နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(53)

by Hla Soewai - Sep 21 2026

အို ဂျေ၏ သူငယ်ချင်းတဦးဖြစ်သူ ရွန် ရှစ်ပ် က သူ့အား "ငါ နီကိုးလ်ကို သတ်ပစ်လိုက်တဲ့ အိပ်မက်တွေ မက်ဖူးတယ်" ဟု တကြိမ်က ပြောဖူးကြောင်း ထွက်ဆိုခဲ့သည်။ ထို့ပြင် တရားလိုဘက်မှ ဂျူရီလူကြီးများ နားထောင်နိုင်စေရန်အတွက် နီကိုးလ်က ဆင်ပ်ဆင်၏ ရိုက်နှက်မှုကို ခံနေရစဉ် ထိတ်လန့်တကြား အကူအညီတောင်းခံခဲ့သည့် ၉၁၁ (အရေးပေါ်ဖုန်း) ခေါ်ဆိုခဲ့မှု ကို ဖွင့်ပြနိုင်ရန် ၉၁၁ တယ်လီဖုန်းဆက်သွယ်ရေး အော်ပရေတာတဦးကိုလည်း သက်သေအဖြစ် တင်သွင်းခဲ့သည်။ 

 

ဂျူရီလူကြီးများသည် နီကိုးလ် ငိုကြွေးသံနှင့် အော်ပရေတာအား "သူ ငါ့ကို သေအောင် ရိုက်တော့မယ်" ဟု ငိုယိုပြောဆိုနေသံတို့ကို ကြားခဲ့ရသည်။ ထို့နောက် တရားလိုဘက်မှ နောက်ဆက်တွဲ သက်သေများက ည ၁၀ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၄၀ မိနစ်အတွင်း ဆင်ပ်ဆင်တွင် လူသတ်မှုကျူးလွန်ရန် လုံလောက်သော အချိန် နှင့် အခွင့်အလမ်း ရှိခဲ့ကြောင်း ဖော်ပြသည့် အချိန်ဇယားကို တင်ပြခဲ့ကြသည်။ 

 

လီမိုဇင်းကား မောင်းနှင်သူ အလန် ပါ့ခ် မှာ တရားလိုဘက်၏ အထိရောက်ဆုံး သက်သေများထဲမှ တဦးဖြစ်သည်။ စကားပြောတတ်ပြီး ဖော်ရွေကာ ဖြစ်ရပ်များကို ဘက်လိုက်မှုမရှိဘဲ ကြည့်ရှုသူတဦးဖြစ်သည့် ပါ့ခ်က ချီကာဂို သို့ သွားမည့် အိုဂျေ ကို လေဆိပ်သို့ လိုက်ပို့ရန် အခင်း ဖြစ်ပွားသည့် ည ၁၀ နာရီ ၂၅ မိနစ်တွင် ဆင်ပ်ဆင်၏ အိမ်သို့ ရောက်ရှိလာခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ သူသည် အိမ်တံခါးဘဲလ်ကို အကြိမ်ကြိမ် တီးခဲ့သော်လည်း မည်သူကမျှ လာရောက် ဖွင့်လှစ်ပေးခြင်း မရှိခဲ့ဟု ဆိုသည်။

 

ပါ့ခ် ၏ ထွက်ဆိုချက်အရ နံနက် ၁၁ နာရီ မတိုင်ခင် ကလေးတွင် အရပ်ရှည်ရှည်၊ အလေးချိန် ပေါင် ၂၀၀ ခန့်ရှိပြီး အမည်းရောင်ဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦး—သည် ခြံဝင်းအတွင်း လမ်းလျှောက်ဝင်လာပြီး အိမ်ထဲသို့ ဝင်သွားခဲ့သည်။ မိနစ်အနည်းငယ်ကြာသောအခါ ဆင်ပဆန် ထွက်လာပြီး ပါ့ခ်ကို အိပ်ရာထနောက်ကျသွားကြောင်း ပြောခဲ့သည်။ ဆင်ပဆန် သည် လီမိုဇင်း ကား ထဲသို့ ဝင်လာစဉ် လက်ထဲတွင် အမည်းရောင် အိတ်ငယ်တခုကို ကိုင်ဆောင်လာခဲ့ကြောင်း ပါ့ခ်က ထွက်ဆိုခဲ့သည်။

 

ပါ့ခ်ကမူ ထို အိတ်ထဲတွင် မည်သည့်ပစ္စည်းများ ပါဝင်သည်ကို မသိခဲ့ပါဟု ဆိုသည်၊ သို့သော် သွေးစွန်းနေသော ဓားတလက် အဖြစ် ဂျုရီအဖွဲ့က ကောက်ချက်ချလိမ့်မည်ဟု တရားလိုဘက်က မျှော်လင့်ခဲ့သည်။ ဆင်ပဆန်သည် ၎င်း၏အိတ်ကို မည်သူ့ကိုမျှ ကိုင်ခွင့်မပေးခဲ့ကြောင်း— ထိုအချိန်မှစ၍ ယနေ့တိုင် လုံးဝ မတွေ့ရတော့သည့် အိတ်တလုံးဖြစ်ကြောင်း— ပါ့ခ်က ခုံရုံးသို့ ထွက်ဆိုခဲ့သည်။ 

 

လော့စ်အိန်ဂျလိစ် လေဆိပ်မှ ခရီးသည် သယ်ယူရေးဝန်ထမ်း တဦးကလည်း ဆင်ပဆန် ကို အမှိုက်ပုံးတခု အနီးတွင် တွေ့ခဲ့ရကြောင်း ထွက်ဆိုခဲ့ပြီး၊ တရားလိုဘက်ကလည်း ရုံး‌ တော် အနေဖြင့် ထင်ရှားသည့် ကောက်ချက်တခုကို ဆွဲထုတ် နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။

 

ဆင်ပဆန် ၏ အိမ်တွင် ဧည့်သည် အဖြစ် ‌ရောက်နေသူ ကာတိုကေးလင်း မှာ ဤတရားခွင်တွင် စိတ်ဝင်စားစရာ အကောင်းဆုံး ပုဂ္ဂိုလ်တဦး ဖြစ်လာခဲ့သည်။ ကေးလင်းက ည ၉ နာရီ ၃၆ မိနစ်တွင် သူနှင့် ဆင်ပဆန် တို့သည် Big Mac ဘာဂါနှင့် အာလူးကြော်များ ဝယ်ရန် အတူ သွားခဲ့ကြပြီးမှ ပြန်ရောက်လာခဲ့ကြသည်ဟု ထွက်ဆိုခဲ့သည်။ ထိုအချိန်နောက်ပိုင်းတွင် ဆင်ပဆန် ဘယ်ကိုရောက်နေသည်ကို မသိတော့ကြောင်း ကေးလင်းက ဆိုသည်။ သို့သော် ပါ့ခ်က လူတစ်ဦး အိမ်ထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသည့် အချိန်အတိအကျဖြစ်သော နံနက် ၁၁ နာရီ မတိုင်မီလေးတွင် အိမ်နံရံကို တစုံတခုက လာရောက် ထိမိသည့် အသံသံ (သို့မဟုတ်) ထုရိုက်သံများကို ကြားခဲ့ရကြောင်း ကေးလင်းက ထွက်ဆိုခဲ့သည်။

 

တရားလိုဘက်မှ ထပ်မံတင်ပြခဲ့သည့် တယ်လီဖုန်းမှတ်တမ်းများအရ ဆင်ပဆန် သည် ည ၁၀ နာရီ ၃ မိနစ်တွင် သူ၏ ရည်းစားထံသို့ မော်တော်ကားပေါ်ရှိ လက်ကိုင်ဖုန်းဖြင့် ဖုန်းခေါ်ဆိုခဲ့ကြောင်း သိရသည်။ ဆင်ပဆန်က မိမိသည် နောက်ဖေးဥယျာဉ်ထဲတွင် ဂေါက်သီးရိုက်လေ့ကျင့်နေသည်ဟု ဆိုထားသည့် အချိန်တွင် သူ၏ ကားပေါ်ပါ လက်ကိုင်ဖုန်းဖြင့် အဘယ်ကြောင့် ဖုန်းခေါ်ဆိုခဲ့ရသည်ကိုမူ တရားခံရှေ့နေများဖက် က ရှင်းပြနိုင်ရန် ကြိုးစားခဲ့ကြခြင်း မရှိပေ။

 

တရားလိုဘက်မှ နောက်ဆုံး တင်သွင်းခဲ့သော သက်သေများသည် ဆင်ပဆန်ကို လူသတ်မှုနှစ်မှုနှင့် တိုက်ရိုက် ပတ်သက်နေကြောင်း ညွှန်ပြလာခဲ့သည်။ သက်သေအထောက်အထားများမှာ နည်းပညာပိုင်းဆိုင်ရာ ဆန်ဆန်ဖြစ်ပြီး အခြေအနေ ပေါ် မူတည်ပြီး ကောက်ချက်ချရသော သက်သေများလည်း ဖြစ်သည်။ အများစုမှာ ရာဇဝတ်မှုကျူးလွန်ရာနေရာနှင့် ဆင်ပဆန် ၏ အိမ်တို့မှ သွေး၊ ဆံပင်၊ အဝတ်အစား အမျှင်နှင့် ခြေရာများ စစ်ဆေးတွေ့ရှိခဲ့မှု များပင် ဖြစ်သည်။ 

 

ထိုခြေရာများမှာ ထူးဆန်းနေသည် - အရွယ်အစား ၁၂ ရှိ Bruno Magli ဖိနပ်ရာများ ဖြစ်နေသည်။ ထိုဇိမ်ခံဖိနပ်မျိုး အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းခဲ့သည်မှာ ဖိနပ် အရံ ၂၀၀ သာ ရှိသည်။ ဆင်ပဆန် သည် အရွယ်အစား ၁၂ ဖိနပ်ကို စီးသူဖြစ်ပြီး Bruno Magli ဖိနပ်များကိုလည်း စီးနိုင်သည့် ငွေကြေးတတ်နိုင်သူ တဦး လည်း ဖြစ်သည်။ 

 

စစ်ဆေးမှုများ တိကျမှန်ကန်သည်ဟု ယူဆပါက ဤထွက်ဆိုချက်သည် အလွန်ပင် ခိုင်မာ နေ ပေသည်။ နည်းပညာပိုင်းအား အပေါ်ယံ ကြော ပြောရလျှင် RFLP စစ်ဆေးမှုဟု ခေါ်ဆိုသော သွေးစစ်ဆေးမှုတမျိုးဖြင့် အို ဂျေ၏ အိပ်ခန်းထဲတွင် တွေ့ရှိရသော အနက်ရောင် ခြေအိပ် တစုံပေါ်ရှိ သွေးများကို စစ်ဆေးခဲ့သည်။

 

 တရားလိုဘက်မှ ထွက်ဆိုချက်အရ နီကိုးလ်၏ သွေးသည် ထိုသွေးစွန်းနေသော ခြေအိပ် ပေါ်ရှိ သွေးများနှင့် ကိုက်ညီနေကြောင်း သိရသည်။ ထို့အပြင် သက်သေ၏ အဆိုအရ နီကိုးလ်သည် ဤကမ္ဘာပေါ်တွင် အဆိုပါသွေးနှင့် ကိုက်ညီမည့် တဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။ ဒုတိယအကြိမ် RFLP စစ်ဆေးမှုအရ ရာဇဝတ်မှုကျူးလွန်ရာနေရာတွင် တွေ့ရှိရသောသွေးသည် လူဦးရေ ၁၇၀ သန်းလျှင် တဦးနှုန်းသာ ရှိနိုင်သော သွေးအရင်းအမြစ်မှ လာနိုင်ပြီး အို ဂျေ ဆင်ပဆန် သည်လည်း ထိုပရိုဖိုင်နှင့် ကိုက်ညီနေကြောင်း ပြသနေသည်။ 

 

ဆင်ပဆန် ၏ လက်အိတ်၏ လက်ချောင်းအစွပ် ပေါ်မှ သွေးနမူနာတချို့မှာ ရော်နယ် ဂိုးဒ်မန်း ၏ သွေးနှင့် ကိုက်ညီနေသည်။ ဘရွန်ကို ကားပေါ်မှ ယူဆောင်လာသော သွေးနမူနာအချို့မှာ အို ဂျေ၏ သွေးနှင့် ကိုက်ညီပြီး အချို့မှာ နီကိုးလ်၏ သွေးနှင့် ကိုက်ညီနေကြောင်း တွေ့ရှိရသည်။ ဤကဲ့သို့သော သက်သေအထောက်အထားများကြောင့် တရားခံ ရှေ့‌ နေ များ အနေဖြင့် အခြားရွေးချယ်စရာ နည်းပါးသွားခဲ့သည်။ 

 

သွေးနမူနာများသည် ညစ်ညမ်းသွားခဲ့ခြင်း (သို့မဟုတ်) အကျင့်ပျက်ခြစားနေသော ရဲအရာရှိများက တမင် ထောင်ချောက်ဆင် ခဲ့ခြင်းဖြစ်ကြောင်း ဂျုရီများ ယုံကြည်လာ‌ အောင် ကို ၎င်းတို့ ဘက်က ကြိုးပမ်းရန်သာ ရှိတော့သည်။ ထိုအတိုင်း လည်း အတိအကျ ဖြစ်လာခဲ့ပေသည်။

 

သိုသော် ကာတို ကယ်လင် ၏ အိပ်ခန်းအပြင်ဘက်တွင် သွေးစွန်းနေသော လက်အိတ်တထည်ကို တွေ့ရှိခဲ့သည့် အတွက် လော့စ်အိန်ဂျလိစ် အမှုစစ် ရဲအရာရှိသည် ကံကောင်းထောက်မစွာဖြင့် လွတ် မြောက်သွားခဲ့သည်။ ထိုအရာရှိမှာ မာ့ခ် ဖာမန် ဆိုသူ ဖြစ်သည်။ တရားလိုဘက်မှ သက်သေထွက်ဆိုစဉ်က ဖာမန်သည် အလွန်ဩဇာညောင်းပြီး စွဲဆောင်မှုရှိသော သက်သေတဦး ဖြစ်ခဲ့သည်။ 

 

တရားခံရှေ့နေ ရောဘတ် ရှာပီရို က ပြန်လှန် စစ်ဆေးမှုနှင့် ပတ်သက်၍ သူ၏စာအုပ်တွင် "မာရှား ကလက် က သူ့ကို ပန်းသီးကိတ်မုန့်နှင့် အမေရိကန်တန်ဖိုးများအတွက် စံနမူနာပြအလား ဆက်ဆံခဲ့သည်" ဟု မှတ်ချက်ပြုခဲ့သည်။ ဖာမန်အား တရားခံရှေ့နေ အက်ဖ် လီ ဘေလီ ကမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ရှေ့နေက ဖာမန်အား "ငါးမျှား ချိတ် ညိလာပြီး၊ လှေပေါ်တွင် လှံဖြင့် ထိုးခံရသော ပေါင် ၁,၈၀၀ လေးသည့် မာလင်ငါးတစ်ကောင်" နှင့် နှိုင်းယှဉ်ခဲ့သည်။ ဘေလီက ဖာမန်အား ရုတ်တရက် မထင်မှတ်ဘဲ မေးခွန်းတခုကို မေးမြန်းခဲ့သည်။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ဖာမန်သည် လူမျိုးရေးခွဲခြားသည့် "အန်-စကားလုံး" (n-word) ဖြစ်သည့် နီဂရိုး ဆိုသည် ကို တခါတရံ အသုံးပြုဖူးခြင်း ရှိပါသလောဟူ၍ ဖြစ်သည်။ ဖာမန်က လုံးဝ မသုံးဖူးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ လုံးဝ မသုံးဖူးပါ။ ထိုသို့ ဖြေကြား ခဲ့မှု နှင့် ပတ်သက်၍ အသေးစိတ် ဆက်လက်ဖော်ပြသွားပါမည်။ အဘယ်ကြောင့် ဆို သော် ထိုချက်သည် နောင်တချိန်တွင် တရားလိုဘက်အတွက် လွန်စွာမှ ဒုက္ခ ပေး ပြီး ပြန်လည်ခြောက်လှန့်လာတော့မည် ဖြစ် သော ကြောင့်ပင်။

 

ဖာမန် သည် တရားလိုဘက်အတွက် ကပ်ဆိုးကြီး ဆိုက်သွား စေခဲ့သည့် အဓိက အကြောင်းရင်း နှစ်ခု အနက် တခု ဖြစ်လာကြောင်း ထင်ရှားလာခဲ့သည်။ သွေးစွန်းနေသော လက်အိတ်များသည် ဆင်ပဆန် ပိုင်ဆိုင်ကြောင်း အခိုင်အမာ ယုံကြည်နေသည့် တရားလိုရှေ့နေ ခရစ္စတိုဖာ ဒါဒန် က တရားခွင်အတွင်း စိတ်လှုပ်ရှားဖွယ် သရုပ်ပြမှုတစ်ခုကို ပြုလုပ်ခဲ့သည်။

 

၎င်းက ဂျုရီ အားလုံး မြင်တွေ့နိုင် အောင် နီကိုလ် ၏ လူသတ်သမား ဝတ်ခဲ့သော လက်အိတ်များကို စွပ်ပြကြည့်ရန် ဆင်ပဆန်ကို တောင်းဆိုခဲ့သည်။ တရားသူကြီး အီတို က ဂျုရီ များ အနီးသို့ ဆင်ပဆန်အား ခေါ်လာရန် တရားရုံး လုံခြုံရေး အရာရှိကို အမိန့်ပေးခဲ့သည်။

 

ဒါဒန်က "လက်အိတ်ကို စွပ်ပြပါ" ဟု ဆင်ပဆန်အား ညွှန်ကြားခဲ့သည်။ ဆင်ပဆန်မှာ လက်အိတ်စွပ်ရန် အတော်လေး ရုန်းကန်နေရပုံ ပေါ်သည်။ ထို့နောက် သူက "လက်အိတ်က လက်နဲ့ မဝင်ဘူး၊ မြင်ရဲ့လား၊ လက်နဲ့ မ တော်ဘူး ဖြစ်နေတယ်" ဟု ပြောခဲ့သည်။

 

နောင်နှစ်ပေါင်းများစွာအကြာတွင် CNN ရုပ်သံအင်တာဗျူးတခု၌ ရှာပီရို က ထိုသွေးစွန်း လက်အိတ် သရုပ်ပြမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဖွင့်ဟပြောကြားခဲ့သည်။ ထိုသရုပ်ပြမှု မပြုလုပ်မီက သူကိုယ်တိုင် လက်အိတ်ကို စွပ်ကြည့်ခဲ့ပြီး ဖြစ်၍ သူ၏ အမှုသည် ဆင်ပဆန် ၏ လက်နှင့် မည်သို့မျှ တော် မည်မဟုတ်ကြောင်း ကြိုတင်သိရှိထားခဲ့သည်ဟု ရှာပီရိုက ပြောခဲ့သည်။

 

ထိုသို့ လက်မဝင်ရခြင်းမှာလည်း ခိုင်လုံသော အကြောင်းရင်းများ ရှိနေခဲ့သည်။ သွေးများကြောင့် လက်အိတ်များ ကျုံ့သွားခဲ့ခြင်း ဖြစ်နိုင်ပြီး နောက်ပိုင်းတွင် ဓာတ်ပုံများအရ သိရှိရသည်မှာ ဆင်ပဆန်သည် ချောင်သည့် သို့မဟုတ် ကျပ်သည့် လက်အိတ်မျိုးကိုသာ ဝတ်ဆင်ရသည်ကို နှစ်သက်ပုံပေါ်နေသည်။ ရှာပီရိုက ဆင်ပူဆန်အား "ခင်ဗျား ဂျူရီ အဖွဲ့နဲ့ တတ်နိုင်သမျှ အနီးဆုံးကို လျှောက်သွားပါ၊ အိုလံပစ်မီးရှူးတိုင်ကို ကိုင်ထားသလို လက်ကို မြှောက်ထားပါ၊ ပြီးတော့ အဲဒီလက်အိတ်ကို ဆွဲပါ၊ ဖိဆွဲပါ— ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒါက ခင်ဗျား လက်နဲ့ ဘယ်လိုမှ မတော်ဘူး" ဟု မှာခဲ့ကြောင်း ပြောပြခဲ့သည်။