မြန်မာ ပိုင် ဂြိုလ်တု သြဂုတ်လ ၇ ရက် တွင် လွှတ်တင်တော့မည် ဖြစ်

by Hla Soewai - Aug 03 2019

နိူင်ငံတ၀ှမ်း ဆက်သွယ်ရေး လျင်မြန်တိုးတက်လာစေရန် အတွက် Myanmar Sat 2 ဟု အမည်ပေးထားသည့် ကိုယ်ပိုင် ဂြိုလ်တု အား လွှတ်တင်ရေး စခန်း ရှိရာ တောင်အမေရိကတိုက် အတ္တလန်တိတ် သမုဒ္ဒရာ ကမ်းခြေ ရှိ ပြင်သစ်ပိုင် ဂိုင်ယာနာ နယ်မြေမှ သြဂုတ် လ ၇ ရက်နေ့ မြန်မာ စံတော်ချိန် နံနက် နှစ်နာရီတွင် လွှတ်တင်တော့မှာ ဖြစ်တယ်လို့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနမှ တာ၀န်ရှိသူများက တရား၀င်အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။ ထိုအခမ်းအနားကို ဖေ့ဘုတ်စ်နဲ့ တွစ်တာ တို့က နေ Live ကြည့်နိူင်အောင် စီစဉ်ပေးထားတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ဂြိုလ်တုအား ကယ်လီဖိုနီယား ရှိ Maxar Technologies မှ တာ၀န်ယူ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ လ ထဲမှ ကပဲ လွှတ်တင်မည့် စခန်း ရှိရာသို့ ပို့ဆောင်ပေးခဲ့ပြီ ဖြစ်ပါတယ်။

ယခုကဲ့သို့ ဂြိုလ်တု လွှတ်တင်ရေး အတွက် ၂၀၁၇ မှ စပြီး ဒုသမ္မတ ဦးမြင့်ဆွေ အား ကော်မီတီ တရပ် ဖွဲ့စည်းပြီး တာ၀န်ယူ ဆောင်ရွက်ရန် စတင် ညွှန်ကြားခဲ့ပါတယ်။

ဂြိုလ်တု အတွက် ကုန်ကျစရိတ်သည် အမေရိကန် ဒေါ်လာ ၁၅၅.၇ သန်း ဖြစ်ပါတယ် လို့လည်း သိရပါတယ်။ တာ၀န်ယူ လွှတ်တင်ပေးမယ့် ကုမ္ပဏီကတော့ Intelsat ဖြစ်ပြီး ၂၀၁၈ ဇွန်လ ၁ ရက်နေ့က မြန်မာ သတင်းအချက်အလက် နှင့် ဆိုက်ဘာ လုံခြုံရေး ဌာနနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တာလည်း ဖြစ်ပါတယ်။

လောလောဆယ်တွင် အစိုးရ ၀န်ကြီးဌာနများ မှ အမေရိကန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ် နဲ့ အင်ဒိုနီရှား တို့ရဲ့ ဂြိုလ်တု ချန်နယ် များ ကို Myanmar Sat 1 အမည်နဲ့ နှစ်စဉ် ဒေါ်လာ ဆယ်သန်း ခန့် အကုန်အကျ ခံပြီး ငှားရမ်းသုံးစွဲခဲ့ရပါတယ်။

ကိုယ်ပိုင် ဂြိုလ်တု ကို အောက်တိုဘာလ မှ စတင် အသုံးပြုနိူင်တော့မှာ ဖြစ်တဲ့ အတွက် ဂြိုလ်တု ငှားရမ်း သုံးစွဲခတွင်သာမက ပညာရေး ကျန်းမာရေး နဲ့ အခြား ကဏ္႑များစွာ မှာ ကုန်ကျစရိတ် သက်သာ လာတော့မှာ ဖြစ်ပါတယ်။ ဆက်သွယ်နိူင်မှု သည်လည်း လက်ရှိ Myanmar Sat 1 ထက်စာလျင် ရှစ်ဆ မှ ဆယ်ဆ အထိ မြန်မှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

မြန်မာပြည်တွင်းရှိ မိုဘိုင်း နက်၀ပ် အော်ပရေတာများ၊ အင်တာနက် ကုမ္ပဏီများအဖို့ သုံးစွဲသူများအား ပိုမိုလျင်မြန်ပြီး ယုံကြည်စိတ်ချရတဲ့ ဆက်သွယ်မှုမျိုး ကို ေ၀းလံခေါင်သီတဲ့ အရပ်များအထိ ဖြန့်ဖြူး ပေးနိူင်အောင် တီထွင်ထားတဲ့အတွက် ဒီဂျစ်တယ် ပိုင်း ဆိုင်ရာ ကွာဟမှု ပိုမို ကျဉ်းမြောင်းလာဖို့ရှိတယ်လို့ ဂြိုလ်တုကို တာ၀န်ခံ လွှတ်တင်ပေးမယ့် Arianespace ကုမ္ပဏီ ရဲ့ ၀က်ဆိုဒ်မှာ ဖေါ်ပြထားပါတယ်လို့ ဧရာ၀တီ သတင်းက ဆိုပါတယ်။

မြန်မာဂြိုလ်တုသည် မိုးရွာသွန်းမှု များ တဲ့ ဒေသနှင့် သင့်တော်သည့် Satellite Spectrum C-band (၄၃၂ မီဂါဟတ်ဇ် နှင့် Kuband ၄၃၂ မီဂါဟစ်ဇ် စုစုပေါင်း ကြိမ်နှုန်း ၈၆၄ မီဂါဟပ်ဇ် Intelsat မှ ၁၅ နှစ်ကြာ ငှားရမ်း လည်ပါတ်မှာ ဖြစ်တဲ့ အတွက် လောလောဆယ် Joint Ownership ပုံစံ နဲ့ ဖြစ်ပါတယ်။

မြန်မာ မှ နောက်ထပ် ခြေလှမ်း အဖြစ် ဂျပန်ရှိ ဟော့ကိုင်းဒိုး တက္ကသိုလ်နှင့် မြန်မာလေကြောင်း အာကာသ နည်းပညာ တက္ကသိုလ်တို့ ပူးပေါင်းပြီး ကမ္ဘာမျက်နှာပြင် လေ့လာရေး ဂြိုလ်တု Earth Observation Satellite (EOS) အား လွှတ်တင်ရန် ၂၀၂၀ တွင် စတင် အကောင်အထည်ဖေါ်ဖို့ စို်င်းပြင်းနေတယ်လို့လည်း သိရပါတယ်။

ကိုးကား။ ။ Irrawaddy / DVB / Myanmar Business Today