သွားပါများလည်း ခရီး မရောက်နိုင်ရှာ

by Hla Soewai - Aug 24 2026

မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဘုန်းကြီး ကျောင်း တကျောင်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း တော်လှန် ရေး အဖွဲ့များ နှင့် ဒေသခံ များက ပြောကြားလိုက်သည်။  

 

မန္တလေးမြို့၏ အနောက်ဘက် ၇၅ ကီလိုမီတာ (၄၇ မိုင်) ခန့်အကွာ၊ မြောင်မြို့နယ်၊ မှ ၇ မိုင်ကွာ ဆွဲလဲအိုရွာတွင် အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးက သောကြာနေ့တွင် ပြောကြားခဲ့သည်။

 

လူရမ်းကား စစ်တပ်၏ လက်ချက်ဖြင့် အမျိုးသမီး သုံးဦး အပါအဝင် ၁၄ ဦးသေဆုံးပြီး အ‌ယောက် နှစ်ဆယ်ခန့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်ဟု သိရသည်။

 

ဝါတွင်းကာလ ဥပုဒ် နေ့ အခါသမယ တွင် တရားစခန်း တပတ်ကြာ ဝင်ရောက်ရန်အတွက် ဘုန်းကြီးကျောင်း တွင် လူ ၁၀၀ ကျော် ခန့် ရောက်ရှိနေခိုက် ၁၅ မိနစ် ခြား၍ နှစ်ကြိမ် ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဘုန်းတော်ကြီး ကျောင်းတွင် ရေဘေး ဒုက္ခသည် ၇၀ ခန့် နေထိုင်လျက် ရှိသည်ဟု သိရသည်။

 

အဆိုပါ သတင်းသည် ကမ္ဘာမီဒီယာ များ သို့ ပျံ့နှံ့ သွားပြီ ဖြစ်သည်။ 

 

ဝါရှင်တန် အခြေစိုက် နိုင်ငံခြားရေးရာကောင်စီ (Council on Foreign Relations) မှအဆိုပါစစ်ပွဲကြောင့် လူ ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၅.၂ သန်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည် ပြောဆိုထားပြီး ဖြစ်သည်။

 

လက်ရှိ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့မှုသည် အထူးသဖြင့် မော်စကိုမှာ ပူတင်နှင့် တွေ့ဆုံပြီး ရက်အနည်းငယ်အကြာမှာ ဖြစ်တာကြောင့် နိုင်ငံတကာမီဒီယာနဲ့ အစိုးရတွေက မေးခွန်းထုတ်စရာ ဖြစ်လာရ‌သည်။

 

မင်းအောင်လှိုင်၏ “နိုင်ငံတကာမှာ ပုံမှန်နိုင်ငံတခုအဖြစ် ပြန်လည်လက်ခံလာရေး” ကြိုးပမ်းမှုနှင့် “ပြည်တွင်းမှာ အင်အားသုံးပြီး ထိန်းချုပ်ရေး” ကြားက ကွာဟချက်သည် ပိုပြီး သိသာထင်ရှားလာရသည်။

 

မင်းအောင်လှိုင် အဖို့က ၎င်း၏ ကမ်းကုန်အောင် ရက်စက်နေ မှု ကြောင့် ပြည်တွင်း တွင် လူထု ထောက်ခံမှု ရအောင် မည်သို့မျှ မကြိုးစားတော့ဘဲ အနည်းဆုံး အင်အားကြီးနိုင်ငံတွေက လက်ခံဆက်ဆံပေးပြီး ၎င်းတို့ အကူအညီများ နှင့် ပြည်တွင်းကို ပြန်လည် ထိန်းချုပ် နိုင် ရေး ဆိုသည့် ဗျူဟာ ကို အဓိကထားလာခြင်း ဖြစ်ပေမည်။

 

သို့ သော် မင်းအောင်လှိုင်၏ သံခင်းတမန်ခင်းကို တိုက်ရိုက် ထိခိုက်စေနိုင်သည့် အချက်က တရားဝင်မှု (legitimacy) ရှာပုံတော် လုပ်ငန်းစဉ် ကြီးပင် ဖြစ်သည်။

 

နိုင်ငံခြား ခေါင်းဆောင်များက ၎င်းအား လက်ခံ တွေ့ဆုံ ပေးနေခြင်းသည် de facto diplomatic acceptance သာ ဖြစ်နေသည်၊ ဆိုလိုသည်က မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ/ခေါင်းဆောင် အဖြစ် မဟုတ်ဘဲ လောလောဆယ် တွင် အာဏာသည် ၎င်းလက်ထဲမှာရှိနေသည့် အတွက် တိုက်ရိုက်ဆက်ဆံ နေခြင်းမျိူး ဖြစ်သည်။

 

ထိုပုံစံမျိုးသည် အလိုအလျောက် “ပြည်သူအများစု၏ တရားဝင်ခေါင်းဆောင်အဖြစ် လက်ခံတယ်” ဆိုသည့် အဓိပ္ပာယ် မျိူး မဟုတ်ပေ။

 

“လက်တွေ့မှာ သူက အာဏာကို ကိုင်ထားသူဖြစ်လို့ သူနဲ့ ဆွေးနွေးမယ်၊ တွေ့ဆုံမယ်၊ သဘောတူညီချက်တွေ လုပ်မယ်” ဆိုသည့် သဘောမျိူးသာ ဖြစ်သည်။

 

မင်းအောင်လှိုင်အတွက် အဓိကရည်ရွယ်ချက်က တရားဝင်အသိအမှတ်ပြုမှု ရရှိရေးထက် “နိုင်ငံတကာက သူနဲ့ပံ ဆက်ဆံရမယ်” ဆိုသည့် အခြေအနေကို တဖြည်းဖြည်း ဖန်တီးနိုင်ရေးဖက် ဦးလှည့်လာခြင်း ဖြစ်သည်။

 

ထိုသို့ ဖန်တီး နိုင်ရေး အတွက် တဖက်က စစ်ရေးအရ အသာစီး အနေအထား ဖြစ်လာဖို့ လိုအပ် နေသည်။

 

ထို့အတွက် အရပ်သား ပြည်သူများ အား သတ်ဖြတ်နေသ ရွေ့ နိုင်ငံခြားအစိုးရ များ ဖက်က “တွေ့ဆုံဆက်ဆံနိုင်တဲ့ လက်တွေ့အာဏာပိုင်” အဖြစ် ဆက်ဆံနိုင်သော်လည်း “တရားဝင်ပြီး ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးအစိုးရ” ဆိုသည့် legitimacy ကိုတော့ ပိုမိုရရှိဖို့ ခက်ခဲလာနေ လေပင် ဇြစ်သည်။

 

၎င်းနှင့် ဆက်ဆံဖို့ ဝိရောဓိ ပုံစံ နှင့်သာ သွားနေရသည် ဆိုခြင်းက ပုးတွဲ ကြေညာချက် များ တွင် ၎င်း လိုလားသည့် ဒီမိုကရေစီ နည်းကျ ပြည်သူများက ‌ရွေးကောက် တင်မြှောက်ထားသည့် အစိုးရမျိုး ရည်ညွှန်းထားတာ မျိုး ပျောက်ကွယ် နေခြင်းပင် ဖြစ်သည်။

 

နိုင်ငံတကာမှာ အထီးကျန် နေမှု မှ ဖောက်ထွက် ဖို့” သံတမန်ရေး ထိုးစစ်ဆင်နေချိန်မှာ၊ ပြည်တွင်းရှိ စစ်ရေးလုပ်ရပ်များက သူကိုယ်တိုင် တည်ဆောက်နေသည့် နိုင်ငံတကာပုံရိပ်ကို ပြန်လည်ဖျက်ဆီးနေသည့် လုပ်ရပ်များပင် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!