ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ပြန်လည် အရွေးခံရရေး အဘယ်ကြောင့် အရေးကြီးလာရသနည်း

by Hla Soewai - Aug 31 2026

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် နေပြည်တော်ရှိ စစ်အုပ်စု ကို ဆန့်ကျင်ရန်အတွက် နိုင်ငံတကာမှ ညှိနှိုင်း ဆောင် ရွက်ပြီး ဝင်ရောက်စွက်ဖက်မှုပြုလုပ်ပေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ ဩဂုတ်လ ၁၇ ရက်နေ့တွင် တရားဝင် ပေးစာတစောင် ပေးပို့ခဲ့ပြီး ၎င်း၏ မေတ္တာရပ်ခံချက်ကို ထပ်မံအတည်ပြု တောင်းဆိုခဲ့သည်။ 

 

ဂူတာရက်စ်သည် ယခုလာမည့် ဒီဇင်ဘာ ၃၁ ရက် နေ့အထိသာ တာဝန် ထမ်း‌ ဆောင်ဖို့ ရှိ‌ နေ၍ ၎င်း နေရာကို ဆက်ခံမည့်သူကို ရွေးချယ်ရန် ပြင်ဆင်နေချိန်လည်း ဖြစ်သည်။

 

"စစ်တပ်ကို အထီးကျန်ဖြစ်စေရန်နှင့် လက်နက်ခဲယမ်းများ၊ တိုက်လေယာဉ်ဆီများနှင့် ငွေကြေးစီးဆင်းမှုများအပါအဝင် ပံ့ပိုးကူညီမှုမှန်သမျှ ရပ်တန့်သွားစေရန် နိုင်ငံတကာအသိုက်အဝန်းက စုပေါင်းညှိနှိုင်းအားထုတ်မှသာ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်" ဟု သံအမတ်ကြီးက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ ပေးပို့သောစာတွင် ဖော်ပြခဲ့သည်။

 

ပြည်သူ တော်လှန်ရေး တပ်ဖွဲ့များ အတူ ပူးပေါင်း ဖွဲ့စည်းလာသည့် SCEF ကို လည်း တရားဝင် အသိအမှတ် ပြုပါရနန် ဇူလိုင် ၃၁ ရက်နေ့က တရား ဝင် အကြောင်းကြားစာ ပေးပို့ထားပြီး ဖြစ်သည်။

 

ထိုကဲ့သို့ မြန်မာ ပြည်သူ တို့၏ အသံကို တကမ္ဘာလုံး ကြားရအောင် ငါးနှစ်လုံးလုံး တင်ပြခဲ့သည့် သံအမတ်ကြီး ဦးကျော် မိုးထွန်းအား အဖွဲ့ဝင် ကိုး နိုင်ငံပါ ကုလ ခန့်အပ်လွှာ စီစစ်ရေး ကော်မတီက ပြန်လည် သုံးသပ်ရန် အချိန် နီးကပ်လာပြီ ဖြစ်သည်။

 

ထို အဖွဲ့တွင် အမြဲတမ်း အဖွဲ့ဝင် အဖြစ် အမေရိကန်၊ တရုတ်၊ ရုရှား နှင့် ကျန် ၆ နိုင်ငံကို အလှည့်ကျ ရွေးချယ်သွားဖို့ ရှိနေသည်။ ထို အဖွဲ့ဝင် နိုင်ငံများသည် အာဖရိက၊ ပစ္စဖိတ်ကျွန်း နိုင်ငံများ၊ တောင်အမေရိက တို့ မှလည်း ဖြစ်နိုင်၍ မြန်မာ တွင် ဖြစ်ပျက်နေသည်များ နှင့် အလှမ်းဝေး နိုင်ပေသည်။ မည်သို့ပင် ဆိုစေ မိမိတို့ဖက်က ထိုသို့ မသေချာ မရေရာ မှုများကို ယခုလို အချိနိတွင် လက်ခံ၍ မဖြစ်တော့။ 

 

အဘယ်ကြောင့် ဆိုသော် ဦးကျော် မိုး ထွန်း အား ပြန်လည် အရွေးခံရရေးသည် တဖက်တွင် မင်းအောင်လှိုင်က စက်တင်ဘာ ၈ ရက် နေ့ တွင် စတင်မည့် ၈၁ ကြိမ် မြောက် ကုလ သမဂ္ဂ အထွေထွေ ညီလာခံ ကြီး မစတင်မီ သွားလို့ရသည့် နိုင်ငံများ သွား၍ လူလုံးပြကာ ၎င်းတို့သာ တရားဝင် အစိုးရ ဖြစ်ကြောင်း ဆော်ဩ နေချိန်လည်း ဖြစ်၍ ယခင်ကထက် ပင် ပို ၍ အ ရေးကြီး နေပြီ ဖြစ်သည်။ ဤသည်ကား တိုက်ဆိုင်မှု ဟု ယူဆ၍ မရ။

 

အကယ်၍သာ ၎င်းတို့ ကိုယ်စားလှယ် ဖြစ်သူ အရွေးခံရမည် ဆိုကာ မိမိတို့၏ တော်လှန်ရေး လားရာသည် ချက်ခြင်းလို "သူပုန်" အဖွဲ့ အဖြစ်ကူးပြောင်းသွားမည် ဖြစ်ပြီး ၎င်းတို့ အဖို့လည်း ကမ္ဘာစင်မြင့် ပေါ်တက်၍ ဝါဒ ဖြန့်နေမည့် စကားများကို ကြားရတော့မည် ဖြစ်သည်၊ နောက်ပိုင်း တွင် စကားကိုပင် လေးလုံးကွဲ အောင် မပြောတတ်ရှာသော မင်းအောင်လှိုင် တက်လာပြီး နိုင်ငံ၏ အရှက်ကို တကမ္ဘာလုံး ရှေ့ ခွဲပေဦးမည်။

 

လက်ရှိ ၎င်းကို လက်ခံနေကြသော ပူတင် တို့၊ ရှီကျင့်ပင် တို့ အပါအဝင် နိုင်ငံများက မည်သို့သော လူမျိူး ဖြစ်သည်၊ သုံးစားမရ ဆိုသည်ကို က ကောင်းစွာ သိရှိပြီး ဖြစ်၍ မထောင်းတာ လှသော်လည်း ၎င်း ပြောဆိုနေသည်များကို သာ ၁၀၁ ပါးသော မင်းတို့ နား နှင့် ဆတ်ဆတ် ကြားခွင့်ရမည်ဆိုက မြန်မာတို့ အဖို့ အဖတ်ဆယ်မရအောင် အရှက်ရ ကြရပေတော့မည်။

 

ထို့အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြန်လည် အရွေးခံရရေး အတွက် 'မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီရေး ထောက်ခံအားပေးသည့် ကမ္ဘာ့ညွန့်ပေါင်းအဖွဲ့' (The Global Coalition Supporting Federal Democracy in Myanmar) က ဦးဆောင် ဦးရွက် ပြု ကြိုးပမ်းလျက် ရှိနေပေသည်။ ထို အဖွဲ့သည် အာဏာ သိမ်းပြီး ချိန်ကစ၍ ကမ္ဘာ့ တိုက်ကြီး ငါးတိုက်မှ တူညီသော ရည်မှန်းချက်ရှိသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

 

ထို အဖွဲ့မှ 2026 UNCC Petition Endorsement Request ဟူ၍ ကွန်မင့် တွင် ဖြန့်ဝေထားပါသည်။

 

ကျွန်တော်လည်း ဖြည့်စွက်ကြည့်ရာ တမိနစ်ပင် မကြာသည်ကို တွေ့ရပြီး ယုံကြည်စိတ်ချရသော လျို့ဝှက်ချန်နယ် ဖြစ်၍လည်း ပြည်တွင်း နေသူ များ အတွက်လည်း စိုးရိမ်နေစရာ မလိုပေ။

 

ယခုအခါ ကမ္ဘာကြီးကို အနိုင်ကျင့် ဗိုလ်ကျလိုသူများက ကုလသမဂ္ဂ တွင် ဗီတိုအာဏာ ကို လက်ကိုင်တုတ် အဖြစ် အသုံးချကာ ဦးဆောင် လည်ပတ်နေပြီဖြစ်သည်။ 

 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ရာထူးသက်တမ်း ကုန်ဆုံးချိန်တွင် အစားထိုးဝင်ရောက်ရန် လျှောက်ထားနေကြသည့် ကိုယ်စားလှယ်လောင်း (၇) ဦးကို ထောက်ခံမှု ပမာဏတိုင်းတာရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် သောကြာနေ့တွင် တရားဝင် အဆုံးအဖြတ် မဟုတ်‌ သော မဲခွဲမှုကို ဒုတိယအကြိမ် ပြုလုပ်မည်ဖြစ်သည်။

 

လက်ရှိ ထိပ် မှ ဦးဆောင်သူမှာ ကော့စတာရီကာနိုင်ငံ၏ ဒုတိယသမ္မတ ဟောင်း ရီဘီကာ ဂရင်စပန် ဆိုသူ အမျိုးသမီး ဖြစ်ပြီး၊ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (UNCTAD) အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ၂၀၂၁ ခုနှစ်မှစတင်ကာ တာဝန်ထမ်းဆောင်လျက်ရှိသည်။ ကော့စတာ ရီကာ သည် အာဇာနည် ဗိမ္မာန် အား ဗုံးခွဲ့ခဲ့မှု အတွက် မြောက်ကိုရီယား နှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ပစ်ခဲ့သည့် တခုတည်းသော နိုင်ငံ ဖြစ်သည်။ ထို့ပြင် တိုင်ဝမ်ကို ၂၀၀၇ အထိ တရားဝင် တရုတ် အစိုးရ အဖြစ် အသိအမှတ် ပြုခဲ့သော နိုင်ငံလည်း ဖြစ်သည်။

 

 ၎င်း၏နောက်တွင် ရာထူးအဆင့်အတန်းမြင့်မားသော သံတမန်နှစ်ဦးဖြစ်သည့် ဂိုင်ယာနာ ကုလ သံအမတ် မှ ကာရိုလင်း ရိုဒရီဂတ်စ်-ဘါကက်နှင့် အာဂျင်တီနား မှ ရာဖေးလ် ဂရော့စီ (နိုင်ငံတကာ အနုမြူ အေဂျင်စီ ညွှန်ကြား‌ ရေးမှုးချုပ်) တို့က နီးကပ်စွာ လိုက်ပါနေကြသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!