"ကျွန်တော့်လက်ထဲမှာ ကိုင်ထားတာကတော့ ကျွန်တော်တို့ရဲ့ တော်လှန်ရေးလူထုအသိုင်းအဝိုင်း Theatre 21 က ထုတ်လုပ်ထားတဲ့ ပဝါတထည် ဖြစ်ပါတယ်။ ဒါဟာ သာမန်ဖက်ရှင်အသုံးအဆောင်တခု မဟုတ်ပါဘူး... ဒီပဝါကို သေချာကြည့်မယ်ဆိုရင် ကျဆုံးသွားခဲ့ရသူတွေရဲ့ နာမည်တွေနဲ့ အသက်အရွယ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ အငယ်ဆုံးကလေးက အသက် နှစ်လပဲ ရှိသေးပြီး၊ အသက်အကြီးဆုံးပုဂ္ဂိုလ်ကတော့ အသက် ၁၀၅ နှစ် ဖြစ်ပါတယ်”
ဤတုန်လှုပ်ကြေကွဲဖွယ် စကားလုံးများသည် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီ၏ အပြန်အလှန်ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တကမ္ဘာလုံး ရှေ့မှောက်၌ ရင်နင့်ဖွယ်ရာ မြွက်ဟသွားခဲ့ခြင်း ဖြစ်သည်။
မြန်မာပြည်သူပြည်သားတို့၏ အသက်ပေါင်းများစွာ ထပ်မံမဆုံးရှုံးစေရန်နှင့် သွေးချောင်းစီးနေသော အကျပ်အတည်းများကို အမြန်ဆုံး အဆုံးသတ်ပေးရန် သံအမတ်ကြီးက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံ ဆို့နင့်တုန်ရင်စွာဖြင့် အကူအညီ တောင်းခံခဲ့သည်။ မိမိတို့၏ အမိမြေနှင့် ပြည်သူတို့ ခံစားနေရသည့် ဒုက္ခဆိုးများကို ရင်ဘတ်ဖြင့် ခံစားကာ မိန့်ခွန်းပြောရင်း၊ တားမရဆီးမရ ကျဆင်းလာသော သံအမတ်ကြီး၏ မျက်ရည်စက်များသည် မျက်မြင်တွေ့ရှိခဲ့ရသူ တက်ရောက်လာသူ အပေါင်းကိုသာမက၊ တဆင့်ကြားသိရသည့် ပြည်သူများအားလုံးကိုပါ စိတ်နှလုံး ညှိုးချုံးကြေကွဲကာ ရင်ဘတ်ချင်း ထပ်တူ နာကျင်စေခဲ့ရပါသည်။
(၈၁) ကြိမ်မြောက် တတိယကော်မတီညီလာခံကို ဩစ တေးလျှ ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး H.E. James Martin Larsen က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။
အမျိုးသမီး အခွင့်အရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ဒုက္ခသည်များအရေး၊ လူမျိုးရေးခွဲခြားမှုပပျောက်ရေး၊ တိုင်းပြည်အလိုက် လူ့အခွင့်အရေးအခြေအနေများနှင့် အကျပ်အတည်းများ (ဥပမာ- မြန်မာ၊ ရုရှား၊ ဘီလာရုဇ် စသည့် နိုင်ငံများအရေး) ကို အဓိကထား ဆွေးနွေးကြသည်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များ သီးခြားလွတ်လပ်သော ကျွမ်းကျင်သူများ နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ပြီး ၎င်းတို့၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာများကို တင်သွင်းကာ ဆွေးနွေးကြသည်။
အဓိကရည်ရွယ်ချက် မှာ နိုင်ငံတကာတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အဖွဲ့ဝင်နိုင်ငံများက ထောက်ပြဆွေးနွေးရန်၊ သီးခြားဖြစ်ရပ်များကို တင်ပြရန်နှင့် လူ့အခွင့်အရေးဆိုင်ရာ အကြံပြုချက်များကို မည်သို့အကောင်အထည်ဖော်နေသည်ကို ကျွမ်းကျင်သူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးရန် ဖြစ်သည်။
မြန်မာ အတွက် ကုလ အတွင်းရေးမှုး ချုပ် အထူးသံတမန်၊ အထူး စုံစမ်းစစ်ဆေးရေး မှုး နီကိုလပ်စ် ကိုဂျီမန် တို့ တက်ရောက်ခဲ့ကြသည်။
ဤသည်ကို ကြည့်မည် ဆိုက သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ဤမိန့်ခွန်းသည် လေဟုန်စီး၍ မြေကြီးတုန်ခါမတတ် ပြင်းထန်သော ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံနှင့် စစ်အုပ်စုကို ပြန်လည်လက်ခံသင့်၊ မသင့် ဆုံးဖြတ်ရန် အာဆီယံဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ မလာရောက်မီ တရက်အလိုတွင် ဤသို့ ထိရောက်ပြတ်သားစွာ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ဤလုပ်ရပ်သည် စစ်အုပ်စုကို နိုင်ငံရေးအရ အလဲထိုးလိုက်နိုင်ရုံသာမက၊ ၎င်းတို့အား ပြန်လည်လက်ခံရန် အားထုတ်နေသည့် အာဆီယံအဖွဲ့ကိုပါ ကမ္ဘာ့မျက်နှာစာတွင် အကျပ်ရိုက်သွားစေမည့် လွန်စွာအရေးပါသော သတင်းစကားကို ပေးပို့နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ဦးကျော် မိုး ထွန်း ပြောသည့် Theatre 21 ဆိုသည်မှာ ထင်ရှားကျော်ကြားသော မြန်မာအဆိုတော် လင်းလင်းက ၎င်း၏ ခြောက်ခုမြောက် အယ်လ်ဘမ်ဖြစ်သည့် “Theatre 21” ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက်တွင် ဖြန့်ချိပြီးနောက် စတင်ခဲ့သည့် ရန်ပုံငွေရှာဖွေရေး အစီအစဉ်တစ်ခု ဖြစ်သည်။
အဆိုပါ အစီအစဉ်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်း သတ်ဖြတ်ခံခဲ့ရသည့် အရေအတွက်အတိအကျ မသိရသေးသော လူပုဂ္ဂိုလ်များ၏ နာမည်များ ရိုက်နှိပ်ထားသည့် ပဝါများအပါအဝင် အမှတ်တရပစ္စည်းများ ရောင်းချခြင်းမှတစ်ဆင့် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များအတွက် ရန်ပုံငွေ ရှာဖွေပေးနေခြင်း ဖြစ်သည်။
ဥရောပ နိုင်ငံများ သမဂ္ဂ အီးယူ ကိုယ်စားလှယ် Ms. Kelley E. CURRIE က ထူးခြားပြောင်မြောက်သော သတ္တိနှင့် ကြံ့ကြံ့ခံနိုင်စွမ်း တို့ကို ဆက်လက်ပြသနေသည့် မြန်မာ ပြည်သူများ၏ ဆန္ဒနှင့် မျှော်လင့်ချက်များကို လေးစားလျက်၊ အနှစ်သာရရှိပြီး အားလုံးပါဝင်နိုင်သော စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မဖြစ်မနေ ပြန်လည်ရောက်ရှိရမည် ဖြစ်သည်။ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် ချန်လှပ်မှုများသာ လွှမ်းမိုးနေသည့် ပတ်ဝန်းကျင်တွင် ကျင်းပခဲ့သော၊ လွတ်လပ်၍ တရားမျှတမှု လုံးဝမရှိသည့် စစ်အုပ်စု၏ ဟန်ပြရွေးကောက်ပွဲများနှင့် ယင်းနောက်ပိုင်း အရပ်သားအစိုးရအမည်ခံကာ စစ်အာဏာရှင်စနစ်ကို ပုံစံပြောင်းလဲသက်ဆိုးရှည်စေရန် ကြိုးပမ်းမှုများသည် မည်သို့မျှ တရားဝင်မှုကို ပေးစွမ်းနိုင်မည် မဟုတ်ဟု ပြတ်ပြတ်သားသားပြောကြားသွားခံ့ပြန်သည်။
ကုလ အထူး သံတမန် ဂျုလီ ဘစ်ရှော့က“ဒီအကျပ်အတည်းဟာ လုံးဝ မဖြေရှင်းနိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်မသွားခင် ကုလသမဂ္ဂအနေနဲ့ အရေးယူ ဆောင်ရွက်မှာလား။” ဟု ကျယ်လောင်စွာ မေးခွန်း ထုတ်လိုက်ပြန်သည်။
နေပြည်တော်ကတော့ သူတို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ အကြမ်းဖက်အဖွဲ့တွေကို ပစ်မှတ်ထားတာလို့ ဆိုပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရမှုနဲ့အတူ ၂၀၂၅ ခုနှစ်ဟာ မြန်မာနိုင်ငံက ကလေးသူငယ်တွေအတွက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသေအပျောက် အများဆုံးနှစ် ဖြစ်ခဲ့ပါတယ်" ဟု ကုလ အတွင်းရေးမှုး ချုပ်၏ အထူး သံတမန် အဖြစ် ကမ္ဘာကို ရှင်းလင်းစွာ အသိပေးသွားခဲ့ပြီ ဖြစ်သည်။
“ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် ဘေးကင်းလုံခြုံပြီး၊ မိမိသဘောအလျောက် သိက္ခာရှိရှိနဲ့ ရေရှည်တည်တံ့တဲ့ အခြေအနေမျိုး (မြန်မာနိုင်ငံအတွင်း) လုံးဝ မရှိသေးပါဘူး။” ဟုလည်း ဆိုသည်။
ဂျုလီ ဘစ်ရှော့သည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို သွေးထွက်သံယိုမှုများ လွန်စွာပြင်းထန်နေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်ဖွယ်ရာ အကျပ်အတည်းတခုအဖြစ် ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်ထက်တွင် အလေးအနက် ထောက်ပြဆွေးနွေးသွားခဲ့ခြင်းပင် ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!