D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၇၈ - နိဂုံး)

by Hla Soewai - May 03 2022

အခန်း (၆၄)

 

LONDON: MAY 1945

 

 

ညနေ ၆ နာရီ ထိုးနေပြီ ဖြစ်၍ လီလီယန် ဝပ်ဖို့ သည် ချောင်းတချက် ဟန့်ကာ လည်ချောင်း ရှင်းလိုက်ပြီး ရုံးခန်း တံခါးကို ငြင်ငြင်သာသာ ခေါက်လိုက်သည်။ အထဲက ပြန်ဖြေသံကို စောင့်မနေတော့ပဲ အခန်းထဲသို့ ဝင်လာခဲ့သည်။ ပါမောက္ခကြီးသည် ဂေါ်ဒွန် ရင်ပြင် ကြီးကို လှမ်းမြင်နေရသည့် ပြတင်းပေါက် ဘေးတွင် ထိုင်နေပြီး သူ၏ သေးသွယ်သော ခန္ဓာကိုယ်ကို ငုံ့ကာ စာမူ ဟောင်း တထပ်ကြီးကို ငုံ့ကာ ဖတ်ရှု့နေသည်။

 

“ကျမ ဘာမှ လုပ်ပေးစရာ မရှိဘူး ဆိုရင် ပြန်တော့မယ် ပရော်ဖက်ဆာ” ဟု ပြောလိုက်သည်။ ထိုစကားသည် ညနေလို သူမ ပြောနေကျ စကား ဖြစ်ပြီး၊ ထိုစကားကို ကြားတိုင်း ပါမောက္ခကြီးသည် သူ၏ ဖတ်လက်စ စာအုပ်များကို ပိတ်ပြီး စားပွဲပေါ်ရှိ စာရွက်များကို နေသားတကျ ဖြစ်အောင် ပြန်စီလေ့ရှိသည် မှာ နေ့တဒူဝ လိုလို မပြောင်းမလဲပဲ ရှိနေခဲ့သည်။

 

“ဘာမှ လုပ်စရာ မရှိတော့ပါဘူး၊ ကျေးဇူးတင်ပါတယ်”

 

သူမသည် ပါမောက္ခကြီးကို ကြည့်ကာ စဉ်းစားနေမိသည်၊ ပါမောက္ခကြီးသည် ယခင်ကလို မဟုတ်ပဲ တခုခု ပြောင်းလဲသွားခဲ့သည်ဟု သူမ သံသယ ရှိနေခဲ့သည်၊ သူသည် မလိုအပ်ပဲနှင့် တခါမှ စကားများများ ပြောလေ့ပြောထ မရှိသည့်အပြင် ရှာကြံ ပြောတတ်လေ့ မရှိသည်မှာလည်း အရင်အတိုင်းပင် ဖြစ်သော်လည်း သူ့ကြည့်ရသည်မှာ ယခင်ကထက် ပို၍ လူနှင့် စိတ် မကပ် ဖြစ်လာနေသည်ဟု ထင်မိသည်။ အချိန်ကြာလာလေလေ သူမ မျှော်လင့်ထားသလို ဖြစ်မလာပဲ ပို၍ ဆိုးလာနေပုံရသည်။ ကောလိပ် ကျောင်း ရှိ စင်္ကြန်လမ်းများ တွင်လည်း လူများက အရည်မရ အဖတ်မရ သူ့အကြောင်း တီးတိုး ခန့်မှန်း ပြောဆိုနေကြပြီ ဖြစ်သည်။

 

အချို့က လူများကို ကြိုးစင်သို့ ပိုခဲ့၍ ဖြစ်မည်၊ သို့မဟုတ်ကလည်း သူ၏ အမိန့်နှင့် အသတ်ခံခဲ့ကြရသူများ ရှိ၍ ဖြစ်မည်၊ ပါမောက္ခကြီး အနေဖြင့် ထိုသို့ လုပ်မည် ဆိုသည်ကို တွေးဖို့ပင် ခက်ခဲလှသည်။ သို့သော် သူတို့ ပြောနေသည်များက အဓိပ္ပါယ် ရှိနေသည် ဆိုသည်ကိုတော့ သူမ ဝန်ခံရမည်သာ ဖြစ်သည်။ တစုံတခု ကြီးကြီးမားမား ဖြစ်ခဲ့၍သာ ပါမောက္ခကြီးသည် ဝဇီပိတ် ကျင့် နေခြင်းသာ ဖြစ်ရမည်။

 

“ပရော်ဖက်ဆာ စီးနေကျ ရထားအချိန် မှီအောင်ဆိုရင် အခု ကတည်းက ပြန်မှ ဖြစ်မယ် ထင်တယ်”

 

“ကျွန်တော် ဒီသတင်းပတ် အကုန် လန်ဒန်မှာပဲ နေရကောင်းမလား စဉ်းစားနေတယ်” ဟု မျက်နှာကို မော့မကြည့်ပဲ ပြောလိုက်သည်။ “လန်ဒန်မှာ အခု ညဖက် မီးတထိန်ထိန် နဲ့ ပြန်ဖြစ်လာပြီ ဆိုတော့ ဘယ်လိုများ နေမလဲ ဆိုတာ ကြည့်ရင် ကောင်းမလားလို့”

 

“ကျမ တော့ အမှောင်ချ ခံထားရတဲ့ အဖြစ်မျိုး ဘယ်တော့မှ ပြန်မကြုံရပါစေနဲ့ ဆုတောင်းနေမိတယ်”

 

“ဘယ်တော့မှ ကြုံရမှာ မဟုတ်တော့ဖူး ဆိုတာ ကျွန်တော် စိတ်ထဲက သိနေတယ်”

 

သူမလည်း တံခါးရွက် နောက်တွင် ချိတ်ထားသော ပါမောက္ခကြီး၏ မိုးကာအင်္ကျီကို လှမ်းယူပြီး သူ၏ စားပွဲ ဘေးရှိ ခုံပေါ်တင်ပေးလိုက်သည်။ ပါမောက္ခကြီးလည်း လက်ထဲက ခဲတံကို ချလိုက်ရင်း သူမကို မော့ကြည့်လာသည်။ ထိုအခိုက်တွင် တော့ လုံးဝမရည်ရွယ်သည့် အပြုအမူ တခု သူမ လုပ်မိရက်သား ဖြစ်သွားသည်၊ သူမ ၏ လက်များက ပါမောက္ခကြီး၏ ပါးပြင်ကို ကလေးငယ်လေး တဦးအား ချော့မြူသလို ပွတ်သပ်မိရက်သား ဖြစ်သွားသည်။

 

“ပရော်ဖက်ဆာ နေလို့ ထိုင်လို့ ကောင်းပါတယ်နော်”

 

ပါမောက္ခကြီးလည်း မျက်နှာကို သူမ လက်များ နှင့် မထိအောင် နောက်သို့ ဆုတ်လိုက်ပြီး စားပွဲပေါ် က စာမူ တထပ်ကြီးကို စိုက်ကြည့်ရင်း “ကျွန်တော် နေကောင်းပါတယ်” ဟု ပြောသည်။ သို့သော် သူ၏ အသံတွင် သူမ တခါမျှ မကြားဖူးသည့် မကျေနပ်သံများ ရောယှက်နေသည်။ ထို့နောက် တစုံတခုကို မပီမသ ရေရွတ်လိုက်သည်၊ သူမ နားထဲတွင် “Never better” ဟု ကြားလိုက်မိသည်ဟု ထင်ရသည်။

 

သူမလည်း တံခါးဝသို့ ပြန်လှည့်ထွက်လာရင်း “ချမ်းမြေတဲ့ ရက်သတ္တပတ်အကုန် ဖြစ်ပါစေ” ဟု ပြောလိုက်သည်။

 

“ကျွန်တော်လည်း အဲ့လို ဖြစ်အောင်လည်း ရည်မှန်းထားပါတယ်၊ ကျေးဇူးပါ”

 

“ဂွတ်နိုက်..ပရော်ဖက်ဆာ ဗီကာရီ”

 

“ဂွတ်နိုက်..မစ် ဝပ်ဖို့”

 

                                        *****************

 

လိုက်ကက်စတာ ရင်ပြင် ကို ဖြတ်လျှောက်လာခိုက်တွင် ညနေခင်းသည် နွေးထွေးစ ပြုလာနေပြီ ဟု ယူဆမိ၍ ဝတ်ထားသော မိုးကာ အင်္ကျီကို ချွတ်လိုက်ပြီး ခေါက်ကာ လက်ပေါ် တင် ယူလာခဲ့သည်။ တဖြေးဖြေး နှင့် မှောင်စပြိုးလာနေပြီ ဖြစ်၍ လန်ဒန်သည် ညမီးရောင်များ နှင့် အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။ သူ့စိတ်ထဲတွင် သူ့မျက်နှာကို လီလီယန် ဝပ်ဖို့ လက်နှင့် ပွတ်သပ်ခဲ့သည့် အဖြစ်ကို ပြန်တွေးနေမိသည်။ သူ့ကိုယ်သူလည်း စိတ်ခံစားမှုကို မပေါ်လွင်အောင် လုံလောက်သည့် အတိုင်းအတာ အထိ အမြဲလို ဖုံးကွယ်ထားနိုင်သူဟု လည်း ယူဆထားခဲ့သည်၊ ယခု သူ့အဖြစ်က ဒီလောက်ထိ ဖြစ်ရအောင် သိသာနေပြီလားဟု တွေးမိလိုက်ပြန်သည်။

 

ဟိုက်ပတ် ကို ဖြတ်လာခဲ့သည်၊ သူ၏ ဘယ်ဖက်ခြမ်းတွင် အမေရိကန် တေးဂီတ တဖွဲ့က သာယာငြိမ့်ညောင်းသော တေးသီချင်းများကို တီးခတ်နေကြသည်၊ ညာဖက်ခြမ်းတွင်တော့ ဗြိတိသျှ နှင့် ကနေဒါ အဖွဲ့များက ရပ်ဘီ ကစားနေကြသည်မှာ ဆူညံ ပွက်လောရိုက်နေသည်။ ဆက်လျှောက်လာရင်းက ယခင် လေယာဉ်ပြစ်အမြှောက်များ ချထားသည့် နေရာသို့ ရောက်လာခဲ့သည်။ အမြှောက်များက မရှိကြတော့ပဲ သဲအိတ်များသာ ကျန်ခဲ့တော့သည်ကို ကြည့်ရသည်မှာ ရှေးဟောင်း မြို့ပျက်ကြီး တခုအလား ထင်ရသည်။

 

ဘဲလ်ဂရာဗီယာ ထဲ ဝင်လာခဲ့သည်၊ သူ့ခြေထောက်များက အလိုလို နေရင်း ဟယ်လင် အိမ်ရှိရာသို့ ဦးတည်သွားနေပြန်သည်။

 

“ရှင့် စိတ်တွေ သိတ်မကြာခင် ပြောင်းလာလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်”

 

အိမ်ကို အမှောင်ချထားသော လိုက်ကာများ ကို မတွေ့ရတော့၊ တအိမ်လုံး မီးရောင်များနှင့် ထိန်ထိန်ညီး နေသည်။ အခြားစုံ တွဲ နှစ်တွဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ယူနီဖောင်းကို ဝတ်ထားသော  ဒေးဗစ်၏ လက်မောင်းကို ဟယ်လင်က တွဲချိတ်ထားသည်၊ ဗီကာရီလည်း သူဘယ်လောက်ကြာကြာ ရပ်ပြီး ကြည့်နေသည်ကိုပင် သတိမထားမိတော့၊ သူ့အဖို့ စိတ်သက်သာစရာ ဖြစ်ခဲ့သည်ဟု ပင် ဆိုရမလား အံ့ဩစရာ ကောင်းလောက်အောင်ပင် သူ့စိတ်ထဲတွင် ဘာဆိုဘာမျှ မခံစားခဲ့ရတော့။ သူမ ၏ ခြောက်လှန့်ခြင်း ခံနေရသော တစ္ဆေကြီးက သူနှင့် ဝေးရာကို ထွက်ခွာသွားပြီ ဖြစ်သည်။ ဘယ်တော့မှ ပြန်လာစရာလည်း အကြောင်း မရှိတော့။

 

သူလည်း ပြန်လှည့်ထွက်လာခဲ့ပြီး ကင်းစ် လမ်း မှ တဆင့် စလုံး စကွဲယားဖက်သို့ လှည့်ဝင်လာခဲ့သည်။ ထိုမှတဆင့် သူ့အိမ်ရှိရာ တိတ်ဆိတ်ငြိမ်သက်နေသော ချဲလ်ဆီး လမ်းဖက်သို့ ကွေ့ဝင်လာခဲ့သည်။ လက်က နာရီကို ကြည့်လိုက်တော့ ရထားအချိန်မှီသေးသည်ကို သတိထားမိလိုက်သည်။ တက္ကဆီ တစီးကို လှမ်းတားပြီး ပက်ဒင်ဂန် ဘူတာသို့ မောင်းရန် ပြောရင်း အထဲ ဝင်ထိုင်လိုက်သည်။ ကားပြတင်းမှန်ကို ချလိုက်၍ အပြင်ရှိ နွေးထွေးသော လေများက သူ့မျက်နှာကို ရိုက်ခတ်လာသည်။ သူ့စိတ်ထဲတွင်လည်း လပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ် အဖြစ် ကျေနပ်မှု၊ ငြိမ်းချမ်းမှုများ ခံစားလာခဲ့ရပြီ ဖြစ်သည်။

 

ဘူတာရှိ တယ်လီဖုန်း ရုံထဲမှ အဲလစ် ဆင်ပဆန် ရှိ ဖုန်းလှမ်းဆက်လိုက်ပြီး သူမထံမှ နောက်နေ့မနက် တွင် အရောက်လာမည် ဆိုသော ကတိကို ရလိုက်သဖြင့် တယ်လီဖုန်းကို ချပြီး ရထားဆိုက်မည့် ပလက်ဖေါင်းသို့ ကမန်းကတမ်း ပြေးလာခဲ့သည်။ ရထားတွဲထဲတွင်တော့ လူများ ပြည့်ကျပ်နေသော်လည်း အသက်ကြီးကြီး အမျိုးသမီးကြီး နှစ်ဦး နှင့် လမ်းလျှောက် ကြိမ်တုတ်ကို ကိုင်ထားသည့် ကလေးမျက်နှာနှင့် စစ်သားတဦး ထိုင်နေသည့် အခန်းထဲတွင် ထိုင်ရန် တနေရာ ရလိုက်သည်။

 

စစ်သားလေးအား တချက် အကဲခတ် ကြည့်လိုက်ရာ ရော့ခ် အရှေ့ပိုင်း တပ်မ တံဆိပ်ပါ စစ်ယူနီဖောင်းကို ဝတ်ထားသည်ကို သတိပြုမိလိုက်သည်။ ချာတိတ်သည် နော်မန်ဒီသို့ ရောက်ခဲ့ပြီး ဖြစ်သည်ကို တန်းသိလိုက်သည်၊ အတိအကျ ပြောရလျှင် Sword Beach တိုက်ပွဲတွင် ပါဝင်ခဲ့ပြီး ဖြစ်မည်။ ဒီတိုင်းဆိုလျှင် အသက်ရှင်လျက် ပြန်ရောက်လာခဲ့သည်ကိုပင် ကံကောင်းလှပြီ ဟု ဆိုရပေမည်။ ရော့ အရှေ့ပိုင်း တပ်မသည် ကမ်းတက် စစ်ဆင်ရေး ၏ အစ မိနစ် အနည်းငယ် အတွင်းမှာပင် အကျအဆုံး များစွာ နှင့် ရင်ဆိုင်ခဲ့ရသည်ကိုလည်း သူ သိထားပြီး ဖြစ်သည်။

 

စစ်သားလေးသည် ဗီကာရီ သူ့ကို ကြည့်နေမှန်း သတိထားမိပုံရသည်။ ဖျော့တော့တော့ ပြုံးပြလာသည်။

 

“နော်မန်ဒီမှာ ဖြစ်ခဲ့တာလေ၊ ကမ်းတက်ယာဉ် ပေါ်က ဆင်းယုံလေး ရှိသေးတယ်‌ဗျာ” ဟု ပြောရင်း သူ့လက်ထဲက လမ်းလျှောက်ကြိမ်တုတ်ကို မြှောက်ပြလိုက်ရင်းက “ဆရာဝန်ကတော့ တသက်လုံး ဒါကြီး ကို သုံးရတော့မယ်လို့ ပြောသဗျာ၊ ဒါနဲ့ ဦးလေးကကော ဘယ်လိုလုပ် ထော့နဲ့ ထော့နဲ့ ဖြစ်လာရတာတုန်း”

 

“ပထမ စစ်ကြီးတုန်းကပေါ့ကွယ်၊ ပြင်သစ်မှာလေ” ဟု ဗီကာရီက မရေမရာ ဖြေလိုက်သည်။

 

“ဒါဆို ဦးလေးကြီးကို ပြန်ခေါ်လာခဲ့ကြတာပေါ့”

 

ဗီကာရီက ခေါင်းငြိမ့်ပြလိုက်ပြီး “စစ်ရုံးကြီးထဲက ပျင်းစရာ ကောင်းတဲ့ ဌာနတခုမှာ စားပွဲထိုင်နေရတဲ့ အလုပ်မျိုး ပေးခဲ့တယ် ဆိုပါတော့။ တကယ်တမ်း ပြောရရင် ဘာမှ အရေးပါလှတဲ့ အလုပ်မျိုး တော့ မဟုတ်လှဘူးကွဲ့”

 

တအောင့်‌လောက် အကြာတွင် စစ်သားငယ်လည်း အိပ်ပျော်သွားသည်၊ ရထားသည် ကွင်းပြင်များကို ဖြတ်လာခိုက် ရထား မှန်ပေါ်တွင် သူ့ကို ပြုံးကြည့်နေသော သူမ ၏ မျက်နှာ၊ ထို့နောက် ဘုသီ၏ မျက်နှာ များ ဖြတ်ကနဲ ဆို ပေါ်လာခဲ့သည်။ ထို့နောက်တွင်တော့ အပြင်တွင် မှောင်မဲလာပြီး မှန်ထဲတွင် သူ့ဘေးတွင် ဆိတ်ငြိမ်စွာ ထိုင်ရင်း  လိုက်ပါလာသည့် သူ့မျက် နှာ ကို မြင်လာရပြန်သည်။

 

                                        *****************

 

ကျွန်တော် ၏ “သူလျို မဟုတ်သော သူလျို ဝတ္ထုကြီးအား စိတ်ရှည်လက်ရှည် စောင့်ဖတ်ပေးခဲ့ကြသော စာပေမိတ်ဆွေများ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။

 

ထိုဝတ္ထုကြီးကို မဖတ်လိုက်ရသူများ အတွက် တလုံးတစည်းထဲ ဖတ်နိုင်ရန် အစမှ အဆုံး စုဆောင်းပေးထားသော Arkar Azure Angel အားလည်း ကျေးဇူး အထူးတင်ကြောင်း ဒီနေရာမှ ပြောလိုပါသည်။

 

အောက်တွင် ခွင့်ပြုမည်ဟု ယုံကြည်၍ သူမ ဝေါ်မှ လင့်ခ် များ ကို ကူးယူ ဖေါ်ပြထားပါသည်။

 

အမှတ်စဉ် (၁) မှ (၈၂) အထိ

facebook

https://m.facebook.com/story.php?story_fbid=1420883158327255&id=100012167525359

...

yawnathan.com website

http://www.yawnathan.com/mm/news/details/441

...

(၈၃)

http://www.yawnathan.com/mm/news/details/439

...

(၈၄)

http://www.yawnathan.com/mm/news/details/440

...

(၈၅)

http://www.yawnathan.com/mm/news/details/442

...

(၈၆)

http://www.yawnathan.com/mm/news/details/443

...

(၈၇)

http://www.yawnathan.com/mm/news/details/445

...

(၈၈)

http://www.yawnathan.com/mm/news/details/446

...

(၈၉)

http://www.yawnathan.com/mm/news/details/447

...

(၉၀)

http://www.yawnathan.com/mm/news/details/448

...

(၉၁)

ဝတ္ထု အရ ၁၈+ ဖြစ်နေပါသည်။

http://www.yawnathan.com/mm/news/details/450

...

(၉၂)

http://www.yawnathan.com/mm/news/details/451

...

(၉၃)

http://www.yawnathan.com/mm/news/details/453

...

(၉၄)

http://www.yawnathan.com/mm/news/details/455

.

(၉၅)

http://www.yawnathan.com/mm/news/details/459

...

(၉၆)

http://www.yawnathan.com/mm/news/details/461

...

(၉၇)

http://www.yawnathan.com/mm/news/details/464

...

(၉၈)

http://www.yawnathan.com/mm/news/details/466

...

(၉၉)

http://www.yawnathan.com/mm/news/details/471

...

(၁၀၀)

http://www.yawnathan.com/mm/news/details/475

...

(၁၀၁)

http://www.yawnathan.com/mm/news/details/480

...

(၁၀၂)

http://www.yawnathan.com/mm/news/details/483

.

(၁၀၃)

http://www.yawnathan.com/mm/news/details/487

...

(၁၀၄)

http://www.yawnathan.com/mm/news/details/490

...

(၁၀၅)

http://www.yawnathan.com/mm/news/details/496

...

(၁၀၆)

http://www.yawnathan.com/mm/news/details/499

...

(၁၀၇)

http://www.yawnathan.com/mm/news/details/505

...

(၁၀၈)

http://www.yawnathan.com/mm/news/details/507

...

(၁၀၉)

http://www.yawnathan.com/mm/news/details/513

...

(၁၁၀)

http://www.yawnathan.com/mm/news/details/514

...

(၁၁၁)

http://www.yawnathan.com/mm/news/details/519

...

(၁၁၂)

http://www.yawnathan.com/mm/news/details/522

...

(၁၁၃)

http://www.yawnathan.com/mm/news/details/525

...

(၁၁၄)

http://www.yawnathan.com/mm/news/details/529

...

(၁၁၅)

http://www.yawnathan.com/mm/news/details/532

...

(၁၁၆)

http://www.yawnathan.com/mm/news/details/535

...

(၁၁၇)

http://www.yawnathan.com/mm/news/details/536

...

(၁၁၈)

http://www.yawnathan.com/mm/news/details/539

...

(၁၁၉)

http://www.yawnathan.com/mm/news/details/541

...

(၁၂၀)

http://www.yawnathan.com/mm/news/details/543

...

(၁၂၁)

http://www.yawnathan.com/mm/news/details/546

...

(၁၂၂)

http://www.yawnathan.com/mm/news/details/547

...

(၁၂၃)

http://www.yawnathan.com/mm/news/details/549

...

(၁၂၄)

http://www.yawnathan.com/mm/news/details/551

...

(၁၂၅)

http://www.yawnathan.com/mm/news/details/553

...

(၁၂၆)

http://www.yawnathan.com/mm/news/details/555

...

(၁၂၇)

http://www.yawnathan.com/mm/news/details/557

...

(၁၂၈)

http://www.yawnathan.com/mm/news/details/560

...

(၁၂၉)

http://www.yawnathan.com/mm/news/details/562

...

(၁၃၀)

http://www.yawnathan.com/mm/news/details/564

...

(၁၃၁)

http://www.yawnathan.com/mm/news/details/566

...

(၁၃၂)

http://www.yawnathan.com/mm/news/details/567

...

(၁၃၃)

http://www.yawnathan.com/mm/news/details/570

...

(၁၃၄)

http://www.yawnathan.com/mm/news/details/574

...

(၁၃၅)

http://www.yawnathan.com/mm/news/details/576

...

(၁၃၆)

http://www.yawnathan.com/mm/news/details/577

...

(၁၃၇)

http://www.yawnathan.com/mm/news/details/578

...

(၁၃၈)

http://www.yawnathan.com/mm/news/details/579

...

(၁၃၉)

http://www.yawnathan.com/mm/news/details/581

...

(၁၄၀)

http://www.yawnathan.com/mm/news/details/582

...

(၁၄၁)

http://www.yawnathan.com/mm/news/details/584

...

(၁၄၂)

http://www.yawnathan.com/mm/news/details/585

...

(၁၄၃)

http://www.yawnathan.com/mm/news/details/587

...

(၁၄၄)

http://www.yawnathan.com/mm/news/details/589

...

(၁၄၅)

http://www.yawnathan.com/mm/news/details/590

...

(၁၄၆)

http://www.yawnathan.com/mm/news/details/591

...

(၁၄၇)

http://www.yawnathan.com/mm/news/details/597

...

(၁၄၈)

http://www.yawnathan.com/mm/news/details/598

...

(၁၄၉)

http://www.yawnathan.com/mm/news/details/601

...

(၁၅၀)

http://www.yawnathan.com/mm/news/details/603

...

(၁၅၁)

http://www.yawnathan.com/mm/news/details/605

...

(၁၅၂)

http://www.yawnathan.com/mm/news/details/606

...

(၁၅၃)

http://www.yawnathan.com/mm/news/details/607

...

(၁၅၄)

http://www.yawnathan.com/mm/news/details/608

...

(၁၅၅)

http://www.yawnathan.com/mm/news/details/610

...

(၁၅၆)

http://www.yawnathan.com/mm/news/details/612

...

(၁၅၇)

http://www.yawnathan.com/mm/news/details/614

...

(၁၅၈)

http://www.yawnathan.com/mm/news/details/615

...

(၁၅၉)

http://www.yawnathan.com/mm/news/details/617

...

(၁၆၀)

http://www.yawnathan.com/mm/news/details/618

...

(၁၆၁)

http://www.yawnathan.com/mm/news/details/621

...

(၁၆၂)

http://www.yawnathan.com/mm/news/details/623

...

(၁၆၃)

http://www.yawnathan.com/mm/news/details/624

...

(၁၆၄)

http://www.yawnathan.com/mm/news/details/627

...

(၁၆၅)

http://www.yawnathan.com/mm/news/details/628

...

(၁၆၆)

http://www.yawnathan.com/mm/news/details/631

...

(၁၆၇)

http://www.yawnathan.com/mm/news/details/633

...

(၁၆၈)

http://www.yawnathan.com/mm/news/details/635

...

(၁၆၉)

http://www.yawnathan.com/mm/news/details/637

...

(၁၇၀)

http://www.yawnathan.com/mm/news/details/639

...

(၁၇၁)

http://www.yawnathan.com/mm/news/details/640

...

(၁၇၂)

http://www.yawnathan.com/mm/news/details/643

...

(၁၇၃)

http://www.yawnathan.com/mm/news/details/644

...

(၁၇၄)

http://www.yawnathan.com/mm/news/details/646

...

(၁၇၅)

http://www.yawnathan.com/mm/news/details/648

...

(၁၇၆)

http://www.yawnathan.com/mm/news/details/652

...

(၁၇၇)

http://www.yawnathan.com/mm/news/details/653

...