အိမ်နီးချင်းနိုင်ငံများက စစ်အာဏာသိမ်းပြီး အစိုးရ ဟု ခံယူလာသူ များ နှင့် အနာဂတ် တွင် မည်သို့ မည်ပုံ ဆက်ဆံသွားရမည် ကို ချိန်ဆနေချိန်နှင့် ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးက နိုင်ငံသည် အတိတ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်း ရှိ၊ မရှိ စီရင်ချက်ချရန် ရှိနေချိန်နှင့် ကြုံ နေရပြီ ဖြစ်၍ မြန်မာနိုင်ငံသည် အတိတ် နှင့် အနာဂတ် ဆုံရာ အလွန်အရေးပါသော ရက်သတ္တပတ်တခုနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သည် မြန်မာနိုင်ငံရှိ ဖိနှိပ်ခံ မွတ်စလင် ရိုဟင်ဂျာ လူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိကို ကြာသပတေးနေ့ (မြန်မာ စံတော်ချိန် နေလည် ၂:၃၀) တွင် စီရင်ချက်ချရန် စီစဉ်ထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံကို ထိပ်သီးအစည်းအဝေးများမှ ဖယ်ကြဉ်ထားသည့် မူဝါဒအပေါ် ပြန်လည်ဆွေးနွေးကြမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ သုံးရက်ကြာ အစည်းအဝေးအပေါ်တွင် အဆိုပါအမှုက အရိပ်မိုးနေသည်။
သို့သော် လာမည့် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံ မှ စစ် ခေါင်းဆောင်များ၊ ဝန်ကြီးများ ပြန်လည်ပါဝင်ခွင့် ပေးမည် မပေးမည် ဆုံးဖြတ်ချက်ကို အာဆီယံ ရွှေ့ဆိုင်းဖွယ်ရှိ သည်ဟု အာဆီယံ သံတမန်သတင်းရင်းမြစ်များက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားသည်ဟု စင်္ကာပူရှိ စထရိတ်တိုင်းမ် သတင်းစာ တွင် ဖေါ်ပြထားသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ကျင်းပမည့် အာဆီယံ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးအတွက် မနီလာမြို့တွင် စုဝေးရောက်ရှိနေကြသည့် အာဆီယံခေါင်းဆောင်များသည် မူလက ဆုံးဖြတ်ချက်တစုံတရာ ချမှတ်ရန် မျှော်လင့်ထားခဲ့ကြသော်လည်း အာဏာသိမ်းမှုအတွင်း ဖြုတ်ချခံခဲ့ရသည့် အရပ်သားအစိုးရ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားမှုက ၎င်းတို့၏ သဘောထားအမြင်အပေါ် သက်ရောက်မှုရှိပုံရသည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် “အပြုသဘောဆောင်သော တိုးတက်ဖြစ်ထွန်းမှုများ” ကို အဓိကကျသည့် အစည်းအဝေးများသို့ မြန်မာနိုင်ငံ ပြန်လည်ပါဝင်ခွင့်ပြုရန်အတွက် စံသတ်မှတ်ချက်တခုအဖြစ် အာဆီယံက ရှုမြင်ထားသည်။
ယင်းအစား ခေါင်းဆောင်များအနေဖြင့် ယခုအခါ မြန်မာနိုင်ငံမှ နိုင်ငံရေးဆိုင်ရာ ကိုယ်စားလှယ်များအား “တဆင့်ချင်းစီ ပြန်လည်ပါဝင်ခွင့်ပြုသည့်” မူဝါဒတရပ်ကို စဉ်းစားသုံးသပ်ဖွယ် ရှိနေကြောင်း အဆိုပါ သတင်းရင်းမြစ်များက ပြောကြားသည်။
မိမိ၏ အမြင် အရ သုံးသပ်ရလျင် နောက်ထပ် အကြောင်းရင်း တခုသည် စစ်အုပ်စုကို အစဉ် တစိုက် ဆန့်ကျင်ခဲ့သည့် စင်္ကာပူသည် ဥက္ကဌ အဖြစ် တာဝန်ယူရမည့် ၂၀၂၇ တွင်ကျမှ ရာဇဝင် အရိုင်းခံကာ မင်းအောင်လှိုင်အား ၎င်းတို့၏ ဂုဏ်ကျက်သရေ အဖြာဖြာ နှင့် ပြည့်စုံ လှသော ခြင်္သေ မြိုတော်ကြီး ဆီသို့ ဦးဦးဖျားဖျား ခြေချခွင့် ပြုရမည့် အဖြစ်ကို လက်မခံချင်ပဲ ဆန့်ကျင်နေသော ကြောင့်လည်း ဖြစ်ပေမည်။
သို့သော် ၂၀၂၈ အထိ ၎င်း ဆက်ရှိ နေဦးမည်ဆိုက အခြေအနေ တမျိုး ပြောင်းသွား နိုင် ပေသည်။
၂၀၂၈ တွင် ဥက္ကဌ ဖြစ်လာမည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွန်ကက်ကဲအို က ICJ တရားရုံး၏ စီရင်ချက်သည် ၎င်းတို့ "ချိန်ဆလုပ်ဆောင်နေသည့် ပြန်လည်ထိတွေ့ဆက်ဆံရေး" လုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်စေလိမ့်မည်ဟု မမြင်မိကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး ဖြစ်သည်။
ကုလသမဂ္ဂ တရားရုံးအမှုနှင့် အာဆီယံ၏ သံတမန်ရေးရာ အကျပ်အတည်းတို့သည် စာရွက်ပေါ်တွင် သီးခြားစီဖြစ်နေသော ကိစ္စရပ်များ ဖြစ် သော်လည်း ပြဿနာ နှစ်ခုစလုံးသည် မင်းအောင်လှိုင်ဆိုသည့် လူတဦးတည်းအပေါ်တွင် လာရောက်ဆုံစည်းနေသည်။
မင်းအောင်လှိုင် အဖို့ က နှစ်စဉ် တက်ရနိုး နှင့် အရှက်တကွဲ ဖြစ်ရမည့် အရေး မှ ရှောင်ရှားနိုင်ရန် ဖြစ်နိုင်လျင် အာဆီယံ မှ မြန်မာအား နှုတ်ထွက်ချင် သည်မှာ တပိုင်း သေမတတ် ဖြစ်နေသော်လည်း ထိုသို့ လုပ်မည်ဆိုက နိုင်ငံတကာ မျက်နှာစာမှ လုံးဝပျောက်ကွယ်သွားပြီး NUG အတွက် သံတမန်ရေးရာ နေရာရရှိရန် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်သွားနိုင်သည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးတွင် တရုတ်နိုင်ငံတခုတည်းအပေါ် လုံးဝမှီခိုရသည့် အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်ပါသည်။
မြန်မာ၏ ကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများစုသည် ထိုင်း၊ စင်ကာပူ၊ မလေးရှား စသည့် အာဆီယံ အိမ်နီးချင်းနိုင်ငံများအပေါ် များစွာမှီခိုနေရသည့် အပြင် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ (AFTA) ၏ အကျိုးခံစားခွင့်များ ဆုံးရှုံးသွားပါက ပြည်တွင်းစီးပွားရေး ပို၍ပင် ယိမ်းယိုင် ပြိုလဲသွားနိုင် ပေသည်။
ဒေါ်အောင်ဆန်းစုကြည်အားလည်း လွှတ်မပေးရဲ၊ လေကြောင်းမှ တိုက်ခိုက်နေမှု များလည်း မရပ်ရဲ ရှာ ဖြစ်နေသော မင်းအောင်လှိုင် အဖို့ ဘာလုပ်ရမှန်း မသိအောင် ဖြစ်လာနေ သော အခြေအနေဆိုး နှင့် ရင်ဆိုင်နေရ ပေသည်။
ရခိုင်ပြည်နယ်ရှိ ပုဏ္ဍားကျွန်း ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား စစ်တပ်က စနေနေ့ (နိုဝင်ဘာ ၁၄ ရက်) တွင်လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများနှင့် ကယ်ဆယ်ရေးဝန်ထမ်းတဦးအား ကိုးကား၍ စင်္ကာပူရှိ ချန်နယ် နယူးအေးရှား တွင် သတင်းပါရှိလာခဲ့ပြန်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!
With information from AFP