စစ်ကောင်စီက ၎င်းတို့ကိုယ်ကို အရပ်သားအစိုးရအဖြစ် ပုံစံပြောင်းလဲရန် ကြိုးပမ်းနေသော်လည်း၊ တော်လှန်ရေးအင်အားစုများသည် အချက်အချာကျသော အလယ်ပိုင်းဒေသများတွင် အခိုင်အမာ ခြေကုပ်ယူထားနိုင်ပြီဖြစ်သည်ဟု ဆောင်းပါးရှင် John Quinley က ကိုယ်တိုင် ကွင်းဆင်း လေ့လာပြီး The Diplomat စာစောင် တွင် ယခုလို ရေးသားလာခဲ့သည်။
မြန်မာစစ်တပ်က လူထုအား အစုလိုက်အပြုံလိုက် အပြစ်ပေးခြင်းနှင့် မဲမဲ မြင်ရာ ဗုံးကြဲတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာသည်နှင့်အမျှ၊ ပဲခူးဒေသခံများသည် ၎င်းတို့၏ဇာတိမြေကို တိုင်းပြည် အနာဂတ်အတွက် အဆုံးအဖြတ်ပေးမည့် စစ်မျက်နှာတခုအဖြစ် ပြောင်းလဲလျက်ရှိသည်။
ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် ခြောက်သွေ့ပြန့်ပြူးသော မြေပြင်ပေါ်တွင် ဖြတ်သန်းသွားလာကြည့်ပါက၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ၎င်းတို့၏အခွင့်အရေးများကို အသိအမှတ်ပြုလာမည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေခဲ့ကြသော အရှေ့ဘက်နယ်စပ်ဒေသများနှင့် မတူကွဲပြားသည့် တော်လှန်ရေး၏ စစ်မျက်နှာသစ်တခုကို တွေ့မြင်နိုင်မည်ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် အာဏာကို မတရားသိမ်းယူခဲ့သည့် စစ်ဗိုလ်ချုပ်များ ကို ဖြုတ်ချရန် ကြိုးပမ်းမှုတွင် ပဲခူးသည် မဟာဗျူဟာမြောက် အရေးပါဆုံးသော နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်နှင့် စစ်အုပ်စု ရုံးစိုက်ရာ နေပြည်တော်ကြားတွင် တည်ရှိနေသောကြောင့် ပဲခူးသည် အလွန်အရေးပါသော စင်္ကြံလမ်းတစ်ခုလည်း ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း တော်လှန်ရေးအင်အားစုများသည် ဤဒေသတွင် အခိုင်အမာခြေကုပ်ယူနိုင်ခဲ့ပြီး စစ်အုပ်စု၏ ထိန်းချုပ်မှုကို စိန်ခေါ်လျက်ရှိသည်။
ယင်းကို ၂၀၂၆ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ပဲခူးဒေသသို့ သွားရောက်ခဲ့သည့် ခရီးစဉ် အတွင်း အထင်အရှား တွေ့မြင်ခဲ့ရပြီး ကျွန်တော် နှင့် လုပ်ဖော်ကိုင်ဖက်များသည် တော်လှန်ရေးအင်အားစုဝင်များနှင့် တွေ့ဆုံခဲ့ကြသည်။ ၎င်းတို့ထဲတွင် လျှို့ဝှက်ဆေးခန်းများ၌ ဒဏ်ရာရရှိသူများကို ကုသပေးနေသည့် ဆေးတပ်ဖွဲ့ဝင်များ၊ စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်နေကြသည့် လူငယ်ရဲဘော်များနှင့် စစ်ကောင်စီ၏ ပိုမိုဆိုးရွားလာသော ရက်စက်ကြမ်းကြုတ်မှုများကို ခံစားနေရသည့် အရပ်သားများ ပါဝင်သည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာသည့် တော်လှန်ရေးလှုပ်ရှားမှုသည် ပြည့်စုံကောင်းမွန်ခြင်း မရှိသေးသော်လည်း၊ ၎င်းသည် အာဏာကို မတရားသိမ်းယူပြီး ကိုယ့်ပြည်သူကိုကိုယ် ပြန်လည်သတ်ဖြတ်နေသည့် စစ်အုပ်စု ကို ရင်ဆိုင်နေသော တရားဝင်ပြည်သူ့အစိုးရကို ကိုယ်စားပြုနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကွန်ရက်များသည် ဝါရင့် ကရင်တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ယခုအခါ ပဲခူးဒေသရှိ နယ်မြေအတော်များများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
ထို “လွတ်မြောက်နယ်မြေများ” တွင် အုပ်ချုပ်ရေးယန္တရားများ အမှန်တကယ် လည်ပတ်နေပြီဖြစ်သည်။ သို့သော်လည်း စစ်အုပ်စု သည် ပြီးခဲ့သည့်နှစ်များအတွင်းက ဆုံးရှုံးခဲ့ရသော နယ်မြေများကို ပြန်လည်ရရှိရန် အင်အားသုံး၍ တုံ့ပြန်လျက်ရှိသည်။ စစ်အုပ်စုသည် အရပ်သား ပြည်သူများအပေါ် တိုက်ခိုက်မှုများကို ပိုမိုအရှိန်မြှင့်လာပြီး တော်လှန်ရေးလှုပ်ရှားမှုများကို ထောက်လှမ်းရန် ပဲခူးဒေသရှိ ကျယ်ပြန့်သော သတင်းပေး ကွန်ရက်ကို အသုံးချနေသည်။
ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုများကို ထောက်ခံသည်ဟု သံသယရှိရသည့် ကျေးရွာများသည် မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။
မကြာသေးမီက စစ်တပ်သည် စိုးရိမ်ဖွယ်ရာ နည်းဗျူဟာသစ်များကို ကျင့်သုံးလာကာ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်ရန် အရပ်ဘက်သုံး ပါရာမော်တာ (Paramotors) နှင့် ဂျိုင်ရိုကော်ပတာ (Gyrocopters) များကို အသုံးပြုလာခဲ့သည်။ ဤလေယာဉ်များကို အသုံးပြု၍ တော်လှန်ရေးအင်အားစုများအပေါ် စာနာထောက်ခံသည့် လူ့အဖွဲ့အစည်းများအကြား ထိတ်လန့်တုန်လှုပ်မှု ဖြစ်စေရန် ရည်ရွယ်ကာ အေးချမ်းစွာ လူစုလူဝေးပြုလုပ်နေသည့် နေရာများနှင့် ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် နေအိမ်များအပါအဝင် အရေးကြီးသော အရပ်ဘက် အခြေခံအဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။
ပဲခူးဒေသခံများသည် စစ်အုပ်စု ကျူးလွန်စော်ကားမှုဒဏ်ကို အလူးအလဲ ခံစားနေကြရသည်။ မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီစစ်သားများသည် ရေတွင်းကုန်းကျေးရွာအုပ်စုကို ဝိုင်းရံထားပြီး ဒေသခံများကို ထိုနယ်မြေအတွင်း ရက်ပေါင်းများစွာ ပိတ်ဆို့ထားခဲ့သည်။ စစ်တပ်က ထိုဒေသရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လူပေါင်း ၂၅ ဦးထက်မနည်း သေဆုံးခဲ့ရသည့် ကြေကွဲဖွယ်ရာဖြစ်ရပ်ဖြင့် ပြီးဆုံးသွားခဲ့သည်။
PDF တပ်မှူးတဦးဖြစ်သူ စောဒေါက မတ်လ ၇ ရက်နေ့တွင် အရပ်သားများ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရကြောင်း သိရှိပြီးနောက် စွန့်စွန့်စားစား ကယ်တင်ခဲ့ရသည့် စစ်ဆင်ရေးအကြောင်းကို ကျွန် တော် ကို ပြောပြခဲ့သည်။ ထိုစစ်ဆင်ရေးသည် အောင်မြင်ခဲ့သော်လည်း “အလွန်အန္တရာယ်များလှသည်” ဟု ဆိုသည်၊ ယင်း သည် မြေပြင်ရှိ တော်လှန်ရေးအင်အားစုများ ရင်ဆိုင်နေရသော စိုးရိမ်ဖွယ်ရာ အခြေအနေမှန်ကို ထင်ဟပ်နေခဲ့သည်။
PDF နွေဦးသူရဲကောင်းစစ်ကြောင်းမှ ကွန်မန်ဒိုတစ်ဦးက စစ်ကောင်စီတပ်များကို မောင်းထုတ်ရန်နှင့် ဖမ်းဆီးခံထားရသော အရပ်သားဓားစာခံများကို ကယ်တင်ရန် ည ၁၀ နာရီကျော်တွင် ကျေးရွာအတွင်းသို့ မည်သို့ဝင်ရောက်ခဲ့ပုံကို ရှင်းပြခဲ့သည်။ စစ်တပ်က ဆုတ်ခွာသွားချိန်တွင် တော်လှန်ရေးရဲဘော်များသည် ထွက်ပြေးလာကြသော အရပ်သားများကို ကူညီပေးခဲ့ကြသည်။ “ကျွန်တော် သူတို့ကို လမ်းပြပေးခဲ့တာပါ” ဟု ထို PDF ရဲဘော်က ကျွန်ု တော်ကို ပြောပြသည်။
ထိုရဲ ဘော် သည် ဝင်ရောက် ကယ်ဆယ်ရသည့်စစ်ဆင်ရေးအပြီး တပတ်အကြာတွင် ရရှိခဲ့သော ဒဏ်ရာများကို ယာယီဆေးခန်းခုတင်ပေါ်၌ ကုသမှုခံယူရင်း ထိုသို့ပြောပြခဲ့ခြင်းဖြစ်သည်။ “ကျွန်တော် သူတို့ကို လမ်းပြခေါ်ထုတ်သွားတော့ ကလေးတွေက ကျွန်တော့်လက်ကို ဆွဲထားကြတယ်။ ဒဏ်ရာရနေတဲ့ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကိုတော့ ဝါးလုံးနဲ့ လုံချည်ကိုသုံးပြီး လုပ်ထားတဲ့ ထမ်းစင်နဲ့ သယ်ထုတ်ခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။
စစ်ဆင်ရေးအပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင်၊ ကျွန်ု တော် နှင့် Fortify Rights မှ လုပ်ဖော်ကိုင်ဖက်များသည် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသူများနှင့် နောက်ဆက်တွဲ စစ်အုပ်စု ၏ ဗုံးကြဲ တိုက်ခိုက်မှုမှ လွတ်မြောက်လာသူများကို တွေ့ဆုံမေးမြန်းခဲ့သည်။
အမျိုးသားတစ်ဦးက ၎င်းအား စစ်သားများက ကြိုးတုပ်၍ မြေပြင်ပေါ်တွင် မှောက်ခိုင်းထားခဲ့ပုံကို ပြန်ပြောင်းပြောပြသည်။ ထိုသို့ ဝပ်နေစဉ် စစ်တပ်၏ ရေဒီယိုစကားပြောစက်မှ “ကလေးတယောက်ကို ပစ်လိုက်ပြီ” ဟု စစ်သားတဦးက အစီရင်ခံ နေသည့် အသံကို ကြားခဲ့ရသည်။ သူတို့ပြောနေသည်မှာ မိမိ၏သားဖြစ်သူကို သတ်လိုက်ခြင်းဖြစ်ကြောင်း ထိုအမျိုးသားမှာ နောက်မှသာ သိရှိခဲ့ရသည်။
မတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီက ၎င်းအား လေကြောင်းတိုက်ခိုက်မှု ခံထားရသည့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းသို့ သွားရောက်ခွင့်ပြုခဲ့၍ အပျက်အစီးပုံ များကြားတွင် ဇနီးဖြစ်သူကို ရှာဖွေတွေ့ရှိခဲ့သည်။ စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများကြောင့် သေဆုံးသွားရသည့် အရပ်သား ၂၅ ဦးထက်မနည်းကို ကျင်းကြီးနှစ်ကျင်းတူး ပြီး မြှုပ်နှံရန် လွတ်မြောက်လာသူများကို ခွင့်ပြုခဲ့သည်။
“ကျွန်တော့်ဇနီးရဲ့ ရုပ်အလောင်းကို ကျွန်တော်ကိုယ်တိုင် မသယ်ခဲ့ရတယ်” ဟု ၎င်းက ကျွန်ုပ်တို့ကို ပြောပြသည်။ “ကျွန်တော့်သားကိုလည်း မြှုပ်နှံမယ့်နေရာအထိ ကျွန်တော်ပဲ ချီသွားခဲ့တာပါ။”
ထို ဖြစ်ရပ်သည် မှားယွင်း တိုက်ခိုက်ခံခဲ့ရခြင်း မဟုတ်သလို၊ နှစ်ဖက်ပစ်ခတ်မှုကြားတွင် အရပ်သားများ ကြားညပ်သေဆုံးခဲ့ရခြင်းမျိုးလည်း မဟုတ်ပေ။
လက်နက်ကိုင်များလည်း တဦးတလေမျှ ရှိမနေသည့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေကြသော အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အဲဒီအချိန်တုန်းက စစ်တပ်က ဘုန်းကြီးကျောင်းထဲမှာ ရှိနေကြတာ။ ကျွန်တော်တို့ သူတို့ကို ပြောခဲ့တယ် ‘ရွာထဲမှာ PDF မရှိဘူး’ လို့။ တော်လှန်ရေးအဖွဲ့တွေ မရှိဘူးဆိုတာကို စစ်သားတွေလည်း သိတယ်” ဟု ထိုအမျိုးသားက ပြတ်ပြတ်သားသား ပြောပြသည်။
၎င်း၏ အယူအဆအရ စစ်တပ်၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည် — “တော်လှန်ရေးကို ကျွန်တော်တို့ မထောက်ခံတော့အောင် စစ်တပ်က လုပ်ချင်တာ။”
ဤကဲ့သို့သော ဖြစ်ရပ်များသည် တော်လှန်ရေးအင်အားစုများအပေါ် ပြည်သူလူထု၏ ထောက်ခံအားပေးမှုကို ရိုက်ချိုးရန် ရည်ရွယ်သည့် စစ်တပ်၏ “အစုလိုက်အပြုံလိုက် အပြစ်ပေးခြင်း” ဟူသော ပိုမိုကျယ်ပြန့်သည့် မဟာဗျူဟာကို ဖော်ပြနေသည်။
တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံတဝန်းရှိ နယ်မြေများတွင် စစ်ကောင်စီသည် အရပ်သားများ၏ တော်လှန်မှုကို အပြစ်ပေးသည့်အနေဖြင့် နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
သို့သော်လည်း နှစ်များစွာ ကြာလာသည်အမျှ၊ ပဲခူးနှင့် မြန်မာနိုင်ငံ၏ အခြားသော ဒေသများရှိ ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုများသည် ဆက်လက်ရှင်သန်နေဆဲဖြစ်ပြီး၊ မြန်မာပြည်သူများသည် ရက်စက်ကြမ်းကြုတ်၍ အကျင့်ပျက်ခြစားကာ လူသတ်ဝါဒကို ကျင့်သုံးနေသော စစ်တပ်ကို နိုင်ငံအတွင်းမှ ဖယ်ရှားရန် အားမာန်အပြည့်ဖြင့် ဆက်လက်တိုက်ပွဲဝင်နေကြသည်။
ပဲခူးဒေသရှိ တိုက်ပွဲများသည် မြန်မာနိုင်ငံကို မည်သူက အုပ်ချုပ်မည်နည်းနှင့် မြန်မာ့အနာဂတ်သည် မည်သို့ဖြစ်လာမည်နည်းဟူသော အချက်၏ အဓိကဗဟိုချက်ဖြစ်လာသည်။ မြန်မာနိုင်ငံရှိ အခြားသောဒေသများနည်းတူ ထိုကျေးရွာများမှ ပြည်သူများသည် အာဏာရှင်စနစ်ကို မယိုင်မလဲ တော်လှန်တိုက်ခိုက်ခြင်းဖြင့် တော်လှန်ရေး၏ အသက်ဝိညာဉ်ကို ဆက်လက်ရှင်သန်စေလျက်ရှိ နေကြသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!