ကမ္ဘာစီးပွားရေး အခြေခံ သဘောတရား ဖွင့်ဆိုချက်များ(1)

by Hla Soewai - Sep 01 2019

အခန်း (၁)

#အောင်မြင်မှု၏လျို့ဝှက်ချက်များ

ဒီအကြောင်းကို မစမီ ညဏ်စမ်း ပဟေဠိတပုဒ် ဖြေကြည့်ကြစေလိုပါသည်။ ယခု ဖေါ်ပြမည့် နိုင်ငံ နှစ်နိုင်ငံ အနက် မည်သည့်နိုင်ငံသည် စီးပွားရေး ပိုင်းတွင် တောက်ပသော အလားအလာများ ပိုင်ဆိုင်ထားကြသနည်း။

အချိန်ကား.၁၉၉၀ ပြည့်နှစ်တွင် ဖြစ်သည်။

ပထမနိုင်ငံသည် စီးပွားရေး နယ်ပယ်အားလုံးတွင် တိုးတက်မှု များ ရှိနေကြသည်။ အီလက်ထရောနစ် ပစ္စည်းများ၊ ကားများ၊ သံမဏိ အစရှိသည့် လုပ်ငန်းများတွင် ဈေးကွက် အတော်များများကို ထိမ်းချုပ်ထားကြသည်။ ထို့အပြင်ဘဏ်လုပ်ငန်းများ ပိုင်းတွင်လည်း လွှမ်းမိုးလာနေကြသည်။ ထိုနိုင်ငံရှိ အစိုးရ နှင့် စီးပွားရေး ခေါင်းဆောင်များသည်လည်း ရေရှည်ကို မဟာဗျု ဟာ ကျကျ တွေးခေါ် မျော်မြင်နိုင်ကြသူများ ဖြစ်သည်ဟု အားလုံးက စံထား၍အားကျခြင်း ခံကြရသူများလည်း ဖြစ်နေပြန်သည်။ နိုင်ငံ၏ ဘတ်ဂျက် နှင့် ကုန်သွယ်ရေးပိုလျံငွေ များ ကြောင့်လည်း ငွေကြေးအရ အလျံပယ် ဖြစ်လာနေသည်။

ဒုတိယ နိုင်ငံသည်ကား စီးပွားရေး ကျဆင်းလုနီးပါး အခြေအနေတွင် ရောက်နေသည်။ နိုင်ငံတွင်းရှိ ကုမ္ပဏီ များသည် ကြွေးလည်ပင်း
ခိုက်နေ ပြီး ၀ယ်ယူခြင်း ခံနေကြရသည်။ကုမ္ပဏီ မန်နေဂျာ များကလည်း ရေတို အမြတ် ရရေးကိုသာ အာရုံစိုက် လုပ်ကိုင်နေကြပြီး နိုင်ငံရေးသမားများသည်လည်း ကျိုးကြောင်း ဆီလျော်သည့် စက်မှု လုပ်ငန်းပိုင်းဆိုင်ရာ မဟာဗျုဟာများ ကြံဆ နိုင်ကြခြင်းလည်း မရှိပြန်ပေ။

ယခုလောက်ဆိုလျင် သင့်အနေဖြင့် ပထမနိုင်ငံသည် ဂျပန် ဖြစ်မည်ကို မှန်းဆနိုင်လောက်ပြီ ထင်ပါသည်။ ဒုတိယကတော့အမေရိကန်ပင် ဖြစ်မည်ဟု ပြောနိုင်ပေမည်။

ဂျပန်သည် မိုင်ဒက်စ် ဘုရင်လက်ထက်ကစ၍ပြောရလျင် အလိုအလျောက် ငွေထုတ်စက်ကြီးကို ပိုင်ဆိုင်သည့် ပထမဆုံးနိုင်ငံဖြစ်လာသည်ဟု ဆိုရမည် ဖြစ်ကြောင်း ထင်ရှားကျော်ကြားလှသည့် စီးပွားရေး ပရောဟိတ်ကြီး တပါးဖြစ်သော ကလိုက် ပရက်စတိုဝဇ် က ၁၉၈၉ တွင်
ရေးသားခဲ့ဖူးသည်။ အမေရိကန်သည်ကနိုင်ငံငယ်များ အပေါ် ဗိုလ်ကျ အနိုင်ကျင့်နေသည့် အနေအထားတွင်သာ ရှိနေသည်ဟုဂျပန် စီးပွားရေး နှင့် ပါတ်သက်ပြီး ထိတ်တန်း က္ဈမ်းကျင်သူ ကက်နက် ကောတစ် ကပြောခဲ့သည်။ ဂျပန်သည် ဆယ်စုနှစ် တခု အတွင်းမှာပင် အမေရိကန် စီးပွားရေး ပမာဏကို ဒေါ်လာငွေ တန်ဖိုး အရ အမှီလိုက်နိုင်တော့မည်ဟု ခန့် မှန်းခဲ့ပြန်သည်။ ရင်းနှီးမြုပ်နှံသူများကလည်း ကြိမ်းသေပေါက် အမြတ်အစွန်းများ ရတော့မည်ဟု ယူဆခဲ့ကြသည်။၁၉၉၀ နှစ်များ အစပိုင်းတွင် ဂျပန် စတော့ရှယ်ယာများ၏ တန်ဖိုးသည် အမေရိကန်ပြည်ထောင်စု နှင့် နိုင်းယှဉ်လျင် ၅၀% ခန့်မြင့်တက်နေခဲ့သည်။

ထိုသို့သော အလားအလာများကြောင့် ကြိမ်းသေပေါက် အမြတ်အစွန်းများ ရလာတော့မည်ဟု ခန့်မှန်းပြောဆိုနေမှုများ လုံးဝမှားယွင်းသွားခဲ့ပေတော့သည်။ နောက်ဆယ်စုနှစ် အတွင်း ရုတ်ခြည်း ဘရိတ်အုပ်လိုက်သော ကားပမာ ဂျပန် စီးပွားရေးသည် တက္ဈီက္ဈီ နှင့် တဖြေးဖြေး ထိုးရပ်သွားခဲ့ပေတော့သည်။ ပျမ်းမျ နှစ်စဉ် တိုးတက်မူ နှုန်းသည် ၁၉၉၁ မှ ၂၀၀၀ ခုနှစ်အတွင်း ၁% မျသာ ရှိပေတော့သည်။ ထိုအချိန်အတွင်း အမေရိကန်သည် အစောပိုင်းက ထိုင်းမိုင်းလေးလံနေမူများကို ခ၀ါချကာ တဟုန်ထိုး တိုးတက်လာခဲ့တော့သည်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင်
ဂျပန် စီးပွားရေးသည် အမေရိကန်၏ တ၀က်မျသာ ကျန်ရှိပေတော့သည်။ နစ်ကီ စတော့ရှယ်ယာဈေးများသည်လည်း ၅၀% ခန့် ထိုးကျသွားခဲ့ရသည်။ အမေရိကန် စတော့ရှယ်ယာများ၏ တန်ဖိုးကား ၃၀၀% ခန့် မြင့်တက်လာနေခဲ့သည်။ ဂျပန်သည် အမေရိကန်အား အမှီလိုက်ဖို့ ဝေးစွ ၂၀၁၀ တွင် တရုတ်ပြည်၏ နောက်သို့ ရောက်သွားခဲ့ရပေတော့သည်။

ဂျပန် အဘယ်ကြောင့် ထိုသို့ ကံဆိုးမိုးမှောင်ကျခဲ့ရပေသနုည်း။ အလွယ်ရှင်းအောင် ပြောရမည်ဆိုက စီးပွားရေး တခု သည် ကျန်းမာ
သန်စွမ်းသော supply and demand ဆိုသည့် အရာများ ရှိနေမှ ဖြစ်ပေမည်။ ထိုအချိန်က ဂျပန်၏ မတန်တဆ မြင့်တက်နေသော
စတော့ရှယ်ယာ များ နှင့် အိမ်ခြံမြေ ဈေးကွက်ကြီး ပြိုလဲသွားခဲ့ခြင်းနှင့် အတူ ကုန်စည် နှင့်ဝန်ဆောင်မူ ကဏ္ဍ အလူုးအလဲ ခံခဲ့ရသည်။ကုမ္ပဏီများနှင့် ဘဏ်များ အဖို့ ချေးထားသောငွေများ ပြန်မရ ဖြစ်လာပြီး လျော်ပြစ်ခဲ့ကြရသည်။ တချိန်တည်းမှာပင် ဂျပန်၏ အခြေခိုင်ပြီးသား အင်အားများကား ကုန်စည်နှင့် ၀န်ဆောင်မှု များကို supply လုပ်နိုင်သည့် အနေအထားများ ပျက်ယွင်းလာခဲ့ရသည်။Supply ဆိုသည်ကား လွန်စွာ အရေးပါလှသည်။ အဘယ်ကြောင့်ဆိုသော ရေရှည် စီးပွားရေး တိုးတက်မူသည် နိုင်ငံတခု၏ ကုန်ထုတ်လုပ်နိုင်မှု အလားအလာပေါ် တည်မှီနေ
သောကြောင့်ပင် ဖြစ်သည်။ ထိုသို့ ကုန်ထုတ်စွမ်းအားများ တိုးတက်လာစေရန် အကြောင်းချင်းရာ သုံးခု ပေါ်တွင် အမှီသဟဲ ပြု နေသည်။

(၁) လူဦးရေ
(၂) ငွေပင် ငွေရင်း (ရင်းနှီးမြုပ်နှံမူ)
(၃) အိုင်ဒီယာ များ ပင် ဖြစ်သည်။

အနာဂါတ် အလုပ်သမားများ ရရှိရေးသည်လူဦးရေ ပေါ်တွင် တည်မှီနေသည်။ ကလေးမွေးဖွားမှု နူန်း နည်းပါးပြီး သက်ကြီးရွယ်အိုများသာ များပြားနေသည့်အပြင် ပြည်ပမှ ရွှေ့ပြောင်းလာမူလည်း မရှိသလောက် ဆိုပါကအဘယ်သိ့ များ အလုပ်သမားများ ရရှိနိုင်ပေမည်နည်း။ ဂျပန်တွင် အလုပ်လုပ်နိုင်သောလူဦးရေသည် ၁၉၉၀ နှစ်များကစ၍ လျော့နည်း ကျဆင်းလာနေခဲ့သည်။ ထိုကဲ့သို့အလုပ်သမား အင်အား နည်းပါးနေသော စီးပွားရေးသည် ကုန်ပစ္စည်းမည်မျ ထုတ်လုပ်နိုင်ပေဦးမည်နည်း။

ငွေပင် ငွေရင်းနှင့် အိုင်ဒီယာ များ ကလည်းအလုပ်သမားများ ၏ ကုန်ထုတ်စွမ်းအားများတိုးမျြင့်နိုင်ဖို့ မရှိမဖြစ် အခန်းကဏ္ဍ မှ ပါဝင်နေသည်။ ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်းဆယ်စုနှစ်များစွာ အတွင်း ဂျပန်သည် လူသားအရင်းအမြစ်နှင့် စီးပွားရေး ပိုင်းတွင် အကြီးအကျယိ ရင်းနှီး မြုပ်နှံလာခဲ့သည်။ နိုင်ငံသားများကို ပညာ ကောင်းစွာ သင်ပေးယုံမျမကတိုးတက်သော အနောက်နိုင်ငံများမှ နောက်ဆုံးပေါ် နည်းပညာများကို ပြန်လည် မွမ်းမံကာ ယဉ်ပါးအောင် ပြုလုပ်ပေးနိုင်ခဲ့ပြန်သည်။

ဤနည်းဖြင့် အနောက်နိုင်ငံများ၏ စီးပွားရေးကို အမှီလိုက်နိုင်ရန် ကြိုးပမ်းခဲ့ရာ ၁၉၉၀တွင် မှီလာခဲ့သည့် အဆင့်သို့ ရောက်ခဲ့ပြီဟုဆိုရမည် ဖြစ်သည်။ထိုသို့ ရောက်ရှိလာသည့် အခါ နည်းပညာပိုင်းတွင် မိုင်ကုန်သို့ ရောက်ရှိသွားပေတော့သည်။ ရှေ့ ကို ဆက်လက် တိုးချဲ့ဖို့ရာ ခေတ်မမှီတော့သည့် လုပ်ငန်းများအား အသစ်များဖြင့်အစားထိုးနိုင်မှသာ ဖြစ်ပေမည်။ သို့မှသာငွေပင် ငွေရင်းများနှင့် အလုပ်သမားများကိုထိုလုပ်ငန်းသစ်များ ရှိရာသို့ ရွှေ့ပြောင်းပေးနိုင်မည် ဖြစ်သည်။

သို့သော် ဂျပန်ခေါင်းဆောင်များက ထိုသို့ ဖန်တီးပေးရန် အကြောက်အကန် ဆန့်ကျင်ခဲ့ကြသည်။ ကုမ္ပဏီများ ဒေ၀ါလီ ခံခြင်းနှင့်အလုပ်သမား များ အလုပ်မှ ရပ်နားသည်များကို လက်မခံခဲ့ကြပေ။ယင်း၏ ရလာဒ်ကား အင်တာနက်ကို အခြေခံပြီး ပေါ်ပေါက်လာသော နည်းပညာ တိုးတက်မှု လှိုင်းတံပိုးကြီးသည် အမေရိကန် ကမ်းခြေသို့သာ ရိုက်ခတ်ခဲ့သည့် အဖြစ်ရောက်သွားခဲ့ပေသည်။ ထို့ အတွက် အမေရိကန်၏ စီးပွားရေးသည် ၁၉၉၀ နောက်ပိုင်းနှစ်များတွင် ဂျပန်ကို ခုန်ပျံ ကျော်လွှားပြီး သိသိသာသာ တိုးတက်လာခဲ့ပေတော့သည်။

"စီးပွားရေး တိုးတက် အောင်မြင်မှု ၏ လမ်းစ"ကို ဆက်လက် တင်ပြပါမည်။

လှစိုးဝေ