D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၉၁)

by Hla Soewai - Jan 04 2022

သူတို့ နှစ်ဦး စားပွဲတွင် ပြန်ထိုင်လိုက်ကြသည့် အခါ “ဒါဟာ ကောင်တာက ဂျင်းတဲလ်မင်း တယောက်ရဲ့ စေတနာပါ” ဟု စားပွဲထိုးက ပြောပြောဆိုဆို နှင့် ရှမ်ပိန် တပုလင်းကို လာချပေးသည်။

 

“အဲ့ဒီ ဂျင်းတဲလ်မင်း နာမည်က” ဟု ဂျော်ဒန် မေးသည်။

 

“နာမည်ကိုတော့ မပြောဘူးခင်ဗျ”

 

“ဘယ်လို ပုံစံရှိလဲ”

 

“သူ့ပုံစံက နေလောင်ခံထားရတဲ့ ရပ်ဘီ ကစားသမား တဦး နဲ့ ခပ်ဆင်ဆင်ပဲ”

 

“အမေရိကန် ရေတပ် အရာရှိ လား”

 

“ဟုတ်တယ်”

 

“ရှက်ပတ် ရမ်းဆေး ပဲ ဖြစ်မယ်”

 

“အဲ့ဒီ ဂျင်းတဲလ်မင်းက သူလာထိုင်လို့ ရမလား လည်း မေးခိုင်းလိုက်ပါတယ်”

 

“ပြန်ပြောလိုက်ကွာ၊ ရှန်ပိန်အတွက် ကျေးဇူးပါလို့၊ စားပွဲ လာထိုင်ဖို့ကိုတော့ မေ့လိုက်လို့”

 

“ကောင်းပါပြီ ခင်ဗျ”

 

“ရှက်ပတ် ရမ်ဆေး က ဘယ်သူလဲ” ဟု စားပွဲထိုး ပြန်လှည့်ထွက်သွားချိန်တွင် ကက်သရင်းက မေးလိုက်သည်။

 

“ရှက်ပတ် ရမ်းဆေး က ကိုယ့်ရဲ့ ဒီကမ္ဘာမှာ အခင်ဆုံး သူငယ်ချင်း တယောက်ပါ၊ ကိုယ်တို့က တယောက်နဲ့ တယောက် ညီအကိုတွေလို ချစ်ကြ ခင်ကြတယ်လေ”

 

“အဲ့တာဆိုလည်း လာပါစေလား ရှင်”

 

“ဘာဖြစ်လို့လည်း ဆိုတော့ ကိုယ့် ဘဝမှာ သူမပါဘဲ တခုခု လုပ်ချင်လို့၊ ပြီးတော့ မင်းကိုလည်း သူနဲ့ မျှဝေ မခံစားနိုင်တာကြောင့်လည်း ပါတယ်”

 

“ကောင်းတယ်၊ ကျမလည်း ရှင့်ကို သူ့အတွက် အချိန်မပေးစေချင်ဘူး” ဟု ပြောရင်း ကက်သရင်းက ရှန်ပိန်ခွက်ကို မြှောက်ကာ “ရှက်ပတ် မရှိတဲ့ အချိန်တွေ အတွက်” ဟု ပြောလိုက်သည်။

 

ဂျော်ဒန်က ရီလိုက်ရင်းက “ရှက်ပတ် မရှိတဲ့ အချိန်တွေ အတွက်” ဟု ပြောကာ ခွက်ကို မြှောက်လိုက်ရင်း ဖန်ခွက်ချင်း ထိလိုက်ကြသည်။

 

“ပြီးတော့ လန်ဒန်ရဲ့ အမှောင်ချထားမှု အတွက်၊ အဲ့တာသာ မရှိရင် ရှင့်ကို ကျမ ဝင်တိုက်မိမှာ မဟုတ်ဘူး”

 

“လန်ဒန်ရဲ့ အမှောင်ချထားမှု အတွက်” ဟု ဂျော်ဒန်က လိုက်ပြောလိုက်ရင်း “အခုပြောမယ့် စကားက ဖန်တရာ တေနေမလား တော့ မသိဘူး၊ ကိုယ်မင်းကို အမြဲလို ကြည့်နေချင်မိတယ်”

 

ကက်သရင်း က ကိုယ်ကိုသူ့ဖက် ကိုင်းလိုက်ရင်း “ကျမလည်း ရှင့်ရဲ့အကြည့်တွေကို အမြဲလို ခံချင်နေမိတယ်၊ ဒါကြောင့်လည်း ဒီလို ဝတ်စားလာတာပေါ့”

 

                                                *************************

 

“ကိုယ် နဲနဲ ကြောက်နေမိတယ်”

 

“ကျမလည်း အတူတူပဲ ပီတာ”

 

“အခုလို ဖြာကျနေတဲ့ လရောင်အောက်မှာ လှဲနေတာ ကို ကြည့်ရတာ မင်း အရမ်းကို လှနေတယ်”

 

“ရှင်လည်း ဒီလိုပါပဲ”

 

“ကိုယ့် ဇနီး...”

 

“ရှင်လို ယောကျ်ားမျိုး ကျမ ဘဝမှာ တခါမှ မတွေ့ဘူးတော့ ဖြစ်နိုင်ရင် ရှင့်ဇနီး အကြောင်း မိနစ် အနည်း ငယ်လောက် ဖြစ်ဖြစ် မစဉ်းစားဘဲ နေပေးပါလား ပီတာ၊ ကျမ တောင်းပန်ပါတယ်”

 

“ကိုယ့်အတွက်က အရမ်းခက်ခဲမှု ရှိနေပေမယ့် မင်းနဲ့ အတူ ရှိနေတာကြောင့် ပိုပြီး လွယ်ကူလာတယ်”

 

“ရှင့် အခုလို ဒူးကြီးထောက်ပြီး နေတာကို ကြည့်ရတာ ကျောက်ရုပ်ကြီး ကျနေတာပဲ”

 

“ကျောက်ရုပ်တောင်မှ ပြိုလဲလုမတတ် ဖြစ်နေတဲ့ ရှေးဟောင်း ရုပ်ထုကြီး”

 

“အရမ်း လှတဲ့ ကျောက်ရုပ်ကြီးပါလေ”

 

“ကိုယ် မင်းကို ထိတွေ့နေတာ ရပ်အောင် မလုပ်နိုင်ဖူး ဖြစ်နေတယ်၊ မင်းက အရမ်းလှတော့ စတွေ့ကတည်းက ဒီလို ထိတွေ့ခွင့် ရဖို့ အိမ်မက်တွေ မက်နေမိတယ်”

 

“ရှင် စိတ်ကြိုက် ဖိပြီး ထိ၊ ကျမ မနာပါဘူး”

 

“ဒီလိုလား”

 

“အိုး..ပီတာ၊ ဟုတ်တယ် အဲ့လိုမျိုးလေ၊ ကျမလည်း ရှင့်ကို ထိကြည့်ချင်နေတယ်”

 

“မင်း ရဲ့ အတွေ့အထိက ကိုယ့်အတွက် ပြောမပြနိုင်အောင် ခံစားရတယ်”

 

“ဒီလို လုပ်ရင်လား”

 

“အား..ဟုတ်တယ်”

 

“အဲ့တာ အတော်ပြင်းသွားတယ်၊ ကျမ ရှင်ကို လုပ်ပေးချင်တာ တခု ရှိသေးတယ်”

 

“ဘယ်လို မျိုးလဲ”

 

“အကျယ်ကြီး ပြောလို့ မရဘူး၊ ကျမ အနားတိုး”

 

“ကက်သရင်း....”

 

“အဲ့လို လုပ်ပေး ဒါလင်၊ ရှင့်အဖို့ ဘယ်တော့မှ နောင်တ မရစေရဘူး”

 

“အိုး..ဘုရားရေ၊ မယုံံနိုင်လောက်အောင် ကောင်းနေပါလား”

 

“အဲ့တာဆိုလည်း ကျမ ဆက်လုပ်ပေးမယ်နော်”

 

“မင်း အဲ့လို လုပ်နေတာကို ကြည့်ရတာ အရမ်းကြည့်လို့ကောင်းတာပဲ”

 

“ကျမ ရှင့်ကို အခုလိုမျိုး ကောင်းကောင်း ခံစားစေချင်လို့ပါ”

 

“ကိုယ်လည်း မင်းကို ကိုယ်လိုမျိုး ခံစားစေချင်တယ်”

 

“အဲ့တာဆို ဘယ်လို လုပ်ရမယ် ဆိုတာ ကျမ ပြမယ်”

 

“ကိုယ် လုပ်တတ်တယ် ထင်တာပဲ”

 

“အာ..ပီတာ ရှင့် လျှာက အရမ်းကို ထိပါလား၊ အဲ့လို လုပ်ရင်း ကျမ ရင်သားတွေကို ကိုင်ထား”

 

“ကိုယ် အထဲကို သွင်းလို့ ရပြီလား”

 

“ရတယ်..မြန်မြန်လေး”

 

“မင်းရဲ့ အတွင်းသားတွေ အရမ်းကို နူးညံ့နေတာပဲ၊ အိုး..ဂွတ်၊ ကက်သရင်း..ကိုယ် အခု”

 

“နေဦး၊ ခဏလေး စောင့်ဦး၊ ကဲ...ရှင် ပက်လက်လှန်လိုက်၊ ကျန်တာ ကျမ ဆက်လုပ်ပေးသွားမယ်”

 

သူမပြောသည့် အတိုင်း ပီတာက နေလိုက်သည်။ ဤသည်က သူမ ဖြစ်စေချင်သည့် ပုံစံမျိုး ဖြစ်၍ ပီတာကို ကိစ္စ အပြီးမခံနိုင်။ ဗိုဂဲလ်က အမြဲလို သူမအား အခုလို လုပ်ပေးနေကျလည်း ဖြစ်သည်။ သူမကဲ့သို့ အမျိုးသမီး အေးဂျင့် တဦး မဟာမိတ် စစ်တပ်၏ အရာရှိတဦးကို မြူဆွယ်ပြီး လျို့ဝှက်ချက်များ ခိုးယူ နိုင်သည့် အဆင့် ရောက်အောင် အခုလို လုပ်နိုင်မှ ဖြစ် မည်ကို သိထား၍ကြောင့်လည်း ဖြစ်မည်။

 

သူမနှင့် ရင်ဆိုင်ရမည့် အရာရှိသည် ဝဝ ဗိုက်ရွှဲရွှဲ၊ ခန္ဓာကိုယ် အမွှေးအမြှင်များ ထူလပျစ် နှင့် လူမျိုးပဲ ဖြစ်မည်ဟု အမြဲလို တွေးထားခဲ့သည်။ ပီတာလို လူမျိုး နှင့် တွေ့ရလိမ့်မည်ဟု လားလားမျှ မျှော်လင့်မထားခဲ့။

 

ယခု ကိစ္စတွင် သူမကိုယ်တိုင်က စိတ်ပါလက်ပါ ဖြစ်လာနေသည်။ သူမက ခေါင်းကို နောက်ပြန်လှန်လိုက်ပြီး သူမ၏ ရင်သားများ ကို လက်နှင့် ပွတ်ကာ လက်ချောင်းနှင့် ပွတ်ချေနေမိသည်။  တအောင့်လောက် အကြာတွင် သူမ ခန္ဓာကိုယ်ထဲမှ နွေးကနဲ ဖြစ်လာပြီး ကျေနပ်အားရသည့် အရသာများက လှိုင်းလုံးများ အလား တလိပ်လိပ် တက်လာနေခဲ့သည်။

 

                                                **********************

 

အချိန်ကား အနည်းဆုံး မနက် လေးနာရီ လောက် ရှိနေပြီ ဖြစ်၍ နောက်ကျနေပြီ။ အခန်းက မှောင်လွန်းနေ၍ ကက်သရင်း အဖို့ ကုတင် ခေါင်းရင်းတွင် တင်ထားသော နာရီကို သဲသဲကွဲကွဲ မမြင်ရ ဖြစ်နေ၏။ ကိစ္စမရှိ လောက်ဟု တွက်ဆလိုက်ပြန်သည်။ ပီတာ ဂျော်ဒန်သည် သူမဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ သူ၏ အသက်ရှူသံက လေးလေးပင်ပင် နှင့် ပုံမှန် အတိုင်း ရှိနေသည်။

 

သူတို့ နှစ်ဦးစလုံး ညစာကို အတော် ဝဝလင်လင် စားခဲ့ကြပြီး သောက်လည်း သောက် ဖြစ်ခဲ့ကြသည်။ ထို့အပြင် နှစ်ကြိမ်တိုင်တိုင် ချစ်တင်းနှီးနှောခဲ့ကြပြန်သည်။ အကယ်၍ ဂျော်ဒန်သည် အအိပ်အနေ ဆတ်သူ ဖြစ်နေခဲ့လျှင် တောင်မှ ယခု အတိုင်းဆို ဂျာမန် လေယာဉ်များ လာရောက် ဗုံးကြဲသည့်တိုင် နိုးလာမည့် ပုံ မရှိပေ။

 

သူမက ကုတင်ပေါ်မှ အသံမကြားအောင် ဆင်းလိုက်ပြီး သူမ အတွက် ထုတ်ပေးထားသော ပိုးထည် ညဝတ် အင်္ကျီ ကို ကောက် ဝတ်လိုက်သည်။ ထို့နောက် ခြေသံလုံလုံ နှင့် အခန်းထဲက ထွက်လာခဲ့သည်။ အိပ်ခန်းတံခါးက တဝက်တပျက်သာ ဖွင့်ထားပြန်၍ ကက်သရင်းသည် လက်မအနည်းငယ်မျှ ထပ် တိုး ဖွင့်ကာ အသာလေး လျှောထွက်လာခဲ့ပြီး အသာ ပြန်ပိတ်ထားခဲ့သည်။

 

အပြင်တွင် တိတ်ဆိတ်မှု က လွှမ်းမိုးနေ၍ သူမရင်ထဲ တဒုန်းဒုန်း မြည်နေသည့် အသံကိုပင် ပြန်ကြားနေရသလို ခံစားမိပြန်သည်။ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းလာသည်။ ယခုလို အနေအထားမျိုး ရလာဖို့ သူမအနေဖြင့် အတော် ကို ကြိုးကြိုးစားစား နှင့် စွန့်စားလာခဲ့ရပြီးဖြစ်သည်။ အနည်းငယ် အမှားလေး တခု ကျူးလွန်လိုက်မိသည်နှင့် သူမ ကြိုးပမ်းခဲ့ရသမျှ ပျက်စီးကုန်တော့မည်လည်း ဖြစ်သည်။

 

လှေကား အတိုင်း အောက်သို့ အသာ ဆင်းလာခဲ့သည်။ လှေကား မှ ဆင်းလာစဉ် အသံမြည်လာခဲ့သည်။ သူမ တကိုယ်လုံး တောင့်တင်းသွားပြီး ဂျော်ဒန် ထံမှ လှုပ်လှုပ်ရှားရှား အသံများ ကြားရလေမလားဟု နားစွင့် လိုက်ပြန်သည်။ အဝေးတနေရာဆီမှ ခွေးဟောင်သံ ကြားလိုက်ရပြန်သည်။ ထိုသို့သော အသံမျိုးက ညဖက် များတွင် ကြားရတတ်၍ အိပ်ပျော်နေသော လူများ အဖို့ ထူးထူးခြားခြား နိုးထ လာစရာ အကြောင်း မရှိပေ။ သူမက ခပ်သွက်သွက်ပင် လှေကားမှ ဆင်းလာခဲ့ပြီး ဟောခန်း အတိုင်း လျှောက်လာခဲ့သည်။

 

စားပွဲငယ်လေး ပေါ်ရှိ သူမ ပိုက်ဆံအိတ်တင်ထားသည့် နေရာဘေးတွင် သော့တွဲကို အခန့်သင့် တွေ့လိုက်ရ သည်။ ပိုက်ဆံအိတ်ကော သော့တွဲပါ ကောက်ယူလိုက်ပြီး အလုပ်စရန် ပြင်လိုက်သည်။