ထောက်ခံသူများပင် စိုးရိမ်လာနေသော စစ်အုပ်စု၏ ခေါင်းမာ နေမှု

by Hla Soewai - Jul 06 2026

မင်းအောင်လှိုင် ဖမ်းဆီးထားသော လူထု ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အား တွေ့ခွင့်ရရန် အာဆီယံ အထူး သံတမန် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး မစ္စက် ထရီစာ ပီ လာဇာရို၏ မေတ္တာရပ်ခံမှု ကို စစ်အုပ်စု မှ ပယ်ချ ခံရပြီးနောက် ယင်းသည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှူ အဖြစ် လူ့အခွင့်အရေး အဖွဲ့များ နှင့် မိသားစု ၏ ဝေဖန် ရှုတ်ချမှု များ နောက်တဖန် မြင့်တက်လာခဲ့သည်။

 

ထိုသို့ ပယ်ချခဲ့သော်လည်း ဂျပန် အစိုးရအား ဘဏ္ဍာရေး အရ ကူညီ ထောက်ပံ့နေမှုများ ပြန်ပေးရန် အရှက်ကင်းမဲ့စွာ တောင်းဆိုသွားခဲ့ပြန်သည်။

 

ပုံ တွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း လွတ်လပ်ပြီး ယုဲကြည်စိတ်ချရမည့် အတည်ပြုချက်ပေးရန် စစ် အုပ်စု ကို တောင်းဆိုသည့် 'အသက်ရှင်ကြောင်း သက်သေပြပါ' (Proof of Life) လက်ကမ်းစာစောင်/ပိုစတာကို ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ချိတ်ဆွဲထားသည်ကို တွေ့ရမည် ဖြစ်သည်။

(ခရက်ဒစ် - DVB)

 

ယခုလို အချိန်မျိုး တွင် စစ်အုပ်စုသည် အကြောက်တရားကို ဘေးချိတ်ပြီး လုပ်သင့်လုပ်ထိုက်သည်က အင်ဒိုနီရှားမှ အပြန် နေပြည်တော်သို့ ခေတ္တခဏ ဝင်ရောက်လာသော ဘဲလာရုစ် သမ္မတ လူကာရှင်ကို သို့မဟုတ် ၎င်းနှင့်ပါလာသူ တဦးဦး နှင့် ငါးမိနစ်၊ ဆယ်မိနစ် ခန့် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံပေးသင့် လှသည်။

 

လူကာရှင်ကို သည် ၎င်းတို့၏ မိတ်ဆွေကြီးလည်း ဖြစ်၍ သတင်း ပေါက်ကြားမည်ကိုလည်း စိုးရိမ်စရာ မရှိပေ။ ဤသည်ကိုပင် လုပ်ဖို့ ပျက်ကွက် လာမှု ကို စစ်အုပ်စု အား ထောက်ခံနေကြသည့် အသိုက်အဝန်းကပင် စိုးရိမ်မကင်း ဖြစ်မည် ဆိုက ဖြစ်နိုင်လောက်ပေသည်။

 

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သည်သာ God forbid! သက်ရှိ ထင်ရှား မရှိတော့ ဟု သတင်း ရုတ်ခြည်း ထွက်ပေါ်လာပါက လူထု ၏ ဒေါသ သည် နီးစပ်ရာ ၎င်းတို့ အပေါ် သေချာပေါက် လုံးလုံးလျား လျား ကျ ရောက် လာတော့မည်ကို စိုးရိမ် ထိတ်လန့်နေကြ ပေတော့မည်။

 

မင်းအောင်လှိုင် နှင့် အပေါင်းအပါများက နေပြည်တော်တွင် ဘေးကင်းရန်ကင်း ရှိနေပြီး လူထု၏ ဒေါသ ပြေရာ ပြေကြောင်း ထွက်ပေါက်ပေးသည့် အနေဖြင့် ရုတ်ခြည်း ဝင်ရောက်စွက်ဖက်မည်မဟုတ်၊ ထိုသို့ လုပ်ပါက အခြေအနေ များ ပို၍ ဆိုးဝါးလာမည် ဖြစ်၍ လက်ပိုက်ကြည့်နေကြမည်သာ ဖြစ်သည်။

 

၎င်းတို့ အတွက် မြေစာပင် ဖြစ်ရတော့မည် အရေး ကို ကြိတ်၍ စိုးရိမ် မည် ဆိုက စိုးရိမ်သင့်လှပေသည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ Proof of Life ကမ်ပိန်း သည် ၎င်းတို့ ထင်နေသလို ရေပွက်ပမာ ပျက်ပျယ်သွားမည် မဟုတ်ဘဲ နေစဉ် နှင့် အမျှ ပြင်းထန်လာမည်သာ ဖြစ်သည်။ ထိုအရေးသည် ပြည်သူတရပ်လုံး အတွက်သာမက စစ်တပ် ထောက်ခံ ပံ့ပိုးပေးနေသူများပင် ပါဝင်လာရတော့မည့် အရေး ဖြစ်လာနေပေသည်။

 

"Look on every exit as being an entrance somewhere else."

 

Sir Tom Stoppard

 

"ထွက်ပေါက်တိုင်းကို တနေရာရာသို့ ဝင်ပေါက်တခုအဖြစ် သဘောထားပါ။"

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!