စစ်တပ်မှ အာဏာသိမ်းပြီလော

by Hla Soewai - Feb 02 2021

ယခုအချိန်အထိ စစ်တပ်မှ ၎င်းတို့ မည်သည့် ရည်ရွယ်ချက်ဖြင့် လူများကို လိုက်လံ ဖမ်းဆီးနေကြောင်း တရားဝင် သတင်း မထုတ်ပြန်သော်လည်း ရိုက်တာ သတင်းဌာနက ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များကို ဖမ်းဆီးသွားတယ်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်က ရိုက်တာ ကို ပြောခဲ့ကြောင်း ကိုးကားပြီး နိုင်ငံတကာ သတင်းဌာနများကို ပျံ့နှံ့သွားခဲ့ပြီ ဖြစ်ပါတယ်၊

 

ဦးမျိုးညွန့်က သူကိုယ်တိုင်လည်း အဖမ်းခံရဖို့ ရှိကြောင်းလည်း ပြောသွားခဲ့ပါတယ်။ ပြည်သူများကိုလည်း စိတ်လိုက်မာန်ပါ မတုန့်ပြန်ကြဖို့နှင့် ဥပဒေ ကို လေးစားလိုက်နာဖို့ လည်း ဆိုပါတယ်။

 

နေပြည်တော် တွင် ဖုန်းလိုင်းများ ပြတ်တောက်နေပြီး ရန်ကုန်နှင့် နေပြည်တော်တွင် လမ်းပေါ်၌ စစ်သားများကို တွေ့ရတယ်လို့ ဘီဘီစီက ပြောပါတယ်။ မြန်မာ ရုပ်မြင်သံကြားက မနက်ပိုင်း သတင်း အစီအစဉ်ကို ထုတ်လွှင့်နိုင်ခြင်း မရှိသေးပါဘူး။

 

ကုလသမဂ္ဂ ဆိုင်ရာ ကနေဒါ သံအမတ်ကြီးကတော့ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးမှု အပေါ် မည်သို့မျှ အကြောင်းပြချက် ပေးလို့ မရကြောင်းနှင့် ဒီအတွက် မြန်မာ စစ်တပ်မှ တာဝန်ခံရလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။

 

ယခုအချိန်အထိ စစ်တပ်က ၎င်းတို့ လုပ်ရပ်အပေါ် လူထု ကို တရားဝင် အကြောင်းပြ အသိပေးနိုင်ခြင်း မရှိပေမယ့် တရားဝင်ရွေးချယ်တင်မြှောက်ခံ အစိုးရအား ယခုလို အင်အားသုံး အာဏာရယူခဲ့တဲ့ အတွက် မည်သည့် နိုင်ငံ အစိုးရမှ ၎င်းတို့ အပေါ် အသိအမှတ်ပြုကြမှာလည်း မဟုတ်ပါဘူး။

 

တိုင်းပြည် အမှောင်ထု ထဲ ရောက်မရောက် ဆိုတာကတော့ ၎င်းတို့ လုပ်ရပ်အောင်မြင်မယ် မအောင်မြင်ဘူး အပေါ် မူတည်နေပါတယ်။