အာရှ ၏ အမြင့်ဆုံး ဆုအား ပြည်သူဘက်တော်သား သတင်းစာ ဆရာ ကိုဆွေ၀င်း မှ ထိုက်တန်စွာ ရရှိ

by Hla Soewai - Aug 03 2019

သောကြာနေ့က ချီးမြှင့်တဲ့ အာရှ၏ နိူဘဲလ်ဆု လို့ တင်စားခေါ်ေဝါ်ခြင်း ခံခဲ့ရတဲ့ ရေမွန် မက်ဆေးဆေး ဆုကို သတင်း စာနယ်ဇင်း ဆု အမျိုးအစားမှာ မြန်မာနောင်း သတင်းစာ မှ အယ်ဒီတာချုပ် ကိုဆွေ၀င်းနဲ့ နယူးဒေလီရှိ ရုပ်သံနက်၀ပ် NDTV မှ ရာဗစ် ကူးမားတို့ ထိုက်တန်စွာ ရရှိသွားခဲ့ပြီး အခြားကဏ္႑ များတွင် တောင်ကိုရီယား၊ (လူမှုရေး) ၊ ဖီလစ်ပိုင် (တေးဂီတ) ထိုင်း (လူ့အခွင့်အရေး) စတဲ့ ဆုများ ရရှိခဲ့ပါတယ်။



ဒီဆုကို ကိုဆွေ၀င်း တယောက်သာ လက်ခံရရှိသွားခဲ့တာ မဟုတ်ပဲ အမှန်တရား ကို ချစ်မြတ်နိူးတဲ့ မြန်မာ ပြည်သူတိုင်းကို ချီးမြှင့် ဂုဏ်ပြုလိုက်တာပဲ ဖြစ်ပါတယ်။

နိူင်ငံရေး အကျဉ်းသား အဖြစ် ခုနှစ် နှစ်ခန့် စစ်အစိုးရ၏ နှိပ်စက်ညှင်းပမ်းမှုကို ခါးကော့အောင် ခံခဲ့ရတဲ့ ကိုဆွေ၀င်း အဖို့ သူ၏ ကလောင်သွားဖြင့် စစ်ဝါဒီ များ မြန်မာ မြေပေါ်တွင် ချုပ်ငြိမ်းသည့်အထိ တိုက်ပွဲ၀င်သွားမယ်လို့ သံဓိဠာန် ချလာခဲ့သည်မှာလည်း အဆန်းတော့ မဟုတ်ပေ။

မြန်မာနိူင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့် ရရှိလာခဲ့သည်မှာ ၂၀၁၂ ခုနှစ်လောက်ကတည်းက ရှိနေပေမယ့် ကိုဆွေ၀င်း လို ထူးချွန်ထက်မြက်ပြီး ပြည်သူတရပ်လုံးက လေးစားခံခဲ့ရတဲ့ သတင်းသမား တဦးတယောက်မျှပင် ပေါ်ထွန်းခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။

ကိုဆွေ၀င်းကတော့ လူ့အခွင့်အရေး ချိုးဖေါက်မှုများ၊ အကျင့်ပျက် လာဒ်စားခြင်းများ၊ ဘုရားသားတော်ဆိုးများ နဲ့ ထားစရာ မရှိအောင် ကြွယ်၀ချမ်းသာနေကြပြီ ဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီး အချို့ရဲ့ အကြောင်းကို ရဲရဲရင့်ရင့် စုံစမ်း ဖေါ်ထုတ်ခဲ့တဲ့ သတင်းသမား Investigative Journalist အဖြစ် ကမ္ဘာ အသိအမှတ်ပြု ပေါ်ထွန်းလာခဲ့ပါပြီ။

တိုင်းပြည်အတွက် ကမ္ဘာကို နောက်ထပ် သက်သေထူနိူင်ခဲ့တာကတော့ မြန်မာနိူင်ငံတွင် သတင်းစာ လွတ်လပ်ခွင့် မရှိဖူး လို့ တခါမျှ ငြည်းငြူခဲ့ခြင်း မရှိသော ကိုဆွေ၀င်းသည် အမှန်တရား ဘက်တော်သားတွေ အတွက် သတင်းလွတ်လပ်ခွင့် ဆိုတာ အမြဲရှိနေကြောင်း သက်သေပြလိုက်နိူင်ခြင်းပဲ ဖြစ်ပါတော့တယ်။

သို့သော် ကိုဆွေ၀င်းသည်လည်း ယခုအခါ ၀ရမ်းပြေး ဘ၀ရောက်နေတဲ့ ဦး၀ီရသူ ရဲ့ တရားစွဲဆိုခြင်းကို ခံခဲ့ရလို့မိုင် လေးရာ နီးပါးလောက် ေ၀းတဲ့ မန္တလေးကို တရားရင်ဆိုင်ဖို့ ၅၅ ကြိမ် တိတိ သွားရောက်ခဲ့ပြီး မှ အမှုကို ပလပ်ခြင်း ခံခဲ့ရပါတယ်။

ဒီအတွက်လည်း ကိုဆွေ၀င်းအား အရည်အသွေး ပြည့်၀စွာ ဖြင့် အမှန်တရားကို ဖေါ်ထုတ်ရဲတဲ့ အင်အားတွေ ကို လှေခွက်ချည်းကျန် အလံမလှဲသော သတ္တိဖြင့် တည်ဆောက်နိူင်ခဲ့လို့ ထွန်းသစ်စ ခေါင်းဆောင်မှု ဆု ချီးမြှင့်ရခြင်း ဖြစ်တယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။

၁၉၅၉ တွင် နေရှင်း သတင်းစာ တိုက်ပိုင်ရှင် သတင်းစာဆရာကြီး ဦး မိုက်ကယ် လောရုံသည် သတင်း စာပေ ဆု ရရှိခဲ့ဖူးပါတယ်။

၁၉၆၀ တွင် ဗိုလ်နေ၀င်းအား အိမ်စောင့် အစိုးရ ၀န်ကြီးချုပ် အဖြစ် ရွေးကောက်ပွဲ ကျင်းပပေးပြီး ဦးနုရဲ့ အရပ်သား အစိုးရအား အာဏာ ပြန်လွှဲပေးခဲ့တဲ့ အတွက် ဒီမိုကရေစီ ကို ထိမ်းသိမ်း စောင့်ရှောက်သူ အဖြစ် ရေမွန် မက်ဆေးဆေး ဆုကို ပေးအပ်ခဲ့ပါတယ်။ သို့သော် အာဏာသိမ်းဖို့ ဆင်ကြံ ကြံနေပြီ ဖြစ်တဲ့ ဗိုလ်နေ၀င်းသည် အဆိုပါ ဆုကြီးကို ဘယ်လိုမှ ယူလို့ မဖြစ်တော့တာ သိတဲ့ အတွက် မဆီမဆိုင် စီအိုင်အေ န့ဲ ပါတ်သက်တယ်ဆို ပြီး ငြင်းပါယ်ခဲ့ပါတယ်။

ရေမွန် မက်ဆေးဆေး သည် ဒုတိယ ကမ္ဘာစစ်အပြီး ဖီလစ်ပိုင်ရဲ့ တတိယ မြောက် သမ္မတ ဖြစ်ပါတယ်။ သူရဲ့ သမ္မတ သက်တမ်း ၁၉၅၃-၅၇ အတွင်း ဖီလစ်ပိုင် သမိုင်းတွင် အကျင့်ပျက် ခြစားမှု အကင်းဆုံး ကာလ အဖြစ် အသိအမှတ်ပြုတာခံခဲ့ရပြီး နိူင်ငံအတွက် ရွှေရောင်လွှမ်းသော နှစ်များ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် ၁၉၅၇ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ဆီဗူး မှ မနီလာသို့ ပြန်လာစဉ် သူ လိုက်ပါလာတဲ့ သမ္မတ လေယာဉ်ပျက်ကျ ကွယ်လွန်သွားခဲ့ပါတယ်။

သူရဲ့ ဈာပန အခမ်းအနားကို ပြည်သူ ၂ သန်း ကျော် တက်ရောက် ခဲ့ကြပြီး “Champion of the masses” အဖြစ် ခေါ်ေဝါ် ပြောဆိုနေခဲ့တာ အခုထိပဲ ဖြစ်ပါတယ်။ သူကို ဂုဏ်ပြုတဲ့ အနေနဲ့ ၁၉၅၇ ဧပြီလ မှ စပြီး အာရှတလွှားမှ ထူးချွန်တဲ့ ပုဂ္ဂိုလ်များ ကို ရွေးချယ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ဆုကြီးကို စက်တင်ဘာ ၉ ရက်နေ့တွင် မနီလာရှိ ယဉ်ကျေးမှု ခမ်းမကြီး ၌ ခမ်းခမ်းနားနား
ပေးအပ်ချှီးမြှင့်မယ်လို့လည်း သိရပါတယ်။

https://www.facebook.com/ynt.online/