SCEF နှင့် စစ်အုပ်စု ဆွေးနွေး ဖြစ်မည်လော

by Hla Soewai - Aug 10 2026

ငါးနှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် ဆိုးရွားပြင်းထန်လှသော ပြည်တွင်းစစ်ကို ဆွေးနွေးဖို့အတွက် ရှားရှားပါးပါး အခွင့်အလမ်းတခု ပေါ်ပေါက်လာနေသည်ဟု ရိုက်တာ သတင်းတွင် ရေးသားလာသည်။ ထိုသို့ ပေါ်ပေါက်လာခြင်း မှာလည်း စစ်တပ်က နယ်မြေပြန်လည်ထိန်းချုပ်နိုင်လာသည့် စစ်မြေပြင်အခြေအနေ ပြောင်းလဲမှုနှင့် ဆွေးနွေးရန် အတွက် ဒေသတွင်း ဖိအားတိုးလာမှုတွေကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

လေ့လာသုံးသပ်သူများက အဓိကအားဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် SCEF တို့၏ ရပ်တည်ချက်တွင် သဘောထား ပြောင်းလာမှု ကို အထင်ရှားဆုံး မြင်တွေ့လာရသည်ဟု ဆိုသည်။

 

ဖက်ဒီရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) က ဇူလိုင်လအတွင်း ထိုင်း၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးများ နှင့် တွေ့ဆုံအပြီး နိုင်ငံရေးအရ အဖြေရှာဖို့အတွက် ကတိကဝတ်ပြုထားသည်ဟု ပြောလာခဲ့သည်။ ထို့မတိုင်ခင်က အဆိုပါ နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦးသည် စစ်အုပ်စု ၏ ညှိနှိုင်းရေးကော်မတီနှင့် သီးခြားစီ တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။

 

 မင်းအောင်လှိုင်ဖက်က SCEF ကို ညှိနှိုင်းဆွေးနွေးရမည့် အဖွဲ့ အဖြစ် လက်ခံထားခြင်း မရှိသေး‌သော်လည်း ထိုင်းနိုင်ငံကို ယခု တပတ် အတွင်း သွားရောက်မည့် ၎င်း၏ ခရီးစဉ် အတွင်း အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းအားထုတ်မှုများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ရသည်။

 

အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးအဖွဲ့ (IISS) ရဲ့ သုတေသီ မော်ဂန် မိုက်ကယ်စ် (Morgan Michaels) ကတော့ တော်လှန်ရေး အင်အားစုများသည် စစ်အုပ်စုကို ဖြုတ်ချဖို့အရင်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားခဲ့သည့် ရည်မှန်းချက်ကို စွန့်လွှတ်လိုက်ကြပြီလို့ ယူဆရသော်လည်း စစ်အုပ်စု နှင့် SCEF အဖွဲ့တွေကြား နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ဖြစ်လာဖို့ကတော့ အလှမ်းဝေး‌ နေဦးမည် ဖြစ်သည်ဟု ဆိုသည်။ အနီးစပ်ဆုံး ဖြစ်လာနိုင်သည် 'ဆွေးနွေးဖို့အတွက် ဆွေးနွေးပွဲ' ဆီ ဦးတည်မည့် လှုပ်ရှားမှုများကိုသာ မြင်တွေ့ရဖို့သာ ရှိနေသေးသည်" ဟု ဆိုသည်။

 

SCEF ၏ ရည်မှန်းချက်သည် ပြည်သူ့ ထံ အာဏာ ပြန်လည် အပ်နှင်း ရန် နှင့် စစ်တပ်ကို နိုင်ငံရေးအခန်းကဏ္ဍ အားလုံးကနေ ဖယ်ရှားပစ်ရန် ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ စောနင်းရုဒ်က ပြောကြားခဲ့သည်။

 

"ဒါက ကျွန်‌ တော် တို့ရဲ့ နောက်ဆုံး ရည်မှန်းချက်ဖြစ်ပေမဲ့ လက်ရှိမှာတော့ ညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေးအရ အဖြေတခုကို ဖော်ဆောင်ဖို့အတွက် ကတိကဝတ်ပြုထားပါတယ်" ဟု သူက ပြောကြားခဲ့သည်။ "ကျွန်‌ တော် တို့ဟာ ဆွေးနွေးဖို့အတွက်ရော နိုင်ငံရေးအရ အပေးအယူလုပ် ဆွေးနွေးဖို့ အတွက်ပါ တံခါးဖွင့်ထားပါတယ်"

 

အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးပွဲများ ဖြစ်မြောက်လာစေရန် SCEF က စစ်တပ်အနေဖြင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်းဆိုထားသည်။

 

"ငြိမ်းချမ်းရေးဟာ ကျွန် တော် တို့ရဲ့ ဆန္ဒဖြစ်ပြီး အကြီးမားဆုံး ဆန္ဒလည်း ဖြစ်ပါတယ်" လို့ မင်းအောင်လှိုင်က ပြီးခဲ့တဲ့တပတ်က လွှတ်တော်မှာ ပြောခဲ့‌ သော်လည်း၊ တိုက်ပုံ အင်္ကျီ ပြောင်း ဝတ်လာပြီး နောက်ပိုင်း အရပ်သားများအပေါ် တိုက်ခိုက်မှုတွေ သိသိသာသာ မြင့်တက်လာသည်ဟု ပဋိပက္ခစောင့်ကြည့်လေ့လာ ‌ရေး အဖွဲ့က ထောက်ပြပြောဆိုခဲ့သည်။

 

ပြိုလဲလုနီးပါး ဖြစ်နေပြီလို့ အရင်က ယူဆခံခဲ့ရသည့် စစ်တပ်သည် ပြိုလဲသွားခြင်း မရှိဘဲ နိုင်ငံရေးရော စစ်ရေးအရပါ ဆက်လက်ရှင်သန်ရပ်တည်နိုင်ခဲ့သည်ဟု မြန်မာ့ရေးရာ လေ့လာသုံးသပ်သူ အောင်ကိုကိုက ဆိုသည်။

 

SCEF တွင် ပါဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကို စစ်အုပ်စု နှင့် ဆွေးနွေးရန် နိုင်ငံတကာ၏ ဖိအားပေးမှု ခံနေရသည်ဟု လေ့လာသုံးသပ်သူ သုံးဦးက ပြောပြခဲ့သည်။

 

ထိုင်းသည် မင်းအောင်လှိုင်၏ ခရီးစဉ် အတွင်း အဓိက ဦးစားပေးများ အဖြစ် အကြမ်းဖက် နေမှုများကို လျှော့ချရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လမ်းကြောင်းများကို တိုးချဲ့ ပေးရန် နှင့် ပဋိပက္ခများ ထိုင်းဘက်ကို ကူးစက်ပျံ့နှံ့လာမှုကို ထိန်းချုပ်ရန် ဖြစ်သည်ဟု ထိုင်းအထက်တန်း အရာရှိတစ်ဦးက ပြောခဲ့သည်။

 

နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့ ၏ အာရှဆိုင်ရာ အကြီးတန်း အကြံပေး ရစ်ချတ် ဟော်ဆီ က လက်ရှိအချိန်အထိ နေပြည်တော်အနေနှင့် SCEF ကို ဆွေးနွေးဖက်အဖြစ် လက်ခံခြင်း မရှိသေးဘဲ အဖွဲ့တခုချင်းစီနှင့် သီးသန့် ဆွေးနွေး နိုင်မည့် လမ်း‌ ကြောင်း များကိုသာ ရှာဖွေလျက်ရှိနေသည်ဟု ဆိုသည်။

 

"ပဋိပက္ခဖြစ်ပွားနေတဲ့ နှစ်ဖက်စလုံးက တဖက်နှင့် တဖက် ဘာတွေပြောမလဲဆိုတာကို နားထောင်ဖို့ မူ အားဖြင့် အသင့်ဖြစ်နေကြပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက်ကတော့ ပူးတွဲသဘောတူထားတဲ့ ရလဒ်တခုခုဆီ ဦးတည်ပြီး အလျှော့အတင်း တွေ လုပ်ဖို့ လိုအပ်ပါတယ်" လို့ သူက ပြောကြားခဲ့သည်။ "အဲ့ဒါက ဒီလို ဖြစ်လာဖို့ အတွက်တော့ အလှမ်းဝေးနေသေးပုံ ရပါတယ်" ဟု ဆိုသည်ဟု ရေးသားထားသည်။

 

မည်သို့ပင် ဖြစ်‌ စေ ပြည်တွင်းစစ်ရဲ့ အလွန်အမင်း ရှုပ်ထွေးပြီး သိမ်မွေ့နက်နဲတဲ့ အချ်ုးအ‌ ကွေ့ တခုကို ရောက်ရှိနေပြီဆိုသည်က ထင်ရှားလာသည်။

 

စစ်အုပ်စုသည် တော်လှန်ရေး အင်အားစုများ ဘက်က ‌၎င်းတို့ အပေါ် "စစ်ရေးသက်သက်နှင့် အလုံးစုံ အနိုင်ယူလို့ မရနိုင်တော့ဘူး" ဟု ခံယူလာသည် နှင့် အမျှ NUG အား ထီးထီးကြ ကျန်ခဲ့အောင် SCEF အဖွဲ့ဝင် တိုင်းရင်းသား အဖွဲ့များ အား တရုတ်ပုံစံ တစ်ခုချင်းစီကို သီးသန့်ခွဲထုတ်ပြီး ဒြချဉ်းကပ်ဖို့ (Bilateral approach) ကြိုးပမ်းလာမည် ဖြစ်၍ နိုင်ငံရေးအရ သတိထားစရာ စိန်ခေါ်မှုတခု ဖြစ်လာနေသည်။

 

စစ်အုပ်စုဘက်က စစ်ရေး အသာစီးရယူ နိုင်ခဲ့ပြီ အထင် နှင့် ၎င်းတို့လိုချင်သည့် အကန့်အသတ်ဖြင့် အပစ်အခတ်ရပ်စဲရေးကိုသာ တွန်းအားပေးလာနိုင်ခြေ ရှိသည်။ တော်လှန်ရေး အင်အားစုများ အနေဖြင့် နိုင်ငံရေးအရ အပေးအယူလုပ်ရာတွင် ပြည်သူလူထု၏ အကျိုးစီးပွားနှင့် ဖက်ဒီရယ်ဒီမိုကရေစီ ပန်းတိုင် ပျောက်မသွားအောင် အလွန်တရာ သတိကြီးစွာနှင့် ကိုင်တွယ်ရမည့် အခိုက်အတန့် မျိုး ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!