ကုလ အစီရင်ခံစာကို မြန်မာ အစိုးရ ပါယ်ချ

by Hla Soewai - Aug 07 2019

တနင်္လာနေ့က ထုတ်ပြန်လိုက်သော ကုလ အချက်အလက် ရှာဖွေရေး ကော်မရှင် အစီရင်ခံစာ၏ ခြောက်လကြာ စုံစမ်း စစ်ဆေးအပြီး ထောက်ခံ တင်ပြချက် နှင့် သုံးသပ်ချက်များကို မိမိတို့မှ ပြတ်ပြတ်သားသား ပါယ်ချကြောင်း မြန်မာ နိူင်ငံခြားရေး၀န်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်လို်က်သည်။

“နိူင်ငံ နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြောင်း” လည်း ဖေါ်ပြထားသည်။

ကုလ အချက်အလက် ရှာဖွေရေး မစ်ရှင် နှင့် ယင်း၏ အစီရင်ခံစာပါ အချက်များကို အသိအမှတ်ပြူမည် မဟုတ်ကြောင်း ထပ်မံဖေါ်ပြခဲ့ပြီး လူ့အခွင့်အရေး ဖေါက်ဖျက် ကျူးလွန်သည်ဟု စွပ်စွဲမှုများ အပေါ် မိမိတို့ ဖွဲ့စည်းထားသော သီးခြား လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်က တာ၀န်ယူမှု၊ တာ၀န်ခံမှု ရှိရေး ဆောင်ရွက်လျက် ရှိကြောင်းလည်း ဖေါ်ပြထားပါတယ်။

ထိုသို့ သတင်းထုတ်ပြန် ငြင်းဆိုချက်အား ပြည်ပ မီဒီယာ အချို့မှ စစ်တပ်နှင့် ညီညွတ်မှု ရှိနေကြောင်း ပြဆိုသည့် အနေဖြင့် ပြုလုပ်ခဲ့သည်ဟု သုံးသပ်ကြသော်လည်း အစီရင်ခံစာ၏ အဓိကရည်ရွယ်ချက် ဖြစ်သည့် တပ်မတော်၏ စီးပွားရေး အင်ပိုင်ယာကြီး ကြုံ့သွားစေရန် နိူင်ငံတကာ အစိုးရများ နှင့် ကုမ္ပဏီများက အရေးယူ ဒဏ်ခတ်ရန် တောင်းဆိုထားမှုနှင့် ပါတ်သက်၍ နိူင်ငံ ရင်ဆိုင်နေရသော စိမ်ခေါ်မှုများအား စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဖြင့် ဖြေရှင်းနိူင်လိမ့်မည် မဟုတ်ဟု ခပ်တိုတိုသာ ဖေါ်ပြထားပြီး ကျန်သည်များက ရခိုင်ပြည်နယ် အကြမ်းဖက်မှုများကို အဓိက ထား ပါယ်ချသွားပါတယ်။

ဇွန်လ အတွင်းမှစ၍ ရခိုင်ပြည်နယ် အနောက်ပိုင်းတွင် မြန်မာရေတပ် သမိုင်းတလျာက် အကြီးမားဆုံး ဟု ပြော၍ ရမည့် စစ်အင်အား ကို တပ်မတော်မှ ဖြန့်ကျက်ချထားလာကြောင်း သြဇာတက္ကိမ ရှိသည့် နိူင်ငံတကာ ကာကွယ်ရေး ဂျာနယ် Jane’s Weekly တွင် ရေးသားထားပါတယ်။

https://www.facebook.com/ynt.online/