အဖမ်းခံရမည့် အရေး ထည့်စဉ်းစားရပြန်

by Hla Soewai - Aug 24 2026

လေ့လာသုံးသပ်သူများက မင်းအောင်လှိုင် ၏ သံတမန်ရေးအရ အားထုတ်မှုများတွင် ရည်ရွယ်ချက်များစွာ ပါဝင်သည် ဟု ဆိုကြသည်။ ထိုရည်ရွယ်ချက်များထဲတွင် စီးပွားရေးဆိုင်ရာ သဘောတူညီချက်များ ရရှိရေး နှင့် အထူးသဖြင့် အနောက်နိုင်ငံအများစု၏ ဖယ်ကြဉ်မှုကို ဆက်လက်ခံနေရသော ၎င်း၏ အဖွဲ့အတွက် နိုင်ငံတကာအသိအမှတ်ပြုမှု ပိုမိုရရှိရေး တို့ ပါဝင်သည်။

 

၂၀၂၁ ခုနှစ်တွင် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်တင်မြှောက်ခံထားရသည့် အစိုးရကို ဖြုတ်ချကာ စစ်အာဏာသိမ်းခဲ့မှု ကြောင့် ဖြစ်ပွားလာရသည့် ပြည်တွင်းစစ်တွင် လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ရမှု တွင် အဓိက တာဝန်ရှိသူ ကို ရုရှားက ကျောသပ်ရင်သပ် လုပ်ပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။

 

၂၀၂၀ ဩဂုတ် ၂၀ — ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ စစ်တက္ကသိုလ်က က “Honorary Professor” ဘွဲ့/ဂုဏ်ထူး ပေးခဲ့သည်။ ၂၀၂၀ စက်တင်ဘာ ၄ ရက်တွင် Russian Academy of Sciences ၏ Institute of Oriental Studies က Honorary Doctor ပေးအပ်ခဲ့ပြန်သည်။

 

ယခု ခရီးစဉ် တွင်လည်း မြန်မာ စာလုံးပေါင်း သတ်ပုံပင် မှန်အောင် မရေး နိုင်သော မင်းအောင်လှိုင်အားမော်စကိုရှိ Plekhanov Russian University of Economics တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ ချီးမြှင့်ခဲ့ပြန်သည်။

 

ရုရှားသည် ၎င်းတို့နှင့် ပလဲနံပ သင့်သူများ ကို ပေးနေသည့် သံတမန်ရေးရာ လုပ်ရိုးလုပ်စဉ် ဖြစ်နေသည်။

 

မင်းအောင်လှိုင်သည် ထိုင်းတွင် ဆဝါဒီ စကပ်ဟူ၍ ပြောသွား၍ လူရီ ခံရသလို၊ ရုရှားတွင်လည်း ကျေးဇူးတင်ပါတယ် ဆိုသည်ကို "စပိုက်ဆီ ဘတ်" ဟု ပြောသွားပြန်သည်။ တကယ်တမ်း အသံထွက်မှာ စပါစီ ဘို ဖြစ်သည်။ ၎င်းအား မည်သို့ ပြောရမည်ကို သင်ပေးလိုက်မည်မှာ သေချာသော်လည်း မွေးရာပါ သင်ယူမှုစွမ်းရည် ညာဏပိုင်း အကန့်အသတ်ရှိ နေသည့် ရောဂါ မျိုး ဆေးပညာ အခေါ် Congenital Learning Disabilities များ စွဲကပ်နေသလားဟုပင် ယူဆရသည်၊ ထို့အတွက် ဥပဒေ အဓိက မှ လေးနှစ်ပြည့်သည်နှင့် ကျောင်းပြီးသည့် ဒေါ်စိန်အေး ကျောင်းသို့ ပြောင်းသွားခြင်း လောဟု စဉ်းစားစရာ ဖြစ်လာရသည်။

 

လက်ရှိ ခရီးစဉ် တွင် ပူတင်က မင်းအောင်လှိုင် အိမ်အပြန် မျက်နှာပန်း လှရန် နျူကလီယား စွမ်းအင်၊ သဘာဝ ဓါတ်ငွေ့ရည် စက်ရုံ၊ ရေနက် ဆိပ်ကမ်း၊ ရှာဖွေရေး နှင့် ကယ်ဆယ်ရေး ဂြိုလ်တုအစရှိသည် မက်လုံးများ ပေးခဲ့ပြန်သည်။ နှစ်နိုင်ငံစလုံးက အနောက်နိုင်ငံများ၏ ပိတ်ဆို့ ထားခြင်း ခံနေရ၍ ရရှားဖက်မှ ဘာတွေ လုပ်ပေးနိုင်ကြောင်း ၎င်းတို့အနေဖြင့် အတူတကွ ပြောဆိုဆွေးနွေးခြင်းမှလွဲ၍ ဤအခြေအနေအပေါ် အခြားမည်သို့မျှ လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။

 

ထိုမျှလောက် လုပ်ငန်းကြီးများ ကြံရွယ် လုပ်ဆောင်နေကြသော်လည်း နှစ်နိုင်ငံ ကုန်သွယ်ရေး ပဏမ သည် ဒေါ်လာ ၇၅ သန်း ခန့်သာ ရှိသေးသည့် အဖြစ်က ထိုအချက်ကို မီးမောင်း ထိုးပြနေပေသည်။

 

အပြန်အလှန် အနေဖြင့် မင်းအောင်လှိုင်ကလည်း မြန်မာ သည် အရှေ့တောင် အာရှ တွင် ရုရှား အတွက် ယုံကြည်စိတ်ချရသော ပါတနာ အဖြစ် ရပ်တည်ပေးသွားမည်ဟု ပူတင်ကို ကတိကဝတ် ပြုခဲ့ရှာသည်။

 

မည်သည့် စစ်ရေး၊ ကာကွယ်ရေး သဘောတူညီချက် တခုတလေမျှ မပါဝင်၊ လက်မှတ်ရေးထိုးပွဲကို ရုရှား နှင့် မြန်မာနှစ်နိုင်ငံမှ "တဖက်သတ် အတင်းအကျပ် ဖိအားပေးအစီအမံများ၏ ဆိုးကျိုးများကို ရင်ဆိုင်ဖြေရှင်းရန်၊ လျှော့ချရန်နှင့် ပြန်လည်ကုစားရန် နည်းလမ်းများ" ဟု စတင် ဖွင့်လှစ်ခဲ့၍ နှစ် နိုင်ငံစလုံး အဆိုပါ ပြဿနာ ကြီး နှင့် ရင်ဆိုင်နေရ ကြောင်း အလေးပေး ဖေါ်ပြလိုက်ခြင်းလည်း ဖြစ်သည်။

 

မင်းအောင်လှိုင်၏ လာရင်း ရည်ရွယ်ချက်ကလည်း နျူကလီယား ဓါ‌တ်ပေါင်းဖို၊ သဘာဝ ဓါတ်ငွေ ရည် ထုတ် စက်ရုံများ မဟုတ်၊ ဖြစ်လာမည်လည်း မဟုတ်မှန်း သိပြီးသား ဖြစ်သည်၊ တကယ်တမ်း တွင် ၎င်းအား သမ္မတ အဖြစ် အသိအမှတ် ပြုသည် ဆိုသော လက်မှတ် လာတောင်းခြင်းသာ ဖြစ်သည်။

 

သို့သော် ထိုသို့ လက်မှတ် သွား တောင်းသည် မာရသွန် ခရီးစဉ် အတွက် နိုင်ငံများ ရွေးချယ် သတ်မှတ်ရာတွင် အရေးကြီးသည့် အချက်တခု ကို လည်း မဖြစ်မနေ ထည့်သွင်း စဉ်းစားရဖို့ ရှိနေသည်။ ၎င်းမှာ နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ ဖမ်းဆီးခံရနိုင်သည့် အန္တရာယ် ဖြစ်သည်ဟု စင်္ကာပူ ရှိ ချန်နယ်နယူး အေးရှားမှ သုံးသပ်တင်ပြထားသည်။

 

၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ အစိုးရရှေ့နေက လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျုးလွန်ခဲ့မှု နှင့် ပတ်သက်၍ မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားခဲ့သည်။

 

ထို့ကြောင့် နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေ ခရစ် ဆီဒိုတီ က မင်းအောင်လှိုင်အနေဖြင့် နိုင်ငံခြားသို့ ခရီးထွက်ခြင်းသည် အတိုင်းအတာတခုအထိ အန္တရာယ်ရှိနေဆဲ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

“မင်းအောင်လှိုင်ဟာ ခရီးထွက်တဲ့အခါ အန္တရာယ်တခုကို အမြဲလို ရင်ဆိုင်နေရပါတယ်” ဟု ၎င်းက ပြောသည်။ “ဒါပေမဲ့ သူနဲ့ နီးကပ်တဲ့ မိတ်ဆွေနိုင်ငံတွေ—ဥပမာ တရုတ်နိုင်ငံ လိုမျိုး၊ မြန်မာစစ်တပ်နဲ့ သမိုင်းကြောင်းအရ အလွန်နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံမျိုးကို သူ့အနေနဲ့ စိတ်ချ လက်ချ သွားနိုင်ပါတယ်။”

 

ရုရှားနိုင်ငံ ကိုလည်း မင်းအောင်လှိုင်အတွက် အတော်အတန် လုံခြုံစိတ်ချရသော ခရီးစဉ် အဖြစ် သတ်မှတ်နိုင်ကြောင်း ဆီဒိုတီက ထပ်မံပြောသည်။

အကြောင်းမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကိုယ်တိုင်လည်း ယူကရိန်း ရှိ ကလေးများကို ဖမ်းဆီးပြီး ရုရှားသို့ ခေါ်ဆောင် နေသည့် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ ICC ၏ ဖမ်းဝရမ်းထုတ်ထားခြင်းကို ခံထားရသူ ဖြစ် နေသည်။

 

သို့သော် ICC တရားရုံးက ထို့နောက်ပိုင်း တွင် မင်းအောင်လှိုင်အ ပေါ် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ခြင်း ရှိ၊ မရှိကို အသေအချာ မသိရ ဖြစ်‌ နေသည် ။ ဤသည်ကလည်း ICC သည် ဖမ်းဝရမ်းများကို ထုတ်ပြန်ပြီးသည်နှင့် ချက်ချင်း အများပြည်သူသိရှိနိုင်အောင် ထုတ်ဖော်ကြေညာလေ့ အမြဲမရှိသောကြောင့် ဖြစ်သည်။

 

အကယ်၍ ဖမ်းဝရမ်း ထုတ်ပြန်ထားပြီးဖြစ်ပါက တရားရုံးသည် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများကို ဖမ်းဆီးပေးရန် အကူအညီ တောင်း၍ ရသည်။ အာဆီယံအတွင်းတွင် ICC ကို တည်ထောင်ခဲ့သည့် စာချုပ်ဖြစ်သော ရောမဥပဒေစာချုပ် (Rome Statute) ကို ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံများမှာ ကမ္ဘောဒီးယားနှင့် တီမော-လက်စတေ နှစ်နိုင်ငံသာ ရှိသည်။

 

သို့သော် ထိုအချက်တခုတည်းကြောင့် မင်းအောင်လှိုင်သည် ဒေသတွင်းရှိ အခြားနိုင်ငံများသို့ လွတ်လပ်စွာ ခရီးသွားနိုင်သည်ဟု မဆိုလိုကြောင်း ဆီဒိုတီက ပြောသည်။

“Universal jurisdiction (ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်) ဆိုတဲ့ မူက နိုင်ငံအားလုံးအပေါ်မှာ ဆက်လက်သက်ရောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

 

 “နိုင်ငံတကာဥပဒေအရ အလွန်ပြင်းထန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ သံသယရှိသူတွေကို တရားစွဲဆိုအရေးယူရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာဥပဒေဆိုင်ရာ တာဝန်ဝတ္တရားတွေကို နိုင်ငံတိုင်းက အလေးအနက်ထား ဆောင်ရွက်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။”ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် သည် နိုင်ငံတကာတာဝန်ခံမှုစနစ်၏ အခြေခံကျသော မူတစ်ရပ်ဖြစ်သည်။ ယင်းမူအရ နိုင်ငံတနိုင်ငံ၏ တရားရုံးများသည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု ကဲ့သို့ အလွန်ပြင်းထန်သည့် နိုင်ငံတကာရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုနိုင်သည်။

ထိုမူအရ ရာဇဝတ်မှုသည် မိမိနိုင်ငံ၏ နယ်မြေအပြင်ဘက်တွင် ကျူးလွန်ခဲ့ခြင်းဖြစ်သော်လည်း နိုင်ငံတစ်နိုင်ငံသည် မိမိ၏ ပြည်တွင်းတရားရုံးများမှတစ်ဆင့် ထိုရာဇဝတ်မှုများအပေါ် တရားစီရင်ပိုင်ခွင့်ကို အသုံးချနိုင်သည်။

 

“အချို့သော အခြေအနေများတွင် နိုင်ငံအချို့က ဒီလိုအမျိုးအစားထဲ ဝင်ရောက်နေတဲ့ ပုဂ္ဂိုလ်တဦးကို တရားစွဲဆိုအရေးယူဖို့ မိမိတို့မှာ တာဝန်ရှိတယ် လို့ ယူဆကြပါတယ်” ဟု ဆီဒိုတီက ပြောသည်။

 

“မင်းအောင်လှိုင်ဟာ အချို့နိုင်ငံတွေကို ခရီးသွားမယ်ဆိုရင်တော့ ဖမ်းဆီးခံရပြီး စုံစမ်းစစ်ဆေးခံရဖို့ အလွန်သေချာသလောက် ရှိပါတယ်။ တခြားနိုင်ငံတွေမှာတော့ ဒီလို တရားစီရင်ပိုင်ခွင့်ကို အသုံးချမလား၊ မချမလားဆိုတာ သက်ဆိုင်ရာနိုင်ငံရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။”

 

၂၀၁၉ ခုနှစ်တွင် ရိုဟင်ဂျာ အဖွဲ့တဖွဲ့ က မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ အာဂျင်တီးနားနိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် ကို အသုံးချ၍ အမှုဖွင့်တိုင်ကြားခဲ့သည်။

 

ထို့နောက် အာဂျင်တီးနားတရားရုံးက မင်းအောင်လှိုင်အပါအဝင် မြန်မာအရာရှိ ၂၀ ကျော်အတွက် နိုင်ငံတကာ ဖမ်းဝရမ်းများ ထုတ်ပြန်ခဲ့သည်။

 

ထိုအခွင့်အရေးအဖွဲ့က မင်းအောင်လှိုင် မကြာသေးမီက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့စဉ် ထိုင်းအာဏာပိုင်များအနေဖြင့် ၎င်းကို ဖမ်းဆီးပေးရန် တောင်းဆိုခဲ့သည်။ သို့သော် ဘန်ကောက်အစိုးရက ထိုသို့ ဖမ်းဆီးခြင်း မပြုခဲ့ပေ။

 

လက်ရှိအခြေအနေ တွင်တော့ မင်းအောင်လှိုင်သည် ၎င်းကို လက်ခံဖို့ အသင့်ရှိပြီး ဖမ်းဆီးခံရနိုင်ခြေ နည်းပါးသော နိုင်ငံများသို့ ခရီးသွားနိုင်နေဆဲ ဖြစ်သည်။

 

သို့သော် ပိုမိုအရေးကြီးသော မေးခွန်းမှာ — မြန်မာနိုင်ငံ၏ ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းအတွက် အဓိကတာဝန်ရှိသူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည့် မင်းအောင်လှိုင်အနေဖြင့် ၎င်းကို လက်ခံမည့် သံတမန်ရေးမိတ်ဖက်နိုင်ငံများ၏ စက်ဝိုင်းကို ဘယ်လောက်အထိ ချဲ့ထွင်နိုင်မလဲ ဆိုသည်ပင် ဖြစ်သည်။

 

#NUG၏သံတမန်ရေးထိုးစစ်

 

တဖက် တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် နိုင်ငံတကာ၏ ထောက်ခံမှုရရှိရေးအတွက် သံတမန်ရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်နေသည်။

 

လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ် ဇင်မာအောင် သည် အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တီမော-လက်စတေ နိုင်ငံများသို့ သွားရောက်ခဲ့ပြီး အစိုးရအရာရှိများနှင့် တွေ့ဆုံခဲ့သည်။

 

သို့သော် အာဆီယံအတွင်းတွင်မူ NUG ၏ သံတမန်ရေး ထိတွေ့ဆက်ဆံမှုများမှာ ပိုမိုကန့်သတ်ခံထားရသည်။ ယင်းတို့အနက် အွန်လိုင်းမှတဆင့် ပြုလုပ်သည် ဖြစ်၍ နိုင်ငံတကာ၏ အာရုံစိုက်မှု မရရှိသည့် နေရာများ ဖြစ်နေသည်။

 

NUG ဘက်ကမူ ထိုအခြေအနေသည် ဒေသတွင်းအစိုးရများက မြန်မာနိုင်ငံ၏ အားပြိုင် နိုင်ငံရေးအုပ်စုနှစ်ဖက်နှင့် ထိတွေ့ဆက်ဆံရာတွင် မညီမျှမှုရှိနေခြင်းကို ထင်ဟပ်နေသည် ဟု ဆိုသည်။

 

“ဥပမာအားဖြင့် မကြာသေးမီက ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေမှာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ အာဆီယံဥက္ကဋ္ဌတို့က ကျမ တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်” ဟု ဇင်မာအောင်က ပြောသည်။

 

“ဒါပေမဲ့ အိမ်ရှင် ထိုင်း နိုင်ငံက ကျမတို့ကို ကိုယ်တိုင်လာရောက်ပြီး တက်ရောက်ခွင့် မပြုခဲ့ပါဘူး။ ဒါကြောင့် နှစ်ဖက်ကို တန်းတူညီမျှ ဆက်ဆံခဲ့တာ မဟုတ်ပါဘူး။”

 

မင်းအောင်လှိုင်၏ အဖွဲ့နှင့် NUG တို့အကြား သံတမန်ရေးအရ အာရုံစိုက်ခံရမှု ရရှိရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြစဉ် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းမှုများ၏ ဗဟိုချက်နေရာတွင် အာဆီယံက ဆက်လက်တည်ရှိနေသည်

 

အာဆီယံကလည်း မြန်မာစစ်ဘက်အာဏာပိုင်များနှင့် ထိတွေ့ဆက်ဆံခြင်းသည် ၎င်းတို့ကို နိုင်ငံရေးအရ အသိအမှတ်ပြုခြင်း မဟုတ်ကြောင်း အလေးအနက် ပြောကြားထားပြီး ဖြစ်သည်။

 

မင်းအောင်လှိုင်က နိုင်ငံခြားသို့ သံတမန်ရေးအရ ဆက်သွယ်မှုများကို ပိုမိုချဲ့ထွင်လာနေသည့်အတွက် ထိတွေ့ဆက်ဆံခြင်းနှင့် အသိအမှတ်ပြုခြင်းတို့အကြား ထိုကွာခြားချက်သည် ပို၍ အရေးပါလာနေသည်။ ၎င်း ဖက်ကလည်း နိုင်ငံခြားခေါင်းဆောင်များနှင့် တွေ့ဆုံမှုများကို ထောက်ပြ၍ မြန်မာ သည် နိုင်ငံတကာအထီးကျန်မှုမှ တဖြည်းဖြည်း ရုန်းထွက်လာနေပြီဟု ပြောလာနိုင်သည်။

 

တဖက်တွင် NUG ကမူ ထိုသို့သော နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုများသည် မင်းအောင်လှိုင်၏ အုပ်ချုပ်ရေးအဖွဲ့အပေါ် ပိုမိုကျယ်ပြန့်သော လက်ခံအသိအမှတ်ပြုမှုအဖြစ် ပြောင်းလဲမသွားစေရန် ကြိုးပမ်းနေသည်။ တချိန်တည်းမှာပင် အတိုက်အခံအဖွဲ့များအနေဖြင့်လည်း နိုင်ငံတကာအစိုးရများထံမှ ပိုမို ထိတွေ့ဆက်ဆံခွင့်နှင့် ကိုယ်စားပြုခွင့် ရရှိလာစေရန် တောင်းဆို ဖိအားပေးလျက်ရှိသည်။

 

ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ကာဆစ် ပီရိုမယာ နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) မှ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူဟောင်း သုံးဦးတို့က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး မင်းအောင်လှိုင် အား လက်ခံခဲ့သည့် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်ကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

 

ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အခြေခံဗဟုသုတတောင် မရှိသလို ဘာ ရည်ရွယ် နေမှန်းလည်း မရှင်းလင်းဟု ဆိုသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီး အဖွဲ့ဝင်ချင်းတွေကို လုံးဝ ရောင်းစားလိုက်သလို ဖြစ်နေ ကြောင်း၊ ၎င်းတို့နှစ်ဦးစလုံးက ၎င်းတို့ ကိုယ်တိုင် လိုက်နာထိန်းသိမ်းမယ်လို့ ပြောထားတဲ့ ဒီမိုကရေစီတန်ဖိုးများ၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ဝတ္တရားတွေကို အဆင်ပြေသလို မေ့ထားကြတယ်၊ ဒါမှမဟုတ် တမင် လျစ်လျူရှုထားကြတယ်” ဟု ပီရိုမယာ က ပြောကြားခဲ့သည်။

 

ထိုသို့ လာရောက်ခွင့် ပေးလိုက်သော်လည်း စစ်အုပ်စုထံမှ တစုံတရာ လိုက်လျောခဲ့မှု လည်း မရရှိခဲ့ကြဟု ထိုပူးတွဲကြေညာချက် တွင် ပါရှိလာခဲ့သည်။

 

လက်ရှိတွင် မင်းအောင်လှိုင် လို စစ်ရာဇဝတ်ကောင် တဦး ဖြစ် သော ရဲဝင်းဦးသည် ဘန်ကောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

မြန်မာနိုင်ငံအလယ်ပိုင်းတွင် အခြေစိုက်ထားသော စစ်ကိုင်းဖက်ဒရယ်ယူနစ် နှင့် မန္တလေးတိုင်း ယာယီအုပ်ချုပ်ရေးကောင်စီ တို့သည် ဩဂုတ် ၁၃ ရက်မှ ၁၄ ရက်အထိ နှစ်ကြိမ် ဆွေးနွေးညှိနှိုင်းပြီးနောက် မြန်မာနိုင်ငံ၏ အဓိက အာဏာရှင်ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) တွင် ပါဝင်ရန် သဘောတူခဲ့ကြသည်ဟု သိရသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!