အနောက် အုပ်စု မှ ဟွန်ဆန်အား ဖိအားပေးလာပြီဖြစ်

by Hla Soewai - Dec 24 2021

ဗြိတိန် ရှိ လီဗာပူး မြို့တွင် ကျင်းပရန် ရှိနေသည့် G-7 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် မြန်မာ အာဏာသိမ်းသည့် အရေး ကို ထည့်သွင်းဆွေးနွေးရန် ရှိနေသည်ဟု ဆိုသည်။

 

ဟွန်ဆန် အတွက် အဓိက စိုးရိမ်စရာ ဖြစ်လာနေသည်က ကမ္ဘောဒီယားမှ အထည်အလိပ်များကို အများဆုံး တင် ပို့နေသည့် အီးယူ နိုင်ငံများ၏ ဒေါသမုန်တိုင်းပင် ဖြစ်သည်။ ထိုသို့တင်သွင်းမှုကို ပိတ်ပင်ခြင်း သို့မဟုတ် ယခင် လျော့ချပေးထားသော သွင်းကုန်ခွန်များကို မြှင့်တင်ပြစ်ခြင်းတို့ အထိ အရေးယူလာနိုင်သည့် အဖြစ်ကို ဟွန်ဆန် သည် ကောင်းစွာ သိထားပြီး ဖြစ်သည်။

 

အီးယူ နိုင်ငံများက ပါးစပ်ပြောနှင့် မဟုတ်ဘဲ လက်တွေ့ ပြုလုပ်ရန်အထိ လှုပ်ရှားလာမည်လား ဆိုသည်ကိုတော့ စောင့်ကြည့်ရမည် ဖြစ်သည်။ ထိုသို့ လုပ်ရန် ကမ္ဘာ့ လူ့အခွင့် အရေး အဖွဲ့များကလည်း တောင်းဆိုလာကြမည် သာမက ကမ္ဘောဒီယား နှင့် မြန်မာ အား တတန်းစားထဲ ထည့်သွင်းလာကြမည့် အရေး နှင့်လည်း ရင်ဆိုင်ရဖို့ ရှိနေသည်။

 

လက်ရှိတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အထူး အကြံပေး ဒဲရက် ရှိုလက်သည် ဖနွမ်းပင်သို့ ရောက် ရှိသွားပြီး မြန်မာ အာဏာသိမ်း အဖွဲ့ကို အလျော့ပေး ဆက်ဆံခြင်း မပြုရန် သတိပေးသွားခဲ့ပြီ ဖြစ်သည်။ အာဆီယံ-အမေရိကန် ဆက်ဆံရေး ရှေ့လျှောက် ခိုင်မာရန် အရေးပါမှု အတွက် တရုတ် အာဘော်အဖြစ် အာဆီ ယံတွင် ပါဝင်နေသည့် ကမ္ဘောဒီယားအား အာဆီယံ အဖွဲ့ဝင် နိုင်ငံအများအပြားက လက်ခံကြလိမ့်မည် မဟုတ် ပေ။ တရုတ် အဖို့ကတော့ အာဆီယံ စည်းလုံးညီညွတ်နေခြင်းကို ဖြိုခွဲရန် နည်းလမ်းမျိုးစုံ ကျင့်သုံး နေဆဲပင် ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့သည် ၎င်းတို့အား ပို၍ ပို၍ ဆန့်ကျင်လာအောင် ပံ့ပိုးပေးနေပြန်သည်။ နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတကြီးအား လုပ်ကြံစွပ်စွဲပြီး ထောင် နှစ် နှစ် ချခဲ့ခြင်းကို ယခင်က နိုင်ငံ၏ အာဏာသိမ်းမှုကို အတတ် နိုင်ဆုံး ရေငုံနှုတ်ပိတ်နေသည့် အိန္ဒိယ မှပင် ပြစ်တင် ဝေဖန်လာခဲ့လေသည်။ မင်းအောင်လှိုင်မှ သူ့အား လူချီးကြူးခံရမည် အထင်နှင့် ပြစ်ဒဏ်ကို လျော့ပေါ့ပေးခဲ့ခြင်းသည်ပင် သူ၏ နဂိုကမှ ရုပ်ပျက်ဆင်းပျက် ဖန်တီးထားသော တရားစီရင်ရေး ဆိုသည်ကို ပို၍ ဆိုးဝါးသွားစေခဲ့သည်ဟု အီကော်နော်မစ် မဂ္ဂဇင်းတွင် ရေးသားခဲ့သည်။

 

နောက်ထပ် ဖြစ်စဉ်တရပ်အဖြစ် နယူးယောက် တောင်ပိုင်းခရိုင် တရားရုံးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း အားလုပ်ကြံရန် ကြံစည်မှုဖြင့် တရားစွဲဆို ထားသည့် ရဲဟိန်းဇော် မှ ထိုအမှုအတွက် မိမိတွင် အပြစ်ရှိကြောင်း လျှောက်လှဲချက် ပေးသွားခဲ့ပြီ ဖြစ်သည်။ ရဲဟိန်းဇော်၏ အမှုသည် အမေရိကန် မြေပေါ်တွင် နိုင်ငံခြား သံတမန် တဦးကို ဒေါ်လာ ၅,၀၀၀ ဖြင့် သတ်ဖြတ်ရန် ကြံစည်ခဲ့မှု ဖြစ်ပြီး ထောင်ဒဏ် ငါးနှစ်အထိ ကျခံရဖွယ် ရှိသည် ဟု ဆိုသည်။ သို့သော် အကြမ်းဖက် စစ်အာဏာသိမ်း အဖွဲ့ နောက်ကွယ်မှ ပါဝင်နေခြင်း ရှိမရှိ သဲသဲကွဲကွဲ ထွက်ပေါ် လာခြင်း မရှိသေးပေ။ ပတ်သက်နေသည် ဆိုလျှင် အမေရိကန်တို့ဖက်မှ တခုခု မဖြစ်မနေ အရေး ယူရန် ရှိလာ နေပြီ ဖြစ်၍ ဖုံးဖိထားမည်လား ဆိုသည်ကလည်း စဉ်းစားစရာ ဖြစ်လာသည်။

 

လောလောဆယ်တွင် ဒီဇင်ဘာ ၁၀ ရက် လူ့အခွင့်အရေး နေ့ အထိမ်းအမှတ် အဖြစ် အမေရိကန် မှ မြန်မာ၊ တရုတ် နှင့် မြောက်ကိုရီယား ရှိ ကုမ္ပဏီများ နှင့် လူပုဂ္ဂိုလ်များအား အရေးယူ ဒဏ်ခတ်လိုက်ပြန်ပြီ ဖြစ်၍ မြန်မာဖက်မှ ကာကွယ်ရေး စက်ပစ္စည်း များ ညွှန်ကြားမှု ဦးစီးဌာန၊ စစ်ပြန် စစ်မှုထမ်းဟောင်း အဖွဲ့ ၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ အဖြစ် စစ်ကောင်စီ မှ ခန့်အပ်ထားသော ပုဂ္ဂိုလ် လေးဦးလည်း ပါဝင်သည်။ ထိုအထဲ တွင် ဧပြီလအတွင်း တရက်တည်းနှင့် လူ ၈၁ ဦး သတ်ဖြတ်ခံခဲ့ရသည့် ပဲခူးတိုင်းမှ မျိုးဆွေဝင်းလည်း ပါဝင်လာ ခဲ့သည်။

 

ဤသို့ အရေးယူ ဒဏ်ခတ်ခြင်းများ အပေါ် အာဏာရှင်များ အဖို့ အမှုမထားခဲ့သည်ကို ကမ္ဘာဖြစ်ရပ်များက သက် သေခံနေပြီ ဖြစ်၍ အာဏာရှင် ပြုတ်ချရေး ဆေးဖေါ် ရာတွင် ပါဝင်သော ပစ္စည်းတခု အဖြစ်သာ ယူဆရမည် ဖြစ်သည်။ အမေရိကန် နှင့် အနောက်အုပ်စုမှလည်း ၎င်းတို့ လုပ်ပေးနိုင်သည့် အတိုင်းအတာ ကုန်အောင် လုပ် ပေးနေသည်ဟု ပြောဆိုနေသည့် အလားပင်။ သို့သော် စစ်ပြန် စစ်မှုထမ်းဟောင်းများ အဖွဲ့ကို ပြစ်ဒဏ်ခတ် သည့် စာရင်းထဲ ပါဝင်လာသော်လည်း အာဏာသိမ်း အဖွဲ့၏ ဝင်ငွေကို အဓိက ထိခိုက်စေမည့် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းများကိုတော့ ယခုထိ မထည့်သွင်းနိုင်ကြသေးပေ။

 

စစ်ကောင်စီသည် ယခုထိ ၎င်းတို့ သိနားလည်သော အကြမ်းဖက် လုပ်ရပ်များကို သစ္စာခံ တပ်များအား လုပ်ချင် သလို လုပ်ခွင့်ပြုပြီး တိုင်းပြည်ကို မရ မက ထိန်းချုပ်နိုင်ရန် ကြံစည်နေဆဲ ဖြစ်၍ ထိုလုပ်ရပ်များကြောင့် မည်သူ မျှ လက်ပိုက်ကြည့်နေ၍ မရအောင် ဖိတ်ခေါ်သလို ဖြစ်လာနေသည်။ ဒီဇင်ဘာ ၅ ရက်နေ့ ကြည့်မြင့်တိုင် ဖြစ်ရပ်နှင့် ဆားလင်းကြီး မြို့ အဖြစ်ဆိုးကြီးကြောင့်လည်း စစ်တပ်၏ နောက်ဆုံး ကျန်ရှိနေသော ဂုဏ်သိက္ခာသည် လည်း အပြီးအပိုင် ဆုံးရှုံးသွားခဲ့ယုံမက တနိုင်ငံလုံး အသံတိတ် ဆန့်ကျင်မှု ကြီးကို ပို၍ အားကောင်းအောင် ဖန်တီးပေးလာခဲ့သည်။

 

ပြည်သူများ၏ စည်းလုံးညီညွတ်စွာ ဒဏ်ခတ် နိုင်ခဲ့သည့် အစွမ်းကိုတော့ မင်းအောင်လှိုင်ကိုယ်တိုင် ဒီဇင်ဘာ ၃ ရက်နေ့ စစ်ကောင်စီ အစည်းအဝေးတွင် ပြောဆိုဝန်ခံခဲ့ရပြီ ဖြစ်သည်။ အထူးသဖြင့် ဝင်ငွေခွန်များ၊ မီတာခများ ကောက်ခံ မရရှိဘဲ ဖြစ်နေဆဲဟု ဆိုသည်။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Image Credit - The Economist