ယခုလို ဩဂုတ်လ ၂၅ ရက်နေ့ ရောက်တိုင်း မင်းအောင်လှိုင် အဖို့ က ကျုးလွန်ခဲ့သည့် ပြစ်မှု များ အတွက် တ နေ့ မဟုတ် တနေ့ ရာဇဝတ်ကြွေး ပေးဆပ်ရတော့မှာပါလား ဟူသော အတွေးများ ဖြင့် ခြောက်လှန့်ခံနေရဆဲ ဖြစ်သည်။
ထို အတွေးများ နှင့် အတူ ငါအာဏာ မြဲနေမှ ဖြစ်မည် ဟူသော အသိဖြင့် တရုတ်၊ ရုရှား တို့ကို ရှစ်ခိုး ဦးချမတတ် ဆက်ဆံနေရပြီး တိုင်းပြည်၏ အရင်းအမြစ်များကို အကုန် ထိုးအပ်ဖို့ ဝန်မလေးတော့။
၎င်း၏ အိမ်မက်ဆိုးကြီး ဆိုသည်က နယ်မြေ ရှင်းလင်းရေး ဆိုကာ ရိုဟင်ဂျာ များ အပေါ် လူမဆန်စွာ ရက်စက် ကြမ်းကြုပ်စွာ အကြမ်းဖက် ခဲ့မှု ကြောင့် တဖက် နိုင်ငံတွင် လူဦးရေ ၁၂ သိန်းခန် ရှိနေသည့် ကမ္ဘာအကြီးဆုံး ဒုက္ခသည် စခန်းကြီး ပေါ်ထွက်လာရခြင်းက ၎င်းတို့၏ လုပ်ရပ်များ မည်မျှထိ သက်သေ ခံနေပေသည်။
သို့သော်လည်း ထိုလက်သည် တရားခံ ကြီး သည် တာဝန်ခံယူမှု ကင်းမဲ့နေယုံသာမက ရွေးကောက်ပွဲ အတုအယောင် ဖန်တီးပြီး သမ္မတ အဖြစ် ခံယူကာ ပြည်ပ ခရီးများပင် ထွက်ခွာနေပြီ ဖြစ်၍ ရိုဟင်ဂျာ လူနည်းစုများ၏ တောင်းဆိုမှုက ပိုမို ကျယ် လောင်လာနေပြီ ဖြစ်သည်။
မြန်မာနိုင်ငံ၏ အမြဲလို ဆိုးရွားနေကျ ဖြစ်သော လူ့အခွင့်အရေး အခြေအနေမှာ၊ အထူးသဖြင့် လူနည်းစုများအတွက် "စံချိန်တင် လောက်အောင် အောက်ဆုံးအဆင့်သို့" ကျဆင်းသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့တွင် သတိပေး ပြောကြားလာခဲ့သည်။
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ လူနည်းစုအပေါ် "နေ့စဉ်နှင့်အမျှ ဆိုးရွားလာနေသည့် ရက်စက်ကြမ်းကြုတ်သော အလွဲသုံးစားလုပ်မှုများ" ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးက ပြစ်တင်ရှုတ်ချခဲ့ပြီး၊ တရားမဝင် စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် ရှားပါးမြေရှားသတ္တု တူးဖော်မှုများ၏ လူမှု ပတ်ဝန်းကျင် ကို "ဖျက်ဆီးနိုင်စွမ်းရှိသော သက်ရောက်မှုများ" ကိုလည်း ထောက်ပြပြောဆိုခဲ့သည်။
မြန်မာနိုင်ငံကို အုပ်ချုပ်နေသော စစ်အုပ်စု သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်တင်မြှောက်ခံ အစိုးရကို ဖြုတ်ချခဲ့ပြီး နောက် ၁၀ နှစ်ကြာ ဒီမိုကရေစီ အတွေ့အကြုံကို အဆုံးသတ်စေခဲ့ပြီး နိုင်ငံကို လူပေါင်း တသိန်းကျော် သေဆုံးရသည်အထိ သွေးထွက်သံယို အကျပ်အတည်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြီးတစ်ခုအတွင်းသို့ ကျရောက်စေခဲ့သည်ဟု ဆိုသည်။
ထိုသို့ ဖြစ်ရခြင်း၏ လက်သည် တရားခံသည်ကား မည်သူ ဖြစ်သည်ကို အားလုံး သိထားကြပြီးလည်း ဖြစ်သည်။ ၎င်း သာ မျှော်မြင် နိုင်စွမ်း ရှိမည်ဆိုက အဆိုပါ သေဆုံးသွားရသူ တသိန်းကျော်သည် ယခုတိုင် အသက်ရှင်လျက် ရှိနေကြဦးမည်သာ ဖြစ်သည်။
ကုလ၏ ၂၀၂၅ ဇွန်လ မှ ၂၀၂၆ မေလ ၃၁ အထိ ပြုစု ထုတ်ပြန်ခဲ့သော အစီရင်ခံစာ ကို ရည်ညွှန်းပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗိုလ်ကာ တာ့ခ် ကြေညာချက် ထုတ်ပြန်ရာတွင် "ဒီအစီရင်ခံစာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အလွှာပေါင်းစုံမှာ တွေ့ကြုံနေရတဲ့ ဆင်းရဲဒုက္ခ၊ သနားစရာကောင်းမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို နှလုံးကြေကွဲစရာကောင်းလောက်အောင် ပုံဖော်ပြသနေပါတယ်" ဟု ပါရှိခဲ့သည်။
"နိုင်ငံအားလုံး၊ ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများအနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေ (သို့မဟုတ်) လုပ်ဆောင်ရန် ပျက်ကွက်မှုတွေနဲ့ ပတ်သက်ပြီး - ဒါဟာ မြန်မာနိုင်ငံသားတွေအတွက် တရားမျှတရဲ့လား ဆိုတာကို စဉ်းစားဆင်ခြင်ကြဖို့" လည်း တိုက်တွန်းသွားခဲ့သည်။
"စစ်တပ်ရဲ့ အာဏာနဲ့ တရားဝင်မှု အတွက် အသိအမှတ်ပြုခံရမှု ကို အမြဲလို တောင့်တနေမှုတွေက အရပ်သားတွေ ရင်ဆိုင်နေရတဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်ပူပန်မှုပေါင်းစုံကို ပိုလို့တောင် ဆိုးရွားစေခဲ့ပါတယ်" ဟု ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။
လေကြောင်းမှ ဆက်လက် တိုက်ခိုက် နေခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီး ပစ် နေခြင်း များ ကြောင့် လူများကို အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရခြင်းတို့ အပါအဝင် အရပ်သားများအပေါ် စစ်တပ်၏ အကြမ်းဖက်မှုများကို အဆိုပါ အစီရင်ခံစာက အထင်အရှား ထုတ် ဖေါ် ပြသခဲ့သည်။
ထို့အပြင် ၎င်းတို့ ဆင်နွှဲ နေသော စစ်ပွဲအတွက် ငွေကြေးဖူလုံရန် တရားမဝင် စီးပွားရေးလုပ်ငန်းများ ဖြင့် ပံ့ပိုးပေးနေသည်၊ ထို လုပ်ငန်း များ မှာ သတ္တုတူးဖော်ခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ လူကုန်ကူးခြင်းနှင့် လိမ်လည်မှုစင်တာများ ကြောင့် လူ့အခွင့်အရေး အကျပ်အတည်းများ ပိုမိုဆိုးရွားလာနေကြောင်းလည်း ဖော်ပြထားသည်။
၎င်းတို့၏ အုပ်ချုပ် နေမှု တည်တံ့ ခိုင်မြဲ နေ အောင် ပြည်သူများ အကြား အသက်ပြင်းပြင်းပင် မရှုရဲ လောက် အောင် စိုးရိမ်ထိတ်လန့် ဖြစ် နေစေရန် ရည်ရွယ်သည့် ဗျူဟာ အဖြစ် စောင့်ကြည့်ထောက်လှမ်း ရေး နည်းပညာအသစ်များကို ချဲ့ထွင် အသုံးချပြီး အားဖြည့်ပေးထားသည်ဟု ဆိုသည်။
ယခုအခါတွင် တော့ စစ်အုပ်စုသည် နယ်မြေလည်း မရှင်းလင်း နိုင်တော့၊ ရခိုင် ပြည်နယ် တွင် ၎င်းတို့ပင် နေစရာ မရှိတော့၍ မြို့တော် စစ်တွေ တွင် ခိုကပ်နေကြရသည့် အချိန်လည်း ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!