ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအဖွဲ့ ရေးသို့ထွက်ခွာ၊

by Hla Soewai - Aug 12 2019

ရေးမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူများအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းပေးရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့သည် မော်လမြိုင်မြို့မှ ယနေ့ ညနေ ၄ နာရီတွင် စတင်ထွက်ခွာနေပြီဖြစ်ပါသည်။ စခန်းများတွင် လတ်တလော လိုအပ်နေသည့် ဓာတ်ဆားထုတ်များ ၊ ရေသန့်နှင့် ဆေးဝါးများ ၊ တာလပတ် ၊ ခေါက်ဆွဲခြောက်ထုပ်များ ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း နှင့် အတွင်းခံများ ၊ ကလေးဒိုက်ဘာများ ၊ လက်နှိပ်ဓါတ်မီး ၊ဓါတ်ခဲများအားလည်း လှူဒါန်းပေးရန်အတွက် တစ်နိုင်တစ်ပိုင် ဝယ်ယူ သယ်ဆောင်သွားကြပါသည်။

မူရင်းလင့်...https://m.facebook.com/story.php?story_fbid=1301813416645041&id=231569510336109