"မောင်ရင်က လူဆန်းတစ်ယောက်ပါလားကွ" ဟု ရီဘင်က အပြုံးနှင့်ပြောရင်း သူ့ဒူးကို လက်နှင့်ပုတ်လိုက်သည် - "ကျုပ်လို လယ်သမားတယောက်က အဲဒီလိုကိစ္စမျိုးတွေနဲ့ ပတ်သက်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဟေ၊ အဲဒီလိုကိစ္စမျိုးတွေက ဖြစ်ရောဖြစ်နိုင်လို့လား။ စာအုပ်တွေဆိုတာ လူကြီးလူကောင်းတွေရဲ့ အလုပ်တွေလေ၊ အဲဒါတွေအတွက် သူတို့ပဲ တာဝန်ယူရမှာပေါ့။"
ပါဗယ်က ရီဘင်ကို နားမလည်ကြောင်း အမေက သိလိုက်သည်။ သား ဖြစ်သူ သည် ဒေါသထွက်နေသည့် အခါတိုင်း လုပ် လေ့ရှိသည့် အတိုင်း မျက်စိများ မှေးလာနေသည်ကိုလည်း တွေ့လိုက်ရသည်။
ထို့ကြောင့် သူမက သတိကြီးကြီးထားကာ ပြေရာ ပြေကြောင်း ဖြစ်အောင် ဝင်ပြောလိုက်သည် - "မစ်ခေးလ် အီဗန်နိုဗစ်က သူအလုပ်ကို ဆက်လုပ်နိုင်ဖို့နဲ့ တခြားလူတွေက ဒီအတွက် အပြစ်ကျ အောင် လုပ်ချင်နေတာလေ။"
"အဲ့ဝာာပဲ!" ဟု ရီဘင်က သူ့မုတ်ဆိတ်ကို ပွတ်ရင်း ပြောလေသည်။
အမေ၊" ဟု ပါဗယ်က ခြောက်သွေ့ အက်ကွဲသော အသံဖြင့် ခေါ်လိုက်ရင်း - "ကျွန်တော်တို့လူတွေထဲက တယောက်ယောက်၊ ဥပမာဆိုရရင် အန်ဒရေးပေါ့၊ ကျွန်တော် မသိအောင် တခုခုလုပ်လိုက်လို့ ကျွန်တော်သာ အကျဉ်းချခံရမယ်ဆိုရင်၊ အဲဒီအတွက် အမေ ဘယ်လိုပြောမလဲ။"
အမေမှာ လန့်သွားပြီး သားဖြစ်သူကို တွေဝေစွာ ကြည့်လိုက်ကာ ဦးခေါင်းကို ယမ်း၍ - "အဲဒါမျိုးတော့ ဘယ်ပြောကောင်းမလဲကွယ်" ဟု ဆိုလေသည်။
ဘာလဲ၊ ရဲဘော် ရဲဘက် ချင်းကို အဲဒီလို လုပ်လို့ ရလို့လား"
"ဟားဟား၊ သိပ်ရတာပေါ့!" ဟု ရိုင်ဘင်က ပြောလိုက်သည်။
"ပါဗယ်ယ်၊ မင်းပြောတာ ကိုယ်နားလည်ပါတယ်"
ထို့နောက် အမေဖြစ်သူဘက်သို့ ရိုသေသလိုလို၊ နောက်ပြောင်သလိုလိုဖြင့် မျက်စိတစ်ဖက်မှိတ်ပြကာ -
"ဒါက သိမ်မွေ့တဲ့ ကိစ္စပါ အမေရာ" ဟု ဖြည့်စွက်ပြောဆိုပြီးနောက် ပါဗယ် ဘက်သို့ ပြန်လှည့်ကာ ဆုံးမသည့် လေသံဖြင့် ဆက်ပြောလေသည် -
"ဒီကိစ္စနဲ့ပတ်သက်လို့ မင်းရဲ့အယူအဆတွေက အတော်လေး ရင့်ကျက်မှု မရှိသေးဘူး၊။ လျှို့ဝှက်လုပ်ရတဲ့ အလုပ်မှာ လူတိုင်းတန်းတူ ဂုဏ်သိက္ခာဆိုတာ မရှိဘူး။ စဉ်းစားကြည့်လေ! ပထမအချက်အနေနဲ့ သူတို့က ဆရာတွေကို ဖမ်းမှာမဟုတ်ဘဲ စာအုပ်တွေတွေ့တဲ့သူတွေကို ထောင်ထဲချမှာကွ။ အဲဒါ ပထမအချက်ပဲ! ဒုတိယအချက်ကတော့၊ အဲဒီဆရာတွေက တရားဝင်စာအုပ်တွေကိုပဲ လူတွေဖတ်ခွင့်ပေးတယ်ဆိုဦးတော့၊ တားမြစ်ထားတဲ့ စာအုပ်တွေထဲကအတိုင်း တားမြစ်ထားတဲ့ အကြောင်းအရာတွေက အဲဒီထဲမှာလည်း ပါနေတာပဲကွ၊ ဘာသာစကား အမျိုးအစားပဲ ကွာတာပါ။ အမှန်တရားတွေကတော့ နည်းနည်း ပဲ ပါတာပေါ့။ အဲဒါ ဒုတိယအချက်ပဲ။ ကိုယ်ဆိုလိုချင်တာကတော့ သူတို့လည်း ကိုယ်လိုချင်တာကိုပဲ လိုချင်ကြတာပဲ၊ ဒါပေမဲ့ သူတို့က လမ်းကြိုလမ်းကြားတွေကနေ လျှောက်ကြပြီး ကိုယ်ကတော့ ကျယ်ပြန့်တဲ့ လမ်းမကြီးအတိုင်း ချီတက်နေတာပါဗယ်ਾ။ တတိယအချက်ကတော့ ၊ ကိုယ်နဲ့ သူတို့နဲ့ ဘာဆိုင်လို့လဲ။ ခြေလျင်ခရီးသည်တယောက်က မြင်းစီးနေတဲ့လူနဲ့ ဘယ်လိုလုပ် မိတ်ဆွေဖွဲ့လို့ ဖြစ်မလဲကွ။ လယ်သမားတယောက် ဖြစ်မယ်ဆိုရင်တော့ ငါ ဒီလိုလုပ်ချင်မှ လုပ်မှာပါ။ ဒါပေမဲ့ ဒီလူတွေက တယောက်က ဘုန်းကြီး၊ တယောက်က မြေပိုင်ရှင်ရဲ့သမီး၊ သူတို့က လူထုကို မြှင့်တင်ပေးချင်ပါတယ်ဆိုတာ ဘာကိုဆိုလိုမှန်း ကိုယ်တော့ နားမလည်နိုင်ဘူး"
သူတို့ရဲ့ အကြံအစည်တွေ၊ အဲဒီ သခင်ကြီးတွေရဲ့ အကြံအစည်တွေဟာ ကျုပ်လို လယ်သမားတယောက်အတွက် နားလည်နိုင်စရာ မရှိပါဘူး။ ကျုပ်ဘာသာ ကျုပ်လုပ်တာကိုတော့ ကျုပ်သိတာပေါ့၊ ဒါပေမဲ့ သူတို့ ဘာတွေလုပ်ချင်နေကြလဲဆိုတာကိုတော့ ကျုပ်မပြောတတ်ဘူး။ နှစ်ထောင်နဲ့ချီပြီး သူတို့က သခင် တွေရဲ့ အလုပ်ကို ဇွဲကောင်းကောင်းနဲ့ စနစ်တကျ လုပ်လာခဲ့ကြတယ်။ လယ်သမားတွေကိုလည်း ခေါင်းပုံဖြတ်၊ အဓမ္မလုယူပြီး အသားကုန် ညှဉ်းပန်းနှိပ်စက်ခဲ့ကြတယ်။ အခုတော့ ရုတ်တရက်ကြီး သတိရလာပြီး လယ်သမားတွေရဲ့မျက်စိကို ဖွင့်ပေးချင်ကြပြန်ရော။
ဒီမှာ မောင်ရင် ကျုပ်က ပုံပြင်တွေကို ယုံကြည်တတ်တဲ့သူ မဟုတ်ဘူး။ ဒါက ပုံပြင်တပုဒ်လို ဖြစ်နေတယ်။ ဒါကြောင့်လည်း ကျုပ်က အဲဒီအထဲမှာ စိတ်မဝင်စားနိုင်တာပေါ့။ သခင်တွေရဲ့ အပြုအမူတွေက ကျုပ်အတွက် စိမ်းကားနေပါတယ်။ ဆောင်းတွင်းခရီးသွားတဲ့အခါ ကိုယ့်ရှေ့မှာ သက်ရှိသတ္တဝါတစ်ကောင်ကို တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ အဲဒါ ဘာကောင်လဲဆိုတာ - ဝံပုလွေလား၊ မြေခွေးလား၊ ဒါမှမဟုတ် သာမန်ခွေးတကောင်လားဆိုတာကို မသိနိုင်သလိုပေါ့ကွာ။"
အမေသည် သားဖြစ်သူကို တချက် လှမ်း ကြည့်လိုက်သည်။ သား၏မျက်နှာတွင် တွေဝေညှိုးငယ်သော အမူအရာပေါ်နေ၏။ ရိုင်ဘင်၏ မျက်လုံးများတွင်မူ မှောင်မည်းသော အလင်းရောင်တခုအလား တလက်လက် တောက်လို့နေသည်။ သူသည် သူ၏မုတ်ဆိတ်မွှေးကို လက်ချောင်းများဖြင့် ဖိသိမ်းရင်း ပါဗယ်ကို ကြည့်လိုက်သည်။ သူ၏ ပုံစံသည် တဖက်တွင် ကျေနပ်အားရနေပုံပေါ်သလို၊ တဖက်တွင်လည်း တက်ကြွလှုပ်ရှားနေပုံ ပေါ်ပေသည်။
"ငါ့မှာ အပျော်အပါး လိုက်ဖို့ အချိန်မရှိဘူး" ဟု သူက ဆိုသည်။ "ဘဝဆိုတာ ခက်ခဲ ကြမ်းတမ်း တဲ့ အရာတခုပဲ။ ငါတို့ဟာ သိုးခြံတွေထဲမှာ နေတာမဟုတ်ဘူး၊ ခွေးအိမ်တွေထဲမှာ နေကြတာ။ ဒါကြောင့် အုပ်စုတိုင်းက သူတို့နည်းသူတို့ဟန်နဲ့ ဟောင်ကြမှာပဲ။"
"လူထုအတွက် အသက်စွန့်သွားတဲ့လူတွေ၊ တဘဝလုံး ထောင်ထဲမှာ ဆင်းရဲဒုက္ခခံသွားကြတဲ့ အရှင်သခင်တွေလည်း ရှိပါတယ်" ဟု မိခင်က သူမ ရင်းနှီးသိကျွမ်းခဲ့ဖူးသော မျက်နှာအချို့ကို ပြန်ပြောင်းအောက်မေ့ရင်း ပြောလိုက်သည်။
"သူတို့ရဲ့ တွက်ချက်မှုတွေကလည်း မတူကြဘူး၊ သူတို့ရဲ့ ဆန္ဒာသဘောထားတွေကလည်း မတူကြဘူး" ဟု ရိုင်ဘင်က ပြောသည်။ "ကြွယ်ဝလာတဲ့ မူဇစ် (ရုရှားလယ်သမား) ဟာ လူကုံထံ လူတန်းစားဘက်ကို ရောက်သွားပြီး၊ ဆင်းရဲသွားတဲ့ လူကုံထံကတော့ မူဇစ်တွေဆီကို ရောက်သွားပြန်ရော။ သူ့အိတ်ထဲမှာ ပိုက်ဆံမရှိဘူးဆိုရင်တောင် သူ့မှာ စင်ကြယ်တဲ့ဝိညာဉ် ရှိရပေလိမ့်မယ် ပါဗယ်၊
လူတယောက်ဟာ ဘယ်လိုနေထိုင်သလဲဆိုတဲ့အပေါ်မူတည်ပြီး ဘယ်လိုတွေးခေါ်တယ်ဆိုတာကို မင်း ငါ့ကို ရှင်းပြဖူးတာ မှတ်မိသေးလား။ အလုပ်သမားက 'ဟုတ်တယ်' လို့ ပြောရင်၊ သခင်က 'မဟုတ်ဘူး' လို့ ပြောရမယ်၊ အလုပ်သမားက 'မဟုတ်ဘူး' လို့ ပြောရင်တော့ သခင်ဆိုတဲ့ သတ္တဝါရဲ့ သဘာဝအရ 'ဟုတ်တယ် လို့ အော်ကို အော်ရမယ်ဆိုတာလေ။ အဲဒီတော့ ကြည့်လေ၊ သူတို့ရဲ့ သဘာဝတွေဟာ တယောက်နဲ့တယောက် ဘယ်လောက်တောင် ကွာခြားကြသလဲဆိုတာ။ မူဇစ်မှာ သူ့သဘာဝနဲ့သူ ရှိပြီး၊ လူကုံထံမှာလည်း သူ့သဘာဝနဲ့သူ ရှိတာပဲ။ လယ်သမား ဗိုက်ပြည့်သွားတဲ့အခါ လူကုံထံက အိပ်မပျော်တဲ့ ည ပေါင်းများစွာ ဖြတ်သန်း နေရတယ်။ ဘာပဲပြောပြော သိုးနက်မပါတဲ့ တိရစ္ဆာန်အုပ်ရယ်လို့ မရှိနိုင်သလို၊ လယ်သမားအားလုံးကိုလည်း တပုံစံတည်း တထပ်တည်း ငါတို့ အပြစ်ဖို့ချင်တာ မဟုတ်ပါဘူး။"
ရိုင်ဘင်၏ မျက်နှာပေါ်တွင် တည်ကြည်လေးနက်သည့် အရိပ်အယောင်များ တွေ့နေရပြီး အင်အားအပြည့်ဖြင့် မတ်တပ်ရပ်လိုက်သည်။ သူ၏ မျက်နှာသည် မှိုင်းညို့လာပြီး သွားများကို တိတ်တဆိတ် ကြိတ်နေသကဲ့သို့ မုတ်ဆိတ်မွှေးများ တွန့်ရွံ့လှုပ်ရှားသွားသည်။ ထို့နောက် သူက လေသံ တိုးတိုး ဖြင့် ဆက်ပြောပြန်သည် -
"ငါဟာ စက်ရုံတကာ ကို လှည့်ပြီး လုပ်လာခဲ့ရတာ ငါးနှစ်ရှိခဲ့ပြီ။ အဲဒီနောက် ရွာကို ပြန်သွားပြီး လှည့်ပတ်ကြည့်လိုက်တဲ့အခါမှာတော့ အဲဒီလိုပုံစံနဲ့ ဆက်ပြီး မနေနိုင်တော့ဘူးဆိုတာကို ငါတွေ့လိုက်ရတယ်။ နားလည်ရဲ့လား၊ ငါ မနေနိုင်တော့ဘူး။ မင်းတို့က ဒီမှာနေတော့ ဆာလောင်မွတ်သိပ်မှုကို မသိဘူး၊ ဒီလိုမတရားမှုဆိုးဝါးတွေကို မမြင်ကြရဘူး။ အဲဒီမှာက ဆာလောင်မွတ်သိပ်မှုဆိုတာ လူတယောက်ကို တသက်တာလုံး အရိပ်လို အမြဲလိုက်လို့နေတာ ရစရာကို မရှိဘူး၊ မုန့်တစေ့ ရဖို့ အတွက်တောင် မျှော်လင့်ချက်မရှိဘူး။ ဆာလောင်မွတ်သိပ်မှုက လူတွေရဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်တယ်၊ လူဆိုတဲ့ ပုံသဏ္ဌာန် ဆိုတာ သူတို့ရဲ့ မျက်နှာတွေမှာ ပျောက်ကွယ်ကုန်တယ်။ သူတို့ဟာ အသက်ရှင်နေကြတာ မဟုတ်ဘူး၊ ရှောင်လွှဲလို့မရတဲ့ ဆင်းရဲမွဲတေမှုကြီးထဲမှာ ဆွေးမြေ့ပျက်စီးနေကြတာ။ ပြီးတော့ သူတို့ရဲ့ ပတ်လည်မှာ အစိုးရ အာဏာပိုင်တွေက ကျီးကန်းတွေလို စောင့်ကြည့်နေကြတယ်၊ စားကြွင်းစားကျန် တစုံတရာများ ကျန်ခဲ့သလားလို့ပေါ့။ တကယ်လို့ တစုံတရာကို တွေ့သွားခဲ့ရင်တောင် အဲဒါကိုပါ လုယူသွားကြပြီး မျက်နှာကိုပါ လက်သီးနဲ့ ထိုးကြ သေးတာ။"