ကိုထိန်လင်းက မိခင်ကြီး အတွက် မျှော်လင့်ချက်များ အသစ်တဖန် ဖြစ်ပေါ်လာဟု ဆို

by Hla Soewai - Aug 10 2026

မင်းအောင်လှိုင် က ထုတ်ပြန်ခဲ့သည့် ၎င်း ဖမ်းဆီးထားသော လူထု ခေါင်းဆောင်၏ ရှားပါး ဓါတ်ပုံ အသစ်များသည် မိခင်၏ ကျန်းမာရေးနှင့် ပတ်သက်၍ မိမိတို့အား မျှော်လင့်ချက်အသစ်များ ပေးစွမ်းနိုင်ခဲ့ကြောင်း ဒေါ် အောင်ဆန်းစုကြည်၏ သားဖြစ်သူက အမေရိကန်၏ အကြီးဆုံးသော အများပြည်သူဆိုင်ရာ သတင်းမီဒီယာနှင့် ရေဒီယိုကွန်ရက် ဖြစ်သော National Public Radio (NPR) သို့ ပြောကြားခဲ့သည်။

 

ကင်မ်အာရစ် ခေါ် ကိုထိန်လင်း က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော ဌာနေ နိုင်ငံတကာ ကြက်‌ခြေနီ အဖွဲ့ အကြီးအကဲနှင့် ၎င်း၏မိခင် တွေ့ဆုံနေသည့် ဓာတ်ပုံများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မိမိအား "မျှော်လင့်ချက်အတွက် အကြောင်းပြချက်တစ်ခု" ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

 

စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက Telegram မှတဆင့် ကြေညာချက်ထုတ်ပြန်ခဲ့မှုအရ၊ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် အာနိုး ဒယ် ဘက်ခ်သည် တနင်္လာနေ့က နေပြည်တော်တွင် ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း နှင့် ထိုသို့ တွေ့ဆုံရာတွင် သူမနှင့် တဦးတည်း သီးသန့်ပြောဆိုခွင့်ရရှိခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် အတည်ပြုခဲ့သည်။

 

ထုတ်ပြန်ချက်နှင့်အတူ ပူးတွဲဖော်ပြခဲ့သော ဓာတ်ပုံများတွင် ဒေါ် အောင်ဆန်းစုကြည်သည် သစ်သားအကာအရံများဖြင့် ရိုးရှင်းစွာပြင်ဆင်ထားသော အခန်းတခန်းအတွင်း ဒယ် ဘက်ခ် နှင့် လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရသည်။

 

လန်ဒန်မြို့တွင် နေထိုင်သူ ကင်မ် က NPR သို့ ပေးပို့သော အီးမေးလ်တွင် "ဒါဟာ ပွင့်လင်းမြင်သာမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိရေးနဲ့ နောက်ဆုံးမှာတော့ ကျွန်တော့်အမေရဲ့ လွတ်မြောက်မှုတို့အတွက် အစပျိုးခြင်းဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။ 

 

"ဒါပေမဲ့ မျှော်လင့်ချက်ဆိုတာ သက်သေအထောက်အထား မဟုတ်ပါဘူး၊ တခါ တွေ့ရုံ တည်းနဲ့တော့ အာဏာသိမ်းချိန်ကစပြီး ကျွန်တော်တို့မိသားစု ခံစားနေရတဲ့ မေးခွန်းတွေအတွက် အဖြေပေးနိုင်မှာ မဟုတ်ပါဘူး။"

 

စစ်အုပ်စု သည် အာဏာသိမ်းပြီးချိန်ကစ၍ ဒေါ်အောင်ဆန်းစုကြည်အား အသံတိတ် နေအောင် ထိထိ ရောက်ရောက် စီမံထားခဲ့ကြ၍ ပြည်တွင်း ပြည်ပ မှ သံသယ များ ကြီးထွားလာနေခဲ့သည်။

 

ယခု အခါ ပြည်သူများ၏ စည်းလုံးညီညွတ်မှု အားဖြင့် လွတ်လပ်သော အဖွဲ့အစည်းများကတဆင့် "သက်ရှိထင်ရှား ရှိကြောင်း အထောက်အထား ပြပါ" ဆိုသော တောင်းဆိုမှု ကို ကမ္ဘာပေါ်တွင် အရက်စက် အကြမ်းကြုပ်ဆုံး နှင့် ခေါင်းအမာ ဆုံး" ဟု သတ်မှတ်ခံထားရသည့် စစ်အုပ်စု ပင် အလျော့ပေးခဲ့ရပြီ ဖြစ်သည်။

 

နောက်ထပ် ထုတ်ပြလာ‌ သော ပုံနှစ်ပုံတွင် ယခင်က ရိုက်ကူးထားပုံရသည် - ဇွန်လအတွင်းက ကျရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက် မွေးနေ့ပွဲ ပုံ ဖြစ်ပြီးသူမသည် "Happy Birthday Aunty Suu, 19.6.2026" ဟု ရေးထိုးထားသော ပန်းရောင်ကိတ်မုန့်ကို လှီးဖြတ်နေသည်ကို တွေ့ရသည်။ အဆိုပါပုံများတွင် အောင်ဆန်းစုကြည်သည် အဝတ်အစားတမျိုး ဝတ်ဆင်ထားပြီး နောက်ခံတွင် အဝတ်လှန်းစင်နှင့် ပစ္စည်း ထည့်သိမ်းစရာ သေတ္တာများကို မြင်တွေ့ရသည်။

 

လူတယောက်၏ လက်ကိုလည်း တွေ့ရသဖြင့် သူမ၏ ၈၁ နှစ်မြောက် မွေးနေ့ကို တကိုယ်တည်း ဖြတ်သန်းခဲ့ရခြင်း မဟုတ် ဟု ဖြေသိမ့်စရာ တွေ့လာရသည်။

 

အဆိုပါ ဓာတ်ပုံများကို AFP သတင်းဌာနက ဉာဏ်ရည်တု (AI) စစ်ဆေးသည့် ကိရိယာများဖြင် ဖန်တီးပြုပြင်ထားသည့် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း အတည်ပြုခဲ့သည်။

 

ICRC အနေဖြင့် ၎င်းတို့၏ ဝင်ရောက်တွေ့ဆုံမှုများသည် "မိသားစုများနှင့် သတင်းအချက်အလက်ဖလှယ်ရန် အခွင့်အလမ်း" ပေးခဲ့သည်ဟု ဆိုထားသော်လည်း သူမ၏ ကျန်းမာရေး သို့မဟုတ် တွေ့ဆုံမှုနှင့် ပတ်သက်၍ ICRC က မိမိအား ယခုထိ အကျဉ်းချုပ် ရှင်းလင်းပြောကြားခြင်း မရှိသေးကြောင်း ကင်မ်က ပြောကြားခဲ့သည်။ ICRC ကလည်း သတင်းဌာန များ၏ မေးမြန်းချက်များကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

 

"ဒါက ကျွန်တော့်အတွက် မျှော်လင့်ချက် တွေ ရှိလာခဲ့ပေမဲ့ သတိနဲ့ပဲ ဆက်ပြီး စောင့်ကြည့်နေပါတယ်" ဟု အဆိုပါဓာတ်ပုံများနှင့် ပတ်သက်၍ ကင်မ်က ပြောကြားခဲ့ပြီး သူ့မတွက် "လွန်စွာမှ စိတ်ထိခိုက် ခဲ့ရသည်" ဟု ဆိုသည်။ "အခုဆိုရင် အဲဒီမျှော်လင့်ချက်ဟာ ပွင့်လင်းမြင်သာမှု၊ ကြင်နာမှုဂရုဏာ နဲ့ အဓိပ္ပာယ်ရှိတဲ့ လက်တွေ့လုပ်ဆောင်ချက်တွေ ဖြစ်လာဖို့ လိုပါတယ်" ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

 

အဆိုပါ တွေ့ဆုံမှုသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့ အပါအဝင် အောင်ဆန်းစုကြည်ထံသို့ နိုင်ငံတကာ ကိုယ်စားလှယ်များ ဝင်ရောက်တွေ့ဆုံခွင့်ပြုရန် အစိုးရ အမည်ခံ စစ်အုပ်စု အပေါ် ဖိအားများ မြင့်တက်လာချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

 

အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းလေ့လာရေးအဖွဲ့ (International Crisis Group) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး Thomas Kean က စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းအား အာဆီယံမှ ပြန်လည်လက်ခံလာစေရန် လိုလားနေသည့်အတွက် စစ်တပ်အနေဖြင့် အောင်ဆန်းစုကြည်နှင့် ICRC ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံမှုကို ခွင့်ပြုခဲ့ခြင်းဖြစ်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။ 

 

"မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံနဲ့ ပုံမှန်ဆက်ဆံရေးပြန်စဖို့ အပြင်းအထန်တွန်းအားပေးနေတဲ့ ထိုင်းနိုင်ငံကို သွားရောက်တော့မှာဖြစ်ပြီး ဒါကို အကောင်းဘက်က ခြေလှမ်းတစ်ရပ်အနေနဲ့ အဝင်ကောင်း အောင် ပြသသွားမှာ သေချာပါတယ်" ဟု Kean က ဆိုသည်။

 

သို့သော်လည်း နေပြည်တော် သို့မဟုတ် ဒေသတွင်းရှိ ၎င်း၏မဟာမိတ်များက မည်မျှပင် ဝါဒဖြန့်လှည့်စားပြပါစေ၊ ယင်း သည် ပဋိပက္ခချုပ်ငြိမ်းရေးဆီသို့ တိုးတက်မှုကို ညွှန်ပြနေခြင်းတော့ မဟုတ်ကြောင်း ၎င်းက သတိပေးခဲ့သည်။

 

အများဆုံး "ဒါဟာ အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိပြီး ကျန်းမာရေးလည်း သင့်တင့်ကောင်းမွန်ပုံရကြောင်းကို ပြသနေတာပါပဲ" ဟု ၎င်းက ဆိုခဲ့သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ ၏ ပြောရေးဆိုခွင့်ရှိသူ ဦး နေဖုန်းလတ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပါအဝင် "တော်လှန်ရေးရဲ့ ရည်မှန်းချက်တွေ မအောင်မြင်မချင်း" လက်နက်ကိုင်တော်လှန်ရေး အင်အားစုများအနေဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ဖေါ် ပြောကြားခဲ့သည်။

 

မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ မသွားရောက်မီ ရက်ပိုင်းအလိုတွင် စစ်အုပ်စုက ခွင့်ပြုပေးခဲ့သော အောင်ဆန်းစုကြည်နှင့် ICRC ကိုယ်စားလှယ်တို့၏ တွေ့ဆုံမှုသည် တိုက်ဆိုင်မှုတစ်ခုမဟုတ်ကြောင်း မက်သီဆင် က ဆိုသည်။

 

"နိုင်ငံတကာအသိုက်အဝန်းအတွက် ဒါဟာ မင်းအောင်လှိုင် က သူ့ရဲ့ရင်ဘတ်ထဲ ထည့်ပြီး ဝှက်သိမ်းထားသည့် ဖဲချပ်ကို အချိန်ကိုက် ထုတ်သုံးလိုက်ခြင်းသာ ဖြစ်တယ်" ဟု ၎င်းက ပြောခဲ့သည်။

 

မိမိ အမြင်အရ ဆိုလျင် ထိုင်း နိုင်ငံသို့ လာရောက်နိုင်ရေး သတ်မှတ် ပေးထား‌ သော ကြိုတင် စည်းကမ်းချက် ကို လိုက်လျော လိုက်ခြင်းလည်း ဖြစ်ပုံရသည်။

 

ဇူလိုင်လအတွင်းက ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေသတွင်း အာဆီယံ (ASEAN) အဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများ၏ တွေ့ဆုံမှုအပြီးတွင်၊ သူမ၏ ကျန်းမာရေးကောင်းမွန်ကြောင်း ပြောဆိုချက်များကို "အတည်ပြုနိုင်စေရန်အတွက်" အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် ထိုင်းနိုင်ငံ ခြားရေး ဝန်ကြီး သီဟဆက် ဖက်ကက်ကျိုက တောင်းဆိုထားခဲ့သည်။

 

ယခု တွေ့ဆုံခွင့် ပေးခဲ့သည့် အခင်းအကျင်းသည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါ ကို မြင့်တက်သွားရာ မရောက်အောင် အထူးသတိထားသည့် အနေဖြင့် သေဆုံးသွားပြီဟု စွပ်စွဲခံထားရသူ အကျဉ်းသားတဦးအား မဟုတ်မမှန်ကြောင်း သက်သေပြနိုင်ရန် အတွက်သာ ကြက်ခြေနီ ကိုယ်စားလှယ်ကို တွေ့ခွင့် ပြုခဲ့သည် ပုံရိပ်ကို ဖန်တီးလိုက်ခြင်းပင် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း နာဇီတို့သည် ၎င်းတို့၏ စစ်သုံပန်း စခန်း များထဲသို့ ကမ္ဘာကြက်ခြေနီ အဖွဲ့သို့ ဝင်ခွင့်ပေးခဲ့ရသည် မဟုတ်ပါလား။

 

ဤသည်ကပင် ၎င်းတို့၏ မနာလို ဝန်တို စိတ် ပေါ် အခြေခံကာ စနစ်တကျ ယုတ်မာစွာ ကြံစည်နေသည့် အတွင်းစိတ် ကို ထပ်မံ၍ ထုတ် ဖေါ်ပြလိုက်ခြင်းလည်း ဖြစ်ပေသည်။

 

ဤဖြစ်ရပ်သည် စစ်အုပ်စု သည် ၎င်းတို့၏ "အကျပ်အတည်းကို သံတမန်နည်းလမ်းဖြင့် ယာယီရှောင်တိမ်းခြင်း" သာ ဖြစ်သည်။ နိုင်ငံတကာ ဖိအားများကို ဟန့်တားရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို အသုံးချကာ အာဆီယံနှင့် ထိုင်းနိုင်ငံတို့၏ ထောက်ခံမှုကို ရယူရန် အတတ်နိုင်ဆုံး ကြိုးပမ်းနေခြင်းသာ ဖြစ်ပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!