် ကိုရီယားနှင့်ဘရာဇီးတို့ ပါဝင်နေကြသည်။ ရုရှားနှင့် ဂျာမဏီ အပါအဝင် နိူု်င်ငံ အချ ို့သည် လူဦးရေ
လျော့နည်းစ ပြုလာနေပြီ ဖြစ်သည်။ ထိုအထဲတွင် အသိသာဆုံးက တရုတ်ပင် ဖြစ်သည်။ထိုနိူင်ငံတွင် ကလေးတဦးသာ ယူရမည်ဟူ
သော ပေါ်လီစီ ရှိခဲ့ပြီး ယခု ပါယ်ဖျက်ပေးခဲ့သော်လည်း ချမ်းသာကြွယ်ဝလာကြသည်နှင့် အမျ မြို့နေ လူတန်ုးစားများသည် ကလေး
ယူမူ လျော့ချလာခဲ့သဖြင့် ၁.၆ သို့ ပင် ရောက်ရှိလာခဲ့သည်။ တရုတ်ပြည်၏ အကြွယ်ဝဆုံးမြို့ကြီးဟု ပြော၍ ရသည့် ရှန်ဟိုင်းတွင် ဝ.၆
သာ ရှိတော့ပြီး ကမ္ဘာပေါ်တွင် ကလေးမွေးဖွားမှုနူန်း အနည်းဆုံး ဖြစ်လာခဲ့သည်။ ထို့အတွက် တရုတ်ပြည်၏ လူဦးရေသည် ၂၀၂၆
တွင် စတင် ကျဆင်းလာရဖို့ ရှိနေသည်။

ဤသည်က ချမ်းသာကြွယ်ဝသည့် အဖြစ်မရောက်မီ လူအိုများ များပြားလာတော့မည့်ပထမဆုံးနိူင်ငံ ဖြစ်လာနိူင်သည်ကို ညွန်းပြနေပေသည်။

"ငွေပင်ငွေရင်း မြုပ်နှံလာမှူများ" ကို ဆက်လက် တင်ပြပါမည်။

လှစိုးဝေ