တနင်္လာနေ့ စတင် ဖြန့်ချီပါမည်

by Hla Soewai - Jan 27 2021

ထိုစာအုပ်အား ဂျက်ဖရီ အာချား၏ ထွက်ရှိခဲ့သော ဝတ္ထုတို ၆ အုပ်မှ အကြိုက်ဆုံး ၁၂ ပုဒ်ကို ရွေးထုတ်ပြန်ဆိုထားခြင်း ဖြစ်သည်။ ဗြိတိသျှ စာရေးဆရာကြီး ဂျက်ဖရီ အာချားသည် သူ၏ သွက်လက်သော ရေးဟန်၊ စိတ်ဝင်စားဖွယ် ကောင်းသော ဇာတ်လမ်းဇာတ်ကွက်များကြောင့် မြန်မာ စာဖတ်ပရိသတ် နှင့် လုံးဝ ရင်းနှီးနေပြီးသူလည်း ဖြစ်သည်။ ယခု ဝတ္တုတိုများသည် အာချား ထောင်နန်းစံခဲ့ရစဉ်က ဘဝတူ အကျဉ်းသမားများ၏ ဇာတ်လမ်းများ၊ သူ၏ ခရီးသွား အတွေ့အကြုံများ၊ ကိုယ်ပိုင် စိတ်ကူး စိတ်သန်း များဖြင့် ရေးဖွဲ့ထားသော ဇာတ်လမ်းတိုများ ဖြစ်ပြီး ကမ္ဘာတဝှမ်းရှိ စာဖတ်သူများ အမြဲလို အငမ်းမရ ဖတ်ရှုခဲ့ကြရစမြဲလည်း ဖြစ်သည်။

 

(၁) အရူးအမူး

 

ဗြိတိသျှ အထက်တန်းလွှာ အမျိုးသမီး ငယ်လေး တဦးသည် လူငယ်လေး တဦးအား ချစ်ဟန်ဆောင်ကာ လန်ဒန်ရှိ ဒီဘီယား စိန်တိုက်ကြီးမှ စိန်လက်စွပ်ကြီး ခိုးယူ ခိုင်းခဲ့ရာ လုံခြုံရေး တင်းကျပ်စွာ ချထားသည့် ကြားမှ အရောင်းတာဝန်ခံ၏ မျက်စိရှေ့မှောက်မှာပင် အမိအရ ယူနိုင်ခဲ့အောင် သေသပ်လှပစွာ ကြံစည်နိုင်ခဲ့ကြပုံ။

 

(၂) ဒေါက်မြင့်ဖိနပ်များ

 

ပိရိစွာ ကျူးလွန်ခဲ့သော အာမခံ လိမ်လည်မှုကြီးအား ဖေါ်ထုတ်နိုင်ခဲ့မှု။

 

(၃) အာဏာ သိမ်းပွဲ

 

ပြိုင်ဖက် ဘရာဇီး စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီးနှစ်ဦး သည် နိုင်ဂျီရီးယားတွင် သမ္မတပါ လုပ်ကြံခံခဲ့ရသော သွေးထွက်သံယို စစ်အာဏာသိမ်းပွဲ ကြောင့် တိုင်းပြည်တွင်း ပိတ်မိနေကြပုံ။

 

(၄)

 

စီးကရက်တဘူး၊ သတင်းစာတစောင် နှင့် ဆက်တီမတ်စ်

 

အိမ်မှ ထွက်ပြီး မီးရထားဖြင့် ရုံးသွားချိန်၊ စီးကရက်သောက်ချိန်၊ ထမင်းစားချိန်၊ ရုံးဆင်းချိန် တို့ကို နှစ်ပေါင်းများစွာ ကြာအောင် တမိနစ်မျှ အလွဲမခံဘဲ လုပ်လေ့ရှိသည့် အာမခံ ရုံးစာရေးကြီး တယောက် တရက်တွင် ရုံးအဆင်း နောက်ကျသွားခဲ့ရာက မကြုံဖူးလောက်အောင် ကျွမ်းထိုး မှောက်ခုံ အဖြစ်နှင့် ရင်ဆိုင်တိုးခဲ့ရပုံ။

 

(၅)

 

ဘဏ္ဍာရေး ဝန်ကြီး၏ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး

 

နိုင်ငံ တွင်းရှိ အကျင့်ပျက် ခြစားသူများ ဖေါ်ထုတ်ရန် ဆွစ်ဇာလန်ရှိ ဘဏ်တိုက်ကြီးသို့ ပစ္စတိုတလက် ကိုင်ပြီး ရောက်ရှိလာခဲ့သော နိုင်ဂျီရီးယား ဘဏ္ဍာရေး ဝန်ကြီးမှ ၎င်းကိုယ်တိုင် ငွေများ အပ်နှံသည့်အထိ ဖြစ်သွားခဲ့ရပုံ။

 

(၆)

 

သေသော်လည်း ငရဲမလားနိုင်သည့် စစ်သားကြီးများ

 

ဒုတိယ ကမ္ဘာစစ်ကြီးအပြီး နာမည်ကျော် တိုကျို စစ်ခုံရုံးတွင် မဟာမိတ် တပ်သားများအား ဖမ်းဆီးထားသည့် ဂျပန် စစ်သုံ့ပန်းစခန်း တပ်မှူးအား တရားစီရင်မှုနှင့် ၎င်းနှင့် စစ်သုံ့ပန်းစခန်းတွင် နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ခဲ့ရသော အဖမ်းဆီးခံ ဗြိတိသျှ ဗိုလ်မှူးတဦး ၏ ကိုယ်တွေ့ဖြစ်ရပ်များ နှင့် လူသားတို့၏ စရိုက်ကို ပီပီပြင်ပြင် ဖေါ်ကျုးထားခဲ့သည့် ဇာတ်လမ်းကောင်းတပုဒ်။

 

(၇)

 

ဘဂ္ဂဒက် လေဆိပ်

 

ဆက်ဒမ် ဟူစိန်၏ လက်အောက်မှ ကာလကြာမြင့်စွာကတည်းက ထွက်ပြေးလာသော အီရတ် စိုက်ပျိုးရေး ဝန်ကြီး တဦးသည် အစ္စတန်ဘူလ်မှ နေအိမ်ရှိရာ နယူးယောက်သို့ အပြန်တွင် မမျှော်လင့်ဘဲ စီးလာသည့် လေယာဉ် စက်ချို့ယွင်း၍ ဘဂ္ဂဒက် လေဆိပ်သို့ ဆင်းသက်ခဲ့ရာမှ အစပြုခဲ့သော သဲထိတ်ရင်ဖို ဖြစ်ရပ်။

 

(၈)

 

မျက်လုံးတလုံး အတွက် မျက်လုံးတလုံး

 

မိမိအား ကာလကြာမြင့်စွာ ရိုက်နှက် နှိပ်စက်ခဲ့သည့် ခင်ပွန်းဖြစ်သူအား သတ်ဖြတ်ခဲ့မှု သည် ရိုးရှင်းလှသော လူသတ်မှု တခု ဖြစ်သော်လည်း တရားခံ အမျိုးသမီးက သူမ မကျူးလွန်ခဲ့၊ နေအိမ်တွင်ပင် မရှိ ရိုက်နှက်သည့် ဒဏ်ရာများဖြင့် ဆေးရုံတွင် ရှိနေကြောင်း သက်သေ အခိုင်အလုံ ဖြင့် ငြင်းဆိုခဲ့ရာမှ ရှုပ်ထွေးပွေလီသွားခဲ့ရသည့် ဇာတ်လမ်း။

 

(၉)

 

ရဲမင်းကြီး ကူးမား

 

ဘုံဘေ ရဲမင်းကြီး နှင့် နာမည်ကျော် လူလိမ် တဦး အကြား ဉာဏ်ရည်ပြိုင်ဆိုင်ခဲ့ကြပုံ။

 

(၁၀)

 

အမှန်တကယ် စားသုံးသူ

 

လွန်စွာ ဝဖြိုးသော သူဌေးသမီးအား လက်ထပ်ယူခဲ့သည့် ကမ္ဘာကျော် အီတလီ ဘော်လုံးသမား တဦး၏ ဇာတ်လမ်း။

 

(၁၁)

 

အလယ်ကလူ

 

ဗြိတိသျှ ထိန်းချုပ်နယ်မြေ ဖြစ်သည့် မြောက်အိုင်ယာလန် နှင့် အိုင်ယာလန် သမ္မတ နိုင်ငံ နယ်နမိတ်မျဉ်းပေါ်တွင် ခွ၍ ဆောက်ထားသော အိမ်တလုံး၊ ထိုအိမ်ပိုင်ရှင်က ရာဇဝတ်မှု မျိုးစုံ ကျူးလွန်နေ၍ ဗြိတိသျှ ရဲအဖွဲ့ ဦးနှောက် ခြောက်လာခဲ့ရသည်အထိ ဖြစ်လာခဲ့ရပုံ။

 

(၁၂)

 

လန်ဒန် မြေအောက်ရထား ဘူတာရုံ ကြီး အတွင်း လူငယ် တဦး နှင့် မိန်းမပျို လေး တဦး အကြား မမျှော်လင့်ဘဲ ပေါက်ဖွားလာခဲ့သည့် ချစ်ခြင်းမေတ္တာတရားကို လှပစွာ သရုပ်ဖေါ်ရေး ဖွဲ့ထားသည့် ဇာတ်လမ်း။

 

ထိုဝတ္ထု တို ပေါင်းချုပ် အား ဆုရောင်စင် စာပေမှ တာဝန်ယူ ဖြန့်ချီတော့မည် ဖြစ်သည်။

 

စာအုပ်မှာယူရန် Link -

 

https://m.me/1824471554436137?ref=w14298054

 

တနင်္လာနေ့ မှ စ၍ စီတီးမတ် အပါအဝင် ရန်ကုန် စာအုပ်တိုက်ကြီး များတွင် ဝယ်ယူ နိုင်ပါသည်။

 

စာဖတ်သူများ အားလုံး ကို လေးစား ကျေးဇူးတင်လျက်

 

HLA SOEWAI