စစ်ကောင်စီ အား အကြမ်းဖက် အဖွဲ့ အဖြစ် သတ်မှတ်ရန် တောင်းဆိုမှုများ ထွကိပေါ်လာ

by Hla Soewai - Dec 24 2021

ကုလ သမဂ္ဂ လူ့အခွင့်အ‌ ရေး လေ့လာစောင့်ကြည့်သူ လူဟောင်းများနှင့် နှင့် ဖွဲ့စည်းထားသော တသီးပုဂ္ဂလိက မြန်မာ အရေး အထူးအကြံပေး ကောင်စီ မှ စစ်အာဏာသိမ်း အဖွဲ့၏ ပြည်သူများ အပေါ် အလွန် အကျွံ အကြမ်းဖက်လာသည့် လုပ်ရပ်များ တနေ့တခြား များပြားလာမှုကြောင့် ၎င်းတို့အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုလိုက်ပြီ ဖြစ်သည်။

 

၎င်းတို့က ရှေ့လျောက် ၎င်းတို့ကို ဒူးထောက် အညံ့ခံလာစေရန် ပြည်သူများ အား အကြမ်းဖက် အုပ်ချုပ် သွားဖို့ ရည်ရွယ်နေသည်မှာ ထင်ရှားသည်ထက် ထင်ရှားလာနေပြီ ဖြစ်ကြောင်း လည်း ထုတ်ဖေါ်ပြောဆိုခဲ့ကြသည်။

 

စစ်ကောင်စီသည် ၁၁ လ ကြာလာသည့်တိုင် တိုင်းပြည်အား အုပ်ချုပ်နိုင်စွမ်း မရှိ ဖြစ်လာနေမှု ကြောင့် ဂမူးရှုးထိုး ဖြစ်လာနေပြီး လေတပ်၊‌ ရေတပ်များ ပါ ထုတ်နှုတ် သုံးစွဲလာနေရသည့် အဆင့် ဖြစ်လာကာ အမှားများကို ဆက်တိုက် ကျူးလွန်လာတော့မည် ဖြစ်သည်။

 

ကွာလာလမ်ပူသို့ ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထိုနီ ဘလင်ကင် မှ မြန်မာနိုင်ငံ အတွင်း အခြေအနေများ တိုးတက်လာခြင်း မရှိ‌၍ ထပ်မံ အရေးယူ ဒဏ်ခတ်ရန် စဉ်းစားနေပြီ ဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

ထို့အတွက် ရှေ့လာမည့် ရက်သတ္တပတ်များ အတွင်း လွန်စွာ အရေးပါသည့် ခြေလှမ်းများ ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ထို့အပြင် ရိုဟင်ဂျာများ အပေါ် မြန်မာ စစ်တပ်က အကြမ်းဖက်ခဲ့မှုများသည် ဂျီနိုဆိုက် အဖြစ် သတ်မှတ်သင့် မသင့် ကိုပါ အာရုံစိုက် သုံးသပ်နေသည်ဟုလည်း ပါရှိခဲ့သည်။

 

အမေရိကန် ဥပဒေအရ ထိုသို့ တရားဝင် သတ်မှတ်ခဲ့ပါက အရေးယူမှုများ မဖြစ်မနေ ပြုလုပ်သွားရန် လိုအပ်လာသည်။

 

အာဆီယံ၏ ပြည်တွင်းရေးကို ဝင်မစွက်ရ မူသည် ယခု အခါ ပြန်လည် သုံးသပ်သင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာ အရေးသည် နိုင်ငံ အပြင်သို့ ထွက်လာနေ‌ပြီ ဖြစ်သောကြောင့်ဟုလည်း ဘလင်ကင် က ထောက်ပြသွားခဲ့သည်။

 

ဝါရှင်တန် တွင် လာမည့် နှစ်ဆန်း၌ ပြုလုပ်ရန် ရှိနေသည့် အမေရိကန်-အာဆီယံ အထူး ထိပ်သီး‌ ‌ဆွေးနွေးပွဲသို့ မင်းအောင်လှိုင် တက်ရောက်ခွင့် ရှိမည် မဟုတ်ပေ။

 

နောက်လ အတွင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အပန်းဖြေ ‌‌သဘော ဆွေးနွေးပွဲ ကျင်းပစဉ် အတွင်း ကမ္ဘောဒီယား မှ ခန့်အပ်မည့် မြန်မာအရေး အထူးသံတမန် ကိစ္စ ကို အဓိကထား ဆွေးနွေးကြမည်ဟု မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဒါတွတ် ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောကြားခဲ့သည်။

 

သို့သော် ဟွန်ဆန်သည် အာဆီယံ၏ သဘောတူညီချက်ကို မယူပဲ ဥက္ကဌ ရာထူးကို အသုံးချ၍ ၎င်း၏ နိုင်ငံခြားရေး ဝန်ကြီး ပရပ် ဆော့ဟွန်းအား ခန့်အပ်ကြောင်း ကြေညာသွားခဲ့ပြီး ဖြစ်သည်။

 

ဟွန်ဆန် က အမေရိကန် တားမြစ်နေသည့်ကြားမှ မြန်မာ သို့ ဇန်နဝါရီ ၇ နှင့် ၈ ရက်နေ့များတွင် သွားတွေ့မည့် ခရီးစဉ်ကို လည်း မိမိတို့ အနီးကပ် စောင့်ကြည့်သွားမည်ဟုလည်း ဆိုင်ဖူဒင်က ဆိုသည်။

 

ထိုအစည်းအဝေးတွင် မြန်မာအရေး အပေါ် အာဆီယံမှ မည်သို့ ရပ်တည်သွားမည် ဆိုသည် အပေါ် အဖြေတခု ထွက်လာရန် အမေရိကန်မှ အထူး မျှော်လင့်လျက် ရှိနေသည်။

 

လက်ရှိတွင် အမေရိကန် မှ အာဆီယံ အား လွန်စွာ အရေးကြီးသော မဟာမိတ် အဖြစ် ဆက်ဆံနေမှုအား ခလောက်ဆံရန် တရုတ် အလိုကျ ကမ္ဘောဒီယားမှ တမင် ပြုလုပ်နေခြင်းဟု ယူဆရသည်၊ လက်ရှိတွင် အာဆီယံ အဖွဲ့ကြီး ပြိုကွဲသွားမည့် အရေးအား အမြင်ချင်ဆုံး ဖြစ်နေသည့် နိုင်ငံများက မြန်မာ၊ ကမ္ဘောဒီယား နှင့် တရုတ်တို့ ဖြစ်နေ၍ အာဆီယံသည် သူခိုးဓါးရိုးကမ်းသည့် ကိန်း ဆိုက်နေပြီ ဖြစ်သည်။

 

အကောင်းဆုံး ထွက်ရပ်လမ်း အဖြစ် အာဆီယံ အနေဖြင့် ပဋိညာဉ် အသစ် ပြန်လည် ရေးဆွဲပြီး ပြဿနာ နိုင်ငံများကို ထုတ်ပယ်ထားမှသာ စီးပွားရေး၊ နည်းပညာ နှင့် လူမှုရေးနယ်ပယ်များတွင် နိုင်ငံတကာ၏ အပြည့်အဝ ပူးပေါင်းလာမှုများ ရရှိနိူင်မည် ဖြစ်သည်။

 

ထိတ်တန်း အဝတ်အထည် ကုမ္ပဏီကြီးများ ဖြစ်သော H&M, Inditex နှင့် Primark တို့မှ မြန်မာနိုင်ငံ အတွင်း လုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မှစ‌၍ ကရင် အမျိုးသား လွတ်မြောက်ရေး တပ် (KNLA) နှင့် စစ်ကောင်စီ တပ်များ လေးကေကော် မြို့သစ် တွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီ ဖြစ်သည်။

 

စစ်ကောင်စီ မှ အဆိုပါ မြို့သစ်သို့ ဝင်ရောက်ပြီး ၎င်းတို့အား ဆန့်ကျင်သည်ဟု ယူဆခြင်း ခံရသူ ၃၀ ခန့်အား ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ပိုင်း တင်းမာမှုများ မြင့်တက်လာရာမှ တိုက်ပွဲများ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

 

ယခုအခါ အကျအဆုံး များပြားလာနေသည့် အတွက် အဝိုင်းခံထားရသည့် စစ်တပ်သည် ပြန်လည် ဆုတ်ခွာခွင့်ရရန် KNLA နှင့် ညှိနှိုင်းနေသည်ဟု ဧရာဝတီ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖေါ်ပြထားသည်။

 

စစ်ကောင်စီ အား နိုင်ငံ အနှံ့ ဆန့်ကျင် တိုက်ခိုက်နေကြသော်လည်း မင်းအောင်လှိုင်သည် ၎င်းအာဏာ ရာသက်ပန် တည်မြဲလိမ့်မည်ဟု စိတ်ကူးယဉ် နေမှု အဖြစ် အင်္ဂလိပ်၊ ဓါတု၊ ရူပဗေဒ တွင် အမှတ်ကောင်းပါက ဆေးတက္ကသိုလ် တက်ရောက်ခွင့် ပြုပြီး ဆရာဝန် အရည်အတွက် တိုးလာရန် ကြံစည်နေမှုကို ဆရာဝန် အသိုက်အဝန်း မှာ ပျက်ရယ်ပြုခဲ့ကြသည်။ ၎င်းသာ ထိုမျှ အထိ အာဏာတည်မြဲနေမည် ဆိုက တိုင်းပြည်တွင် သေသူသေ၊ ပြည်ပသို့ ပြေးသူပြေး နှင့် တယောက်မှ ကျန်တော့မည် မဟုတ်ဟု CDM တွင် ပါဝင်သည့် ဆေးရုံအုပ်ကြီးက ပြောကြောင်း မြန်မာ နောင်းတွင် ရေးသားထားသည်။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!