စစ်ဝတ်စုံကိုချွတ်ပြီး အရပ်ဝတ် နှင့် အာဏာသိမ်းခေါင်းဆောင် သည် နိုင်ငံတကာ၏ တရားဝင်လက်ခံမှု ရှာဖွေ ရေး ခရီးစဉ်၏ နဝမ မြောက် ကွန်းခိုရာအဖြစ် မလေးရှား သို့ ရောက်ရှိလာခဲ့သည်ဟု နယူးယောက် တိုင်းမ် တွင် ဟာနာ ဘိခ်ျ က ရေးသားလာခဲ့သည်။
လွန်ခဲ့တဲ့လအနည်းငယ်အတွင်း ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘီလာရုစ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနှင့် လာအိုနိုင်ငံများဆီ သွားရောက်ခဲ့ပြီးနောက် ကမ္ဘာ့တွင် ဖိနှိပ်အချုပ်အချယ်ဆုံး အုပ်ချုပ် ရေး အဖွဲ့ ခေါင်းဆောင် မင်းအောင်လှိုင်သည် ကြာသပတေးနေ့က မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ တွေ့ဆုံခဲ့သည်။
ယင်းသည် လွန်ခဲ့သည့် ငါးနှစ်က အာဏာသိမ်းပြီး နိုင်ငံကို ပြည်တွင်းစစ်ကြီး အတွင်းသို့ ကျရောက်စေခဲ့၍ ကမ္ဘာ့အသိုင်းအဝိုင်းမှ အပယ်ခံခဲ့ရသူ မင်းအောင်လှိုင်အတွက် အသွင်သစ် ဖန်တီးလာမှု ၏ နောက်ဆုံးလက္ခဏာပင် ဖြစ်သည်။
အံ့ဩ ဖို့ ကောင်းနေရသည်က ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ မိန့်ခွန်းများထဲတွင် အန်ဝါသည် မင်းအောင်လှိုင် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်ပြီး တခွန်းတလေမျှ ပင် ဝေဖန် ပြောဆိုခဲ့ခြင်း မရှိခြင်းပင် ဖြစ်သည်။ "မကြာမီက ဖြစ်ပျက်ခဲ့မှု များက နှစ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်မှုကို အတိုင်းအတာတခုအထိ အဟန့်အတား ဖြစ်စေခဲ့သည်။" ဟုသာ ပါးပါးနပ်နပ် ပြောသွားခဲ့သည်။
အာဆီယံ ငါး နိုင်ငံ သို့ ခြေဆန့်လာနိုင်ခဲ့ သော်လည်း ၎င်းအလွန်အမင်း လိုလားတောင့်တနေသည့် အာဆီယံ ထိပ်သီးအစည်းအဝေးများ သို့ တက်ရောက်ခွင့်ကိုမူ တရားဝင် ပိတ်ပင်ခံထားရဆဲဖြစ်သည်။
မြန်မာစစ်ခေါင်းဆောင်အနေဖြင့် အာဆီယံ၏ မျက်နှာသာပေးမှုကို ပြန်လည်ရရှိရန် ကြိုးပမ်းနေမှုများအပေါ် ဝန်ကြီးချုပ် အန်ဝါက မကြာမီ ဖြစ်လာ စေရမည်ဟု မျက်စိမှိတ်ပြကာ ချွေးသိပ် ပေးခဲ့သည်။
၎င်း အာဆီယံ အသိုက်အဝန်း ထဲသို့ ပြန် ခေါ်သွင်းမည့်ခေါင်းဆောင် ဆိုသူ သည် ကမ္ဘာပေါ်တွင် ပါလက်စတိုင်း ပြီးလျင် ဒုတိယ မြောက် အန္တရာယ် အရှိဆုံး နိုင်ငံကို ရွေးကောက်ပွဲ အတု ဖြင့် သမ္မတ တက်လုပ်နေသူ ဖြစ်သည်။
မလေးရှားနိုင်ငံသို့ နှစ်ရက်ကြာ သွားရောက်ခဲ့သည့် အဆိုပါ ခရီးစဉ်သည် ကမ္ဘာပေါ်တွင် နိုင်ငံရေးအကျဉ်းသားများကို အများဆုံး ဖမ်းဆီးထောင်ချထားသူများအနက် တဦးဖြစ်သည့် မင်းအောင်လှိုင်အတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများကို ပုံမှန်ကျင်းပလေ့ရှိသော နိုင်ငံတနိုင်ငံသို့ ခဲခဲယဉ်းယဉ်း ရောက်လာခဲ့ရသည့် ခရီးစဉ်တခု ဖြစ်သည်။ ဝန်ကြီးချုပ် အန်ဝါ ကိုယ်တိုင်ပင် နိုင်ငံရေး အကျဉ်းသား အဖြစ် ၁၁ နှစ်နီးပါး ထောင် ကျခံခဲ့ရဖူးသူ ဖြစ်သည်။
ကြာသပတေးနေ့က ၎င်းတို့ နှစ်ဦး မိနစ် ၄၀ ကြာ သီးသန့် ပြောဆိုအပြီး ကျင်းပခဲ့သည့် 'ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ' တွင် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများက အဓိက လွှမ်းမိုးထားခဲ့သည်၊ ထိုဆွေးနွေးပွဲ သို့ မြန်မာဘက်မှ တက်ရောက်လာကြသူ အများစု သည် အနောက်နိုင်ငံများမှ နာမည်ပျက် စာရင်းသွင်းခံထားရသူ များ ဖြစ်နေသည်။
ဝန်ကြီးချုပ် အန်ဝါက ယခုကဲ့သို့ လူအမြောက်အမြား ပြန်လည်ပို့ဆောင်ရေးကိစ္စ၌ မင်းအောင်လှိုင်၏ 'ပွင့်လင်းသော သဘောထားနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဆန္ဒ ရှိမှု' ကို ချီးကျူးပြောဆိုခဲ့သည်။
"ကျွန်တော့်အတွေ့အကြုံအရဆိုရင် တခြား ဘယ်နိုင်ငံကမှ အခု မြန်မာနိုင်ငံလို လူအများအပြားကို မိမိတို့ရဲ့ စရိတ်စကနဲ့ ပြန်လည်လက်ခံဖို့ လိုလိုလားလား ရှိကြတာမျိုး မရှိခဲ့ဘူး' ဟု ဝန်ကြီးချုပ် အန်ဝါက ပြောကြားခဲ့သည်။
ပထမဆုံး ပြန်လည်ပို့ဆောင်ခံရသူများအနက် တဦး ဖြစ်သည့် ကိုမင်းဉာဏ်ထွန်း က သူစီးနင်းလာသည့် သင်္ဘောတစုံတရာ အခက်အခဲနှင့် ကြုံတွေ့ရပါက မလေးရှားနိုင်ငံတွင် ဥပဒေကြောင်းအရ တာဝန်မရှိကြောင်း ကတိဝန်ခံချက်ကို လက်မှတ်ရေးထိုးခဲ့ရသည်ဟု ပြောပြခဲ့သည်။ သင်္ဘောပေါ်တွင် အစားအသောက် အစုံအလင် ပါရှိပြီး ကာရာအိုကေ ပင် သီဆို နိုင်သောကြောင့် ခရီးစဉ်မှာ သက်တောင့်သက်သာ ရှိခဲ့သော်လည်း ယင်းစရိတ်စကများအတွက် သူ၏မိသားစုက မြန်မာရေတပ်သို့ ပိုက်ဆံပေးခဲ့ရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် စစ်ဝတ်မှုထမ်းရန် စုဆောင်းခံရဖွယ်ရှိကြောင်း အရိပ်အမြွက်များ ပြသခံခဲ့ရသည့်အတွက် သူ၏ စိုးရိမ်ထိတ်လန့်မှုမှာ ပိုမိုကြီးထွားလာခဲ့ရသည်။
၎င်းကဲ့သို့ စိုးရိမ် ထိတ်လန့်မှု များကြောင့် လူငယ် တသန်းခန့် တိုင်းပြည်ကို စွန့်ခွာ သွားခဲ့ကြပြီ ဖြစ်သည်။
အသက် ၃၄ နှစ် ရှိ ကိုမင်းဉာဏ်ထွန်းက သူသည် မလေးရှားနိုင်ငံမှ သုံးကြိမ်တိုင်တိုင် ပြန်လည်နှင်ထုတ်ခံခဲ့ရပြီးဖြစ်ကြောင်း၊ ယခုလည်း ရသည့် နည်းဖြင့် မလေးရှားသို့ပင် ပြန်သွားမည်ဟု ဆိုသည်။
"'မလေးရှားမှာ နောက်ထပ်တကြိမ် ဖမ်းဆီးခံရမှာနဲ့ ရှေ့တန်းကို စစ်တိုက်ဖို့ စေလွှတ်ခံရမှာ နှစ်ခုထဲက တခုကို ရွေးရမယ်ဆိုရင် မလေးရှားကို ပြန်သွားဖို့ကိုပဲ ရွေးချယ်ပါမယ်' ဟု သူက ပြောခဲ့သည်။ 'ရှေ့တန်းကိုသွားပြီး စစ်အုပ်စု အတွက် ကျွန် တော့် အသက်ကို အဆုံးရှုံးမခံနိုင်ဘူး။'
စက်တင်ဘာလ ၃၀ ရက်နေ့က ပထမဆုံး ပြန်လည်ပို့ဆောင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ရိုဟင်ဂျာတဦး တလေမျှ မြန်မာသို့ ပြန်ပို့ ပေးခြင်း မရှိ သေး ကြောင်း ဝန်ကြီးချုပ် အန်ဝါက အတည်ပြု ခဲ့သည်။ သို့သော် ဝန်ကြီးချုပ်ကပင် လွန်ခဲ့သည့်လတွင် ၎င်း နှင်ထုတ်လိုသူ အများစုမှာ ရိုဟင်ဂျာများ ဖြစ်သည်ဟု ပြောခဲ့ပြီး ဖြစ်သည်။ ပြဿနာကို ပိုမိုရှုပ်ထွေးလာစေသည်မှာ မင်းအောင်လှိုင်က မိမိတို့ဖက်မှ 'မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုပြီးသူများကိုသာ' ပြန်လည်လက်ခံမည်ဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ သူ၏ အစိုးရသည် ရိုဟင်ဂျာများကို မြန်မာနိုင်ငံမှ ဖြစ်သည်ဟု သတ်မှတ်ထားခြင်း မရှိပေ။
အန်ဝါနဲ့ မင်းအောင်လှိုင်တို့ တွေ့ပြီးရင် ဒုက္ခသည် စီးဝင်လာမှုတွေ ရပ်တန့်သွားလိမ့်မယ်ဆိုတဲ့ အယူအဆဟာ မသိနားမလည်မှုပဲ ဖြစ်ပါတယ်' ဟု အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌ ချားလ်စ် ဆန်တီယာဂို က ပြောကြားခဲ့သည်။ 'အကြမ်းဖက်မှုတွေ ရပ်တန့်သွားတဲ့ အခါကျမှသာ ဒီဒုက္ခသည် စီးဝင်မှုလည်း ရပ်တန့်သွားမှာ ဖြစ်ပါတယ်။' "
မြန်မာနိုင်ငံတွင်မူ လူသုံးဦးလျှင် တဦးနှုန်းသည် အစာရေစာ ဝလင် အောင် မစားသောက်နိုင် ဖြစ် နေသည်ဟု ကုလသမဂ္ဂက ပြောကြားထားချိန်တွင် နိုင်ငံတော်အဆင့် မွန်းလွဲစာဧည့်ခံပွဲတွင် ငရုတ်ကောင်းနက် ဆော့စ်တို့ဖြင့် ချက်ပြုတ်ထားသော သိုးသား၊ ထောပတ်ဖြင့် နှပ်ကာ ချက်ထားသည့် ပုစွန်ထုပ်ကြီးများနှင့် ဒိန်ခဲ၊ သစ်သီး ပူဒင်း အပါအဝင် အခြားသော အရသာရှိလှသည့် အစားအစာများကို မြိန်ယှက်စွာ စားသုံးခဲ့ကြသည်ဟု ရေးသားထားသည်။
*******
မင်းအောင်လှိုင် အပြန် ရောက်ရှိလာသည့် အီဂျစ် သမ္မတ အယ်စီစီးအား ဝန်ကြီးချုပ် အန်ဝါ ကိုယ်တိုင် လေဆိပ်သို့ သွားရောက်၍ ဆင်းကြိုခဲ့ပြီး ဘုရင်မင်းမြတ်၏ နန်းတော်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ခမ်းခမ်းနားနား ကြိုဆိုခဲ့သည်။
နန်းတော်ဖြစ်သည့် Istana Negara တွင် ဘုရင်မင်းမြတ်ကိုယ်တိုင် ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ အပါအဝင် နိုင်ငံတော်အဆင့် ကြိုဆိုပွဲ ဖြင့် ခမ်းခမ်းနားနား ဂုဏ်ပြုဧည့်ခံခဲ့သည်။
အယ်စီစီးကို ဘုရင့်နန်းတော်တွင် မလေးရှား တော်ဝင် အမြှောက်တပ်ရင်းမှအမြှောက် ၂၁ ချက် ပစ်ဖေါက်ခြင်း၊ ဘုရင်နှင့် အတူ ဂုဏ်ပြု တပ်ဖွဲ့ကို စစ်ဆေးခြင်း များ ဖြင့် တခမ်းတနား ကြိုဆိုခဲ့သည်။
အာဏာသိမ်း ခေါင်းဆောင်ခြင်း အတူတူ မင်းအောင်လှိုင်ကို မူ အထီးကျန်နေသော စစ်ခေါင်းဆောင်တဦးနှင့် လက်တွေ့ကျသော ကုန်သွယ်ရေး/ဒုက္ခသည်ကိစ္စများအတွက် အကန့်အသတ်ဖြင့် သာ ဆက်ဆံခဲ့ခြင်း ဖြစ်၍ မလေးရှားအစိုးရ၏ ဆက်ဆံပုံနှင့် ဂုဏ်ပြုပုံချင်း သိသာစွာ ကွာခြားနေသည်ကို အထင်အရှား တွေ့မြင်နိုင်ပေသည်။
သူလည်းလေ လောကီ သားပေမို့ စိတ်ထဲတွင် ခံပြင်း နေရှာ ပေရော့မည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!