ရက် ၁၀၀ ပြီးတော့ နောက် ဆင်ကန်း‌ တောတိုး ရက်ပေါင်း ၁၈၀၀

by Hla Soewai - Aug 03 2026

မင်းအောင်လှိုင်က လွှတ်ဝောာ် ရောက်လာပြီး နောက် ငါးနှစ် စီမံကိန်း ဆိုကာ ချပြလာသည့် အခါ လူထု စိတ်ထဲတွင်တော့ ၎င်း လက်အောက်တွင် နောက်ထပ် ငါးနှစ် ဆက်နေရပြီး တိုင်းပြည် ဆက်၍ ရေစုံ မျောရပေတော့မည်ဟု သာ အဓိပ္ပါယ် ဖွင့် ဆိုခဲ့ကြမည်သာ ဖြစ်သည်။ မနီးမဝေး တွင် တိုင်းပြည် ကို အမှန်တကယ် တိုးတက်လာအောင် လုပ်ပြနိုင်ခဲ့သည့် လူထု ယုံကြည် ကိုးစား ခံခဲ့ရသော ခေါင်းဆောင် အမျိုးသမီးကြီးသည် ၎င်း၏ အကျဉ်းစံဘဝ ဖြင့် ရှိနေဆဲ ဆိုသည်ကို လည်း မျက်စိထဲ ပြန်လည် မြင်ယောင်နေကြမည်သာ ဖြစ်ပေသည်။

 

၎င်းတို့ကိုယ် တိုင် လက်ရွေးစင် ရွေးချယ်ထားသော လွှတ်‌ တော် နှစ်ရပ်ပေါင်း လူ ၉၀၀ ရှေ့တွင် ပြောဆိုသွားရာတွင် ပထမ နှစ် နှစ် ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အပေါ် အခြေခံသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တခု တည်ဆောက်ရေး ကြိုးပမ်းအားထုတ်သွားမည်ဟု ဆိုသည်။

 

နောက်ထပ် သုံးနှစ်ကိုမူ အပြည့်အဝ အရှိန်အဟုန်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

 

ပြီးခဲ့သည့် ငါးနှစ်ကလည်း ၎င်းတို့ ကျွမ်းကျင်ပါသည် ဆို‌ သော စစ်ရေး ဖြငိ့ စစ်အနိုင်တိုက်ရေး ဆိုသည်ကိုပင် အောင်မြင်အောင် စွမ်းဆောင် နိုင်ခြင်း မရှိခဲ့ဘဲ တိုင်းပြည်သည် နစ်မွန်းသည် နစ်မွန်းခဲ့ပြီ ဖြစ်သည်၊ ယခုလည်း စစ် အရာရှိများက တိုင်းပြည်၏ နိုငိငံရေး၊ စီးပွားရေး၊ လူမှု ရေး ကို ထင်သလို ချယ်လှယ် နေကြချင်း ဖြစ်၍ ပါးစပ်ပါလျင် လူတိုင်း ပြောနိုင်သည့် စကားမျိုး သာ ပြောနေချင်း ဖြစ်သည်ကို အားလုဲးက သိထားကြပြီး ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော မည်သို့ မည်ပုံ လုပ်ဆောင်သွားမည် ဆိုသည့် အသေးစိတ် အချက်အလက်များက ၎င်းတို့ ကိုယ်တိုင် ပင် သိပုံ မရ၍ တလုံးတပါဒမျှ ထည့်သွင်း ပြောဆိုသွားခဲ့ခြင်း မျိုးတော့ မတွေ့ရပေ။

 

၎င်းတို့ မဲပုံး ထောင်၍ မရခဲ့‌သော မြို့နယ် ၁၀၂ မြို့နယ် စလုံး အထူး ရွေးကောက်ပွဲ များ အား ၂၀၂၇ တွင် အပြီး ပြုလုပ်ပေးသွားမည် ဟု ပြောသွားပြန်သည်။

 

တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ဆက်၍ တိုက်ခိုက်ရန် စစ်မှုထမ်းဥပဒေကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း ပြောခဲ့သည်။ 

 

အာဆီယံ ၏ ငြိမ်းချမ် ရေး အစီအစဉ် အား ဝေဖန် ရှုတ်ချသွားခဲ့ပြန်သည်။ အာဆီယံအဖွဲ့ကြီးက ချမှတ်ခဲ့သော ဘုံသဘောတူညီချက် ၅ ရပ်သည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက်မပါဘဲ ထွက်ပေါ်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ရှိခဲ့ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။ ဆိုလိုသည်မှာ ထိုစဉ်က ၎င်းကိုယ် တိုင် သဘောတူခြင်း မရှိခဲ့ပါဟု ဗြောင်လိမ် ဗြောင်စား ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

ရပ်ဆိုင်းထားခဲ့သော မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်း ၁၀ ခုနှင့် နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။ လက်ရှိ နိုင်ငံရေး၊ လုံခြုံရေး မတည်ငြိမ်မှုနှင့် လျှပ်စစ်မီး၊ လောင်စာဆီ အကျပ်အတည်းများကြားတွင် ဤစီမံကိန်းကြီးများသည် စက္ကူပေါ်တွင်သာ ရှိနေမည်သာ ဖြစ်သည်။

 

ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်း များကို တိုက်ဖျက်လျက်ရှိပြီး နိုင်ငံခြားသား ၇၂,၀၀၀ ကျော်ကို နိုင်ငံပေါင်း ၅၈ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ ယခုထိ ထိုလုပ်ငန်းများ ဆက်လက် ရှင်သန်နေရခြင်း မှာ Starlink ကြောင့် ဟု ဆိုပြန်သည်။

 

၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံရှိ ငွေလိမ်ဂိုဏ်း များတွင် အသုံးပြုနေသော အင်တာနက်စက်ပစ္စည်း ၂,၅၀၀ ကျော်အတွက် ဝန်ဆောင်မှုများကို ဖြတ်တောက်ခဲ့ကြောင်း Starlink က ပြောခဲ့ပြီး ဖြစ်သည်။

 

ထိုလုပ်ငန်းများက အဘယ့် ကြောင့် များ ၎င်းတို့ အုပ်ချုပ်ခဲ့သည့် ငါးနှစ် အတွင်း ၎င်းတို့ မျက်စိ အောက်မှာပင် ရှင်သန် ကြီးထွားလာခဲ့ရပြီးမြန် မာ့ မြေပေါ်တွင် နိုင်ငံခြားသား သိန်း နှင့် ချီ၍ ဝင်ရောက်လုပ်ကိုင် နေကြခြင်း ဆိုသည်ကိုမူ တလုံးတပါဒ မျှ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပေ။

 

လူငယ်များ နိုင်ငံပြင်ပသို့ ထွက်ခွာနေရခြင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေကြောင်း ဝန်ခံခဲ့သော်လည်း၊ လူငယ်များ ထိုသို့ ထွက်ပြေးရခြင်း၏ အဓိကတရားခံမှာ ၎င်း၏ စစ်မှုထမ်းဥပ ဒေ ကြောင့် ဆိုသည်ကို မူ ထည့်သွင်းပြောဆိုခြင်း မရှိပေ။

 

စစ်မှုထမ်း ဥပဒေ ဖြင့် လူငယ် လူရွယ် များ၏ အသက် အန္တရာယ်ကို ဆက်လက်ခြိမ်းခြောက်ခံနေရသည့် အချိန်တွင် အဘယ်သို့များ တိုင်းပြည် တည်ငြိမ် ဖွံ့ဖြိုးအောင် လုပ်နိုင်ပေမည်နည်း ဆိုသည့် အခြေခံ အကျဆုံးသော အချက်ကို လျစ်လျုရှူကာ ငါတကော ကော ပြောသွားခြင်းသာ ဖြစ်သည်။ စစ်မြေပြင်တွင် အင်အားပြုန်းတီးမှုကို ဖြည့်ဆည်းရန် စစ်မှုထမ်းဥပဒေကို ဆက်လက်ကျင့်သုံးနေသမျှ ကာလပတ်လုံး နိုင်ငံတွင်းမှ လူငယ်အရင်းအမြစ်များ ဆက်လက် သွန်ထွက်နေမည်ဖြစ်ပြီး၊ ၎င်းက ရေရှည်တွင် နိုင်ငံတော်၏ လူမှုစီးပွားဘဝကို ပြန်လည်ထူထောင်ရန် မဖြစ်နိုင်တော့သည်အထိ ထိခိုက်စေမည်ဖြစ်သည်ကို စဉ်းစား တတ်သူတိုင်း သဘောပေါက်ပြီး ဖြစ်သည်။

 

၎င်းတို့ လုပ်ရပ်ကြောင့် နိုင်ငံအား "လူမျိူးတုန်း အောင် သတ်ဖြတ်မှု ကျူးလွန်သည့် နိုင်ငံအဖြစ်" စာရင်းသွင်းခံရတော့မည့် အရေးကိုလည်း ဂရုပင် စိုက်ပုံမရ ဆိုသည်က စကားထဲ ထည့်ပြောမသွားခြင်းက သက်သေခံနေ ပေသည်။

 

တကယ်တမ်း တွင် နားထောင်နေသူ လူ ၉၀၀ အား ကျူပ် ဘာမှ မလုပ်၊ ဒီအတိုင်းပဲ ဆက်ထိန်းသွားမည်ဟု ပြောလည်း မည်သို့မျှ နေကြမည် မဟုတ်၊ လက်ခုပ် တဖျောင်းဖျောင်း တီးကြမည့်သူများ သာ ဖြစ်သော်လည်း ၎င်းက ပြည်တွင်း ပြည်ပသို့ အစိုးရတရပ် ပီပီပြင်ပြင် ပေါ်ထွက်လာနေလေဟန် ဝါဒ ဖြန့် ပြောဖို့ လိုအပ်နေ၍သာ ဖြစ်သည်။

 

စစ်အုပ်စု ဘက်မှ “တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေး” ကို ဦးစားပေးပြောဆိုနေသော်လည်း အမှန်တကယ်တွင် စစ်ပွဲဆက်လက်ဖြစ်ပွားနေခြင်း၊ လူငယ်များ ကြောက်လန့်တကြား ရှောင်တိမ်း ထွက်ခွာ နေမှုနှင့် နိုင်ငံတကာဝေဖန်မှုများကို ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း ညွှန်ပြနေသည်။ ASEAN အား ဝေဖန်မှုကလည်း ဒေသတွင်း သံတမန်ရေးအရ တင်းမာမှုကို ထင်ဟပ်စေပြီး မိမိတို့လုပ်ချင်ရာကို ဆက်လုပ်မည်ဆိုသည့် သဘောကို ပြသ နေ၍ ရှေ့လျောက် အကျပ်အတည်း ဖြစ်စေမည့် လမ်းကို အဆင်ခြင်မဲ့စွာ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

 

လူ ကိုးရာ ကို အမတ်များ အဖြစ် မဲပုံး ထောင် ပေးကာ လွှတ်တော်ထဲ ခေါ်သွင်းလာပြီး ၎င်းကိုယ် ၎င်း သမ္မတအ ကျမ်းသစ္စာကျိန်ဆိုခဲ့ယုံဖြင့် တရားဝင်ပြီဟု ဆိုကာ "ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ်သော အစိုးရ" ဟူသော ပုံရိပ်ကို အတင်းအကျပ် ဖန်တီးယူနေခြင်းသာ ဖြစ်သည်။ နှစ်နှစ်နှင့် သုံးနှစ် ဟူ၍ ခွဲခြားထားသည့် (၅) နှစ်တာ လမ်းပြမြေပုံသည် စစ်တပ်၏ အာဏာသက်တမ်းကို ရှည်ကြာစွာ ဆက်လက်ထိန်းသိမ်းရန် ပြင်ဆင်ထားသည့် စစ်ရေးနှင့် နိုင်ငံရေး မဟာဗျူဟာ တရပ်ထက် မပိုပေ။

 

ခြုံငုံ၍ ဆိုရသော် ဤမိန့်ခွန်းနှင့် မူဝါဒလမ်းပြမြေပုံသည် လက်ရှိ ပြဿနာအရပ်ရပ်ကို ဖြေရှင်းမည့် ငြိမ်းချမ်းရေး လမ်းကြောင်းမဟုတ်ဘဲ၊ လက်နက်ကိုင် အာဏာကို အခြေခံကာ ရှေ့ဆက်သွားမည့် စစ်အုပ်စု ၏ ဆင်ကန်းတောတိုး ဆုံးဖြတ်ချက်များသာ ဖြစ်ကြောင်း အထင်အရှား တွေ့လာခဲ့ရသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!