မကြာသေးမီက အထိ ကမ္ဘာကို သူအုပ်ချုပ်နေသည်ဟု ပြောဆိုခဲ့သည့် သမ္မတထရမ့်သည် ယခုအခါ တရုတ်သမ္မတ ဆင်းအလာကို လေယာဉ်လှေကားအောက်ခြေတွင် စောင့်ဆိုင်းနေရရှာလေပြီ။
ဝါရှင်တန်အနီးရှိ ဂျွန်ဘေ့စ်အင်ဒရူးစ် လေတပ်စခန်းတွင် ဘိုအင်း ၇၄၇ လေယာဉ်ကြီး ဖြည်းညင်းစွာ ရပ်တန့်သွားသည်။ ရွှေ့ပြောင်းနိုင်သော လှေကားများကို တပ်ဆင်ပြီး ကော်ဇောနီ ကို ဖြန့်ချကာ အမေရိကန်နှင့် တရုတ်စစ်သားများ ဝတ်စုံ အပြည့် ဖြင့် နှစ်ဘက်စလုံးတွင် တန်းစီရပ်နေကြသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လေယာဉ်တံခါးတွင် ပေါ်လာသည်။ သူသည် ခဏရပ်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ အောက်မှ မျှော်လင့်တကြီးဖြင့် အပေါ်ကို စိုက်ကြည့်နေသူမှာ သမ္မတထရမ့်ပင် ဖြစ်သည်။
ဤသည်မှာ ထရမ့်က ထူးထူးခြားခြား လေးစားသမှုတခု ပြသခဲ့ခြင်း ပင် ဖြစ်သည်။ အစဉ်အလာအရ အမေရိကန်သမ္မတများသည် နိုင်ငံခြားခေါင်းဆောင်တဦးဦးကို ကြိုဆိုရန် အိမ်ဖြူတော်မှ ၁၂ မိုင် ဝေးကွာသည့် အင်ဒရူး လေတပ်စခန်းသို့ သွားလေ့မရှိပေ။ အိမ်ဖြူတော်၏ ကြီးကျယ်ခမ်းနားမှုနှင့် စွမ်းပအားကို နောက်ခံထားကာ စောင့်ဆိုင်းကြိုဆိုကြ လေ့ ရှိသည်။ သို့သော် ယခု အကြိမ်တွင် တော့ ထိုသို့ ဖြစ်မလာခဲ့။
ရှီသည် မေလက ထရမ့် ဘီဂျင်းသို့ ရောက်လာစဉ် ထိုသို့ ကြိုဆိုခဲ့ခြင်း မရှိပေ။ အမေရိကန်သမ္မတသည် ကမ္ဘာကအထူးအာရုံစိုက် နေသော ထိပ်သီးအစည်းအဝေးတွင် ညှိညှိနှိုင်းနှိုင်း ဖြင့် ပြေလည်အောင် လုပ် ယူမည်ဟု ရည်မှန်းထားသည်ကို ညွှန်ပြနေသည်။ ထရမ့်သည် ဉာဏ်ရည်တု ဖွံ့ဖြိုးတိုးတက်မှုအရှိန်၊ ထိုင်ဝမ်၏ ကာကွယ်ရေးနှင့် အမေရိကန်နှင့် စစ်ဖြစ်နေသော အီရန်ကို တရုတ်၏ ထောက်ခံမှုတို့အပါအဝင် အဓိကအရေးကိစ္စများတွင် ရှီကို တွန်းတွန်း တိုက်တိုက် ဖိအားပေး ပြောဆိုသွားမည်ဟု လည်း မည်သူကမျှ မျှော်လင့်မထားပေ။
“အ မေရိကန် နှင့် ကမ္ဘာကို အုပ်ချုပ်နေသည်” ဟု နိုင်ငံတကာတွင် ထင်သလို ဗိုလ်ကျ ချယ်လှယ် နိုင်သူ အဖြစ် ယုံကြည်စိတ်ချစွာ ပြောဆိုနိုင်ခဲ့ သော ထရမ့် သည် လေယာဉ် လှေကား အောက်မှာပင် ပိုမိုသေးငယ်သွားပုံပေါ်သည်။
ရှီသည် အပေါ်မှ ပျံသန်းသွား သော B-1တိုက် လေယာဉ် နှစ်စင်းကို တည်တည်ငြိမ်ငြိမ် ဖြင့် မော့ကြည့်လိုက်သည်။ ၎င်း၏ ဘေးတွင် ရပ်နေသော ထရမ့်သည် ဆူညံသံကြောင့် မျက်နှာ ရှုံ့မဲ့သွားသည်။
ထရမ့်၏ အာဏာအမြင့်ဆုံးအချိန်သည် ယခုနှစ်အစောပိုင်း ဇန်နဝါရီ ၃ ရက်တွင် ဖြစ်နိုင်သည်။ ထိုနေ့က ညအမှောင်ထုအောက်တွင် အမေရိကန် အထူးတပ်ဖွဲ့များသည် ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ သမ္မတ နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးခဲ့သည်။ နေ့အလင်း ရောင် မထွက်မီမှာပင် မာဒူရိုသည် ဘရွတ်ကလင်း ရှိ မှောင်မိုက်သော အချုပ်ခန်း အတွင်းရောက်ရှိနေပြီ ဖြစ်သည်။
ထရမ့်သည် ၎င်းအား ဆန့်ကျင် နေသော ခေါင်းဆောင်တဦးကို ဖြုတ်ချနိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဗင်နီဇွဲလား၏ ရေနံအများစုကို ထိန်းချုပ်နိုင်ခဲ့သည်။ "ငါ့ကို မဆန့်ကျင်နှင့်၊ ဆန့်ကျင်က သင်လည်း နောက်ထပ် မာဒူရို တဦး ဖြစ်လာနိုင်သည်ဟု မက်ဆေ့မျိုး ပြသ နိုင်ခဲ့သည်။ ထရမ့်သည် ဂရင်းလန်၊ ကျူးဘားနှင့် ကနေဒါတို့ဘက်သို့ အာရုံစိုက်ခဲ့သည်။ သူ့စိတ်ထဲတွင် အမေရိကန်စစ်တပ်သည် ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု အထင် ရောက်လာခဲ့သည်။
ထိုသို့ ထင် ယောင် ထင်မှား အတွေးများနှင့်ပင် ထရမ့်သည် နှစ်လ မပြည့်သေးမီမှာပင် ယခင် သမ္မတ အဆက်ဆက် လက်ရှောင်ခဲ့သည့် အီရန်နှင့် စစ် မျက်နှာ ဖွင့်လိုက်သည်။ အစ္စရေးနှင့် ပူးပေါင်းပြီး အမေရိကန်သည် တီဟီရန်၏ ခေါင်းဆောင်မှုကို ဖြတ်တောက်ကာ ၎င်း၏ စစ်တပ်အများစုကို ချေမှုန်းခဲ့သည်။ သို့သော် ပဋိပက္ခသည် မကြာမီ ရပ်တန့်သွားခဲ့သည်။ အီရန်သည် ဟော်မုဇ် ရေလက်ကြားကို ထိန်းချုပ်လိုက်သည်။ စွမ်းအင်ဈေးနှုန်းများ မြင့်တက်သွားသည်။ ပင်တဂွန်၏ ဗုံးကြဲခဲ့မှုများသည် ထိရောက်မှု ဆုံးရှုံးသွားသည်။ ခဲယမ်းမီးကျောက် ဒုံးကျည်များ ကုန်ခန်းသွားသည်။ အမေရိကန်အခြေစိုက်စခန်းများ တိုက်ခိုက်ခံရသည်။
ထိုအခါတွင်ဝောာ့ ထရမ့်သည် ကပ်ဆိုးကြီး ဆိုက် တော့မည်ဟု ခြိမ်းခြောက်ခြင်း၊ ငြိမ်းချမ်းရေးနီးကပ်နေပြီဟု ကတိပေးခြင်းနှင့် စစ်ပွဲကို အမှန်တကယ် အနိုင်ရပြီးသားဟု ကြေညာခြင်းတို့အကြား အလှည့်ကျ ပြောဆိုနေခဲ့သည်။ (တနေ့တည်းမှာပင် ထိုသုံးမျိုး အနက် နှစ်ခုကိုပင် ပြောခဲ့ဖူး ပေသည်။) သို့သော် တခုမျှ အမှန်မဟုတ်ခဲ့။
အီရန်တွင် ထရမ့်၏ ကျဆုံးမှုသည် လာမည့် midterm ရွေးကောက်ပွဲများအတွက် ရီပတ်ဘလီကန် အမတ်များကို အိမ်မက်ဆိုး များ ဖြစ်လာခဲ့ရပြီး အမေရိကန်၏ ကမ္ဘာ့အဆင့်အတန်းတွင် မည်သည့် နေရာ ရောက်သွားရပြီ ဆို သည်ကို လက်မခံချင်လည်း လက်ခံရ တော့ မည့် အမှန်တရားအချို့ကို မီးမောင်းထိုးပြနေသည်။
ဒုတိယသက်တမ်း စတင်ချိန်မှစ၍ ထရမ့်သည် မဟာမိတ် အများစု ကို လာမပတ်သက်ဘဲ ကိုယ့်အားကိုယ်ကိုးကြ ဟု ပြောလာခဲ့သည်။ ယူကရိန်း၏ ကာကွယ်ရေး အတွက်လည်း အများအား ဖြင့် ဥရောပထံ ထိုးချ ထားလိုက်ပြီး တဖက်တွင် ၎င်း၏ သံတမန်များသည် ရုရှားကို စိတ်လိုက်မာန်ပါ မလုပ်ဖို့ ဆက်လက် ချော့မြှူနေခဲ့သည်။ ကုန်သွယ်ရေးစစ်ပွဲများ ကြောင့်လည်း မဟာမိတ်များနှင့် ပို၍ ဝေးကွာလာခဲ့သည်။ ၎င်း ပိုင်ဟု ယူဆထား သော အနောက်ကမ္ဘာခြမ်းတွင် စစ်ရေးဝင်ရောက်စွက်ဖက်မှုများ ရှိလာမည်ဟု သတိပေးခဲ့သည်။
ပင်လယ်ကွေ့နိုင်ငံများထံမှ လက်ဆောင်များနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို ပျော် ပျော်ကြီး လက်ခံခဲ့သော်လည်း အီရန်ကို မတိုက်ခိုက်ရန် ၎င်းတို့၏ တောင်းဆိုမှုများကိုမူ လျစ်လျူရှုခဲ့သည်။ အီလွန် မတ်စ်၏ DOGE ကို နိုင်ငံခြားအကူအညီနှင့် ကမ္ဘာတဝှမ်းရှိ အခြား အမေရိကန် soft power အစီအစဉ်များကို ဖြတ်တောက်ခွင့်ပြုခဲ့သည်။ နေရာတိုင်းနီးပါးတွင် အမေရိကန်၏ သြဇာအာဏာသည် ကျုံ့ဝင်လာနေသည်။
ယခု နှစ် ကုလ အထွေထွေ ညီလာခံတွင် အီရန်ကို လက်စတုန်းပစ်မည်ဟု ကြိမ်းဝါးခဲ့ပြန်သည်၊ သို့သော် ၎င်း၏ စကားကို မည်သူမျှ အရေးတယူ မလုပ်ကြတော့၊ အဘယ့်ကြောင့်ဆိုသော် ၂၀၁၇ ကလည်း မြောက်ကိုရီယားကို ချေမှုန်း ပစ်မည်ဟု အလားတူ ပြောလာခဲ့၍ တက်ရောက်လာသူ ကမ္ဘာ ခေါင်းဆောင်များ တုန်လှုပ် ခြောက်ခြားသွားခဲ့ရဖူးသည်။ ယခုအခါတွင်တော့ ကင်မ်ဂျုံအွန်းအား ချီးမွမ်းခန်း ဖွင့်နေပြီ ဖြစ်သည်။
ကုလ တွင် ထရမ့် ပြောခဲ့သည်များ ထဲတွင် အတိုဆုံးဟု ပြောလို့ရသည့် မိနစ် လေးဆယ်ကြာ မိန့်ခွန်းတွင် Artificial intelligence (AI) အား Super Intelligence (SI) အဖြစ် အမည်ပြောင်းမည်ဟု ထည့်ပြောလာသည့်အခါ နားထောင်နေသူများ တုံဏှိဘာဝေ ဖြင့် ထိုင်နေကြပြီး စင်ပေါ် က ဆင်းသွားမည့်အချိန်ကိုသာ စောင့်မျှော်နေကြသည်။
ရုပ်သံလိုင်းများကလည်း ထရမ့်က သတင်းမီဒီယာအဖွဲ့သုံးဖွဲ့ ကို အိမ်ဖြူတော်တွင် သတင်း ယူခွင့် တားမြစ်ခဲ့၍ ၎င်း၏ ကုလ ခရီးစဉ်ကို သပိတ်မှောက်ခဲ့ကြသည်။ (ယခုအခါတွင် ဖက်ဒရယ် တရားသူကြီး ၏ ဆုံးဖြတ်ချက် ကြောင့် ပြန်လက်ခံလိုက်ရပြီ ဖြစ်သည်။)
ရှီနှင့် ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံတော်ညစာစားပွဲများတွင် ထရမ့်၏ ရွှန်းရွှန်း ဝေ အောင် ပြောဆို နေမှု များ ကြောင့် ၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်စဉ် တောက်လျှောက်ပြောလာသော တရုတ်ဆန့်ကျင်ရေး စကားများသည် ဘယ်ရောက်ကုန်ပြီ မသိတော့၊ ၎င်း ပြောခဲ့သည်မှ ဟုတ်ပါ လေစ ဟု ထင်မှတ်စရာ ဖြစ်လာခဲ့သည်။ ကုန်သွယ်ရေး သဘောတူညီချက် ကြီး တခု ရရှိရန် မျှော်လင့်ချက်ဖြင့် တရုတ်ခေါင်းဆောင်ကို အလျော့ ပေး ချဉ်းကပ်ခဲ့သည်၊ ၎င်း၏ အိမ်ဖြူတော် လက်ထောက်များပင်လျင် ထိပ်သီးအစည်းအဝေးမှ မယ်မယ်ရရ ထွက်ပေါ်လာစရာ မရှိဟု ယူဆထားကြသည်။ (ယခုအခါ တနှစ်ကြာ ကုန်သွယ်ရေး စစ် ရပ်စဲထားရန် သဘောတူညီမှု ရသွားခဲ့ပြန်သည်။)
ထရမ့်သည် ရှီနှင့် ဆက်လက် ရင်းနှီးအောင် ကြိုးပမ်းရန် အတွက် ကိစ္စအချို့ကို လျှော့ချပြောဆိုခြင်း သို့မဟုတ် လုံးဝ လျစ်လျူရှုခြင်း ပြုလုပ်နိုင်သည်။ နှစ်ဘက်စလုံးမှ ဥပဒေပြုအမတ်များက သမ္မတအား ဉာဏ်ရည်တု ကို ဒီတိုင်း လွှတ်မထားဘဲ အဟန့်အတားများ ဖန်တီးဖို့ တရုတ်နှင့် ပူးပေါင်းရန် တိုက်တွန်းခဲ့သော်လည်း ထရမ့်သည် နည်းပညာကို အကန့်အသတ်မရှိ ကြီးထွားစေရမည်ဟု ကတိပြုထားသည်—အကြောင်းမှာ ၎င်းသည် စတော့ဈေးကွက်နှင့် အမေရိကန်စီးပွားရေး အများစုကို ထောက်ပံ့နေသောကြောင့် ဖြစ်သည်
ထရမ့် သည် ရှီ၏ တောင်းဆိုချက် ဖြစ်သည့် ထိုင်ဝမ်သို့ လက်နက်တင်ပို့ ရောင်းချမှု ရပ်ဆိုင်းခြင်းကို ပယ်ချထားခြင်းမရှိသည့် အပြင် တရုတ်က အီရန်ကို ထောက်ပံ့ပစ္စည်းများနှင့် ထောက်လှမ်းရေး အချက်အလက်များ ပေးပို့နေခြင်းအတွက် တခွန်းတပါဒမျှ ပြောဆိုမည့် အရိပ်အယောင် လည်း မတွေ့ရပေ။
(၂၀၂၆ စက်တင်ဘာ ၂၄ ရက် အတ္တလန်တစ် မဂ္ဂဇင်းပါ ဂျိုနသန် လီမီယာ ၏ "The Deferential President" ကို ပြန်လည် တင်ပြသည်။)