ပြည်သူများ နားမျက်စိ ဖွင့်ထားရတော့ မည့် အချိန်စပြီ

by Hla Soewai - Jul 31 2019

ယခင်က တောတွင်း သောင်းကျန်းသူများရန်ကြောင့် မြို့နေ လူတန်းစားများ ကျီးလန့်စားစား ဖြစ်ခဲ့ကြရဖူးသည်။

ယခု အခါ မြို့ပေါ် နေ သောင်းကျန်းသူများကတစခန်းထလာကြပြီ ဖြစ်သည်။

သင်္ကန်းက္ဈန်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် လက်ပြစ်ဗုံးတလုံးလာချထားသည်ကို သန့်ရှင်းရေး အလုပ်သမားတဦးတွေ့ရှိရာမှ အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ရသည်။ (ပုံ တွင် တွေ့ရစဉ်)

ထိုမတိုင်မီကလည်း နေပြည်တော်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုဆောင်တွင်ဗုံးထောင်ထားသည်ဟု မသမာသူတဦး၏သတင်းပေး ခြောက်လှန့် မူက ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။

သင်္ကန်းက္ဈန်း နယ်မြေသည်ကား ဦးနေဘုန်ုးလတ်၏ မဲဆန္ဒနယိမြေလည်း ဖြစ်၍ ရည်ရွယ်ချက် ရှိရှိ လူပ်ရှားသည်ဟု ယူဆ၍ ရပေသည်။

လက်ပြစ်ဗုံး တွေ့ရသည့် နေရာ အနီးတ၀ိုက်တွင် CCTV ကင်မရာ ရှစ်လုံးခန့်တပ်ထား၍အာဏာပိုင်များက စီစစ်နေသည်ဟု သိရသည်။ သို့သော် အရေးအကြောင်းရှိကအဆိုပါ CCTV များသည် ပျက်နေသည်ကများ၍ ပြည်သူများက လက်သည်တော့ ပေါ်တော့မည်ဟူသော ယုံကြည်ချက် ရှိသူမဆိုသလောက်ပင်။

နေပြည်တော်တွင် ဗုံးလှန့်သည့် သတင်းကို စတင် ဖြန့်ခဲ့သူသည် ယခင် အာဏာရ ပါတီ ခေါင်းဆောင်များနှင့် နီးစပ်သူတဦးလည်း ဖြစ်နေပြန်သည်ဟု အထောက်အထားများ ထွက်ပေါ်လာခဲ့ပြန်သည်။

အင်အယ်ဒီသည် ထောင်ထွက်များနှင့် သာဖွဲ့စည်းမည့် အစိုးရ ဖြစ်၍ မလုပ်တပ် မကိုင်တတ် ဖြစ်ကာ ခြောက်လပင် ခံမည်မဟုတ်ကသောင်းကနင်း ဖြစ်ကာ ပြိုကွဲသွားမည်ဟုအထင်သေးသည့်စိတ်ကြောင့် အင်အယ်ဒီသည် ရှောရှောရူ ရူ အာဏာလွှဲပြောင်းရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် ၀န်ကြီးရာထူးလေးဖြင့် ချောင်ထိုး၍ ရမည်ယူဆထားသောဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏အတိုင်ပင်ခံ ရာထူးဖြင့် ထိပ်ပိုင်းသို့ ရောက်ရှိလာပြီး နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ခဲ့သဖြင့်နိုင်ငံတကာ က သမ္မတ တဦးအလား တလေးတစား ဆက်ဆံလာခဲ့ကြသည်။

အင်အယ်ဒီသည် ၎င်းတို့ ရရှိထားသောလုပ်ပိုင်ခွင့်များထဲမှ တိုင်းပြည်ကို တိုးတက်ရာ လမ်းကြောင်းပေါ် တင်လာနိုင်ခဲ့သည်ကိုတွေ့လာရသည့်အခါ အားလုံး တုန်လှုပ်လာခဲ့ကြသည်။

ထိုမျသာ မကသေး ဖွဲ့စည်းပုံ ကို ပြည်သူ့အားနှင့် ပြင်မည်ဟု ကြွေးကြော်ထားခဲ့ပြီးလည်းဖြစ်သည်။ ဖွဲ့စည်းပုံ အား ဘုရားဟော ကျမ်းဂါန်တမျ ထင်နေသူများကဖွဲ့စည်းပုံ နှင့် မညီ ဆိုကာ ကန့်ကွက်လာနေကြသည်။

၎င်းတို့ အတွက်ကား ၂၀၂၀ ရွေးကောက်ပွဲတွင် မည်သို့မျ တရားသောနည်းဖြင့် ယှဉ်ပြိုင်၍ အနိုင်ရတော့မည် မဟုတ်မှန်းသိလာပြီး ဖွဲ့စည်းပုံသာ ပြင်ဆင်ပြီးပါက ပို၍ အခြေအနေဆိုးလာတော့မည်ကိုလည်း ကောင်းစွာသဘောပေါက်လာခဲ့ပြီလည်း ဖြစ်သည်။

ပြည်သူများ လမ်းပေါ်တက်လာအောင် နည်းမျိုးစုံဖြင့်လည်း ကြိုးပမ်းခဲ့သော်လည်းမအောင်မြင်။

၎င်းတို့ အဖို့ကား ဒီမိုကရေစီ စားပွဲဝိုင်းကြီးမှ မတော်တဆ လွင့်စင်ကျလာသောစားကြွင်းစားကျန် များနှင့် ကောက်ပေါက်နေရသည့် အဖြစ်သို့ ရောက်လာရသည်။

ကြံရာမရ ဖြစ်လာကြသည်နှင့်အမျ ရှေ့လျောက် ခြိမ်းခြောက်ယုံ အဆင့်ထက် ကျော်လွန်လာနိုင်သဖြင့် ပြည်သူများ အနေဖြင့်မြို့ပေါ်နေ အဖျက်သမားများ ရန်ကို မျက်စိဖွင့်နားစွင့် စောင့်ကြည့်ရတော့မည့် အချိန်လည်းရောက်လာနေပြီ ဖြစ်သည်။

ဓါတ်ပုံ ။ ။ ဧရာဝတီ