စစ်ခေါင်းဆောင်များက အရှိန်မြင့်လာနေသော နွေဦး တော်လှန်ရေးအား ဟန့်တားနိုင်ရန် နည်းမျိုးစုံ ကြံစည်လျက် ရှိ

by Hla Soewai - Jan 22 2022

နွေဦးတော်လှန်ရေး အရှိန်အဟုန် မြင့်တက်လာနေပြီ ဖြစ်၍ စစ်အုပ်စု အလိုတော်ရိများက တတ်နိူင်သမျှ ဟန့်တားနိူင်ရေး အတွက် ညဏ်နီညဏ်နက်များ ထုတ်ကာ နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိနေကြသည်၊ ယခုအခါ ‌ဆိုက်ဘာ လုံခြုံရေး ဥပဒေ အသစ် တရပ်ထုတ်ကာ VPN အသုံးပြုမှု ကို တရားမဝင်ကြောင်း ကြေညာရန် ပြင်ဆင်လာနေပြီ ဖြစ်သည်။

ပြန်လည် ပြင်ဆင်ရန် ရှိသည့် ဥပဒေအရ VPN အသုံးပြုသည်ကို တွေ့ရှိက ထောင်ဒဏ် တနှစ်မှ သုံးနှစ်အထိ ကျခံရမည်ဟု ဆိုသည်၊ ၎င်းတို့သက်ဆိုးရှေရေး ရည်ရွယ်ချက် တခုတည်းဖြင့် တိုင်းပြည်တိုးတက် ဖွံ့ဖြိူးရေး ကို ဟန့်တားနှောက်ယှက်နေယုံမျှမက ကမ္ဘာအလယ်တွင် အောက်ဆုံးအဆင့်သို့ ဆွဲချနေခြင်း သည့် လုပ်ရပ်များ ဖြစ်ကြောင်း ထင်ရှားသည်ထက် ထင်ရှားလာနေပြီ ဖြစ်သည်။

တကယ်တမ်းတွင် ဥပဒေသည် ၎င်းတို့ ပါးစပ်ထဲတွင်သာ ရှိ‌နေ၍ တကူးတက ပြင်ဆင်နေဖို့ ပင် မလိုပဲ စာတိုလေး တကြောင်းနှစ်ကြောင်းဖြင့် အောင်လင်းဒွေး လက်မှတ်ထိုးလျင်ပင် ပြီးမြောက်နေပေသည်။

မင်းအောင်လှိုင်သည်ပင် အောင်လင်းဒွေး လက်မှတ်တခုတည်းဖြင့် ဝန်ကြီးချုပ် ဖြစ်လာခဲ့ရသည် မဟုတ်ပါလား။

ယခုပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် နှင့် ၈၈ ကျောင်းသားဟောင်းများ အဖွဲ့မှ ဦးဂျင်မီတို့အား ၎င်းတို့၏ စစ်ခုံရုံးမှ သေဒဏ်ချမှတ်လိုက်ပြီ ဖြစ်သည်။ ဤသည်ကလည်း အကြောက်တရား ဖြင့် လူထူကို ခြိမ်းချောက်လိုက်ခြင်းလည်း ဖြစ်သည်။

ယခုအခါ ချေဗရွန်သည်လည်း တိုတယ်နှင့် အတူ
လုပ်ငန်းများ ရပ်ဆိုင်းတော့မည်ဟု ကြေညာလိုက်ပြီ ဖြစ်သည်။ အဆိုပါ ကုမ္ပဏီကြီး နှစ်ခု မှ ထိုသို့ ရှေ့ဆင့်နောက်ဆင့် ကြေညာလာခြင်းသည် တိုက်ဆိုင်မှုတော့ မဟုတ်ပဲ နောက်ကွယ်မှ ဖိအားများ ပေးခံရခြင်းကြောင့်ပင် ဖြစ်နိုင်စရာ ရှိပေသည်။

မြန်မာပြည်ရှိ လုပ်ငန်းများမှ ရရှိသော ဝင်ငွေသည် ကုမ္ပဏီ၏ စုစုပေါင်း ဝင်‌ ငွေ၏ တစ်ရာနှုန်းပင် မရှိ၍ ဝင်ငွေအားဖြင့် ထိခိုက်မှု မရှိဟု လည်း တိုတယ်၏ ကြေညာချက်တွင် ပါရှိလာသည်။

မူလက ထိုသို့ မကြေညာမီ တိုတယ်မှ ပြင်သစ် အာဏာပိုင်များကို ချည်းကပ်ပြီး ဒဏ်ခတ် ပိတ်ဆိုမှူ စာရင်းထဲ ထည့်သွင်းပြီး ပေးငွေများကို ငွေစာရင်း သီးသန့်ဖွင့်ပြီး ထိန်းသိမ်းပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

ယခုအခါ တူးဖေါ်ရေး လုပ်ကွက်များပါ စွန့်လွှတ်လိုက်ပြီ ဖြစ်၍ ထုတ်လုပ်မှုရော၊ ငွေပေးချေမှုများပါ လက်ရှိ ကန်ထရိုက်သက်တမ်း ၆ လ ပြည့်သည့်အခါ ပြီးဆုံးပြီ ဖြစ်သည်ဟု တိုတယ်ပြောခွင့်ရ မှ ရိုက်တာ သတင်းဌာနသို့ ထုတ်ဖေါ်ပြောကြားခဲ့သည်။ ၎င်းတို့ ရုပ်သိမ်းခြင်းအား မြန်မာ အာဏာပိုင်များ၏ သဘောတူ ခွင့်ပြုချက် ယူစရာ မလိုဟုလည်း ဆိုသည်။

တိုတယ်နှင့် ချေဗရွန်၏ လုပ်ပိုင်ခွင့်များကို ရှယ်ယာ အနည်းဆုံး ပိုင်ဆိုင်ထားသည့် ထိုင်း၏ PTTEP မှ ဆက်လက်လုပ်ကိုင်နိုင်ခွင့် ရှိနေ၍ နိူင်ငံတကာ အနေဖြင့် အရေးယူ ပိတ်ဆို့သည့် စာရင်းတွင် ထည့်သွင်းရန်လည်း တောင်းဆိုလာကြသည်။

ကုလအတွင်းရေးမှုးချုပ်၏ အထူး သံတမန် နိုလင်း ဟေဇာ မှ နိုင်ငံတွင်း စစ်ဘေးသင့် ပြည်သူများကို ကုလ နှင့် အာဆီယံ ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ပေးနိုင်ရန် အ‌ဆိုပြုလာသည်။

ထိုအဆိုပြုချက် ကို တုန့်ပြန်သည့် အနေဖြင့် ကရင်အမျိုးသား အစည်းအရုံး ကေအင်ယူ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ၊ ချင်း အမျိုးသား တပ်ဦး တို့မှ အကူအညီပေးနိုင်ရေး အတွက် လေယာဉ် မပျံသန်းရ ဇုံ သတ်မှတ်ပြီး လုံခြုံစိတ်ချစွာ သွားလာနိူင်မည့် စင်္ကြန်လမ်းတခု သတ်မှတ်ပေးပါရန် ကုလ နှင့် အာဆီယံအား တောင်းဆိုလာပြီ ဖြစ်သည်။

မင်္ဂလာဒုံ လေတပ်စခန်းအား ဗုံးခွဲတိုက်ခိုက်လာသဖြင့် လေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ဟု တရုတ်သတင်းဌာန CGTN တွင် ဖေါ်ပြလာသည်။

တရုတ်သံရုံး တာဝန်ရှိသူများက ၎င်းတို့၏ အကျိုးစီးပွားများကို တိုက်ခိုက်ခြင်း မပြုရန် အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် အား ဆက်သွယ် မေတ္တာရပ်ခံလာပြီ ဖြစ်၍ အာဏာသိမ်း အဖွဲ့အဖို့ အကြီးအကျယ် အရှက်တကွဲ ဖြစ်သွားခဲ့ရ ပြန်သည်။

ယခုအခါ အီရန် တော်လှန်ရေး အစောင့်တပ်မှ လေယာဉ်များ နိုင်ငံတွင်းသို့ အဝင်အထွက် ပြုလုပ်နေပြီး လက်နက်များ တင်သွင်းနေသည်ဟု Asia Times သတင်းတွင် ဖေါ်ပြလာသည်။

အီရန်သည် ယခင်က ရိုဟင်ဂျာ လူနည်းစုများကို ကာကွယ်ရန် "ပူးတွဲ အစ္စလမ်မစ် စစ်တပ်" ကြီး ဖွဲ့စည်းရန်ပင် အဆိုပြုခဲ့ဖူးပေသည်။

မြန်မာ စစ်ခေါင်းဆောင်များသည် ကြံရာမရ ဖြစ်ကာ အီရန်နှင့်ပင် ဆက်သွယ်လာခြင်းကပင် အခြေအနေများ ရှုပ်ထွေးလာအောင် လုပ်လိုက်သလို ဖြစ်သွားခဲ့ပြီး ၎င်းတို့ကြမ္မာကို ၎င်းတို့ဖာသာ ဖန်တီးလာခြင်းမျိုးပင် ဖြစ်ပေသည်။

ထိုင်းနိုင်ငံ ကချန်နာဘူရီ ပြည်နယ် သောင်ဖါးဖွန် ခရိုင် အတွင်းရှိ ဂူကြီးထဲတွင် ပုန်းအောင်း‌နေကြရရှာသော မြန်မာ မှ အလုပ်အကိုင် ရှာဖွေရန် ခိုးဝင်လာကြသူများ အား ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးမိသွားပြီ ဆိုသည့် သတင်းသည် မိမိတို့ နိူင်ငံသားများ ထိုင်းလို နိုင်ငံမျိုးတွင် မည်မျှအထိ အောက်တန်းနောက်တန်း ကျစွာ ပုန်းလျိုးကွယ်လျိုး လုပ်ကိုင် အသက်‌မွေးနေကြရရှာပြီ ဆိုသည့် အဖြစ်ကလည်း ရင်နာစရာ ကောင်းလွန်းလှပေသည်။ (ဘန်ကောက်ပို့စ် သတင်းစာပါ ပုံအား တွေ့ရစဉ်)

တော်လှန်ရေးကြီး မုချ အောင်မှ ဖြစ်မည်!!!