အာရှ-ပစ်ဖိတ် ဒေသ ဆိုင်ရာ Smart City ဆု ကြီး မန္တလေး ဆွတ်ခူးပြီ

by Yawnathan - Aug 30 2019

၂၀၁၉ ခုနှစ် အတွက် Smart City ဆုကြီးအား နိုင်ငံ ၂၄ နိုင်ငံ ပါဝင်သော အချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာဖက်ဒရေးရှင်းကြီး ဖြစ်သော Asian-Oceanian computing Industry Organization( ASOCIO) အသင်းကြီးမှ ဘန်ကောက်တွင်ကျင်းပသည့် ညီလာခံတွင် မန္တလေးမြို့တော်အား တညီတညွတ်တည်း ရွေးချယ်ခဲ့ကြပါတယ်။

အဆိုပါ ညီလာခံသို့ အသင်းဝင်များဖြစ်သောဂျပန်၊ အိန္ဒိယ၊ သြစတေးသျ၊ စင်္ကာပူ၊ တိုင်ဝမ်၊ ထိုင်းနိုင်ငံများလည်း တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

မန္တလေးသည် လွန်စွာ တိုတောင်းလှသောအချိန်အတွင်း အဆင့်မြင့် နည်းပညာများသုံးပြီး စည်ပင်နှင့် အစိုးရ လုပ်ငန်းများကို စီမံခန့်ခွဲာနိုင်သည့် အတွက် ယခုလို ဆုရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မီတီသည် အင်အယ်ဒီ အစိုးရ တက်လာပြီးနောက် ၂၀၁၇ မှစ၍ အဆိုပါ ဆုကြီးကို ရရှိနိုင်ရန် နှပါင်း ၃၀ မြို့ပြ ဖွံ့ဖြိုးရေးကို ရေးဆွဲပြီး ဦးတည်ကြိုးပမ်းလာခဲ့တာလည်း ဖြစ်ပါတယ်။

ထိုအထဲတွင် ရေပေးဝေရေး၊ စွန့်ပြစ်ရေများသန့်စင်ရေး၊ အမှိုက်သရိုက်များ စနစ်တကျစီမံခန့်ခွဲနိုင်ရေး တို့ ပါဝင်ခဲ့ပါတယ်။

ယခုအခါ မီးပွိုင့်များကို အချိန်နှင့် တပြေးညီထိမ်းချုပ်နိုင်ရေး အတွက် ဆင်ဆာ များ တပ်ဆင်ထားပြီး အလိုအလျောက် ထိမ်းချုပ်စခန်းများမှတဆင့် ယာဉ်ကြောပိတ်ဆို့ မူများကိုစောင့်ကြည့်နိုင်ပြီလည်း ဖြစ်ပါတယ်။ ထို့အပြင် ရေပိုက်လိုင်းများ နှင့် ရေမီတာများကိုလည်း အလားတူ အချိန်နဲ့ တပြေးညီ စောင့်ကြည့်နိုင်မည့် ဆင်ဆာ များ တပ်ဆင်ထားပြီးရေပိုက်များ ယိုကျခြင်း ရှိမရှိ သိရှိနိုင်ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ Radio Frequency Identification System ဖြင့်ကားခွန်များကို ကောက်ယူနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေး၏ ယာဉ်ကြောထိမ်းချုပ်မှု နည်းပညာသည် စင်္ကာပူကို အမှီပြု တည်ဆောက်ထားခဲ့ခြင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ထို့အပြင် မီတာ ၁၀၀ အကွာအဝေးမှ စမတ်ဖုန်း အသုံးပြု၍ မီတာများ ဖတ်ရှု့နိုင်ခြင်း၊ အမှိုက်သိမ်း စနစ်အားလည်း 3 Rs ဖြစ်သည့်Reduce, Reuse, Recycle စနစ်ဖြင့်အမှိုက်ပုံးများ ထားရှိခြင်းအပြင် အမှိုက်သိမ်းကားများတွင်လည်း GPS တပ်ဆင်၍ လမ်းကြောင်း စီမံခန့်ခွဲခြင်းတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကား။ ။ ဧရာဝတီ