စာသင်ကျောင်းများကို ဗုံးကြဲပြီး ကိုယ့်နိုင်ငံသားများကို အစာရေစာ မဝမလင်ဖြင့် နေနေကြရ အောင် လုပ်ဆောင်နေသော အာဏာရှင်စနစ်သည် ၎င်း၏ ဂုဏ်သိက္ခာကို လစဉ် ငွေကြေးသုံးစွဲ၍ ဝယ်ယူနေသည်မှာ တကယ်တမ်း တွင် ကိုယ့်ပြည်သူတို့၏ အသက်သွေးများဖြင့် ပေး ချေ နေခြင်းပင် ဖြစ်သည်။ သေဆုံးသူဦးရေ တိုးပွားလာနေချိန်တွင်၊ ကူညီပေးနိုင်သည့် အခွင့်အာဏာရှိသူများအနေဖြင့် အမှန်တကယ် ဂရုစိုက်ကြဦးမည်လော၊ သို့တည်းမဟုတ် မျက်ကွယ်ပြုနေခြင်းသည်ပင်လျှင် တစုံတစ်ခုသော အဖြေဖြစ်နေမည်လော ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်ဟု အမေရိကန်ရှိ ဩဇာတက္ကိမ ရှိသော Council on Foreign Relations (CFR) မှ မေးခွန်းထုတ်လာခဲ့သည်။
အာဆီယံ မှ စစ်အုပ်စု အား ပြန်လည် ဆက်ဆံရန် ဆုံးဖြတ်လိုက်ခြင်းသည် တကယ်တမ်းတွင် ပြည်သူတို့၏ တော်လှန်ရေး တွင် ၎င်းတို့ မပါဝင်တော့ဟု အလံဖြူ ပြလိုက်ခြင်းပင် ဖြစ်၍ အယောင်ဆောင်များ ထွက်သွားပြီ ဆိုသည့် သဘောဖြစ်၍ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာသည်ဟု တနည်း အားဖြင့် ပြော၍ ရပေသည်။
အဘယ်ကြောင့်ဆိုသော ကုလသမဂ္ဂ အပါအဝင် အနောက် နိုင်ငံများက မြန်မာ အရေး အား အာဆီယံ ၏ ဘုံရပ်တည်ချက် ငါးရပ် ဖြင့် ဖြေရှင်းရန် လွှဲချနေကြသော ကြောင့် ဖြစ်သည်။ ယခုအခါ အာဆီယံသည် ၎င်းတို့ ဖြေရှင်း နိုင်ခြင်း မရှိမည့် အတူတူ စစ်အုပ်စု နှင့် ပြန်လည် ဆက်ဆံလာခြင်းကပင် ကမ္ဘာကြီး အနေဖြင့် အာဆီယံ ကို ယခင်လို လွှဲချ၍ မရ ဖြစ်သွားခဲ့ ချေပြီ။
မင်းအောင်လှိုင်၏ အာဏာသိမ်း လုပ်ရပ်သည် အတော်ကို တရားလွန်ပြီး အရုပ်ဆိုး အကျည်းတန် လွန်းလှ၍ ၎င်းနှင့် မျိူးတူ အာဏာရှင်များပင် လက်မခံနိုင်အောင် ဖြစ်လာ၍ အံ့ဩဖွယ် ကောင်းလှသည့် ဘုံရပ်တည်ချက် ငါးရပ် ထွက်ပေါ်လာခဲ့ရခြင်းပင် ဖြစ်ပေသည်။
သဘောတူ ပါသည် ဆိုကာ ခေါင်းညိမ့်ခဲ့သည်ကို အဆိုပါ အချက် ငါးချက်ကို ၄၈ နာရီ အတွင်း ပယ်ဖျက်ပစ်ခဲ့သည်ကို ကြည့်မည်ဆိုကာ ဘာပြောလို့ ပြောမှန်းမသိ၊ နိုင်ငံတကာ အစည်းအဝေး အတွေ့အကြုံ လည်းမရှိသော မင်းအောင်လှိုင် သည် ခွေးအကြီး လှည်းနင်းသလို ဖြစ်ကာ ဘာပြောလို့ ပြောမှန်းမသိ ဖြစ်ခဲ့ရသည်ကို သိသာ ထင်ရှားသွားခဲ့သည်၊ မည်သို့ပင် ဖြစ်စေ မင်းအောင်လှိုင်အား ကတိမတည်ဟု ဆိုကာ အစည်းအဝေး တက်ခွင့် ပိတ်ပင်ခဲ့ကြခြင်းလည်း ဖြစ်သည်။ ယင်းသည် နောက်ဆုံးတွင် အာဆီယံ၏ တခုတည်းသာ ကျန်တော့သော နိုင်ကွက် ဖြစ်လာခဲ့သည်။ ယခု အခါ ထို နိုင်ကွက်ကိုပင် ဆက်မထိန်းချင်အောင် ဖြစ်လာသည်။ မြန်မာအရေးကို တကမ္ဘာလုံးက ၎င်းတို့ အပေါ် ပုံချလာသည်ကို စိတ်ကုန်လာပုံရသည်။
အာဆီယံ ဥက္ကဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသည် အာဆီယံ၏ အရေးပါသော အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိနေကြောင်းနှင့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် အစည်းအဝေးမှာ အလွတ်သဘောဖြစ်ပြီး စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် နိုင်ငံအတွင်းရှိ အခြေအနေများကို လုပ်ဖော်ကိုင်ဖက်များထံ ရှင်းပြခွင့်ရရှိမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
"မြန်မာနိုင်ငံနှင့် အာဆီယံ၏ ထိတွေ့ဆက်ဆံမှုများအပြင် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ လုပ်ဆောင်နိုင်မည့် အပြုသဘောဆောင်သော ခြေလှမ်းများအတွက် အမြင်ချင်းဖလှယ်ကြမည်ဟု မျှော်လင့်ရသည်" ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
သို့သော် မြန်မာနိုင်ငံ၏ စစ်တပ် ဖွဲ့စည်းပေး ထား သောလွှတ်တော်မှ ငြိမ်းချမ်းရေးအစီအစဉ်ကို ဆန့်ကျင်သည့် အဆိုပြုချက်တခုကြောင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာစေရန်မှာ ပိုမိုခက်ခဲသွားနိုင်သည်။ အဆိုပါ အဆိုပြုချက်တွင် ငြိမ်းချမ်းရေးအစီအစဉ်ကို ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် အာဆီယံ၏ အခြေခံမူများကို ချိုးဖောက်ခြင်းဟု သတ်မှတ် ကြောင်း ဖေါ်ပြထား၍ ဖြစ်သည်ဟု စင်္ကာပူ ၏ ချန်နယ်နယူးစ် အေးရှား က ဆိုသည်။
သောကြာနေ့ထုတ် "Global New Light of Myanmar" သတင်းစာ၏ စာမျက်နှာနှစ် မျက်နှာ အပြည့် ဖော်ပြထားသော ဆောင်းပါးတပုဒ်တွင် လွှတ်တော်ကိုယ်စားလှယ်များသည် အစိုးရအနေဖြင့် အာဆီယံ၏ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ပြီး ကန့်ကွက်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ထောက်ခံအတည်ပြုခဲ့ကြောင်း ဖော်ပြထားသည်။
အာဆီယံသည် နောက်ပိုင်းတွင် မင်းအောင်လှိုင် ဖက်မှ နေ၍ တော်လှန်ရေး အင်အားစုများကို အလျော့ပေး စေ့စပ်ကြရန် သွေးဆောင် တိုက်တွန်းသည့် အလုပ်မှ လွဲ၍ အခြား ဘာမှ လုပ်စရာ မကျန်တော့သည်ကို သတိပြုကြရပေမည်။
မင်းအောင်လှိုင်သည် အာဆီယံအား "တရားဝင်မှု" ရရှိဖို့သာ လိုအပ်နေခြင်း ပင်။ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့် ရရန် လူသိရှင်ကြား ငြင်းပယ်လိုက်ခြင်းကပင် အာဆီယံ အား ရှေ့လျောက် မလိုအပ်တော့ဟု အချက်ပြလိုက်ခြင်းပင် မဟုတ်ပါလား။ ဆိုလိုသည်က ၎င်းအား အသိအမှတ် ပြုမည်လား၊ သို့မဟုတ်က ဆက်ဆံစရာ မလိုတော့ဟူ၍ ဖြစ်သည်။
မင်းအောင်လှိုင်သည် ငါးနှစ်တာ အာဏာ ကို ဆုပ်ကိုင်ထားပြီး နောက် အာဏာရှိရုံနှင့် မလုံလောက်ဘဲ၊ ထိုအာဏာကို အဘယ်ကြောင့် ကိုင်စွဲထားသည်ဆိုသည့် ခိုင်လုံသော အကြောင်းပြချက် (သို့မဟုတ်) တရားဝင်မှု (Legitimacy) ရှိရန် လိုအပ်သည် ကို ကောင်းစွာ သဘောပေါက်လာနေပြီ ဖြစ်သည်။
၎င်း ရရှိနေသော အာဏာ သည် လက်နက်ဖြင့် ခြိမ်းခြောက် အကျပ်ကိုင် ရယူထားခြင်း ဖြစ်ပြီး၊ လူထုက "မှန်ကန်သည်"၊ "လက်ခံသင့်သည်၊ လုပ်သင့်ပါသည်" ဟု သဘောတူလက်ခံခြင်း ဆိုသည့် legitimacy မရ ဖြစ်နေသည်။
လူတိုင်းကို သေနတ်ဖြင့် ချိန်ထားပြီး အမြဲတမ်း ဖိနှိပ်ချုပ်ချယ်နေခြင်းသည် ကုန်ကျစရိတ်ကြီးမားပြီး ခက်ခဲသည်။ ပြည်သူများက အုပ်ချုပ်မှုကို တရားဝင်သည်ဟု ယုံကြည်ပါက အမိန့်များကို အလိုလိုလိုက်နာကြသဖြင့် အုပ်ချုပ်ရ ပိုမိုလွယ်ကူလာသည်။
အာဏာသည် တရားဝင်မှုမရှိဘဲ ဖိအားသက်သက်ဖြင့်သာ ရပ်တည်နေရပါက အချိန်မရွေး ပုန်ကန်မှုများ၊ ဆူပူမှုများနှင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည်။ တရားဝင်မှုသည် အာဏာကို "တည်မြဲစေသော" ကော်သဖွယ် ဖြစ်သည်။
အခြားနိုင်ငံများနှင့် ဆက်ဆံရေး ထူထောင်ရန်၊ ကုန်သွယ်မှုပြုလုပ်ရန် သို့မဟုတ် မဟာမိတ်ဖွဲ့ရန်အတွက် မိမိကိုယ်ကို တရားဝင်အစိုးရဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံစေရန် ကြိုးပမ်းရမည် ဖြစ်သည်။
မင်း အောင်လှိုင်သည် ရွေး ကောက်ပွဲ ဟန်ပြ လုပ်ပြီး တရားဝင် ဖြစ်လာပြီဟု လိမ်ညာ နိုင်သည့် အဆင့်သာ ရှိသေးသည်။ မိမိ၏အာဏာကို အဘယ်ကြောင့် ကိုင်စွဲထားသည်ကို ပြည်သူများ သို့မဟုတ် ကမ္ဘာက လက်ခံနိုင်လောက်အောင် အကြောင်းပြနိုင်ခြင်း မရှိ ဖြစ်နေ၍၊ ၎င်း၏ အာဏာသည် "အကြမ်းဖက်မှု" သို့မဟုတ် "အတင်းအဓမ္မပြုလုပ်မှု" အဖြစ်သာ သတ်မှတ်ခံ နေရဆဲ ဖြစ်သည်။ ၎င်း၏ လုပ်ရပ်သည် အောင်မြင်သွား၍သာ၊ မအောင်မြင် ခဲ့ပါက သံတိုင်နောက်တွင် ရောက်နေမည့် ရာဇဝတ်သား ဖြစ်နေမည့် ဟုလည်း သိရှိထားကြသည်။
စစ်အုပ်စုသည် အတင်းအဓမ္မ စုဆောင်းလာသော တပ်သား သစ်များ အပါအဝင် အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်း သုံးကြောင်းခွဲကာ မြဝတီ မြို့ အနီး မင်းလက်ပန် အရပ်တွင် လူလှိုင်းလုံးတက် ထိုးစစ်ဆင်လာမှု ကို ကရင် အမျိုးသား တော်လှန်ရေး တပ်များက အောင်မြင်စွာ တွန်းလှန် နိုင်ခဲ့၍ အကျအဆုံး များစွာဖြင့် တပ်ပြန်လန်သွားသည်ဟု သိရသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!