မလေးရှားသည် မင်းအောင်လှိုင်၏ အသိအမှတ်ပြု ခံရလိုစိတ် ငမ်းငမ်းတက် ဖြစ်လာနေသည်ကို အခွင့် ကောင်းယူကာ ၎င်းတို့ နိုင်ငံတွင် သောင်တင် နေသော ရိုဟင်ဂျာ နှစ်သိန်းကို ပြန် ခေါ်ရန် စီစဉ် ရမည် ဟူသော သတ်မှတ်ချက် ဖြင့် ကွာလာလမ်ပူ သို့ ဖိတ်ခေါ်မည်ဟု ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် က ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။
ရိုဟင်ဂျာလူမျိုးများသည် ၎င်းတို့ ယာယီအခြေချနေထိုင်သည့် နေရာများတွင် လူမှုရေးပြဿနာများ ဖြစ်ပေါ်စေသည်ဟု စွပ်စွဲခံနေရသည့်အပြင် ဒေသခံများ၏ အသေးစားစီးပွားရေးလုပ်ငန်းများကိုလည်း လွှမ်းမိုးရယူနေကြသည်ဟု စွပ်စွဲခံနေရသည့် အတွက် မလေးရှား တွင် လူမှုရေး၊ စီးပွားရေး ပိုင်းတွင် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနေ၍ ကြံရာမရ ဖြစ်လာသော ကြောင့်လည်း ဖြစ်သည်။
ဗုဒ္ဓဟူးနေ့တွင် အန်ဝါက ရိုဟင်ဂျာများ၏ ဒုက္ခအခြေအနေကို ရေရှည်တည်တံ့သော ဖြေရှင်းချက်တစ်ရပ် ရှာဖွေနိုင်ရန်အတွက် မင်းအောင်လှိုင်၏ အစိုးရကို တရားဝင်အသိအမှတ်ပြုရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
"သူ့ကို အသိအမှတ် မပြုရင် ကျွန်တော်တို့ ဒီကိစ္စ ကို ဘယ်သူ နဲ့ ဆွေးနွေးရမှာလဲ" ဟု ဆိုသည်။
"လူတိုင်း ပြောနေကြတာက ဒီလောက် ရက်စက်ကြမ်းကြုပါတဲ့ လူမျိူးတွေကို ကျွန်တော်တို့ လက်ခံလို့ မဖြစ်ဘူးတဲ့၊ သု့လိုပဲ တိုင်းပြည်ကို သံလက်သီး စွအ် အုပ်ချုပ်နေတံ့ နိုင်ငံ တွေ နဲ့ တောင် ကျွန်တော်တို့ ဆက်ဆံနေရသေးတာပဲ၊ သူ့ကျ မှ ဘာလို့ မဆက်ဆံနိုင်ရမှာလဲ"
ယခု လ အတွင်း မလေးရှားသည် ၎င်းတို့စရိတ် နှင့် အကုန်အကျ ခံ၍ ရိုဟင်ဂျာ ၁,၅၀၀ ကို မြန်မာ ပြည်သို့ ပြန်ပို့ ဖို့ ရှိနေသည်။ ယင်းသည် စစ်တပ် နှင့် အပေးအယူ လုပ် ဆွေးနွေးထားသော ရိုဟင်ဂျာ ၅,၀၀၀ ပြန်ပို့မည့် သဘောတူ ညီချက်၏ ပဏမ လည်း ဖြစ်ပေသည်။
ပြန်ခေါ်ပြီး အရင်လိုပဲ သတ်ပစ်နေဦးမယ် ဆိုရင်တော့ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး ဟုလည်း အန်နဝါက ဆိုသည်။ အန်နဝါက ရခိုင်ပြည်နယ် အတွင်း ၎င်းတို့ အတွက် safe zone တခု တည်ထောင်ပေးရန် အတွက်လည်း အပေးအယူ လုပ်ဖို့ မျှော်လင့်နေသည်။
အန်နဝါ ၏ နိုင်ငံ ရေး အမြင်ကို နိုင်ငံရေးမူဝါဒအရ ကြည့်လျှင် အမျှော်အမြင် နည်းပါးလှသော နိုင်ငံ ခေါင်း ဆောင်များ ကျင့်သုံး လေ့ ရှိသော ၎င်းတို့လက်ထက် အုပ်ချုပ် ရေး အဆင်ပြေရန်၊ လူထု ထောက်ခံမှု ရရန် ဆိုသည်လက်တွေ့ကျသော သံတမန်ရေးချဉ်းကပ်မှု တရပ်ထက် မပိုပေ။
မြန်မာအစိုးရနှင့် ဆက်ဆံရေးထားရှိခြင်းသည် ရိုဟင်ဂျာအရေးဆွေးနွေးရန် လမ်းကြောင်းတခုသာ ဖြစ်ပြီး ထိုသို့ တရားဝင်အသိအမှတ်ပြုခြင်းသည် စစ်အုပ်စုကို နိုင်ငံရေးအရ အားကောင်းစေပြီး ၎င်းတို့ ရှိနေသ ရွေ့ ရှေ့လျောက်လည်း ရိုဟင်ဂျာ လှေစီး ပြေး ဒုက္ခသည်များ ဆက်၍ ဒလဟော ဝင်လာနေကြဦးမည်သာ ဖြစ်သည်။
မနေ့က အမေရိကန် ပါမောက္ခတဦး ရေးခဲ့သလို တိုင်းပြည်နှင့် သက်ဆိုင်သူအဖြစ် အသိအမှတ်ပြုခံရမှုနှင့် လုံခြုံစွာ နေထိုင်ခွင့် တို့ကို ပြန်လည်ပေးအပ်ရန် အကောင်အထည် ဖေါ်ပေးနိုင်မည့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု အမြန်ဆုံး ပေါ်ပေါက်ရန် ဝိုင်းဝန်း ကြိုးပမ်းပေးခြင်းသည်သာ အမျှော်အမြင် ရှိသော တိုင်းပြည် ခေါင်းဆောင် statesman အဖြစ် ယူဆခံရပေမည်။
အန်နဝါသည် မလေးရှား၏ သဘောထားကို ပြည်တွင်း ပြည်ပမှ တုန့်ပြန့်လာနိုင်သည့် အတိုင်းအတာကို တိုင်းတာ စမ်းသပ် လို၍ ပြောဆိုခြင်းလည်း ဖြစ်နိုင်ပေသည်။
“ဒီဆွေးနွေးညှိနှိုင်းမှုတွေဟာ သူတို့ကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့အတွက်ပဲ မဟုတ်ပါဘူး။ သူတို့ရဲ့ လုံခြုံရေးကိုလည်း အာမခံပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေအတွက် လုံခြုံစိတ်ချရတဲ့ ဇုန်တစ်ခု သတ်မှတ်ပေးပြီး သူတို့ကို အနှောင့်အယှက် မ ပေးရေး အာမခံဖို့လည်း တောင်းဆိုထားပါတယ်” ဟု အန်နဝါက ပြောခဲ့ပြန်သည်။
မည်သို့ပင် ဖြစ် စေ ထိုသို့သော အပြောအဆို အပေးအယူ မျိုး နှင့် သွားရမည့် အဖြစ်ကို အမျိုး ဘာသာ သာသနာကို ကာကွယ် ပါမည် ဆိုသည့် သမ္မတ တု မင်း အောင်လှိုင် ခရီးကို မဘသ မျိုး ချစ်များက မည်သို့ သဘောထားကြမည် ဆိုသည်ကား စိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ထိုအရေးသည် ၎င်းတို့ ခံယူချက်များကို မှောက်လှန်လိုက်သလို ဖြစ်သွားစေမည့် ဓါးသွားပေါ်က ပျားရည်စက်များလို ဖြစ်သွား နိုင်သော ကြောင့်ပင်။
ဆင်ယဉ်များက ဆင်ရိုင်းကို ဘေးနှစ်ဖက်မှ ဝန်းရံပေးပြီး ဆလမ်းကြောင်းတခုအတိုင်း သွားစေရန် ကူညီနိုင်သော်လည်း အာဆီယံ အဖို့က လက်မှိုင်ချ နေကြရပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!