နိုင်ငံ၏ သယံဇာတ ထုတ်လုပ်ရေး သည် ပွင့်လင်းမြင်သာမှု ရှိလာနိုင်ဦးမည်လော (အပိုင်း ၃)

by Hla Soewai - Aug 23 2019

ုကမ္ဘာပေါ်ရှိ လုပ်ငန်းတိုင်းတွင် အကျိုးခံစားခွင့် ရယူသည့် ပိုင်ဆိုင်မူ ကို ဖွဲ့စည်းတည်ဆောက်ထားသော Beneficial Ownership Structure က ရှိတတ်စမြဲပင်။ သို့သော်ပြသာနာ ရှိနေသည်က အဆိုပါ structureထဲတွင် ကုမဏ္ဍီ တခုခု ကို အများပြည်သူကိုထုတ်ပြန်သည့် မှတ်တမ်းများ တွင် ထိမ်ချန်လျို့ဝှက်ထားလေ့ရှိသည်။

ထိုသို့ ထိမ်ချန်ဖို့ က လည်း ကော်ပိုရေးရှင်းကြီးများက အလွှာပေါင်းများစွာ ခံကာ တည်ဆောက်ထားပြီး တနေရာ ရာတွင် မထင်မရှား ဖြင့် မသိမသာ ထည့်သွင်းထားလေ့ရှိသည်။ အဆိုပါ ကုမ္ပဏ္ဍီ အဖို့ မူးယစ်ဆေးဝါးကုန်ကူးခြင်း၊ တရားမ၀င် သစ်ခုတ်လှဲခြင်းအပြင် အစိုးရ နှင့် ပြည်သူများ နစ်နာစရာုဖြစ်စေသည့် အရင်းအမြစ်များကိုလွှဲပြောင်းရယူခြင်းများ အပြင် အခွန်တိမ်းရှောင်ခွင့်များ လုပ်ကိုင်ခွင့် ရရှိနေသည်။

ဤသည်ကပင် လိမ်လည်မူများ ကျုး လွန်နိုင်ဖို့ လုပ်ကြသည့် ဓမ္မတာ မျိုး ဖြစ်လာခဲ့ရသည်။၁၉၈၀ မှ ၂၀၁၀ အတွင်း ကမ္ဘာဘဏ်မှ နိုင်ငံ
ပေါင်း ၈၀ ကို လေ့လာခဲ့သည့် စစ်တမ်းများအရ ၇၀% သည် ထိုကဲ့သို့ ပိုင်ဆိုင်မူကိုတမင်တကာ ထိမ်ချန် သိုဝှက်ထားသည် ကိုသိရှိလာခဲ့ရသည်။

မြန်မာနိုင်ငံတွင် သယံဇာတ တူးဖေါ်ထုတ်လုပ်ရေး လုပ်ငန်းများမှ အစိုးရ ရရှိမည့် ၀င်ငွေများသည် ယင်းကဲ့သို့ သောနည်းလမ်းများဖြင့်
ချည်နှောင်ထားသည်မှာ ငြင်း၍မရအောင်ဖြစ်လာနေခဲ့သည်။ ထု့် အတွက် အဆိုပါမသမာသော နည်းလမ်းများကို တိုက်ဖျက်သွားမည်ဟုပင် အစိုးရမှ လူသိရှင်ကြားကြေငြာ ခဲ့ရသည်။

၂၀၁၃ ခုနှစ် အတွင်း EITI မှ ရေနံ နှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်းများ နှင့် ကျောက်မျက် ရတနာများ ထုတ်လုပ် ရောင်းဝယ်နေမှုများတွင် ပါဝင် ပါတ်သက်နေသည့် ကုမ္ပဏီများ၏ ပိုင်ဆိုင်ထားမူကို ထုတ်ဖေါ်ကြေငြာရန်အကြံပြု တင်ပြထားသော်လည်း လိုက်နာသူအနည်းငယ်မျသာ ရှိခဲ့သည်။

မြန်မာသည် ယခုအချိန်အထိ သယံဇာတ တူးဖေါ်ရေး လုပ်ငန်းများတွင် ပိုင်ဆိုင်မှု၊ လုပ်ကိုင်ခွင့် တင်ဒါတင်သွင်းမှု ၊ ရင်းနှီး မြုပ်နှံ မှုနှင့် လုပ်ငန်းလည် ပါတ်မှုများအတွက် အစိုးရထံမှတ်ပုံတင်ရာတွင် အပန်းမကြီးပဲ အလွယ်တကူ ပြု လုပ်၍ ရနေဆဲ ဖြစ်သည်။ ထို့ အတွက် ပွင့်လင်းမြင်သာမှု ရှိရေးအကောင်အထည်ဖေါ်ရာတွင် လျင်လျင်မြန်မြန် အောင်မြင်အောင် ပြု လုပ်နိုင်ဖို့ ခက်ခဲနေမည်ဆိုသည်ကို သေချာပေါက် ပြော၍ ရနိုင်သည်။

ထို့ သို့ အကောင်အထည် ဖေါ်ဖို့ တရားဥပဒေ အရ ချမှတ်ပေးထားသည့်စည်းမျဉ်းစည်းကမ်း ဘောင်များလည်း မရှိသေး သဖြင့် ကုမ္ပဏီများ အဖို့မဖြစ်မနေ လိုက်နာ ဆောင်၇ွက်စရာမလိုသည့် အနေအထား ရှိနေသည်။

EiTI အနေဖြင့် ပြီးခဲ့သည့် နှစ်များအတွင်းအဆိုပါ ဥပဒေရေးရာများ အကောင်အထည်ဖေါ်ရန် အစိုးရနှင့် ထဲထဲဝင်ဝင် ဆွေးနွေးမှုများ ပြု လုပ်ခဲ့သည်။ သို့သော် အစစ်အမှန်ပြောင်းလဲနိုင်မည့် အရံအတားများ တည်ဆောက်ဖို့ တွင် ပိတ်ဆို့ မှုများ ရှိနေဆဲပင်ဖြစ်သည်။

ဆက်လက် တင်ပြပါမည်။