မင်းအောင်လှိုင်သည် ရွေးကောက်ပွံ အတု ဖြင့် "အစိုးရ" အဖြစ် ခံယူထားသော်လည်း ၎င်း အာဏာသိမ်းပြီး ကတည်းက ပုံ မှန် အတိုင်း ဆက်ဆံလာသည့် လက်ငါးချောင်း ပင် မပြည့်သည့် နိုင်ငံများက လွဲ၍ ယခုထိ ရှေ့မတိုး နိုင် ဖြစ်နေ၍ အာဆီယံ အတွင်း ဝင်ရောက်ခွင့် ရပြီး ဝါဒ ဖြန့်ချီနိုင် ရေး အတွက် သေရေး ရှင်ရေး တမျှ အရေးကြီးနေသည်။
၎င်း နှင့် ခြောက်ရက် အကွာ ဧပြီ ၇ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သော ဗီယက်နမ် သမ္မတ သည် နိုင်ငံပေါင်း ရှစ် နိုင်ငံကို ခရီးနှင်ခဲ့ပြီး လက်ရှိ ဩစတေးလျှ ခရီးစဉ် အပြီး နယူးဇီလန်သို့ ရောက်နေသည်။ ၎င်းကို ဖိတ်ခေါ်၍ မည်သည့် နိုင်ငံကမျှ ဝေဖန် ရှုတ်ချခြင်း မခံခဲ့ရပေ။
ထို့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ် အသုံးချကာ ထိုင်း ခရီးစဉ်ကို စတင်ခဲ့ရခြင်း ဖြစ်သည်။
သို့သော် အာဆီယံက ၎င်းကို လက်ခံဖို့ ဆိုသည်က ဘုံသဘော တူညီချက် ငါးရပ်ကို ပယ်ဖျက် ပေးနိုင်မှ ဖြစ်မည်ဟု အမေရိကန် ၏ Foreign Policy Magazine မှ ထောက်ပြလာခဲ့သည်။
မင်းအောင်လှိုင်၏ သံတမန် ထိုးစစ် အတွက် ထိုင်းက အပြည့်အဝ တာဝန်ယူ ပွဲစားလုပ်ပေးမည်ဟု ပူးတွဲ ကြေညာချက်ထုတ်ကာ တာဝန်ယူလာခဲ့သည်။ ထိုင်းက မင်းအောင်လှိုင် ကြောင့် ၎င်းတို့ ၏ စီးပွား ရေး လုပ်ငန်းရှင်ကြီးများ အတွက် အကျိုး အမြတ် များစွာ ရနေ၍ ကျေနပ်နေသော်လည်း သာမန် ပြည်သူ များ အတွက် ထိခိုက်လာနေသော နိုင်ငံ ဖြတ်ကျော် ရာဇဝတ်မှု များ၊ အွန်လိုင်း ငွေလိမ် လုပ်ငန်းများ၊ မြေရှား သတ္ထုများ တူးဖေါ်နေခြင်းကြောင့် မြစ်ရေများ အဆိပ်သင့် ပျက်စီး နေမှု များ အတွက် ဖြေရှင်းနိုင်ရန် မင်း အောင်လှိုင်လို လူမျိုးအား ဆက်ဆံ နေရသည်ဟု ဝါဒ ဖြန့် ဖို့ လိုအပ် နေ၍ ရှေ့တန်းတင် ပြောဆိုလာခြင်းသာ ဖြစ်သည်။
ထိုင်းလူထု ကို ထိခိုက်လာနေသော ကိစ္စများက မြန်မာစစ်အုပ်စု က ဖြေရှင်း ပေးနိုင်ခြင်း မရှိဆိုသည်ကိုလည်း ထိုင်းအစိုးရက ကောင်းစွာ သိထားပြီး ဖြစ်သည်၊ ထို့အတွက် ပြဿနာ များ မြစ်ဖျားခံရာ ဒေသများကို ထိန်းချုပ်ထား သည့် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများ အများအပြား နှင့် ထိုင်းစစ်တပ်က တိတ်တဆိတ် ဆက်သွယ်ညှိနှိုင်းမှုများ ပြုလုပ် နေသော်လည်း အောင်မြင်မှုမှာ အကန့်အသတ်သာ ရှိခဲ့သည် FP ဆောင်းပါးတွင် ဖေါ်ပြထားသည်။
မင်းအောင်လှိုင်သည် ထိုင်း ခရီးစဉ် အပေါ် ၎င်း၏ ထုံးစံ အလွဲလွဲ အချော်ချော် အတွေး အခေါ်များဖြင့် ယုံကြည်ချက် များ မြင့်တက်လာကာ အချက် ငါးချက်ကို ၎င်း နကိုယ်ကတည်းက သဘောမတူ၊ နိုင်ငံတွင် ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်လာပြီ ဖြစ်၍ အထူး သံတမန်လည်း မလိုတော့ဟု ပြောလာခဲ့သည်။
၎င်း၏ အပြောအဆိုများသည် အာဆီယံ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း ဖြစ်ပြီး ကိုယ်ကိုကိုယ်ပဲ ပြန်လည် ထိခိုက်နစ်နာ စရာ ဖြစ်လာနိုင်သည် အထိ စဉ်းစား နိုင်စွမ်း မရှိ ဖြစ်နေသည်။ ကြားဝင် ပေးမည့် အနုတင် အစိုးရ အဖို့လည်း ကြားဝင် ပေးစရာမရှိ အောင် ဖြစ်သွားရသည်။
မြန်မာ သည် မင်းအောင်လှိုင် တဦးတည်း အတွေးအခေါ်များ ဖြင့် အုပ်ချုပ်ခြင်း ခံနေရသည့် ပြဿနာ ကို အထင်အရှား တွေ့နေရသည်။ မည်သူကမှ လည်း ၎င်းအား အကြံမပေးရဲ၊ ထို့အတွက်ကြောင့်လည်း ၎င်း၏ ခရီးစဉ် တိုင်း သံတမန်ရေးရာ အလွဲလွဲ အချော်ချော်များ ဖြင့် လူရယ်စရာ များ အမြဲ လို ဖြစ်ကျန်ရစ်ခဲ့သည်ခြည်း ဖြစ်သည်။
ယခုလည်း ၂၀၂၇ တွင် ၎င်းတို့အား အပြင်းအထန် ဆန့်ကျင်နေသည့် စင်္ကာပူ က ဥက္ကဌ အဖြစ် အလှည့်ကျ တာဝန်ယူလာကြတော့မည် ဖြစ်၍ မည်သို့မျှ ၎င်း လိုလားသလို ဖြစ်လာတော့မည် မဟုတ်။
၂၀၂၈ တွင် ထိုင်းသည် အာဆီယံ ဥက္ကဌ တာဝန်ယူရဖို့ ရှိသော်လည်း အနုတင် က ဝန်ကြီးချုပ် အဖြစ် ဆက်လက် ရပ်တည် ဖို့က မလွယ်ကူတော့ပေ။
၎င်းအားကိုးနေသော ကွန်ဆာဗေးတစ် အနုတင် အစိုးရသည် ပါတီပေါင်း ၁၆ ပါတီ ဖြင့် ဖွဲ့ထားရသော ညွှန်ပေါင်း အစိုးရမျိုး ဖြစ်နေ၍ ယခု အချိန်တွင် အနုတင်သည် လွှတ်တော်ထဲမှာ ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရပ်တည်နိုင်သည့် မဲအင်အား ရှိနေဆဲ ဖြစ်သည်။ သို့သော် ညွန့်ပေါင်းအစိုးရအတွင်း စည်းလုံးညီညွတ်မှု၊ အဓိက အတိုက်အခံ ပါတီ ကြီး ဖြစ်သည့် People's Party ၏ ဖိအား၊ မြန်မာ/ကမ္ဘောဒီးယားနယ်စပ် ပြဿနာများ၊ ပြည်တွင်းစီးပွားရေးနှင့် လုံခြုံရေးပြဿနာများ က အနုတင် အစိုးရအတွက် အဓိက စိန်ခေါ် မှု များ ဖြစ်လာတော့မည် ဖြစ်သည်။
အနုတင်သည် မင်းအောင်လှိုင်အား ဖိတ်ခေါ်ခဲ့မှု အတွက် အတိုက်အခံဘက်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး၊ ၎င်း ပြန်သွားပြီး နောက် ထိုင်းနိုင်ငံတွင် သေနတ်ပစ်ခတ်မှုကြီးများ ဖြစ်ပွားခဲ့ပြီး အစိုးရအပေါ် သေနတ်ထိန်းချုပ်ရေးနှင့် ပြည်သူ့လုံခြုံရေး ကိစ္စများ အပေါ် မကျေမနပ် ဖြစ်လာပြီး ပါလီမန် အတွင်း ဖိအားများ တိုးလာနေသည်။
People's party က တရုတ် နွယ်ဖွား ဆောက်လုပ်ရေး လုပ်ငန်းရှင် သူဌေးကြီး အနုတင် ဝန်ကြီးချုပ် ဖြစ်ဖို့ ၂၀၂၅ အတွင်းက ထောက်ခံခဲ့သော်လည်း ၂၀၂၆ ဖေဖေါ်ဝါရီ ရွေး ကောက်ပွဲ တွင် မ ထောက်ခံတော့၊ လက်ရှိ ညွှန်ပေါင်း အစိုးရ ထဲ ပါနေသည့် ဖွီးထိုင်း၊ နှင့် ကလား ထမ် ပါတီ တို့ ခွဲထွက်ပြီး ဒုတိယ ရထားသည့် People's party နှင့် အတူ ရပ်တည်သွားပြီး အယုံအကြည် မရှိ အဆို တင်သွင်းခံရပါက ချက်ခြင်းလို ပြုတ်ကျသွားနိုင် ပေသည်။
မင်းအောင်လှိုင်သည် ယခုအခါ ဂျပန်ကို သွေးဆောင် ဖြားယောင်းရန် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟဲအိ ဆာဆာကာဝါ သည် မြန်မာနိုင်ငံ၏ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်” တွင် ၎င်း၏ ဖောင်ဒေးရှင်းမှ ကူညီပေးနိုင်မည့် နည်းလမ်းများကို ဆွေးနွေးရန် ဆိုကာ နေပြည်တော်သို့ ပင့် ဖိတ် လာခဲ့ပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!