ဒီမိုကရေစီ အညွန်းကိန်းတွင် မြန်မာသည် မြောက်ကိုရီယား အောက် ရောက်ရှိသွားပြီ ဖြစ်

by Hla Soewai - Feb 12 2022

အီကော်နော်မစ် မဂ္ဂဇင်း ၏ Intelligence Unit မှ နိုင်ငံပေါင်း ၁၆၇ နိုင်ငံ အား စစ်တမ်းကောက်၍  နှစ်စဉ် ထုတ်ပြန်နေကျ ကမ္ဘာ ဒီမိုကရေစီ အည္နွန်းဇယား တွင် ၂၀၂၁ အတွက် မြန်မာသည် အဆင့် ၁၆၆ ဖြင့်  မြောက်ကိုရီယား အောက် အာဖဂန်နစ္စတန် အထက်တွင် ရောက်ရှိသွားပြီ ဖြစ်သည်။

အဆိုပါ စစ်တမ်းအား အချက် ငါးချက် ဖြစ်သည့် ရွေးကောက်ပွဲ ရှိမရှိ၊ ရှိသော်လည်း တကယ်တမ်း အများကို ကိုယ်စားပြုခြင်း ရှိမရှိ၊ အစိုးရ ယန္တရား လည်ပတ်နိုင်မှု၊ နိုင်ငံ အရေး တွင် ပါဝင် နိုင်ခြင်း၊ ဒီမိုကရေစီ ယဉ်ကျေးမှု၊ နိုင်ငံသားများ လွတ်လပ်ခွင့် တို့ နှင့် တိုင်းတာ ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု သိရသည်။

အာရှ နိုင်ငံများထဲတွင် တိုင်ဝမ်သည် ထိပ်ဆုံး ဆယ်နိုင်ငံ စာရင်းတွင် နံပတ် ရှစ်နေရာမှ ပါဝင်ခဲ့သည်၊ ကျန်နိုင်ငံများမှာ နော်ဝေး သည် နံပတ်တစ်၊ နယူးဇီလန်၊ ဖင်လန်၊ ဆွီဒင်၊ အိုက်စလန်၊ ဒိန်းမတ်၊ ဩစတေးလျ နှင့် ဆွစ်ဇာလန် တို့ အစဉ်လိုက် နေရာယူထားကြသည်။

တိုင်းပြည် စီးပွားရေး ထိုးကျလာနေသည့် အပြင် အိုမီကရွန် ကူးစက် ရောဂါ ကြီး ခြိမ်းချောက်ခံလာရချိန်တွင် မင်းအောင်လှိုင်သည် မြန်မာကျပ်ငွေ ၉ ဘီလီယံ (ဒေါ်လာ ၅ သန်း) အကုန်ခံ၍ ၎င်းအား လူထု မှ ထောက်ခံနေကြောင်း၊ တိုင်းပြည် ပုံမှန် ပြန်ဖြစ်ပြီဟု ကမ္ဘာကို လှည့်စားရန် ကြံစည်လာပြီ ဖြစ်သည်။

ထိုအတွက်လည်း ပြည်သူများ၏ သဘောတူညီချက် တနည်းအားဖြင့် လွှတ်တော်၏ သဘောတူညီချက်လည်း တောင်းခံစရာ မလိုပေ၊ မိမိသဘော တခုတည်းဖြင့် တိုင်းပြည် ဘဏ္ဍာကို သွန်ချင်သလို မှောက်ချင်သလို မှောက် လုပ်ခွင့်ရနေပေသည်၊ မည်မျှ ကောင်းလိုက်ပေသနည်း။

ယခင်က ရွေးကောက်ပွဲကိုပင် ရွှေ့ဆိုင်းသင့်သည်ဟု ပြောလာသူများလည်း ပါးစပ်ပိတ်နေကြပြီ ဖြစ်သည်။

သို့သော် နိုင်ငံ၏ အခြေအမှန်ကို သိသူ အားလုံးက အဆင်ခြင်မဲ့သည့် လုပ်ရပ် အဖြစ်သာ ရှု့မြင်ခြင်း ခံရယုံမှ လွဲ၍ မည်သိုမှ အကျိုး ဖြစ်ထွန်းလာဖို့ မရှိပေ။

မင်းအောင်လှိုင်မှ ထိုသို့ ဗိုလ်ရှု့ခံ သဘင်ကြီးအား
ဒေါ်လာ ၅ သန်း အကုန်ခံ၍ ခြိမ့်ခြိမ့်သဲ ကျင်းပရန် ပြင်ဆင်နေချိန်တွင် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ယိုရှီမာဆာ ဟာရာရှီမှ မြန်မာပြည်သူများ အား အရေးပေါ် စားနပ်ရိက္ခာအကူအညီ အဖြစ် ဒေါ်လာ ၁၈.၅ သန်း အား နိုင်ငံတကာ အဖွဲ့အစည်းများမှ တဆင့် ပေးအပ်သွားမည်ဟု ယနေ့ ထုတ်ဖေါ် ပြောဆိုလိုက်သည်။ 

အဆိုပါ လူသားချင်း စာနာထောက်ထားစွာ ပေးအပ်မည့် အကူအညီများအား ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း ပြည်နယ်နှင့် ရန်ကုန်ရှိ အချို့ မြို့နယ်များရှိ ပြည်သူများအား ပေးအပ်သွားမည် ဖြစ်သည်ဟု သိရသည်။

ထိုသို့ ထင်တိုင်းကြဲနေသော  မြန်မာ အာဏာသိမ်း အဖွဲ့အား တရုတ်က မသိကျိုးကျွံပြုကာ ဖာသိဖာသာ ဆက်ဆံနေခြင်းကပင် ၎င်းတို့၏ လုပ်ရပ်များကို အားပေးအားမြှောက်ရာ ကျနေသဖြင့် ဘီဂျင်း အပါအဝင် ဒေသတွင်း နိုင်ငံများက ဖိအားများ တိုးမြှင့်ပြုလုပ်သင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် က ပြောလာခဲ့ပြီ ဖြစ်သည်။

မိမိတို့ အနေနှင့် မည်သူကိုမျှ အညိုးထားခြင်း မရှိပဲ နိုင်ငံအားလုံး နှင့် ပွင့်ပွင့်လင်းလင်း ဆက်ဆံသွားရန် ဆန္ဒရှိသည်ဟု ဆိုသည်။

NUG သည် အမေရိကန် အပါအဝင် အီးယူ နိုင်ငံများမှ အထက်တန်း အရာရှိကြီးများ နှင့် လူသိရှင်ကြား ဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း ယခုအချိန်အထိ ဂျပန် အပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့် ပွင့်လင်း မြင်သာစွာ ဆွေးနွေးနိုင်ခြင်း မရှိသေးပဲ အချို့နိုင်ငံများနှင့် အလွတ်သဘော ဆွေးနွေးမှုများသာ ရှိခဲ့သည်။

တရုတ်၏ လက်ရှိ အနေအထားသည် အာဏာကို ပြည်သူများထံ ပြန်လည် အပ်နှင်းသင့်သည်ဟု စွဲကိုင်ထားသဖြင့် ယခင် အနေအထားများနှင့် လုံးဝ ကွာခြားနေသည်ဟု ဒေါ်ဇင်မာအောင်က ပြောခဲ့သည်။

သို့သော် မင်းအောင်လှိုင်သည် တရုတ်၏ သဘောထား အတိုင်းပင် ‌ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု အာဏာသိမ်းစဉ်ကတည်းက ပြောခဲ့သည်ကို တော့ မေ့လျော့ထား၍ မဖြစ်ပေ၊ တရုတ်သည် စစ်အစိုးရ ပုံစံမျိုး နှင့် ရေရှည် မသွားရန် သတိပေးထားခဲ့ပုံ ရသည်။

လက်ရှိတွင် အာဏာသိမ်း အဖွဲ့က လူများအား ဆက်လက် ဖမ်းဆီးသတ်ဖြတ်နေခြင်းများကြောင့် ပွင့်ပွင့်လင်းလင်း မထောက်ခံရဲ ဖြစ်‌နေပြီး ဖာသိဖာသာ နေခြင်းလည်း ဖြစ်နိုင်ပြီး အခြေအနေများ ပြန်လည် တည်ငြိမ်ပြီဟု  ယူဆက ချက်ခြင်းလို reset ခလုပ်ကို နှိပ်လာတော့မည် ဖြစ်သည်။

လက်ရှိတွင် ဘီဂျင်း နှင့်  NUG အကြား စာပေးစာယူ အဆင့်သာ ရှိသေးသည်ဟု နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

မိမိတို့ အမျိုးသား ညီညွတ်ရေး အစိုးရ စတင် ဖွဲ့စည်းစဉ်က ယခုလို လက်နက်ကိုင် တော်လှန်ရေး ပြုလုပ်ရန် ရည်ရွယ်ချက် မရှိသည်ကို နိုင်ငံတကာ အ‌နေဖြင့် သိထားရန် လိုကြောင်း၊ သို့သော် အာဏာသိမ်း အဖွဲ့မှ နေ့စဉ် ရက်ဆက် အကြမ်းဖက်များ တိုးမြှင့် ပြူလုပ်လာသဖြင့် ပြည်သူများ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များ အနေနှင့် ရှေ့လျောက် လက်ပိုက်ကြည့်နေ၍ မဖြစ်တော့ဟု
ပြောသည်။

တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်စောင့်ရှောက်ရန် ဖွဲ့စည်းထားသည့် တပ်မတော်သည်လည်းနေ့ချင်းညချင်း ဆိုသလို ပျောက်ကွယ်သွားခဲ့ရသည့် အဖြစ်နှင့် ပြည်သူတို့ ကြုံခဲ့ရပြီ ဖြစ်သည်။

စစ်ကောင်စီသည် NUG အား အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ပုံဖေါ်ရန် ကြိုးစားနေပြီး ယခုအခါ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုကိုပင် အကူအညီပေးရန် ဝဏ္ဏမောင်လွင်က အရှက်မရှိ ပြောဆိုလာခဲ့သည်။ အင်တာပိုလ်ကိုသာ ဦးတည်ပြောခြင်း မဟုတ်ပဲ ကမ္ဘာပေါ်ရှိ အကြမ်းဖက် တိုက်ဖျက်ရေး အဖွဲ့များကိုပါ ရည်ညွန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အရှက်မရှိ၍လော၊ သို့တည်း မဟုတ် ကြံရာမရ ဖြစ်လာ၍ ကူညီလို ကူညီညား သွေးတိုးစမ်းခြင်းလော၊ သို့တည်း မဟုတ် ၎င်းတို့ ဟိဂ် သို့ လာမည့် ခရီးစဉ် အတွက် မြေစမ်းခရမ်းပျိုးခြင်းလော ဆိုသည်ကား ဝဏ္ဏမောင်လွင် နှင့် ဦးနေဝင်း ချွေးမ မှ လွဲ၍ မည်သူမှ သိနိုင်မည် မဟုတ်ပေ။

သို့သော် အင်တာပိုလ်က ချက်ခြင်းလို ပယ်ချပစ်ခဲ့သည်။ 

နိုင်ငံကို မိမိတို့ အဖွဲ့အစည်း တခုတည်းကသာ အုပ်ချူပ်ရမည် ဆိုကာ လက်နက်အားကိုးဖြင့် အာဏာ အစစ်အမှန် ပိုင်ရှင် ပြည်သူများအား နိုင်ငံရေး နယ်ပယ်မှ မောင်းထုတ်ကာ တသွေးတသံ တမိန့်ဖြင့် အုပ်ချုပ်ရန် ကြံစည်နေသည့် အရေးကို ယဉ်ကျေးသော လူ့အဖွဲ့အစည်း မှန်သမျှ မည်သို့မှ လက်ခံ၍ မရသည်ကို ထပ်မံ မီးမောင်းထိုးပြလိုက်ခြင်းလည်း ဖြစ်ပေသည်။

ကမ္ဘာတောရိုင်း သဘာဝ ကာကွယ်ရေး အဖွဲ့ကြီးမှ အပင် နှင့် ကျောရိုးရှိ သတ္တဝါ ၂၂၄ မျိုး အား မဲခေါင် မြစ်ဝှမ်း ဒေသတွင် ထပ်မံ တွေ့ရှ်ိခဲ့သည်ဟု ကြေညာလာခဲ့သည်၊ သို့သော် မသိသား ဆိုးဝါးလှသော စစ်အာဏာသိမ်း သမားများကိုသာ မမေ့မလျော့ ထည့်သွင်းမည် ဆိုက ၂၂၅ မျိုး ဟု ပြော၍ ရနိုင်မည် ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!