ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကြီး များ နယ်စပ်တွင် ချထားပြီ ဖြစ်

by Hla Soewai - Sep 29 2020

ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ ဆက်ဆံရေးသည် ၂၀၁၇ နောက်ပိုင်း တွင် ဒုက္ခသည်များ ပြန်ပို့ရေး အပေါ် ဆွေးနွေးမှုများ မအောင်မမြင် ဖြစ်လာသည်နှင့်အမျှ အနိမ့်ဆုံး အဆင့်သို့ ထိုးကျလာခဲ့သဖြင့် ကုန်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေး နှင့် လုံခြုံရေး ပိုင်းတွင် တင်းမာမှုများ ဖြစ်ပေါ်လျှက် ရှိနေသည်။

 

ထိုသို့ သို့ အနေအထားတွင် ဘင်္ဂလားဒေ့ရှ် အမှတ် (၁၀) တပ်မဟာမှ ရော့ကက် လောင်ချာများ၊ ပုခုံးထမ်း လေယာဉ်ပစ် လက်နက်များ၊ လေယာဉ်ပစ် အမြှောက်လက်နက်ကြီးများ နှင့် ဆွီဒင်လုပ် အဆင့်မြင့် ဘန်ကာ နှင့် တင့်ကားဖျက် M4 အမြှောက်ကြီးများကို နယ်စပ်တလျှောက် ဖြန့်ကျက်ချထားလိုက်ပြီဟု ဧရာဝတီ သတင်းကို ကိုးကားပြီး ရုရှား၏ စပူးနစ် သတင်းဌာနကြီးက ရေးသား လာခဲ့သည်။

 

ထိုသို့ တပ်အင်အား ဖြန့်ကျက်ချထားလာခဲ့ခြင်းသည် မကြာသေးမီက မြန်မာဖက်မှ နယ်စပ်ဒေသ ရှိ စခန်းများသို့ တပ်အင်အား ၂,၅၀၀ ခန့် တိုးမြှင့် စေလွှတ်ခဲ့ခြင်းကြောင့် ဖြစ်ပြီး ထိုကိစ္စအတွက် စက်တင်ဘာ ၁၃ ရက်နေ့တွင် ဒက္ကားမှ မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ်၍ ကန့်ကွက်စာ ပေးခဲ့သည်ဟု သိရသည်။ ထို့အပြင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့လည်း စက်တင်ဘာ ၁၅ ရက်နေ့က တိုင်တန်းစာ ပို့ထားပြီး ဖြစ်သည်ဟု ဆိုသည်။

 

ဗိုလ်ချုပ် ဇော်မင်းထွန်းမှ မိမိတို့သည် AA နှင့် ARSA တို့၏ လှုပ်ရှားမှုများ မြင့်တက်လာနေသဖြင့် နယ်ခြားဒေသတွင် ယခင်ကထက် ပိုမိုတင်းကြပ်စွာ ကင်းလှည့် စောင့်ကြပ်မှုများ ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပြီး စစ်အင်အား တိုးမြှင့်ခဲ့ခြင်း မရှိဟု ငြင်းဆိုသွားပေသည်။

 

မည်သို့ပင် ဖြစ်စေ နှစ်နိုင်ငံ အကြား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်လာပါက ကာကွယ်ရေး ဦးစီးချုပ် အသစ်လဲလှယ်ခြင်းကို မည်သူမျှ လိုလားကြတော့မည် မဟုတ်ပေ။

 

(ပုံတွင် ဘင်္ဂလားဒေ့ရှ် ၏ ၂၀၃၀ တွင် ခေတ်မှီ တိုးတက်သော တပ်မတော် ကြီး ပေါ်ထွန်းလာရေး စီမံချက် ဖြစ်သည့် “Forces Goal – 2030) ၏ တစိတ်တပိုင်းအဖြစ် ပြည်တွင်းတွင် ထုတ်လုပ်မည့် တကြိမ်တည်း အချက်ပေါင်း များစွာ ပြစ်ခတ်နိုင်သည့် ပဲ့ထိန်းတပ် ဒုံးကျည် လက်နက် Guided Multiple Launch Rocket System (GMLRS) အား တွေ့ရစဉ်)

Image Credit … Defense Update Bangladesh